“ငါတို့ခွပ်ဒေါင်းနိုင်နိုင် ရွှေဖလားနဲ့ ကြက်သားကိုင်… ကြံ့ကြီးနဲ့ဖွတ်မ ရှုံးရှုံး ကြေးဖလာနဲ့ ကြက်အီးတုံး”…။

နွေဦးApril 2, 20121min47118
ငါတို့ခွပ်ဒေါင်းနိုင်နိုင်...
ငါတို့ခွပ်ဒေါင်းနိုင်နိုင်...

ဟိုးရှေးရှေးတုန်းကပေါ့ကွယ်..။ တောအုပ်ကလေး တခုမှာ တိရစ ္ဆာန်လေးတွေ ငြိမ်းချမ်း စွာ စုပေါ့င်းနေထိုင်ကြသတဲ့ကွယ်..။ အဲဒီတောအုပ်ထဲမှာ ကြံ့ ကြီး တကောင်နဲ့ ဖွတ်အိုမကြီး တကောင်လဲ နေထိုင်သတဲ့ကွယ်..။ ကြံ့ကြီးဟာ တောထဲက သစ်ပင်တွေ စားပင်တွေကို သူ့အင်အားနဲ့ တိုက်လှဲပြီး အကုန်စားသုံးပစ်သတဲ့ကွယ်..။ဖွတ်မကြီး ဆိုလဲ မြေအောက် တွင်းတွေတူးပြီး ရသမျှ စားပစ် သတဲ့ကွယ်..။ တောထဲနေကြတဲ့ သတ္တဝါလေးတွေက နေစရာ မရှိ စားရမဲ့ သောက်ရမဲ့ ဖြစ်နေကြသတဲ့ကွယ်..။ ကြံ့ကြီးနဲ့ ဖွတ်မကြီး တို့က အမြဲ နှိပ်စက်သမျှ ဒုက္ခပေးသမျှကို ခံနေရရှာသတဲ့ကွယ်..။ သတ္တဝါလေးတွေမှာ အားကိုးရာမဲ့ပြီး ရှိသမျှအင်အားလေးတွေနဲ့ တွန်းလှန်ကြပေမဲ့ အင်အားက မမျှတော့ အမြဲတမ်း နှိပ်စက်ခံရ အရှုံးပေး နေကြရတာပေါ့ကွယ်..။
ဒီလိုအချိန်မှာ ဟိုးအဝေးကြီးမှာရှိတဲ့ တောအုပ်ကြီးကနေ ဒေါင်းမလေး တကောင် ရောက်လာပါသတဲ့ကွယ်..။ သူရောက်လာတော့ တောထဲမှာနေကြတဲ့ သတ္တဝါလေးတွေဟာ အားကိုးရာ ရလာကြတာပေါ့ကွယ်..။ ဒေါင်းမလေးက စည်းလုံးညီညွှတ်ဖို့ မကြောက်ကြဖို့ အားပေးသတဲ့ကွယ်..။ ဒါပေမဲ့ ဒေါင်းမလေးခမျာလည်း ကြံ့ကြီးနဲ့ ဖွတ်မကြီးတို့ရဲ့ နှိပ်စက်မှု ကို အတော်လေးခံရရှာသတဲ့ကွယ်..။ ဒေါင်းမလေးဟာ အခြေနေ အရပ်ရပ် ကိုကြည့်ပြီး ကဒေါင်း အသွင်က ခွပ်ဒေါင်း အသွင်ပြောင်းပြီး ကြံ့ကြီးနဲ့ ဖွတ်မကြီးကို ပြန်လည် ရင်ဆိုင်လို့ ရအောင် ကြိုးစားရှာသတဲ့ကွယ်..။
တချိန်မှာတော့ ကြံ့ကြီးနဲ့ ဖွတ်မကြီးတို့ အင်အားနည်းလာတဲ့ အချိန်မှာ ခွပ်ဒေါင်းလေးဟာ ရှိသမျှ သတ္တဝါတွေ ရဲ့ အင်အားကို စုပေါင်းပြီး တိုက်လိုက်တဲ့အခါ ကြံ့ကြီးနဲ့ ဖွတ်မကြီး တို့ မထင်မှတ်ဘဲ ရှုံးသွားကြသတဲ့ကွယ်..။ နည်းမျိုးစုံ သုံးပြီး ညစ်ပတ်ကြပေမဲ့ ကိုယ်ရှူး ကိုယ်ပါတ်ပြီး ရှင်းမရဖြစ်မှာစိုးပြီး ရူးချင်ရင်ဆောင် အရှုံးပေး ထွက်ပြေးကြရပါရောတဲ့ကွယ်..။
နောင်တချိန် ကြံ့ကြီးနဲ့ ဖွတ်မကြီးတို့ ဘယ်လိုညစ်ပတ် ကြမယ်ဆိုတာ မသိသေးတော့ သတိ ကြီးကြီးနဲ့ ပျော်ရွှင်စွာ အော်ဟစ်နေသံတွေက တတောလုံး ဟိန်းနေတော့တာပါဘဲကွယ်..။
“ငါတို့ခွပ်ဒေါင်းနိုင်နိုင် ရွှေဖလားနဲ့ ကြက်သားကိုင်…
ကြံ့ကြီးနဲ့ဖွတ်မ ရှုံးရှုံး ကြေးဖလာနဲ့ ကြက်အီးတုံး”…။

