ရွေးကောက်ပွဲအသစ် ပြန်လုပ်ပါ Recall

လွတ်အောင်ရုန်းဂျပါ...

ရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်တဲ့ ကြားဖြတ်ရွေးကောက်ပွဲနိုင် အမတ်စာရင်း ထွက်လာပြီ။ NLD ဝင်ပြိုင်တဲ့ ၄၄နေရာမှာ ရှမ်းပြည်မြောက်ပိုင်း အမျိုးသားလွှတ်တော် တနေရာကလွဲပြီး ကျန်၄၃နေရာစလုံးမှာ နိုင်တယ်။ ရာခိုင်နှုန်းအားဖြင့် တွက်ရင်တော့ ၉၇.၇% နိုင်တယ်လို့ ပြောနိုင်တယ်။ သို့သော် မူလဝင်ပြိုင်ဖို့ ပြင်ထားတာ ၄၅နေရာမို့ တနေရာ အညစ်ခံရ၊ တနေရာ ရှုံးတာနဲ့ဆို ၉၅.၆%ပဲ အနိုင်ရှိတယ်လို့ ပြောရင်လည်း မမှားဘူး။ အဲဒီနှစ်နေရာနဲ့ ပတ်သက်လို့ နည်းနည်းပြောဂျင်ဒယ်။ အန်အယ်လ်ဒီ လူကြီးများ စဉ်းစားဂျဖို့ပါ။
လားရှိုး၊ သိန္ဒီ၊ တန့်ယန်းမြို့နယ် ကိုယ်စားပြု အမျိုးသားလွှတ်တော်နေရာကို ကော်မရှင်အနေနဲ့ ပြန်လည် သုံးသပ်ဖို့ တောင်းဆိုသင့်တယ်။ အန်အယ်လ်ဒီ၊ ရှမ်းကျားဖြူ၊ ကြံ့ဖွတ်ပါတီတို့ တဦးနဲ့တဦး မဲအရ မကွာဘူး။ စဉ်းစားရမှာ ပြိုင်တူကျင်းပတဲ့ အခြား၄၄နေရာမှာရှိတဲ့ မဲရလဒ် အနေအထားနဲ့ ကိုက်ညီမှု မရှိတာကို။ မဲအရေအတွက် သိပ်နီးကပ်နေပုံက သံသယဖြစ်စရာ ကောင်းတယ်။ ၁၉၉ဝခုနှစ်ရော၊ ကြားဖြတ်ပွဲ ရောမှာက ပြည်သူလူထုသည် ဒီမိုကရေစီတပ်ဦးခေါင်းဆောင် အန်အယ်လ်ဒီကို ဒေါ်စုမျက်နှာနဲ့ မဲပုံပေးလိုက်ကြတာ၊ လွတ်လပ်နေတဲ့ ဒီမိုကရေစီနိုင်ငံများမှာလို နိုင်ငံရေးပါတီမျာအကြား အကြိတ်အနယ် အားပြိုင်မှု မရှိသေးဘူး။ ဒီလိုအနေအထားမှာ မဲရလဒ်များ နီးနီးကပ်ကပ်ဖြစ်တယ်ဆိုတော့ မဲမသမာမှုများ သိသိသာသာရှိမယ်။ အန်အယ်လ်ဒီ ဝင်ပြိုင်တဲ့ ဘယ်နယ်မှာမှ ကြံ့ဖွတ်တွေ မဲရာခိုင်နှုန်းအားဖြင့် စိန်ခေါ်နိုင်တဲ့ အနေအထား မတွေ့ရဘူး။ အစောပိုင်း သတင်းတွေအရ လားရှိုးမြို့မှာ မဲပေးခွင့်မရသူ သောင်းနဲ့ချီ တယ်တဲ့။ အနိုင်ရ သွားတယ်ဆိုတဲ့ ရှမ်းဒီမိုကရက်ပါတီမှာလည်း သူတို့အားကောင်းတဲ့နယ်တွေမှာ မဲမပေးလိုက်ရသူ များစွာရှိနိုင်တယ်။ မရှိပါဘူးဆိုရင် မဲပေးခွင့်ဆုံးရှုံးမှုသည် အန်အယ်လ်ဒီကို ဦးတည်နေပြီ။ မဲအရေအတွက် သိပ်ကပ်နေလို့ ရွေးကောက်ပွဲ ရလဒ်ကို သေချာပေါက်ထိခိုက်တယ်။ အန်အယ်လ်ဒီအနေနဲ့ ကော်မရှင်ကို အပြင်းအထန် ကန့်ကွက်သင့်တယ်။
အနိုင်ရသွားတယ်ဆိုတဲ့ ရှမ်းပါတီသည် ဒီမိုကရေစီအရေးအတွက် အားကိုးလောက်တဲ့ ဒီမိုကရက်ပါတီအစစ် မဟုတ်ဘူး။ သူ့နေရာမှာ ဦးခွန်ထွန်းဦးတို့လို အက်စ်အန်အယ်လ်ဒီဆိုရင် ခံယူချက်တူလို့ လက်တွဲနိုင်ရပေမဲ့ စစ်တပိုင်းအစိုးမရနဲ့ ရေလိုက်ငါးလိုက် ဆက်ဆံသွားမည့် ပါတီမျိုးကိုတော့ လွှတ်ပေးလို့မဖြစ်ဘူး။ ပြီးတော့ မြို့နဲ့အလှမ်ဝေး နေရာတွေမှာ စစ်တပ်ကျောထောက်နောက်ခံပြု ပြည်သူ့စစ်များ ကြီးစိုးထားလို့ တောရွာများမှ တက်လာတဲ့ မဲပြားများရဲ့ စစ်မှန်မှုကို