ကညန အခွန်များ ပြောင်းလဲသတ်မှတ်မည် . . ဟု. . MyanmarCarsDB . .မှ

ဦး ဂ်စ္April 3, 20121min72823

ဟိုး ယခင်က ကားဟောင်းများ အပ်နှံပြီး ကားသစ်များတင်သွင်းလာရာတွင် ကညနမှ အခွန်အဖြစ်   CIF    တန်ဖိုး၏ ၁၀ဝရာခိုင်နှုန်းအား ကောက်ခံနေရာ လူအများစုအတွက် ဝေဖန်စရာဖြစ်ခဲ့ပြီး လျှော့ချကောက်ခံရန် ပြောဆိုမှုများရှိခဲ့သည်။ ယခုအခါ ထိုနှုန်းထားအား ပြောင်းလဲသတ်မှတ်မည်ဖြစ်ကြောင်းသိရသည်။ပြောင်းလဲသတ်မှတ်မည့်နှုန်းထားများမှာ

  • ကုန်တင်ယဉ်များ = ၅ရာခိုင်နှုန်း
  • ၁၅ ဦးနှင့်အထက်စီးနိုင်သော ခရီးသည်တင်ယဉ်များ = ၅ရာခိုင်နှုန်း
  • လူစီးယဉ်များ
    • အင်ဂျင်ပါဝါ ၁၃၅ဝ စီစီနှင့်အောက် = ၅ဝရာခိုင်နှုန်း
    • အင်ဂျင်ပါဝါ ၁၃၅၁ စီစီမှ ၂၀၀ဝ စီစီအထိ = ၈ဝရာခိုင်နှုန်း
    • အင်ဂျင်ပါဝါ ၂၀၀၁ စီစီမှ ၅၀၀ဝ စီစီအထိ = ၁၀ဝရာခိုင်နှုန်း
    • အင်ဂျင်ပါဝါ ၅၀၀၁ စီစီနှင့်အထက် = ၁၂ဝရာခိုင်နှုန်း

ပြောင်းလဲကောက်ခံမည့်နှုန်းထားများမှာ ကားတင်သွင်းလိုသူများအတွက် သက်သာရန်သိပ်မရှိနိုင်ဟု လူအများစုက သုံးသပ်ကြသည်။ အကြောင်းမှာ လူကြိုက်အများဆုံး၊ တင်သွင်းမှုအများဆုံး ကားအမျိုးအစားဖြစ်သော အင်ဂျင်ပါဝါ ၂၀၀ဝ အထက်ကားများမှာ ၁၀ဝ ရာခိုင်နှုန်းပေးဆာင်ရမည်ဖြစ်ကာ ယခင်ကောက်ခံခဲ့သောနှုန်းထားနှင့် အတူတူပင်ဖြစ်သည်။

အထက်ပါသတင်း အား သိကြသူများ အား  ဝင်ရောက်ဆွေးနွေးပါရန် ဖိတ်ခေါ်ပါသည်ခင်ဗျား…၊

ကျွန်တော်လဲ သိချင်စိတ် ပြင်းပြ နေပါတယ် ခင်ဗျား…..။

 

23 comments

  • ကိုရင်မောင်

    April 3, 2012 at 11:08 pm

    အင်…တို့ကစက်ဘီးလောက်ဘဲစီးနိုင်တဲ့သူမို့ဝင်မဆွေးနွေးတော့ပါဘူးကွယ်….

  • Gipsy

    April 3, 2012 at 11:20 pm

    တိုးတက်လာတဲ့ မြန်မာ့ကား ဈေးကွက်အခြေအနေအရ စက်ဘီးစီးနိုင်သူများလဲ
    ကားစီး လာနိုင်မယ် စိတ်ကူးယဉ် နေမိလို့ပါ ကိုရင်မောင် …၊
    သိတာလေးများရှိရင် မျှဝေ ပေးပါဗျား …။

