Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မနက်စာအတွက် (၁) Easy cook

weiweiMarch 30, 20121min43322
မနက်စာ ကော်ဖီနဲ့ မုန့်
ကြက်ဥနဲ့ဂျုံမုန့်နှစ်ရည် (၂ ခု စာအတွက်)
လှီးထားတာတွေကို တစ်ဝက်စီအညီအညာဖြူးလိုက်တယ် ...

လူတစ်ယောက်အတွက် မနက်စာဟာအလွန်အရေးကြီးပါတယ်။ မနက်ပိုင်းမှာ ကောင်းကောင်းစားထားမှ တစ်နေ့လုံးစိတ်ကြည်လင်လန်းဆန်းစွာနဲ့ အလုပ်လုပ်နိုင်မှာဖြစ်ပါတယ်။ ကျွန်မလို မနက်အစောကြီးအလုပ်သွားရပြီး ညနေမိုးချုပ်ခါနီးမှအိမ်ပြန်ရောက်သူတွေအတွက် မနက်စာအခက်အခဲ နေ့စဉ်ကြုံရလေ့ရှိပါတယ်။ အိမ်ကနေ မနက် ရ နာရီခွဲမှာ ထွက်ရတာမို့လို့ မနက်စာကို ဝယ်စားဖို့အချိန်မရပါဘူး။ အိမ်မှာတင်အပြီးစားသွားဖို့ကလဲ မောလွန်းလို့မစားနိုင်တဲ့အတွက် တစ်ခုခုစီမံပြီး ဗူးကလေးနဲ့ထည့်သွားပြီး ရုံးရောက်မှ ကော်ဖီဖျော်ပြီး မနက်စာစားရပါတယ်။ အမြန်ဆုံးနဲ့ အာဟာရဖြစ်အောင်စီမံနိုင်ဖို့ အမြဲတမ်းစဉ်းစားရပါတယ်။ တစ်မျိုးထဲကိုနေ့စဉ်စားရင်လဲ ငြီးငွေ့တယ်။ နေ့လည်စာနဲ့ညနေစာကို ထမင်းအမြဲစားဖြစ်တဲ့အတွက် မနက်စာကိုတော့ ဂျုံနဲ့လုပ်တဲ့မုန့် စားဖြစ်အောင် ကြိုးစားပါတယ်။ ဂျုံမှုန့်နဲ့ ခေါက်ဆွဲခြောက်က ကျွန်မအတွက်ပင်တိုင်အစားအစာပါ။ ရိုးရှင်းတဲ့မနက်စာတွေထဲမှာမှ လုပ်ရလွယ်ပြီး အာဟာရပြည့်ဝတဲ့ မနက်စာတစ်ခုကို မျှဝေပေးချင်ပါတယ်။

ပါဝင်သောပစည်းများ
ဂျုံမှုန့် …. စတီးဇွန်း ၄ ဇွန်း
ကြက်ဥ … တစ်လုံး
ကြက်အူချောင်း (chicken sausage) … တစ်ချောင်း
ချိစ် (slice cheese) …. တစ်ပြား
ထောပတ် … အနဲငယ်
သကြား/ဆား …. အနဲငယ်

ပြုလုပ်ပုံအဆင့်ဆင့်
ကြက်ဥတစ်လုံးကို အရင်ဆုံးခေါက်ပါတယ် … ထို့နောက် ဂျုံမှုန့်၊ ဆား၊ သကြားနဲ့ ရေနဲနဲချင်းထည့်ပြီး ခေါက်ရပါမယ် .. မပျစ်မကျဲအနေတော်အနေအထားအထိ ခေါက်ရပါမယ်။ မကပ်တဲ့အိုးအပြားကို မီးအပူပေးပြီး ထောပတ်အနဲငယ်သုတ်ပါတယ် … ပူလာတဲ့အခါ ဂျုံနဲ့ကြက်ဥခေါက်ထားတဲ့အရည်ကို ထည့်ပြီး အဝိုင်းပြားဖြစ်အောင် လုပ်ရပါမယ် .. ထောပတ်အနဲငယ် ထပ်သုတ်ရမယ် .. ထို့နောက် ပါးပါးလှီးထားတဲ့ကြက်ဥချောင်းနဲ့ ချိစ်တွေကို နေရာအနှံ့လိုက်တင်ပေးပြီး ခဏနေရင် ကျက်သွားပါပြီ … အလွန်မြန်ပြီး လွယ်ကူပါတယ် … စားလို့လဲကောင်းပါတယ် …
အသီးအရွက်ရှိရင်လဲ လှီးပြီး ထည့်စားလို့ရပါတယ် …

22 comments

  • kaung kin pyar

    March 30, 2012 at 1:30 pm

    ကျေးဇူးတင်ပါတယ် Weiwei ရေ..။ နက်ဖြန်မနက်ပဲ စမ်းကြည့်လိုက်ပါဦးမယ်။ အဆင်သင့်အိမ်မှာ ရှိနိုင်တဲ့ပစ္စည်းလေးတွေနဲ့ မနက်စာဖြစ်တာမို့ အရမ်းသင့်တော်တဲ့ မနက်စာပါ…။

  • မိုင်ဆွန်ခ မင်္ဂလာတရာ;အော...........