မေးခွန်းထုတ်စရာ အများကြီးရှိတယ်။ နိုင်ငံရေးအရ ပြောရင်လည်း ဒေါ်စုရှေ့ဆက်မည့် တိုင်းရင်းသားအရေးမှာ ပြည်နယ်ကိုယ်စားပြု လွှတ်တော်အမတ်များများ ရှိထားဖို့လိုတယ်။ မဲပေးခွင့် ဆုံးရှုံးမှု၊ ဖိအားပေး မဲပေးခိုင်စေမှု အထောက်အထားများသည် အားကိုးသက်သေ ပြုစရာဖြစ်တယ်။ ((ရှမ်းပြည်နယ်ရှိ အမျိုးသား လွှတ်တော် အမှတ် (၃)တွင် ပါဝင်သည့် မြို့များမှာ လားရှိုး ၊ ကွန်းလုံ၊ တန့်ယန်း၊ မိုင်းရယ်၊ သိန္နီတို့ ဖြစ်သည်။ YPI သတင်းဌာနတွင် ဖော်ပြထားသော အချက်အလက်များ အရ ပါတီကြီး ၃ ခု ရရှိသည့် မဲများ အပြတ်အသတ် ကွာခြားခြင်း မရှိကြောင်း တွေ့ရသည်။ http://moemaka.com/2012/04/more-result-for-by-election/ ကျားဖြူ – ၄၇၄၂ဝ မဲ ဒီချုပ် – ၄၅၇၂၂ မဲ
ကြံ့ဖွံ့ – ၄၅၇၁၁ မဲ ကိုးကန့် -၆၄၉ဝ မဲ လားဟူ – ၁၁၆၅ မဲ ))
အန်အယ်လ်ဒီအနေနဲ့ ကိုးဆယ်ရာနှုန်းကျော် အနိုင်ရထားလို့ မတောင်းဆိုသင့်ဘူး၊ လောဘမကြီးသင့်ဘူး၊ ကိုယ်ကလုပ်ရင် ကြံ့ဖွတ်က ပြန်လုပ်လိမ့်မယ ်စသဖြင့် တားဆီးသူများ ရှိနိုင်တယ်။ သို့သော် သိထားရမှာက စစ်ကိုင်းမှာ တနေရာ အညစ်ခံခဲ့ရ ပြီးသွားပြီ။ မူလစီစဉ်ထားတဲ့ ၄၅နေရာ အရေအတွက်နဲ့ဆို စစ်ကိုင်းမှာ ဆုံးရှုံးသွားတဲ့ တနေရာသည် ၂%ထက်ပိုတယ်။ လွှတ်တော်ထဲမှာ ကိုယ့်လူသိပ်နည်းနေတဲ့အခါ ခုံတခုံရဲ့ တန်ဖိုးသိပ်ကြီးတယ် ခေါင်းငုံ့ခံလို့ မဖြစ်ဘူး။ စစ်ကိုင်းတိုင်း ကသာခရိုင်မှာ အန်အယ်လ်ဒီက ဦးစာလှိုင်ကို ဝင်ခွင့်ပိတ်ပင်တဲ့ ရွေးကောက်ပွဲစည်းကမ်းသည် ပြဌာန်းထားတဲ့ အခြေခံဥပဒေနဲ့ မကိုက်ညီဘူး။ ဥပဒေ စီရင်ထုံးများ အငြင်းပွားတဲ့အခါ အခြေခံဥပဒေကို ရည်ညွှန်းကိုးကား ရတယ်။ သူက အဆုံးအဖြတ်ပဲ။ ဒါဆိုရင် ကော်မရှင်အဆုံးအဖြတ်သည် မှားနေတယ်။ ဒါကြောင့် လုပ်သွားတဲ့ ရွေးကောက်ပွဲသည်လည်း တရားမဝင်ဘူး။ အန်အယ်လ်ဒီအနေဲ့ တောင်းဆိုခွင့်ရှိတယ်။ ကချင်မှာ မလုပ်ဖြစ်တဲ့ နေရာသုံးနေရာနဲ့အတူ တပါတည်း ပြန်လုပ်ပေးဖို့ တောင်းဆိုရမယ်။
အခုလိုတောင်းဆိုတာ စစ်တပိုင်းအစိုးမရကို အတိုက်ခံလုပ် ပြသနာရှာတာ မဟုတ်ဘူး။ သူတို့က စရှာခဲ့တာ။ ဒင်းတို့ငြိမ်နေလို့ စိတ်ပြောင်းသွားပြီ မမှတ်နဲ့..ခွေးမြီးခေါက် ကျီတောက်စွပ်လို့ ဘယ်တော့မှ မဖြောင့်နိုင်ဘူး။ တသက်လုံး ကိုယ့်ဖက်ကပဲ စအဆော်ခံလာရတာ၊ ဒီတချီတော့ အခွင့်အရေးရတုန်း ပြန်လုပ်ကြည့်စေဂျင်တယ်။ မတရား အလုပ်ခံရ အခိုးခံရတာကို ဖြေရှင်းပေးဖို့ သူတို့ထုတ်တဲ့ ဥပဒေဘောင်အတွင်းက တောင်းဆိုတာ။ ရွေးကောက်ပွဲအပြီး ဒေါ်စုပြောထားတဲ့ ပထမဦးစားပေး မူဝါဒနဲ့လည်း ကိုက်ညီတယ်။ ရှေ့ခရီးဆက်တဲ့အခါ အာဏာပိုင်များနဲ့ ရှောင်လွှဲမရ ထိပ်တိုက်တွေ့မှာမို့ အခုရွေးကောက်ပွဲ မသာမှုကိစ္စနဲ့ တရားဥပဒေစိုးမိုးရေး ကြိုးပမ်းချက်ကို အစပြုစေဂျင်ပါတယ်။