  • surmi

    April 3, 2012 at 11:27 pm

    ကားဈေးပြန်လှုပ်မယ်ထင်တယ် ….ဒီအဖြေကိုစောင်.နေကြတာ ခုတော. ဘာမှမထူးဘူးဖြစ်နေတယ် ။
    သင်္ကြန်ဝန်းကျင်မှာကားဈေးကတက်နေကြဘဲ လေ ။ ဓတ်ဆီကားတွေကိုတော. တော်တော်များများ
    လန်သွားကြပြီဆိုတော. ဒီဇယ်ကားတွေဈေးခေါင်ခိုက်မယ်ထင်တယ် ။ ဒီနိုင်ငံမှာက ကားနဲ.ပတ်သက်ရင်
    အဆန်းချည်.ဘဲ ….ဒါကလဲ ကျွန်တော်တို.ကမွဲကြတာကိုး ….၂၀၀၂ မတ်တူးဓတ်ဆီကားနဲ. ၁၉၉၄ မတ်တူး
    ဒီဇယ်ကားက သိန်း ၄ဝလောက်ပိုများနေတယ် ။ကဲ စဉ်းစားသာကြည်.တော.ဗျာ ….။

    • Mလုလင်

      April 5, 2012 at 2:29 am

      နောက်ဆွဲ ဗင် 91 ဒီဇယ် ၉က .. အကုန် အော် … အလွန်သန့် … ဈေး … သိချင်ပါ၏။

  • ဦးဦးပါလေရာ

    April 4, 2012 at 12:17 am

    အခုဖြစ်နေတာက မူကို မကိုင်တတ်တော့ အစိုးရလုပ်လိုက်တိုင်း သူများနိုင်ငံကချည်းစားသွားတယ်။
    အခု မြန်မာပြည်အတွက်လေလံဆွဲတဲ့ လူကြိုက်များကားဟောင်းဈေးက အဲဒါမျိုး မော်ဒယ်မြင့် ကားသစ်ဈေးထက်တောင်မြင့်နေပါတယ်။
    ဆိုလိုတာက ဂျပန်ကလူတွေ သူတို့ကားဟောင်းလေလံတင်ရောင်းပြီးရင် အဲဒီငွေနဲ့ ပိုကောင်းတဲ့ ကားအသစ်ကို ပြန်ဝယ်နိုင်နေတယ်။
    အဲဒါတွေမြင်မြင်နေရတာ တော်တော်စိတ်မချမ်းသာဘူး…။

    • kai

      April 4, 2012 at 12:27 am

      ကျန်သေးတယ်..
      ဂျပန်က.. မြန်မာတွေလေလံဆွဲဖို့ရောင်းတဲ့…ကားတွေက..ဂျပန်က..မြန်မာတွေကပဲ..လုပ်နေတာ..
      ရောင်ခြည်သင့်ဒေသကားတွေ..ဝယ်နေတာလေ..
      ပြီးရင်.. အရေပြားကင်ဆာတွေ..လာဦင်္းမယ်..

      ငွေလွှဲတာလည်း ..ဆန်ရှင်အကြောင်းပြပြီး.. ဂျပန်ဘဏ်တွေ ဖမ်းသိမ်းတာတွေလည်းရှိတယ်တဲ့..

      အနိစ္စ..

      • ဦးဦးပါလေရာ

        April 4, 2012 at 1:08 am

        ဟုတ်ရဲ့လားသူကြီးရယ်…
        ကျုပ်က အိုကြီးအိုမကျကာမှ တသက်လုံးခြစ်ခြစ်ကုတ်ကုတ်စုထားတာလေးနဲ့ ကားစုတ်လေးတစီးသွင်းထားတာ သင်္ဘောတောင်ကပ်တော့မယ်..။
        သူပြောတာနဲ့ စီးတောင်မစီးရဲတော့ဘူး.. 🙁
        အိမ်ရှေ့မှာရပ်ထားပြီး ခပ်လှမ်းလှမ်းကပဲ ထိုင်ကြည့်နေတော့မယ်..။ 🙁

