အောင်ပန်းဝေသီ NLD

NovyApril 2, 20121min11312

မနေကညက အင်တာနက်သတင်းတွေမှာ ကြည့်ပြီး

မဲစာရွက်တွေရဲ့ NLD အကွက်နေရာမှာ အမှန်ခြစ်လို့မရအောင် ဖယောင်သုတ်တယ်လို့ဖတ်ရ တော့

ဒေါသထွက်ရ စိတ်တိုရ ဒါပေမဲ့လဲ

NLD ရဲ့ အောင်မြင်မှုတွေရလို့  ဂုဏ်ယူဝမ်းသာနေမိပါတယ်

ကိုယ်တိုင်သွားပြီး ဂုဏ်ပြုချင်စိတ်တွေ အရမ်းဖြစ်ပေါ်နေတာပဲ

လိုက်ပို့မဲ့ သူကလဲမရှိ သတင်းလေတွေကြည့်ပြီ စိတ်ဖြေနေရတာပေါ့

ခဏနေတော့ အိမ်ရှေ့ဖက်မှာ လက်ခုတ်သံတွေ သီချင်းသံတွေကြားတော့ ဘာများလဲလို့ထွက်ကြည့်တော့

အို…. NLD ရဲ့အောင်ပွဲခံကားတွေပေါ့

လမ်ထဲ့ကလူတွေက တိုက်ပေါ်ကလူတွေ လက်ခုတ်တွေတီးပြီးကြိုဆိုနေလိုက်ကျတာ

မနိုလဲ တိုက်ပေါ်ကအားပေးရတာ အားမရတာနဲ့ ကင်မရာကိုင်ပြီးပြေဆင်းတော့တာပေါ့မောရမှန်းတောင် မသိတော့ပါဘူး

မှီသလောက်လေးရိုက်ပြီ ရွာသူားတွေအတွက် ပြန်မျှဝေလိုက်တယ်နော်

NLD 1

NLD2

NLD3

 

12 comments

  • ကိုရင်မောင်

    April 2, 2012 at 11:34 am

    ဝမ်းသာစရာမြင်ကွင်းပါဘဲ……
    ကျေးဇူးဘဲမနိုရေ…..

  • ဗိုက်ကလေး

    April 2, 2012 at 12:17 pm

    ဝုတ်ဒယ်ဗျာ
    အဲ့ကားတွေတွေ ့တော့ ပြေးတက်သွားချင်စိတ်တောင်ပေါက်တယ်.
    ဂယ်ပဲ..ဂယ်ပဲ..

  • နွယ်ပင်

    April 2, 2012 at 12:55 pm

    မနေ့က အိမ်ပေါ်ကနေ ကားတွေဖြတ်သွားတိုင်း အားပေးရတာအမောပေါ့
    မြင်ရတဲ့ မြင်ကွင်းက တကယ့်ကို ဝမ်းသာစရာ ပိတိဖြစ်စရာပါပဲ ………..

  • etone

    April 2, 2012 at 1:07 pm

    မနိုရေ ..အောင်ပွဲခံတဲ့ … ဓါတ်ပုံတွေကြည့်ရတာနဲ့တင် ကြည်နူးမိပါတယ် … ။
    မဲပေးမရအောင် …. ဘယ်လိုပဲ အကျင့်ပုပ်ပုပ် …. နောက်ဆုံးရလာဒ်ကတော့ ရှင်းရှင်းထင်းထင်းဖြစ်သွားခဲ့ပြီလေ … ။

    ဒါတောင် ကြားဖြတ်ရွေးကောက်ပွဲမို့ ….. ၊ မြန်မာတစ်နိုင်ငံလုံး အတိုင်းတာနဲ့ မဲပေးတုန်းက NLD သာပါခဲ့လျှင် … ဒင်းတို့ ဒီထက်တောင် အရှက်ကွဲဦးမယ် …. ။ ဘယ်လိုပဲဖြစ်ဖြစ် … နောက်ဆုံးရလဒ်မှာ မဲနိုင်ခဲ့တာ …. NLD နဲ့ ထပ်တူ ဝမ်းသာမိပါတယ် ။ 🙂

  • Novy

    April 2, 2012 at 1:08 pm

    မနိုလဲ အောင်ပွဲခံတဲ့ကား တွေပေါ်လိုက်ပြီး
    ဂုဏ်ပြုချင်ပေမဲ့ ခေါ်မဲ့သူမရှိလို့
    လမ်းပေါ်ကနေ ဓါတ်ပုံလေးရိုက် လက်ခုတ်လေးတီးပြီး ကြိုဆို လိုက်ရတယ်လေ

