Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကိုစွယ်တော်ရွက်၏ဆီမီနာအား ဇတ်သိမ်းပေးခြင်း…Seminar is dismissed..…

ဇတ်လမ်းအစကဒီလိုပါဗျာ….ကိုဘလက်ချောရဲ့ပို့စ်လေးတစ်ခုမှာ

ကျွန်တော်ဖီးလ်တက်ပီးမန့်လိုက်ရာကစပါတယ်…ဒီလိုဒီလို…

ကိုစွယ်တော်ရွက်က..

ကြားဖြတ် ဆီမီနာလေးအသွင် ဖန်တီးကြည့်ချင်ပါတယ် ဗျို့ …. ဝိုင်းကြပါဦးနော…

အစပျိုးပုံလေးက စပါမယ်။ သေသေချာချာ သိထားစေချင်လို့ပါ။

ကိုဘလက်ချောရဲ့ “ဦးဆောင်သူတွေက သမားရိုးကျ မတွေးသင့်ပါ” ပို့စ်မှာ ကိုကြီးမိုက်က ဒီလိုမန့်ထားခဲ့တယ်ဗျ။

 

kyeemite says:

ကိုဘလက်ရေ..အစိုးရကပြောင်းနေပီပြောပေမဲ့..ကျွန်တော့အမြင်မှာတော့..

လုပ်ပုံကိုင်ပုံတွေမှာ မပြောင်းသေးပါဘူးဗျာ..

အရင်အစိုးရအတိုင်းဘဲ(အေးလေ လူမှမပြောင်းတာ)….အတိတ်ကအမှားတွေ
ရဲ့ဒဏ်ကို ပြည်သူတွေခုထိခံနေရတုံးပါဗျာလတ်တလောပြသနာဖြစ်နေတဲ့ ကိစ္စတစ်ခုပြောချင်သေးသဗျာ..ကုမ်ပဏီ ဝန်ထမ်းတွေဆောင်နေရတဲ့ ဝင်ငွေခွန်အရမ်းများနေတဲ့ကိစ္စမျိုး..တနေ့ကဘဲ ကွန်ပြူတာ ဆိုတဲ့လူရေးတင်ခဲ့တဲ့ အမှန်တရား()ဆိုတဲ့ဆောင်းပါးထဲကအတိုင်းပေါ့..
လစာထဲကဝင်ငွေခွန်၂၆%ဆောင်ရတယ်ဆိုတော့ကာသေဘီဆရာပေါ့

ဒါမျိုးတွေဦးစားပေးပီးဖြေရှင်းသင့်ပါရဲ့နဲ့ မသိချင်ရောင်ဆောင်နေပြန်တယ်ခုရွေးကောက်ပွဲနီးတော့လာပြန်သေးတမျိုး

အနိမ့်ဆုံးဝန်ထမ်းလစာ..တစ်သိန်းဖြစ်ရမည်တဲ့..ဘယ်ကပိုက်ဆံနဲ့ပေးမှလည်း သိချင်သား

 

 

ကိုကြီးမိုက်က သူ့ရဲ့ တကယ့်အခြေအနေကို ဒီလို ပြန်တင်ပြခဲ့ပါတယ်။

kyeemite says:

ကိုစွယ်တော်ရွက်ခင်ဗျား…(အမေးရှိလို့ အဖြေရှိရခြင်းကိုပို့စ်ပိုင်ရှင်မှနားလယ်ခွင့်လွှတ်
ပေးစေလိုပါသည်)ကျွန်တော်လည်းလက်ရှိ ကုမ်ပဏီဝန်ထမ်းတစ်ဦးပါ။
သူများကုမ်ပဏီအကြောင်းတော့မပြောဆိုမငြင်းခုံချင်ပါ
မိမိကုမ်ပဏီအကြောင်းသာပြောပါမည်။ကျွန်တော်လုပ်နေတဲ့ကုမ်ပဏီကတော့..စာအုပ်ကြီး
အတိုင်းဆိုသလို စာရင်းဇယားများအားလုံးကိုအမှန်အတိုင်း တစ်မျိုးတည်းသာထားပြီး
သက်ဆိုင်ရာအစိုးရဋ္ဌာနများကိုလည်း ထိုအမှန်စါရင်းအတိုင်းသာတင်ပါသည်။
သို့ပါရွေ့ ဝန်ထမ်းများထံမှဝင်ငွေအခွန်ကောက်ခံရန်တွက်ချက်ရာတွင်လည်း
အစိုးရသတ်မှတ်ထားသည့်အတိုင်းအမှန်အတိုင်းတွက်ချက်ရွေ့
လစဉ်ဖြတ်ပါသည်။မယုံမရှိပါနှင့် အမှန်ပါခင်ဗျား..ပိုမိုရှင်းလင်းသွားအောင်
နမူနာပေးစလစ်တစ်ခုဖေါ်ပြပေးပါမည်