    March 30, 2012 at 1:34 pm

    pancakeဆိုတာဒါညိုးယားဟင် တီတီဝေ
    တားမှမလုပ်တတ်တာ လုပ်ကျွေးပါနော်။

    • weiwei

      March 30, 2012 at 3:05 pm

      pancake မဟုတ်ပါဘူး .. pancake က အဝိုင်းထူထူသေးသေးလေးတွေ …

      စတိုးဆိုင်ကြီးတွေမှာ စတီးအိုးအဝိုင်းတွေနဲ့ ဂျပန်ခေါက်မုန့်လုပ်ရောင်းတာကိုမြင်ပြီး အိမ်မှာအဆင်သင့်ရှိတဲ့ပစ္စည်းတွေနဲ့ အဆင်ပြေအောင်တီထွင်ထားတဲ့ မနက်စာဖြစ်ပါတယ် …

  • Ma Ei

    March 30, 2012 at 2:14 pm

    စားချင်စရာကောင်း အာဟာရပြည့်ဝတဲ့ မနက်စာမို့
    မနက်ဖန်မှာဘဲ စမ်းသပ်ပါတော့မယ် …
    ကျေးဇူးပါ ဝေဝေရေ…

  • Thel Nu Aye

    March 30, 2012 at 2:35 pm

    ကျေးဇူးအမရေ။ မနက်ဖြန် ဘရိတ်ဖတ်ကတော့ ဂွတ်သွားပြီ။ ရုံးသမားကျောင်းသမားတွေနဲ့မို့ မနက်စာကအမြဲစိတ်ညစ်ရတာ။ အခုတော့တခုတိုးတာမို့ ကျေးကျေးပါ။

  • manawphyulay

    March 30, 2012 at 2:38 pm

    မမဝေကတော့ သူကျတော့ တစ်ခုပြီး တစ်ခုလုပ်စားနေတယ်။ သူများကျတော့ ရေခဲမုန့်ပဲ ဝယ်ကျွေးတယ်ဟွန်း…

  • နွယ်ပင်

    March 30, 2012 at 2:47 pm

    စားကောင်မယ့် ပုံလေးပဲ မဝေရေ ..
    လုပ်နည်းလေးပါတင်ပေးတော့ တစ်ခါလောက် စမ်းပြီးလုပ်စားကြည့်ဦးမယ် ……..

  • Swal Taw Ywet

    March 30, 2012 at 2:50 pm

    Good idea for breakfast.
    Thank you sister.
    But, for me here ( Doha, Qatar ),the breakfast is-
    1 cup of coffee ( ready made coffee mix )( 0.75 QR )
    1 small pack of Biscuit ( 0.25 QR )
    2 pieces of dried cake.( 0.25 QR )
    only. Total cost for breakfast MUST be less than 1.5 Qatar Riyal.
    ( 3.65 QR = 1 US $ )
    30.3.2012 Money transfer rate to Myanmar ( 470 QR for 1 Lakh Kyats ).

    With respect,
    Swal Taw Ywet.

  • yaungchikha

    March 30, 2012 at 2:58 pm

    မနက်ဖြန်အလုပ်နားတော့ အတော်ပဲ လုပ်စားကြည့်ဦးမယ်နော်၊ မျှဝေပေးလု့ိကျေးဇူးပါနော်.. 🙂

  • ဆူး

    March 30, 2012 at 3:04 pm

    စားချင်စရာပဲ.. ကော်ဖီ နဲ့ မုန့် ကို ပြချင်တာ.. မုန့်ကို အသားပေးမှာမို့.. အလင်းမှာ ထားပြီး အလင်းရောင် ရှိတဲ့ ပန်ကန်ပြား အဖြူ နဲ့ ထည့်ပြထားတယ်။ စိတ်ကူးလေး ကောင်းတယ်။
    ဖိုတိုရှော့ မလို ဗလား လုပ်ဖို့ မလို ပေါ့။

    မုန့်ကလေးက အဆာပလာတွေ ထည့်ထားတာ ညီနေတာပဲ.. အလှအပ ကို သဘောကျမယ် ထင်တယ်။ ဟိဟိ.. ဆူး ဆိုရင် အဲလို သပ်သပ်ယပ်ယပ် သိပ်မလုပ်တတ်ဘူး။

    • weiwei

      March 30, 2012 at 3:10 pm

      ဆူးပြောမှ သူငယ်ချင်းတစ်ယောက်ပြောတာအမှတ်ရမိတယ် … နင်က မုန့်စားမှာလား ပန်းကန်စားမှာလားတဲ့ … 🙂