        • kai

          April 4, 2012 at 1:21 am

          တော်တော်.. သေချာပါတယ်..
          သေချာဆို.. ကြားနေ..တွေ့နေရတာပဲလေ.. 😆

          Radiation Dosimeter Badge လေးတွေဈေးသက်သက်သာသာနဲ့ဝယ်လို့ရနိုင်တယ်..။ ဝယ်ပြီး စမ်းကြည့်ပေါ့..။
          နည်းတဲ့ကားတွေတော့.. လမ်းမှာတင်ရောင်ခြည်ကုန်သွားမယ်ထင်တယ်.။ များတာတွေကတော့.. ရန်ကုန်ရောက်လည်း ကျန်နိုင်သေးတယ်.။ ရောင်ခြည်သင့်တာက.. ကုရာဆေးမရှိပါ..။

          http://www.eod-gear.com/products/radiation-dosimeter-badge.html

  • Khin Latt

    April 4, 2012 at 3:31 am

    ~~~~~
    အင်ဂျင်ပါဝါ ၂၀၀ဝ အထက်ကားများမှာ ၁၀ဝ ရာခိုင်နှုန်းပေးဆာင်ရမည်ဖြစ်ကာ ယခင်ကောက်ခံခဲ့သောနှုန်းထားနှင့် အတူတူပင်ဖြစ်သည်။
    ~~~~~
    အရင်က ၂၀၀% ပါ။ ကျွန်မ မှတ်မိတာ လဲ လွဲနိုင်ပါတယ်။ 🙂

    • htoosan

      April 4, 2012 at 11:53 am

      ၁၀၀% ပါဘဲ အရီးလတ်ရေ။
      ဦးဦးပါလေရာ.. အနုမြူရောင်ခြည် ကင်းရှင်းကြောင်း ဂျပန်က ထုတ်ပေးတဲ့ သက်သေခံ စာရွက် ပါရပါတယ်။ ဘီအယ်လ် ပို့တဲ့ အချိန်မှာ တွဲ ပါရပါတယ်။ ဂျပန်က ရွှေမြန်မာတွေ အင်ထုရင်တော့ မသိပါ။ အစိုးရကတော့ သတ်မှတ်ထားပါတယ်။ သတင်းစာထဲမှာလည်း ရောင်ခြည်စစ်၊တိုင်းတာ ပြတာတော့ လုပ်ပြပါတယ်။ ရွေးတဲ့ အချိန်မှာ လုပ်တာတော့ မတွေ့ပါ။ မြန်မာပြည်က လေလံဆွဲပေးတဲ့ ကုမ္မဏီတွေကလည်း အဲ့ဒီ့ သက်သေခံလက်မှတ်အတွက် ပိုက်ပိုက် ထပ်ကောက်ကြပါသည်။
      ကျွန်တော်တော့ သူကြီးပြောသလို ဂျပန်က ဖမ်းသိမ်းတယ်ဆိုတာ မကြားမိသလောက်ဘဲ။ အများစုက ခြင်္သေကျွန်းကို ခံပြီး လုပ်ကြတာပါ။ ခြင်္သေ့ကျွန်းကိုဘဲ ငွေလွှဲ အထွက်ပြကြပါတယ်။
      အခု ခြင်္သေ့ကျွန်းကလည်း မြန်မာ သူဌေးကြီးများ ဘဏ်စာရင်းတွေ အရင် ပိတ်ခိုင်းခဲ့တာတွေကို ပြန်ဖွင့်လို့ ရပါပြီ။ ပြန်ဖွင့်ကြပါဆိုပြီး ပြန်လည်ဆက်သွယ်နေတယ် လို့ကြားသိရကြောင်းပါ။

      • Thel Nu Aye

        April 4, 2012 at 4:01 pm

        ဟုတ်ပါတယ်။ အဲဒီအတွက် ၁၂ သိန်းထပ်ပေးရပါတယ်။ LC ဖွင့်ခဆိုပြီးပေါ့။ တို့တိတို့တိနဲ့ ပေးလိုက်ရတာ ဂျပန်က ကားတန်ဖိုးထက်ပိုများသွားပါတယ်။ အခွန်ကတော့ အခုဘယ်လိုလုပ်မယ်မသိဘူး။ အရင်ကတော့ ၁၀ဝ % မှာ ကားတန်ဖိုး ၃ဝ % ပြန်အမ်းတော့ ၇ဝ % နှုန်းပဲဆောင်ရတယ်။ နဲနဲပါးပါးရိုက်ကျေးနဲ့ဆို အဲဒီထက်နဲတယ်ကြားတယ်။ ( ဒါ ကတော့သေချာမသိပါ၊ အကြားပါ )။ အဲဒီ ၇ဝ % က မည်သည့်ကားမဆိုဆိုတော့ အင်ဂျင် ပါဝါမြင့်တဲ့ကားတွေတန်တာပေါ့။ သို့သော် ဆီစားမှာကြောက်လို့ ဘယ်သူမှ ၃၅၀ဝ ထက်ပိုမသွင်းဘူး။ အဲဒီတော့ အခုက ၂၀၀ဝ နဲ့အထက် ကို ၁၀၀% ဆိုတော့ ပိုများတာပေါ့။ ၁၃၅ဝ စီစီ ကတော့အစကတဲက ၅၀% လို့ပြောထားတော့မထူးဘူးပေါ့။ အိမ်စီးဆ လွန်းတွေ သွင်းတဲ့သူတွေကတော့ပိုများသွားတယ်လို့အကြမ်းဖျင်းပြောလို့ရပါတယ်။ အရင်က ၇၀%နှုန်းပဲ သွင်းရပေမဲ့အခုကတော့ ၃၀%ပိုများသွားပါတယ်။ သွင်းရင်လဲ ၂၀၀ဝ စီစီနဲ့ ၃၅၀ဝ စီစီ ကြားတွေပဲသွင်း ကြတာ။