9 comments

  • kai

    April 4, 2012 at 7:02 am

    အဲဒီနေရာက.. သံသယဝင်စရာနေရာပါ…
    ဒါပေမဲ့.. ရလဒ်ကို. ဒီချုပ်အမတ်က.. အသိအမှတ်ပြု… လက်မှတ်ထိုးပေးလိုက်ပြီလို့ထင်တယ်..။
    =
    နောက်တခုက..
    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က .. ရွေးကောက်ခံရပြီးသား ပြည်ခိုင်ဖြိုးလွှတ်တော်အမတ်တွေကို.. . ကိုယ့်ပါတီဖက်ပြောင်းလာအောင်.. အားစိုက်လုပ်ရမယ်လို့ ထင်နေမိပါတယ်..
    သိခဲ့တာက.. ၂၀၁ဝရွေးကောက်ပွဲလုပ်တဲ့အခါမှာ.. ပြည်ခိုင်ဖြိုးပါတီက.. သူတို့ကိုကိုယ်စားပြုပြိုင်မဲ့သူတွေကို.. မြို့လူကြီးတွေ.. ပညာတတ်တွေ.. ဆွဲခန့်ခဲ့ပြီးမှ. ဝင်ပြိုင်ခိုင်းလိုက်တာပါ..။ သူတို့အမာခံ ..စစ်စစ်တွေမဟုတ်ပါဘူး..။