“ငါတို့ခွပ်ဒေါင်းနိုင်နိုင် ရွှေဖလားနဲ့ ကြက်သားကိုင်…
ကြံ့ကြီးနဲ့ဖွတ်မ ရှုံးရှုံး ကြေးဖလာနဲ့ ကြက်အီးတုံး”…။

“ငါတို့ခွပ်ဒေါင်းနိုင်နိုင် ရွှေဖလားနဲ့ ကြက်သားကိုင်…
ကြံ့ကြီးနဲ့ဖွတ်မ ရှုံးရှုံး ကြေးဖလာနဲ့ ကြက်အီးတုံး”…။

“ငါတို့ခွပ်ဒေါင်းနိုင်နိုင် ရွှေဖလားနဲ့ ကြက်သားကိုင်…
ကြံ့ကြီးနဲ့ဖွတ်မ ရှုံးရှုံး ကြေးဖလာနဲ့ ကြက်အီးတုံး”…။

ဒီတပါတ်အတွက် ပုံပြင်လေးကတော့ ဒီလောက်ပါဘဲကွယ်..။
ခလေးတို့လဲ ခွပ်ဒေါင်းနဲ့အတူ ပျော်ရွှင်မှုတွေ ရကြပါစေ…။

ဘဘနွေဦး။

18 comments

  • MTY

    April 2, 2012 at 12:51 pm

    ယခုလိုအချိန်မှာ ထောက်ခံသည့် ပြည်သူများနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များ ပျော်ရွှင်ကြမည်မှာ သဘာဝကျပါသည်။
    သို့သော်လည်း တဖက်အဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်များအား စိတ်ထိခိုက်၊ စိတ်မကောင်း ဖြစ်စေနိုင်မည့် အပြောအဆို၊ အမူအယာ၊ အလုပ်အကိုင်များ လုံးဝရှောင်ရှားကြရမည် ဖြစ်ပါသည်။ ပြည်သူ၏ အောင်နိုင်မှုသည် သိက္ခာရှိသော
    အောင်နိုင်မှု ဖြစ်စေရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်များအားလုံး အထူးသတိပြုစေလိုပါသည်။
    ဒေါ်အောင်ဆန်းစုကြည်

    ပျော်နိုင်ပါတယ်။သဘာဝကျပါသည်။
    မလွန်ကြူးကြဖို့ဘဲလိုပါတယ်။

  • ဗိုက်ကလေး

    April 2, 2012 at 12:59 pm

    တနားပါဒယ် ကွယ်
    မနောက်ပါနဲ ့
    ညှင်း..ညှင်း..ညှင်း…

    • ဗိုက်ကလေး

      April 2, 2012 at 1:01 pm

      လခွီးမိုလို ့တနားရမှာလားကွ

  • ဆူး

    April 2, 2012 at 1:12 pm

    မနေ့က ရွှေဂုံတိုင် ရှေ့မှာ တီဗွီပြနေတယ် သတင်းကြားလို့ ရောက်သွားသေးတယ်။
    လူများလို့ အိမ်ပြန်လာလိုက် အိမ်ရောက်သွားတော့ ထပ်သွားချင်လို့ နောက်တခါ သွားလိုက်နဲ့ ည ၉ခွဲ လောက်မှ အိမ်ပြန်ရောက်တယ်။ အဲဒီ လူစုပြီး ဘယ်အချိန် ခွဲ သွားကြလဲတော့ မသိဘူး။ ပျော်ဖို့ တော်တော် ကောင်းတယ်။

  • Shwe Tike Soe

    April 2, 2012 at 1:43 pm

    ကျွန်တော်မပြောဘူးလား အသာလေးနိုင်ပါတယ်လို. …… အခုတော့ ကဲ နိုင်ပြီ…..
    ဘာတဲ့ ဂျာနယ်မှာတောင်ရေးထားသေး တယ်……

    ခွပ်ဒေါင်းငှက်တို. လွှတ်တော်ဆီသို.ပျံလေပြီတဲ့

    မိုက်တယ်ဗျာ……….

