ကိုကိုရွှေရဲ ့နှမတော်လေးသို ့ပေးစာ
မတရားဘူး အန်အယ်ဒီ မင်းသမီးလေးရေ
ရက်ရက်စက်စက်ကို အနိုင်ယူလိုက်တော့
ကိုကို ့ခဗျာ..နေရခက်နေပြီ။
မင်းသမီးလေး ပစ်လိုက်တဲ့ လေးမြှားကြီးက
မောင့်နှလုံးသားထဲကို တည့်တည့်မှန်ခဲ့လို ့
နေပြည်တော်ကြီးရဲ ့တစ်ခုတည်းသော
အိပ်ဆောင်ပေါ်မှာ
ကိုကိုတစ်ယောက် မတ်တပ်ရပ်လို ့တောင်မရတော့ပါဘူးကွယ်။
၂ဝ၁ဝ-တုန်းကလေ
ကိုကို ကလိမ်ကျစ်ကျပြီး မင်းသမီးလေးကို
ရက်ရက်စက်စက်အနိုင်ယူခဲ့တာကို
ခွင့်လွှတ်ပါနော်…။
ကိုကိုရွှေ နောင်တရပါပြီကွယ်။
နှမတော်လေးစုကြောင့် ကိုကိုရွှေနေပြည်တော်ကြီးကို စွန် ့ပြီး
ရဟန်းဘောင်ကို ဝင်ပါတော့မယ်ကွယ်။
8 comments
Khin Latt
April 4, 2012 at 3:26 am
ကဘုန်းကျော်
ဟုတ်ရဲ့လား။
သူက ” တွေ့လား ငါ့ကြောင့် နင်တို့ ဒီလို အခြေအနေ ရတာ၊ ငါ့ကြောင့် ၊ငါ့ကြောင့် ” လို့ ဆိုပြီး ပြုံးပြုံးကြီး လက်မထောင် မနေတာ သေချာလား။
ဒါမှမဟုတ်
“ငါ့ ကြောင့် ဒီလို ရတာတောင်မှ ငါ့ကို ကျေးဇူးတရား မဆိုကြဘူး။ ကျေးဇူးတရားခေါင်းပါးသူတွေ” လို့ ဝမ်းနည်းပက်လက် တွေးပြီးနေချင်နေမှာ။ 😀
ဒါနဲ့ …. ဆိတ်သားဟင်း၊ ဆိတ်သားဟင်း၊ မေ့မနေနဲ့ဦး။ 🙂
Mon Kit
April 4, 2012 at 9:17 am
ရဟန်းဘောင်ထဲ ဝင်နိုင်မလားးး
ငရဲ ဘဲတန်းသွားရမလားးးးး
တစ်ခုခု တော့ တစ်ခုခုပေါ့….. 🙂
kaung kin pyar
April 4, 2012 at 9:24 am
ဘာ!…..ရဟန်းဘောင်….ဟုတ်လား…။ မတန်မရာ…။
အံစာတုံး
April 4, 2012 at 10:43 am
ဟေ့လူကြီး ကဘုန်းကျော် ..
အနော်တို့ကို ဆိတ်သားဟင်း
ဘယ်တော့ ကျွေးမှာလဲဂျ ..
ခင်ဗျားကြီး မေ့ချင်ယောင်တော့ ဆောင်နဲ့နော့ ..
အနော်က တအား မှတ်ဉာဏ်ကောင်းဒါ …
😀
Khaing Khaing
April 4, 2012 at 12:56 pm
ကိုဘုန်းကျော်ရေ …. အခုကိုကိုရွှေဘာဖြစ်နေလဲ သိဝူးလား သတိလစ်နေတယ်လို့ကြောသံကြားတယ်နော် … အဲသတင်းလေးကို အမှန်လားဆိုတာလေး လက်တို့ကြည့်ကြပါဦး …….
phone_kyaw
April 4, 2012 at 2:03 pm
ဟုတ်ပါတယ်။ အသောက်များပြီး သတိလစ်သွားတာပါ။ မနေ ့က ကျနော် သူ ့အိမ်မှာ သွားသောက်ပြီးပြန်လာတာပါ။ 🙂
kyeemite
April 4, 2012 at 3:12 pm
ရဲဘော်ဘုန်းကျော် ကွ..ကွ..ကွ..
zaw min
April 4, 2012 at 4:26 pm
ကိုရင်ပုန်းကျော်…ထင်သလို ဟုပ်ပါ့မလားဗျ…သူက အခုမှ ဟဲ..ဟဲ..ဟဲ…ငါ စင်ထားတဲ့ ဂွင်ထဲကို ဝင်လာပါရော့လားဆိုပြီး….ဝမ်းသာလုံးဆို့ပြီး…ဂစ်ဂစ်…ဂစ်ဂစ် ဖြစ်နေမှာနော်….