    ပါတီအပေါ် သစ္စာသိဖို့နေနေသာသာ.. ဘာမှန်းတောင်မသိလိုက်သူတွေရှိပါတယ်.။
    တချို့လုပ်ငန်းရှင်တချို့ဆိုရင်.. ရွေးကောက်ပွဲ.. ဝင်မပြိုင်ရပါစေဖို့အတွက်.. လာဘ်တောင်ထိုးယူရတယ်..။

    ဒီလူတွေကို.. ဒီချုပ်ဖက်ပြောင်းလာဖို့.. လုပ်သင့်တယ်လို့ထင်တယ်…။ 😆

    • ကြောင်ကြီး

      April 4, 2012 at 7:53 am

      ကြံ့ဖွတ်အမတ်တွေကို စည်းရုံးလို့ရမယ် မထင်ပါသဂျီးရေ..။ ခံယူချက်မရှိသူတွေ၊ အတင်းလုပ်ခိုင်းလို့ လုပ်ရသူတွေမို့ အစိုးရနဲ့ အတိုက်အခံလုပ်ရမယ်ဆို ခေါ်ရမှာ မဟုတ်ဘူး.. အန်အယ်လ်ဒီသွားမဲ့ လမ်းကြောင်းဆို သာ၍ဝေးပါမယ်။ ဈေးထဲအိမ်သာဆောက်၊ မသာအိမ် ဖဲဝိုင်းမဖမ်းဖို့လိုမျိုး အသေးအဖွဲလေးတွေဆိုရင်တော့ ပူးပေါင်းမှုရှိနိုင်ပါတယ်။ အလွန်ဆုံး အန်အယ်လ်ဒီမှ ပဲ့ထွက်သွားသူတွေလို အုတ်ကထကျီး သမဒဂျီးနဲ့ မျက်နှာချိုသွေးပြနေရင်တော့ နည်းနည်းပါးပါး ဖြစ်ကောင်းဖြစ်ပါမယ်။ ဒါပေမဲ့လည်း အန်အယ်လ်ဒီသာ သူတို့သောက်ချိုး ချိုးနေခဲ့ရင် အခုလို တခဲနက် မဲရလဒ် ထွက်မလာနိုင်ဘူးလေ။ ကြံ့ဖွတ်အမတ်များရဲ့ အကြောင်းနဲ့အကျိုး၊ အန်အယ်လ်ဒီရဲ့ အကြောင်းနဲ့အကျိုး အတော်လှမ်းလွန်းနေဒယ်။ နောက်တခုက အဘချုပ်မူးဂျီးကို လျော့မတွက်နဲ့.. လည်လှပါတယ်ဆိုသူ ထောက်လှမ်းရေးဆြာ ဗိုလ်ခင်ညွန့်ကိုတောင် ဖြုတ်လာခဲ့တာ။ အခုကြံ့ဖွတ်အမတ်တွေကိုလည်း လိုအပ်ရင် အညှာကိုင်ဖြုတ်ဖို့ မှတ်တမ်းမှတ်ရာ ရှိပြီးသား။။ တခါထဲ အရှက်တကွဲ အကျိုးနည်း လူစဉ်မမှီအောင် လုပ်ပစ်နိုင်လိမ့်မယ်။ အန်အယ်လ်ဒီ အမာခံများ တောင့်ခံနိုင်တာ မှတ်တမ်းရှင်းလို့ ကင်းရှင်းဆို ဘာမှာစားစရာ ကစ်စရာ မရှိဘူးလေ။ ကြံ့ဖွတ်အမတ်တွေကြတော့ တူဘူးဗျ.. သူတို့ဗိုက်တွေကြည့်ပါလား သဂျီးမင်းနဲ့ နင်လားငါလား…..။ 😆