  • ဆူး

    April 2, 2012 at 1:16 pm

    ညက ရွှေဂုံတိုင် အထိတောင် ရောက်တယ်။ သွားကြည့်တာ.. အလုပ်ဆင်းကတည်းက သွားကြည့်လိုက်တာ ၉ခွဲလောက်မှ အိမ်ပြန်ရောက်တယ်။ ဒါတောင် လူတွေက မနည်းဘူး ပြန်သွားလိုက် ထပ်တိုး လာလိုက် လုပ်နေကြတာ။

  • Shwe Tike Soe

    April 2, 2012 at 1:59 pm

    ဒါများမနိုရယ် ဖုန်းဆက်လိုက်ရောပေါ့ ကျွန်တော်တို.လဲ လူစုပြီး ဂျစ်ကားကြီးနဲ. လှည့်အောင်ပွဲခံရအောင်….
    ကျွန်တော်လဲ အိမ်ရှေ.သမိုင်းလမ်းဆုံမှာ ညအလင်းဆိုင်က ထမင်းထွက်စားရင်နဲ. ဘယ်မြို.နယ်က နိုင်တယ်.. ဟိုမြို.နယ်က နိုင်တယ် နဲ.. ထိုင်နားထောင်နေတာ.. ပျော်စရာကောင်းတာကိုမပြောပါနဲ.တော့ဗျာ…

    • Novy

      April 2, 2012 at 2:29 pm

      ရှင်တို့ကို စိတ်ကောာက်သွားပြီ
      မနိုကိုတော့ ဘယ်သူမှ လက်မတို့ကျဘူး
      သူတို့ပဲ လျှောက်သွားပြီး အောင်ပွဲခံနေကျတယ်
      2015 ကျမှ တွေ့မယ်

  • kyeemite

    April 2, 2012 at 2:41 pm

    ဝမ်းသာစရာသတင်းလေးမျှဝေပေးတာကျေးကျေးပါ..

  • cherry phyu

    April 2, 2012 at 3:43 pm

    ကြားဖြတ်ရွေးကောက်ပွဲ သတင်းတွေဖတ်ပြီး ဝမ်းသာလွန်းလို့ မျက်ရည်တောင်ကျတယ်။ ပြည်သူတွေလဲ ဒီလိုပျော်ရဖို့ နှစ်နှစ်ဆယ်ကျော် စောင့်ခဲ့ရတာ။

  • Thel Nu Aye

    April 2, 2012 at 6:05 pm

    ညကတိုးမပေါက်ဘူး။ သိလဲမသိကြဘူး။ ဒါပေမဲ့လက်ဆွဲနှုတ်ဆက်ကြ။ လက်တွေပြကြ။ သီးခံပေးပါလို့တောင်းပန်ကြနဲ့။ ကားတွေဆိုတာလဲ တစီးနဲ့တစီးလုမမောင်းပဲ ဦးစားပေးကြ။ အဆုံးစွန် ဘတ်စ်ကားဒရိုင်ဘာတွေရော စပါယ်ယာတွေရောပါ အံ့ဩစရာကောင်းလောက်အောင်ကို သီးခံနေကြတာတွေ့ ရပါတယ်။ ဘေးက ဘတ်စ်ကားဆိုရင် အောင်မယ်လေးစည်းကမ်းရှိနေလိုက်တာ။ အံ့တောင်ဩတယ်။ ဒေါသ မောဟ လောဘတွေကင်းစင်တဲ့နေရာလေးပါ။ လူတွေဆိုတာလဲ ချစ်နေလိုက်ကြတာ။ ပြုံးနေလိုက်ကြတာ။ ပြန်တွေးရင်တောင်ကြက်သီးထပါတယ်။ သီးခံခြင်းတရားတွေနဲ့ပြည့်ဝတဲ့နေရာလေးပြပါဆိုရင် NLD ရုံးချုပ်ရှေ့မှာအမြဲတွေ့ရတယ်။ သွားတိုင်းစိတ်ချမ်းသာရတယ်။

  • ကြောင်ကြီး

    April 3, 2012 at 10:26 am

    နိုဗွီလေး.. ဦးကြောင် အမတ်ဖြစ်ပီ.. အမြန်ဆက်သွယ်ပါ… ဒီမိုကရေစီတပ်မှူးဂျီးအား ကိုယ်ဖိရင်ဖိ ပြုစုစောင့်ရှောက်ရန် ဖြစ်သည်။ လခ ၁၅၀ဝ နားရက်မရှိ… 😳

Leave a Reply