      • kai

        April 5, 2012 at 3:18 am

        ဂျပန်ပြည်တွင်းကိုယ်တိုင်.. အဲဒီ ရောင်ခြည်သင့်ကိစ္စ..ရွာလည်နေတာမို့.. အမှန်ချည်းထွက်လာမယ်လို့တော့.. မထင်မိပါ..။

        ဖြစ်နိုင်ရင်.. တိုင်းတာနိုင်တာလေးဈေးပေါပေါနဲ့..ဝယ်ပြီး.. တု်ိင်းကြည့်စေချင်ပါတယ်.။
        ပြီးရင်.. ဂျပန်အစိုးရကို တရားစွဲပေတော့…။
        =
        http://www.majiroxnews.com/2011/10/24/dealers-selling-radioactive-used-cars-in-japan/
        http://www.infiniteunknown.net/2012/01/09/japan-government-prepares-for-rapid-increase-of-radiation-sickness-or-just-wants-people-to-stay-in-fukushima-pref-or-both-offers-free-medical-care-for-children/
        http://www.npr.org/2012/03/08/148183579/with-radiation-doubt-grows-in-fukushima-farms
        http://www.voanews.com/zimbabwe/news/Zimbabwe-Lifts-Second-Hand-Vehicle-Import-Ban-142506295.html

        • ဖားသက်ပြင်း

          April 5, 2012 at 7:28 am

          သူများတိုင်းပြည်က သတင်းတွေဖတ်ပြီး
          သဂျီးတော့ နားရွက်ပါတ်ဆွဲနေပြီ…
          မသိတာလည်းမဟုတ်….

          ကားဝယ်သွင်းလတ္တံ့သော
          သဂျီးမင်းရဲ့ ချစ်လှစွာသော ရွှေအများစုက
          တာကာဒနိုဘာဘာ အခြေစိုက် ဆိုတာလေး..

          ဖုကုရှိမဘက်မှာ ကားတွေရှိပေမယ့် တကယ်တမ်းပေါတာ
          ဘုဟီင်း(မူလီ စက်ရုံတွေပါဗျာ)
          ဆေဲးဆဲန်းလိုင်း က ချူးဘု ခန်းဆိုင်း ဘက်မှာပေါတာမဟုတ်လား..

          ရှိတယ် ဆိုဦးတော့ ..အုဆုနိုမိယ ခဲန် ဂူန်းမ ခဲန် ကိုဖြတ်ပီး
          ချိဘ နဲ့ ယိုကိုဟားမား ဆိပ်ကမ်းတွေ ကို တင်ဖို့ ….
          (စရိတ်ထောင်းပါဘိတောင်း…)
          တကယ်က ချိဘခဲန် ခနဂဝခဲန် ဂူန်းမ ခဲန် ဆိုင်းတမခဲန်
          တိုကီယို အနီးပါတ်ချာလည်က ကားတွေပဲ ….လှည့်ပတ်ဝယ်နေတယ်လို့ မြင်မိရဲ့

          နောက်တချက်က ခန်းတိုးကနေ ချူးဘု ဘက်ကို ငဲ့ပြန်တော့
          ဘိရုမာကြိုက် တိုယိုတာ စက်ရုံနဲ့ ဆိပ်ကမ်းက နာဂိုယာအခြေစိုက်လေဗျာ….