Basic Salary: 152429
Full attendance: 4000
Cost of living:20500
Total income: 176929
Income tax: (36960)
SSB: (465)
Total Net income: 139504(
အိမ်ပြန်ပါငွေ)
ဆိုတော့ကာဝင်ငွေခွန်အမှန်အတိုင်းဆောင်ရင် နည်းလားများလား တွက်ကြည့်ပေါ့ဗျာ
ဒီဝန်ထမ်းတွေအတွက်ဝင်ငွေခွန်ဥပဒေပြဋ္ဌန်းခဲ့တာကြာပါပြီ..ကျွန်တော်မှတ်မိသလောက်တော့
အစိုးရပြန်တန်းဝင်အရာရှိတစ်ယောက်..၁၂၅ဝကျပ်နှုန်းရတုံးကပါ။
ဒီလောက်ဆို computer ဆိုသူတင်ထားတဲ့( 2 times -Post No 1 and No 2 )ဟာအမှန်
ဆိုတာသိလောက်ပီပေါ့..
ကဲ..ကိုစွယ်တော်ရွက် အကြံပေးပါအုံးဘာလုပ်ကြရင်ကောင်းမလဲ..?

အဲဒီလိုရေးပြပြီး..ကိုစွယ်တော်ရွက်က…

“ကိုကြီးမိုက်ရေ..ဆီမီနာလုပ်လိုက်ပြီဗျို့” ဆိုပီး…

ပို့တစ်ခုတင်ခဲ့ပါတယ်…အဲဒီပို့စ်နဲ့ပါတ်သက်ပြီးနိဂုံးချုပ်

ပေးချင်လို့ရယ်…လခစါးဝန်ထမ်းအားလုံး ပျော်ရွှင်စေဖို့ရယ်

ရည်ရွယ်ပြီးဒီပို့ကိုတင်လိုက်တာပါ…

 

 

 

 

ကျွန်တော်ဒီနေ့တော်တော်ပျော်ပါတယ်….

အကြောင်းကတော့ အသစ်ထွက်လာတဲ့ ဝင်ငွေခွန်ဥပဒေကြောင့်ပါ…အခုဆိုရင် အသစ်ထွက်လာတဲ့

ဝင်ငွေခွန်ဥပဒေသစ် အရ လစာဝင်ငွေ တစ်လ

အနည်းဆုံး၁၃၀,၀၀ဝကျပ်ရသူတွေမှသာအခွန်ဆောင်ရတော့မှာဖြစ်ပါတယ်…ကျွန်တော့စက်ရုံမှာ ဒီအခွန်ဥပဒေသစ်မထွက်ခင်ထိ(မတ်လ-၂၀၁၂ ထိ) အနိမ့်ဆုံးဝန်ထမ်းဖြစ်တဲ့ သန့်ရှင်းရေးဝန်ထမ်းတောင်

အခွန်ဆောင်ခဲ့ရပါတယ်.. ကျွန်တော်ပြောခဲ့ပြီးသလို

ကျွန်တော်လုပ်နေတဲ့ကုမ်ပဏီကလဲစါအုပ်ကြီးအတိုင်းကိုး..