  • ဇွဲမာန်အောင်

    April 2, 2012 at 2:13 pm

    ☺☺☺☺☺☺☺☺
    ဲပြုံးပန်းဝေစည် NLD

  • cobra

    April 2, 2012 at 2:22 pm

    အကောင်းဆုံးအချိန်တွေရတော့မယ်။

    • char too lan

      April 2, 2012 at 4:37 pm

      မွဟောက် ပင်ပန်းရကြိုးနပ်သွားပီ…..
      😀 😀 😀 😀 😀
      ပြုံးပန်းဝေစည် NLD

  • kaung kin pyar

    April 2, 2012 at 3:24 pm

    မျှော်လင့်တဲ့အတိုင်းဖြစ်လာလို့ အတိုင်းမသိ ဝမ်းသာပါတယ်…။ 😀

  • Maung Dae`

    April 2, 2012 at 4:29 pm

    မဲကို ဖယောင်းသုတ်လဲမနိုင်

    ခွပ်ဒေါင်းကို အမှန်ခြစ်ရင် ကျုပ်တို့ကို အမှားခြစ် ဆိုပြီး ပယ်မဲဖြစ်အောင်လုပ်လဲမနိုင်…

    ငါးထောင်တန်ကျဲလဲ မနိုင်….

  • Thel Nu Aye

    April 2, 2012 at 6:09 pm

    လူထုကိုဘာနဲ့တားမလဲ။ မေတ္တာနဲ့ဘဲရမယ်။ အမေစုကများထိုင်ပါဆိုအားလုံးထိုင်တယ်။ ငြိမ်ပါဆိုအားလုံးငြိမ်တယ်။ ပါဝါမပါ အာဏာမပါ မေတ္တာ ပဲပါတယ်။

  • Foreign Resident

    April 2, 2012 at 7:42 pm

    NLD က အကုန်လောက်နီးနီး နိုင်လု့ိ သိပ်ပျော်နေကြတယ်ပေါ့လေ ။
    အဘတော့ မပျော်ဘူး ။ ၆ဝ % လောက်ပဲ နိုင်စေချင်တာ ။

    အခုအချိန်မှာ ကြံဖွံ့တွေ ၂၀၁၅ အတွက် ဘာတွေကိုတွေးနေမယ်ထင်တုန်း ။
    ဒီအရှိန် အတိုင်း ဆက်သွားရင် ၂၀၁၅ မှာ ၉၅ % ရှုံးမယ် ဆိုတာ သူတို့ သိသွားပြီ ။

    အခု သူတို့ရှုံးတဲ့ ၄၄ နေရာလုံးက သူတို့ရဲ့ တကယ့် အမာခံနေရာတွေ ။
    အမာခံ နေရာတွေ မို့လို့ သူတို့ရဲ့ ဒိတ်ဒိတ်ကြဲ သမ္မတ ဝန်ကြီးတွေ ဝင်အရွေးခံခဲ့တာ ။
    အဲဒီ တကဲ့ အမာခံ နေရာတွေ မှာပါ ပက်ပက်စက်စက် ရှုံးခဲ့တော့ ၊
    ၂၀၁၅ မှာ သူတို့ လုံးဝ မျှော်လင့်ချက် မရှိတော့ဘူး ဆိုတာ သိသွားပြီ ။

    ကြံဖွံ့ အမတ်တွေ အကုန်လုံး ၂၀၁၅ မှာ
    အေးအေးဆေးဆေး လေးထွက်သွာကြမယ် ထင်လို့လား ။
    ခွေး တောင် ချောင်ပိတ်ရိုက်ရင် ပြန်ကိုက်သေးတာပဲ ။

    သူတို့ ဘာလုပ်ကြမယ်ထင်သလဲ ။
    ၁။ ဒေါ်စု ကို ရှင်းထုတ် မလား ။
    ၂။ စစ်တပ် အာဏာ သိမ်းမလား ။
    ၃။ သူတို့ အေးအေးဆေးဆေး လေး အရှုံးပေး ထွက်သွာကြမလား ။

    မတုံးကြပါနှင့် ရွာသူားတို့ ။ ဆင်ဆင်ခြင်ခြင် နေကြပါကွယ့် ။
    အန္တရာယ် အငွေ့အသက်လေးများ မရမိကြဘူးလား ။