  • Thit Sar Lin

    March 30, 2012 at 4:14 pm

    ပုံလေးတွေကသေသေသပ်သပ်လေးနဲ့စားချင်စရာလေးပါ.မမဝေ
    <> အဲဒီစကားကိုတော့သိပ်လက်မခံချင်ဘူးဗျို့…ကောင်းကောင်းစားမှမဟုတ်ပါဘူး ဗိုက်ပြည့်ဖို့အဓိကပဲလေ….ထမင်းကြမ်းနဲ့ပဲပြုတ်ဆိုလည်းအဆင်ပြေသွားတာပဲလေ..
    ပြီးတော့မနက်စာကဒီလောက်ကြီးလည်းအရေးမကြီးပါဘူးဗျာ..တကယ်တမ်းအရေးကြီးကြေးဆိုရင်
    နေ့လည်စာကသာပိုအရေးကြီးတာပါ.မနက်စာကောင်းကောင်းစားမှပဲ.စိတ်ကြည်လင်တာမဟုတ်ပါဘူး..
    အဓိက ကတော့ကိုယ်လုပ်ရမဲ့တာဝန်ကိုကျေပွန်အောင်လုပ်ထားတယ်.ဆိုရင်ပဲအလိုလိုနေရင်းစိတ်မညစ် ကြပါဘူး အလုပ်မရှိပဲအိမ်မှာနေ နေရတဲ့သူဆိုရင်တော ့မနက်စာကအရေးကြီးချင်ကြီးမှာပေါ့….
    ကောင်းကောင်းမစားထားလဲ..မနက်ပိုင်းမှာစိတ်ကြည်ကြည်လင်လင်နဲ့ အလုပ်လုပ်နိုင်တဲ့သူတွေ အများ ကြီးရှိပါတယ်လို့…ပြောကြားလိုပါတယ်ခင်ဗျ

  • a me

    March 30, 2012 at 4:40 pm

    ကျေးဇူးတင်ပါတယ် အေမီလည်း ပြင်းတာနဲ့ လုပ်စားကြည့်တာပေါ့ ကောင်းမယ့်ပုံပါပဲ

  • pooch

    March 30, 2012 at 5:51 pm

    လွယ်လွယ်လေးနဲ့စားကောင်းတာဆိုတော့ အရွက်လေးတွေ ညှပ်ပြီး လုပ်စားကြည့်အုန်းမယ်။

  • MaMa

    March 30, 2012 at 9:01 pm

    ဝေဝေရေ-
    ပုံကြည့် လုပ်နည်းဖတ်ပြီး ဝိတ်ချရေး အစီအစဉ်ကို နောက်ရွှေ့လိုက်ပြီ 😀

  • Khin Latt

    March 30, 2012 at 9:40 pm

    ဝေဝေရေ
    ဒါကတော့ အရီး ရဲ့ ဖေးဘရိတ်ဘဲ။
    ဒီမှာတော့ ကြက်အူချောင်း တွေ ချိစ် တွေ မထည့်ဘဲ ပလိန်း လုပ် ပြီးမှ ပီးနပ်ဘတ်တာ (ဒါမှမဟုတ်) ယိုသုတ်စားတယ်။
    ဝေဝေ့ နည်း ကို မနက်ဖြန် သေချာပေါက် စမ်းပြီဟေ့။
    Thanks. 🙂

  • Gipsy

    March 30, 2012 at 11:27 pm

    အိပ်ယာက နိုးပြီး အဟာရဖြည့်ဖို့ နေ့တိုင်းလိုလို ခေါင်းခဲ ရပါတယ်…၊

    အဟာရလဲ ပြည့်ဝ ၊ အသစ်အဆန်းလဲ ဖြစ်မှာမို့ ကျေးဇူးတင်ပါကြောင်း…..။

  • ဦးဦးပါလေရာ

    March 30, 2012 at 11:45 pm

    မုန့်သားအရသာက မုန့်သိုင်းခြုံနဲ့များ တူမလားမသိ။
    တခါမှမကြားဘူးတာမို့ မဝေဝေကိုယ်တို်င်တီထွင်ထားတာလို့ ထင်မိပါသဗျား။

  • ကြောင်ကြီး

    March 31, 2012 at 8:59 am

    ကိုဘေးနွားကို မီးအေးအေးနဲ့ကင်ပြီး ဘီယာတကျိုက်နဲ့ မျှောချလိုက်ရင် အိုး… ဘာပြောကောင်းမလဲ… နတ်သုဒ္ဓါနဲ့ အဲဒီမနက်စာ မလဲနိုင်ဒဲ့…. သဂျီးပြောဒါ…။

  • amatmin

    March 31, 2012 at 9:22 am

    အိမ်မှာ မနက်စာမစားခဲ့ရလို့ ကော်ဖီလေး တခွက်သောက်နေရင်း..ရွာထဲဝင်လိုက်တာ..
    အန်တီဝေ့ မနက်စာကို တွေ့လိုက်လို့ အမှီလိုက်ပြီး အပီကြိတ်လိုက်ပါတယ် ဗျ.. 🙂

  • water-melon

    March 31, 2012 at 9:43 am

    အန်တီဝေရေ
    အဲလောက်နဲ့ ဖရဲက မဝဘူးဗျ

  • ဇွဲမာန်အောင်

    March 31, 2012 at 10:09 am

    ကြည့်ရတာနဲ့တင် ဗိုက်ဆာလာပြီ

Leave a Reply