    • ဗိုက်ကလေး

      April 4, 2012 at 9:20 am

      စာတတ်မယ်ဆို အလိုအလျောက် ပူးပေါင်းလာကြမယ်ထင်တယ်ဂျ
      ဒီအတိုင်းဆက်သွား ဘယ်အမတ်မှ NLD ကိုကျော်နိုင်မယ် မထင်
      ရွေးခံလိုက်.ရှုံးလိုက်..ရွေးခံရှုံးကြီးဖြစ်နေမယ့်အစား တစ်သီးစားတို ့တစ်ခိုင်စားတို ့အနေနဲ ့ မနိုင်မှန်းသိလျက် ဝင်ပြိုင်မနေပဲ NLD နဲ ့ ပူးပေါင်းရင် မကောင်းဘူးလားဗျ
      ဖွတ်တွေကလွဲလို ့ တခြားပါတီလေးတွေတော့ စိတ်ကာင်းရှိလှမယ် ထင်လို ့ပါ
      မဲစာရင်းတွေ ကြည့်..
      အပြတ်အသတ်တွေချည်းပဲ..
      အရွေးသာဝင်ခံနေတာ တစ်ချို ့နာမည်တွေ ကြားဖူးဘူးရယ်
      မဲရလာဒ်ကြည့်တော့လဲ ဘဲဥ ကွဲယုံတမယ်..
      အဲဒီပုဂ္ဂိုလ်တွေကိုပြောတာဘာ.
      စကားမစပ်..သဂျီးဗိုက်နဲ ့ အူးကြောင်ဂျီးဗိုက် ဘယ်သူပိုပူလဲဟင် 🙄

      • jujuma

        April 4, 2012 at 2:11 pm

        ဗိုက်ကလေးဗိုက်ထက်တော့ ပူကြမယ်ထင်ပါ့ ..ဟီးးနောက်ထှာနော်….

        အမှန်တရားဆိုတာ ဘယ်တော့မှ ဖုန်းကွယ်လို့မရပါဘူးလေ…
        မကောင်းတာလုပ်တဲ့သူဟာ မကောင်းသလိုပဲ သွားမှာပါ …
        အမှန်တရားကို မြတ်နိုးသူတိုင်း အမှန်တရားဘက်က ရပ်တည်ကြမှာပါ ….

    • windtalker

      April 4, 2012 at 7:40 pm

      လွှတ်တော်အမတ် တွေ လား ပြောင်းရဲနေဦးမယ်ဂျာ ။
      ချမ်းသာသမျှ အသေးစိတ်ကြည့်လိုက်ရင် ၊ ဟိုအဘိုးဆီကတောင်း ၊ ဒီအဘဆီက စွန် ့ကြဲထားတာလေးတွေ ၊ ဘယ်သောက်ခွက်နဲ ့ပြောင်ရဲကြပါ့မလဲ သဂျီးရဲ ့

  • mg mg

    April 4, 2012 at 10:24 am

    သဂျီး-4966 ၊ အောင်ကြူး-4731-ဆိုတော့ သိပ်မကွာလှ၊
    ဗိုက်ကလေး-3474 အင်းးးးး သူလဲ

    • Thel Nu Aye

      April 4, 2012 at 3:58 pm

      အဲဒီက နယ်မြေတခုမှာ ကိုးကန့်ပါတီက သူ့ကိုးကန့်တွေကို ရှေ့ကဖြတ်ဖြတ်သွားတိုင်းဆွဲဆွဲ ပြီး ခေါ်ထည့်ခိုင်းတာ။ တယောက်ကို ၃ ရွက်တောင်ခြစ်ရဆိုပဲ။ ၂၀၀ဝ ကျော်ရှိတဲ့မဲလက်မှတ်မှာ သူတို့လဲခြစ်ပြီးရော ၃၀ဝ ကျော်ပဲကျန်တော့လို့ ကျားဖြူ၊ ဒီချုပ်အဖွဲ့တွေနဲ့ရန်တွေဖြစ်လိုက်တာ ဆိုပဲ။

  • alinsett

    April 4, 2012 at 7:18 pm

    နိုင်ငံရေး..ကိစ္စတွေ.တော့ တို ့များ…မဝေဖန်တတ်တော့ပေါင်…

  • Khin Latt

    April 4, 2012 at 7:41 pm

    (၁၉၉၉ စာဆိုတော်နေ့ အထိမ်းအမှတ်ထုတ် ဒေါ်အောင်ဆန်းစုကြည်ပြောသော ရာမာယဏလက်ကမ်းစာစောင်မ်မှ ကောက်နုတ်ချက်)