          အောက်က ကိုကြီးမိုက် ပြောသွားသလို .. ပြောရရင်
          အနှီကားတွေ ကို ဒီကောင်တွေ ကိုင်တွယ်ပီး ယူရောင်းဖို့မပြောနဲ့
          အနားတောင် မကပ်ရဲဘူး …(ဒင်းတို့က သေမှာပိုကြောက်တယ်..)

          သည်တော့
          ဖုကုရှိမ ရောင်ခြည်သင့်ကား ကိစ္စကတော့ ဖြစ်နိုင်ချေ အလွန့်အလွန် နည်းပါကြောင်း…

        • kai

          April 5, 2012 at 8:29 am

          ဟင်းးးးးနော်..
          နာမယ်တွေတပ်ပြီးရေးရင်.. ကျုပ်ဆီဆဲစာတွေရောက်လာဦးမယ်..
          တခါကလည်း..ဂျပန်ကနေ… ယယူအက်စ်အထိ.. ဖုန်းဆက်ခံရပြီးကို.. ပြောခံရပြီးပြီ..

          အဲဒီ..ရှင်းအိုးကုဘိုး.. တကတာနိုဘာဘာက.. ဆြာတွေက.. ဟိုးအရင်က.. နယ်စပ်ကတဆင့်သွင်းတဲ့ကားတွေနဲ့.. ပိုက်ဘောတွေမိပြီး. အခြေအနေသိပ်မကောင်းလာသေးဘူးလို့ထင်တယ်.
          အခုက..
          လေလံဆွဲတဲ့သူတွေပြောတာမဟုတ.်…မြန်မာတွေအတွက်… ရှယ်.. လေလံတင်ကြဖို့ကို.. ချုပ်ပြီးဝယ်နေသူတွေကိုပြောတာ.. ..ဆိုရင်ကော… 😆

          ပြောသာပြောတာ..
          သူတို့က..ဒီတချက်နဲ့တင်..မီလျှံတွေနာကုန်ပြီ…

          အနိစ္စ….
          =
          မီဒီယာလက်တံကို.. ဂျပန်ဖက်… ချဲ့မလားပြင်နေတာနော..
          ပွင့်လင်းမြင်သာရှိစေချင်လို့သာပါပဲ..
          ကောင်းရောင်းကောင်းဝယ်.. စီးပွားရေး.. ထိခိုက်စေလိုတဲ့..ဆန္ဒမရှိပါကြောင်း..။ :mrgreen:

        • ဖားသက်ပြင်း

          April 5, 2012 at 8:41 am

          အော်… ရယ်…
          မီယဂိ ဘက်ထိ ကားရှာထွက်ကုန်ဘီတဲ့လား …
          ချဉ်ထှာ..

          စကားမစပ် အနှီ ချုပ် ဆိုတဲ့ စကားလုံး
          တိမ်မြုပ်ပျောက်ကွယ်သွားမှ အေးမယ် ထင်ပါတယ် သဂျီးရာ….

          မီဒီယာ လက်တံက ၂၀၁၂ ကမာ္ဘမပျက်ရင်
          အရှေ့ကျွန်းထိ ..ချဲ့ဦးမယ်ပေါ့ …
          ကောင်းလေစွ…..

          😀

  • kyeemite

    April 4, 2012 at 9:28 am

    တော်သေးတာပေါ့သူဂျီးရယ်..
    များတို့ က ကားသစ်မသွင်းနိုင်လို့….
    ဒါပေမဲ့ ကားသစ်ကြီးတွေစီးနေကြတဲ့
    ဘော်ဒါတွေ ကားနဲ့လာခေါ်ရင်လဲလိုက်စီးလို့မဖြစ်ပြန်ဘူး…ဒွတ်ခ..
    ဒါနဲ့နေပါအုံးသူဂျီးရဲ့…ဂျပန်လိုစတ်ဓါတ်မြင့်မားပါတယ်ဆိုတဲ့
    နိုင်ငံကကောင်တွေက ဒီလိုရောင်ခြည်သင့်ကားတွေကို
    မစမ်းမသတ် တစ်ခြားနိုင်ငံကိုတင်ပို့ပါ့မလား..
    တင်တဲ့သင်္ဘောတွေကရောတင်ပါ့မလား ..တွေးမိတာလေးပါ.