    သူများ သွားသနားနေသေးတယ် ။
    ကိုယ့်အလှည့်ကြမှ လုံးတီး နှင့် ခြေကျင်း နှင့် ဖြစ်နေမယ် ။

    • Thel Nu Aye

      April 2, 2012 at 7:51 pm

      “အန္တရာယ် အငွေ့အသက်လေးများ မရမိကြဘူးလား ။”
      မရပါဘူး။ နိုင်ငံတကာနဲ့ထဲထဲဝင်ဝင်ဖြစ်လာလို့ မကြောက်တော့ဘူး။ ဖြစ်လာရင် အားကိုးစရာတွေရှိပြီ။ အရင်ကလိုတရုတ်ကြီးပဲအားကိုးစရာရှိတာမှမဟုတ်တာ။
      အဘနော်။ သများတို့ပျော်နေတယ်။

      • Foreign Resident

        April 2, 2012 at 8:13 pm

        အင်း ကောင်းတယ် ပျော်ကြ မပြောတော့ဘူး ။
        မထူးပါဘူး ။ အဘ လည်း လိုက်ပျော်လိုက်တော့မယ် ။
        ဘာမှ မတွေးတော့ဘူး ။ 😛

        • မိုက်ကယ်ဂျော်နီအောင်ပု

          April 2, 2012 at 10:09 pm

          အဘ
          ဆင်းဇားဂျဇေလိုဘာဒယ် ဘာညာ ရေးဘာ
          အရေးကြီးနေဘီ
          အဘ ရေးလေဗျာ
          ဒီနေရာရောက်မှ အဘဂ ရူးခြင်ဟန်ဆောင်ရင်
          အဘနဲ့ ကျုပ်နဲ့ လက်သီးပွဲဘဲ
          ရေး
          အဘ
          ရေး
          ( အဘ ကျုပ် ရန်ဂုဏ်လာရင် ဒဘလင်းပေးဘို့ မမေ့နဲ့အုန်း 😀 )

  • ဂဂျီဂဂျောင် ပျိုတို့မောင်

    April 2, 2012 at 10:34 pm

    အဘ ပြောတာ မှန်နင်းကီးကြောင်းပါ။
    ခွေးကိုတောင် ဂျောင်ပိတ်ရင် ကိုက်သတဲ့၊ မှန်ပ၏။ ရှုးထွက်ကျအောင်မှန်၏။
    ပျော်တာလဲပျော်တယ်။ စိတ်ထဲမယ် စနောင့်စနင်းလဲ ဖြစ်မိတယ်။
    ဘာတွေ ဆက်ဖြစ်လာမလဲ တွေးပူမိတာအမှန်။

  • snow white

    April 3, 2012 at 2:33 pm

    ပုံပြင်လေးကကောင်းလိုက်တာ နောက်ဆုံးတော့ဘယ်လိုဘဲဖြစ်ဖြစ်နိုင်သွားတယ်ပေါ့လေ စည်းလုံးညီညွတ်ခြင်းသည် အောင်နိုင်ခြင်းရဲ့ လမ်းစပါဘဲ၊

  • kai

    April 3, 2012 at 2:38 pm

    အင်း…
    Plan A လို့… နည်းနည်းလေးမှမတွေးမိကြဘူးပေါ့…
    တကယ်က.. အခုဖြစ်နေတာတွေအားလုံးက.. Plan A ပါပဲ..
    B တောင်ရောက်မသွားပါဘူး.. :mrgreen:

    ရွာသူားတွေကို.. အဲဒီလိုမျိုးလေး..တွေးတာလေးတွေရှိသေးပါကြောင်း.. သိစေချင်တယ်..။

    ဆိုတော့…
    ဒေါ်အောင်ဆန်းစုကြည်က.. မျိုးဆက်သစ်..နိုင်ငံရေးသမားအုပ်စု..စပြီးလေ့ကျင့်ရင်း.. လက်တွေ့နိုင်ငံရေးထဲပစ်ထည့်လိုက်ပါတယ်..
    ကျန်တဲ့..အုပ်စုတွေထဲနဲ့.. (အထူးသဖြင့်) ၈၈ အုပ်စုတွေ.. ယူအက်စ်..အင်္ဂလန်မှာ.. ၂နှစ်-၃နှစ်.. ပညာဆက်သင်စေလိုကြောင်းပါဗျာ…

    သခင်မျိုးဟေ့.. ဒို့မြန်မာ… 😆

Leave a Reply