အခုတော့ ကျွန်တော်လုပ်နေတဲ့စက်ရုံမှာ မန်နေဂျာလယ်ဘယ်နဲ့အထက်ဘဲဝင်ငွေခွန်ဆောင်ရတော့မယ်

(၂၀၁၂ ဧပြီလကုန်ကစလို့ပေါ့..)

ဆောင်ရမဲ့ ဝင်ငွေခွန်အမောင့်ကလည်း FAIR ဖြစ်တယ်

ဆိုတော့ကာမယ်…ကျွန်တော်ဝမ်းမသာဘဲနေနိုင်ပါ့မလား.

အဲဒီအချိန်ကဆောင်နေရတဲ့အခွန်ဝန်ထုတ်

ဝန်ပိုးတွေအကြောင်း..မခံမရပ်နိုင်တော့လို့…

ဒီကိစ္စကို ဂေဇက်မှာစဖွခဲ့တာ(စရင်ဖွင့်ခဲ့တာ) computer

ဆိုတဲ့ရွာသားတစ်ယောက်ပါ…အဲဒီပို့စ်မှာ ကျွန်တော်ကိုယ်တိုင်

လက်ရှိခံစားနေရတာနဲ့တထပ်တည်းကျနေတော့ ဖီးလ်တက်ပီး

မန့် လိုက်မိပါတယ်..အဲဒီလိုမန့်လိုက်တဲ့အပေါ်မှာ….

ပို့စ်တွေပေါ်မှာသော်၎င်း ကွန်မန့်တွေပေါ်မှာသော်၎င်း အင်မတန်မှအာရုံစူးစိုက်ပြီး.. အကျိုးပြုပို့စ်တွေ အကျိုးပြုကွန်မင့်တွေရေးသားပေးနေတဲ့ စွယ်တော်ရွက်ဆိုသူ

အဝေးရောက် မြန်မာတစ်ဦးက ကျွန်တော့ကွန်မင့်အပေါ်မှာ…

ခံစားပြီးတော့ မြန်မာပြည်ကဝန်ထမ်းတွေအားလုံး ခံစားနေရတာ ကိုယ်ချင်းစာပြီး…ရင်ဘတ်နဲ့ခံစားပြီး..

“ကိုကြီးမိုက်ရေ..ဆီမီနာလုပ်လိုက်ပြီဗျို့” ဆိုပီး…

ဆက်ဖွပါလေရော…ဒါပေမဲ့ အဲဒီဆီမီနာမှာ..ရွာသူ ရွာသား

တော်တော်များများ ဝင်ရောက် ဆွေးေနွေး ခဲ့ကြပေမဲ့..

အဖြေတစ်ခုမှမရခဲ့ပါဘူး…အခုတော့..အဖြေထွက်သွားပါပြီ။

ထွက်သွားတဲ့အဖြေကလည်း ဝန်ထမ်းအားလုံးအတွက်အလွန်

အင်မတန်မှသင့်တင့်လျှောက်ပတ်တဲ့ အဖြေဖြစ်တော့

ကျွန်တော့ရဲ့ဝမ်းသာပီတိကတော့ ဆိုဘွယ်မရှိ…

ကျွန်တော့ပင်ကိုယ်အသိစိတ်ကလည်း ဝင်ငွေခွန်ဆောင်ထိုက်တဲ့ နိုင်ငံသားတိုင်းဂုဏ်ယူစွာ

နိုင်ငံတော်ကိုအခွန်ဆောင်သင့်တယ်လို့ခံယူထားတဲ့ကောင်ပါ..

လိုရင်းကိုတိုတိုပြောရရင်တော့ “ကိုစွယ်တော်ရွက်ရေ…ခင်ဗျားတင်လိုက်တဲ့ ဆီမီနာကြီးဟာ

အောင်မြင်စွာ…အဓိပ်ပါယ်ရှိစွာပြီးဆုံးသွားပါပြီလို့

ကျေးဇူးတင်စွာပြောလိုက်ပါရစေတော့..”