  • kyeemite

    April 4, 2012 at 9:32 am

    ဂျပန်ကမာကက်တာကြီးဆြာဂီ..ဒီကိစ္စပေါ်
    ဘယ်လိုယူဆလည်းသိချင်သား..

    • ဖားသက်ပြင်း

      April 4, 2012 at 12:26 pm

      မော်ဒန်နဲ့ မန့်မယ်ဗျာ…
      😀
      အဟမ်း
      သည်ကျွန်းပေါ်မှာ ကားအဟောင်းဆိုတာ
      ဟန်းနီးမွန်းကာလအတွင်း သွေးဆုံးသွားတဲ့ မိန်းမလိုပဲ
      ဆိုတာလေး …..

      တော်သေးဘီ…

      ခင်တဲ့ဂီ..

  • မောင်ဘလိူင်

    April 4, 2012 at 10:22 am

    ကညနတော့ မသိဘူးခင်ဗျ..ကိုဂျစ်ပဆီပြောတဲ့ ဆိုဒ်ကို
    ထောင်တဲ့ သူကတော့ ကျွန်တော့် သူငယ်ချင်းပါပဲ..သူ့ကို
    မေးကြည့်ပေးလို့တော့ ရမယ်..

  • htoosan

    April 4, 2012 at 5:14 pm

    ဒီနေ့ ကြေးမုံသတင်းစာမှာ ပါ ဖတ်လိုက်ရပါသည်။
    ၅၀၀ဝ cc ကတော့ ဝယ်တဲ့ သူ မရှိသလောက်ပါဘဲ။ ဘာထူးမှာတဲ့ တုန်း။

    • ster

      April 4, 2012 at 11:28 pm

      fuel saveဖြစ်တဲ. engine power အသေး အမျိုးအစားတွေ ကိုအခွန်လျှော.ပေးတာလဲ ကောင်းပါတယ်။ အမှန်တကယ် စီးမယ်.လူတွေအတွက်ပေါ.။ လူကြိုက်များတဲ. MARK II (ရွှေငါး) ၊ HARRIER ၊ SURF တွေကို ပြန်ရောင်းဖို. သွင်းရင်တော. ဘာမှမထူးပါဘူး။

  • Gipsy

    April 4, 2012 at 10:56 pm

    တကယ် ဆိုရင်ပေါ့ဗျာ…
    ကားဝါသနာရှင်တွေ အသစ်ဝယ်ယူလိုသူတွေ အတွက် သတင်းကောင်းတစ်ခုဖြစ်သလို အလုပ်အကိုင်အခွင့်အလမ်းများကို စောင့်မျှော်နေသူအားလုံးအတွက်
    သတင်းကောင်းတစ်ခုဖြစ်တာ မလွဲပါဘူး…
    ဒါပေမဲ့ ကြည့်ရတာ ထူးမခြားနား ဇတ်ကြီးထင်ပါတယ် …

  • Foreign Resident

    April 5, 2012 at 5:03 am

    ” fuel saveဖြစ်တဲ. engine power အသေး အမျိုးအစားတွေ ကို
    အခွန်လျှော.ပေးတာလဲ ကောင်းပါတယ် ”

    Fuel ကို save လုပ်တာ ၊ Energy ကို save လုပ်တာဟာ ၊
    Environment သဘာဝ ပါတ်ဝန်းကျင် ကို save လုပ်တာပါပဲ ။
    တနည်း ကမာ္ဘ ကြီးကို save လုပ်တာပါပဲ ။
    နောင်လာ နောင်သား မျိုးဆက်တွေအတွက် သဘာဝ ပါတ်ဝန်းကျင် ကောင်းကို လွှဲပေးနိုင်မှ ၊
    အဘ တို့ရဲ့ လူသား တာဝန် ကျေပွန်တယ်လို့ ပြောနိုင်မှာပါ ။

    အင်ဂျင် ပါဝါ သေးတဲ့ ကားတွေပဲ စီးကြပါ ။
    တတ်နိုင်သလောက် သဘာဝ ပါတ်ဝန်းကျင် ကို save လုပ်ကြပါ ။

Leave a Reply