 

ဒါကEMG ဂျာနယ်မှာဖေါ်ပြထားတဲ့အထောက်အထားအချို့ပါ…

၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ စတင်၍သက်ရောက်မည့် ဝင်ငွေခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်များအကြောင်း ထုတ်ပြန် ရှင်းလင်း၊ တစ်လ ကျပ် ၁၂၀၀၀ဝ အောက် ရရှိသူများအား ဝင်ငွေခွန် ကင်းလွတ်ခွင့်ပြုမည်

 

၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင်  စည်းကြပ်ကောက်ခံမည့် ဝင်ငွေခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် စနစ်များ အကြောင်းကို မတ်လ ၂၆ ရက်နေ့က ကျင်းပသည့် အခွန်ဆိုင်ရာ ရှင်းလင်းပွဲတွင် ထုတ်ပြန်ခဲ့ကြောင်း သတင်း ရရှိပါသည်။

အဆိုပါ ရှင်းလင်းပွဲသို့ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းသန်းနှင့် ညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ တက်ရောက်ကာ အခွန်ဆိုင်ရာများ ခေတ်စနစ်နှင့်အညီ ပြောင်းလဲထားသည့် အကြောင်း များကို ရှင်းလင်းခဲ့ကြောင်း သိရသည်။
ဝင်ငွေခွန်ဆိုင်ရာများကို ပြင်ဆင်သတ်မှတ်ပေးရာ၌ အမိန့်ကြော်ငြာစာ ခုနစ်ခု ထုတ်ပြန်ကာ သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ စတင်သက်ရောက်မည့် ပြင်ဆင်ပြောင်းလဲပေးထားသည့် ဝင်ငွေခွန်အရ တစ်လ လစာ ကျပ် ၁၂၀၀၀ဝ အောက်ရရှိသူ နိုင်ငံ့ဝန်ထမ်း၊ ပုဂ္ဂလိက ဝန်ထမ်းများသည် ဝင်ငွေခွန် ကင်းလွတ်ခွင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။ ယင်းအပြင် သမဝါယမနှင့် စီးပွားရေး လုပ်ကိုင်သူများအနေဖြင့် တစ်လကျပ် တစ်သိန်းနှင့် ကျပ်တစ်သိန်းအောက် ဝင်ငွေရှိသူများ ဝင်ငွေခွန်ကင်းလွတ်ခွင့် ရရှိမည်ဖြစ်သည်။

 

လစာဝင်ငွေအပေါ် ကောက်ခံမည့် ဝင်ငွေခွန် အခွန်နှုန်းထားဇယား

 

ယခုကဲ့သို့ အခွန်နှုန်းများ ပြင်ဆင်ပေးခြင်းမှာ ခေတ်ကာလဖြင့် လျော်ညီစေရန်၊ အခွန်ထမ်းအများစုထံမှ သင့်တော်သည့် ပမာဏဖြင့်သာ ကောက်ခံရန်၊ အခွန်ထမ်းများ ပိုမိုများပြားလာစေရန်၊ အခွန်ထမ်း ကိုယ်တိုင်မှ ကျေနပ်စွာ အခွန်ပေးဆောင်သည့် အနေအထားသို့ သွားရန် ရည်ရွယ်ကြောင်း သိရသည်။

 

 

ကျေးဇူးတင်လွှာ

ဒီကိစ္စကို ကိုယ်တိုင်ခံစားချက်အပြည့်ဖြင့် စတင်လိုက်သူ

ဂေဇက်ရွာသား computer အား၎င်း….

ဂေဇက်ပေါ်မှစာများကို အလေးအနက်ထားဖတ်ပြီး

ဆီမီနာတစ်ခုဖြစ်ပေါ်အောင် ဝင်ရောက်ခံစားပေးပါသော

အဝေးရောက် ရွာသား ကိုစွယ်တော်ရွက်အား၎င်း…

အခွန်ကိစ္စဆီမီနာတွင် တက်ကြွစွာ ပါဝင်ဆွေးနွေးကြသူ

ရွာသူ ရွာသားအပေါင်းအား၎င်း…

ဆီမီနာအား အချိန် ပေးရွေ့ ရက်အနည်းငယ် စတစ်ကီ

လုပ်ထားပေးခဲ့ပါသော ..မျိုးချစ် ဂေဇက်သဂျီး ဦးခိုင်အား၎င်း

အထူးတလည်ကျေးဇူးတင်ရှိပါသည်ခင်ဗျား။

အားလုံးကိုလေးစားစွာခင်တဲ့..

ကြီးမိုက်။

5 comments

  • Swal Taw Ywet

    April 1, 2012 at 1:17 pm

    Dear Brother,Ko Kyee Mite,
    Thanks you so much for your final update for our seminar.
    For future, it is OK.
    But for your past….Still need to find the truth.
    Please let me copy from-
    အခွန်နုံးထားများပြောင်းလဲသတ်မှတ် (Eleven Media မှ ကူးယူဖော်ပြပါသည်)
    – htoosan |187- Hits|
    Posted by htoosan on Mar 28, 2012 in Myanma News | 13 comments

    I would like to high light this part-
    ယခင်က တစ်ကျပ်မှ ၅၀၀ဝ ကျပ်အတွင်း ရရှိသူများအား ဝင်ငွေခွန် ငါးရာခိုင်နှုန်း ကောက်ခံရန် သတ်မှတ်ထားခြင်းမှစကာ ကျပ် ၂၀၀၀၀၀၀၁ နှင့်အထက်အား ၃ဝ ရာခိုင်နှုန်းအထိ ကောက်ခံရန် သတ်မှတ်ထားခဲ့ခြင်း ဖြစ်သည်။
    Over 200 Lakhs>>> 30%.
    Please re-look the notification Tax rate ( By AhNyar TaMar and 2006 IRD web site )
    Over 5 Lakhs >>> 30%.( you confirmed by your self, right? ).
    One important TAX Notification ( may be 2010 ) is still missing.
    When your workers who received 50,000 Ks salary are paying for Income tax, the government staffs who received 110,000 Ks salary NO NEED TO PAY, WHY? WHY?
    The question is still in my mind.
    I will try my best to find out the truth after arriving back to mother land.
    This is the duty for me, by myself.

    Thanks you so much for your sharing.
    You also proved that you are a real MG villager.
    MG ရွာသားတစ်ယောက် ဖြစ်နေလို့ ညံ့လို့မရ…..

    Let’s try our best for our mother land.
    With respect,
    Swal Taw Ywet.

  • kai

    April 1, 2012 at 2:22 pm

    ဂုဏ်ယူပါတယ်ကွယ်..
    ..
    နောင်လည်း.. တိုင်းပြည်အတွက်လို့ပဲ..သဘောထားပြီး.. ဆီမီနာလေးတွေလုပ်ပေးပါဦးလို့.. 😆

  • ဗိုက်ကလေး

    April 1, 2012 at 2:31 pm

    အပေါ်က ကိုဂျီးလိုပဲ ပြောပါတယ်ဗျာ
    အောင်မြင်စွာ ဇာတ်သိမ်းနိုင်ခဲ့တာ ဝမ်းသာပါတယ်..
    ဆက်ဆွဲထား ဆရာရေ့

  • Computer

    April 1, 2012 at 9:07 pm

    ကျွန်တော်ရဲ့ Post လေးအပေါ်အရေးတယူဝင်ရောက် comment ဝင်ရေးကြသောသူများအားလုံး၊အဓိက
    စိတ်တူကိုယ်တူမန့်ပေးသော ဆရာကြီးမိုက်၊ပွဲတော်ကြီးပိုမိုစည်းကားလာအောင် Seminor တစ်ခုဖြစ်မြောက်
    သည်အထိဝိုင်းဝန်းခဲ့သော စွယ်တော်ရွက်နှင့်တကွ ဒီPostလေးကိုတင်ခွင့်ပြုခဲ့သောသူကြီးအပါအဝင်ဂေဇက်
    ရွာသားအားလုံးကို ကျွန်တော်နှင့်ဝန်ထမ်းအားလုံးရဲ့ကိုယ်စားအထူးပင်ကျေးဇူးတင်ရှိပါကြောင်း။

  • ဇွဲမာန်အောင်

    April 2, 2012 at 10:16 am

    အားရ ဝမ်းသားစွာနဲ့ဖတ်သွားပါသည်။

Leave a Reply