    ဇာတ်လမ်းက ကျွန်မတို့အများကြီးစဉ်းစားစရာရှိတယ်။ စဉ်းစားစရာ ဆို တာနိုင်ငံရေးအမြင်နဲ့ အများကြီးစဉ်းစားစရာရှိတယ်။ ဒါကျွန်မတို့ အရှေ့တိုင်း မှာ အင်မတန်မှ ဩ ဇာအာဏာလွှမ်းမိုးတဲ့ ဇာတ်လမ်း တစ်ခုဖြစ် တယ်။ ကျွန်မတို့ အရှေ့တိုင်းသူ၊ အရှေတိုင်းသားများဟာ ဘယ်လောက်နိုင်ငံရေး အမြင်ရင့်ကျက်လဲဆိုတာကိုပြတယ်လို့ ကျွန်မက ဒီလိုပဲမြင်တယ်။ ဘာဖြစ် လို့လဲဆိုတော့သူဟာ အမည်းနဲ့အဖြူ၊ အကောင်းနဲ့ အဆိုးဒီလို ချည်းပဲလဲ မဟုတ်ဘူး ။ ရာမမင်းသားရဲ့ ခမည်းတော် ဆိုရင်လည်း ကောင်းတာရှိတယ်၊ ဆိုးတာရှိတယ်။ အင်မတန်မှ ကောင်းတဲ့ မင်းကြီးဖြစ်ခဲ့ပေမယ်လည်း သူ့အပြစ်တွေရှိခဲ့တာကြောင့်မို့ ဒီအပြစ်တွေရဲ့ဝဋ်ကြွေးတွေသူဆပ် သွားရ တယ်။ ရာမမင်းဆိုရင်လည်း မင်းတစ်ပါးအနေနဲ့ အင်မတန်မှကောင်း တဲ့ မင်းပဲ။ဒါပေမဲ့လည်း တကယ်ကြည့်လိုက်တဲ့အခါကျတော့ သူ့ရဲ့မိဖုရားကြီး အပေါ်မှာ သူမျှမျှတတ မဆက်ဆံခဲ့ဘူး ။ သီတာမိဖုရားပြောချင် တာက သူဖြူစင်သန့်ရှင်းမှန်း သိရက်သားနဲ ့သူများပြောတာ ဘာဖြစ်လို့ နားထောင် ရလဲ ဆိုတာကိုပြောတာ၊ ဒီတော့ ဒါကျွန်မတို့ အတွက် အများကြီး စဉ်းစား စရာဖြစ်တယ်။ ကျွန်မတို့ပြောတယ် မဟုတ်လား။

    ဒီမိုကရေစီဆိုတာ အကောင်းချည်းပဲ မဟုတ်ဘူး၊ သူ့ရဲ့အားနည်းချက်တွေ ရှိတယ်ဆိုတော့
    ဒီကိစ္စဟာ ဒီမိုကရေစီရဲ့ အားနည်းချက် တစ်ခုကို ထောက်ပြတယ်လို့ ကျွန်မပြောချင်တယ်။အများကနေ အလကား သက်သက်၊ သွားပုပ်လေလွင့်၊ အားအား ယားယားပြောနေတဲ့ကိစ္စတွေဟာ တစ်ခါတလေ ဒီမိုကရေစီ မှာလည်း လွှမ်းမိုး ထားတတ်တယ်။ အဲဒီဟာတွေကို ကျွန်မတို့ အများကြီး သတိထားရမယ်။ ကျွန်မကတော့ထင်တယ်၊ အခုခေတ်လို အခြေအနေဆိုရင် သတင်းစာတွေ ဘာတွေရှိပြီးတော့၊ သတင်းစာ လွတ်လပ်ခွင့် ရှိတယ်ဆိုရင် သီတာမိဖုရားကြီး ဘက်က နေပြးီ တော့ရေးပေးမယ့် သတင်း စာတွေ အများကြီးရှိမှာပဲလို့ ကျွန်မထင်တယ်။ အဲဒီလို သာရှိခဲ့ရင် သက်သက်၊ အားအားယားယား အတင်းပြောနေတဲ့လူတွေကြောင့် ဒီမိဖုရားကြီး ဟာ ပြည်နှင်ဒဏ်အပေး ခံရမှာမဟုတ်ဘူးလို့ ကျွန်မက ဒီလိုမြင်တယ။် ဘာဖြစ်လဲ လို့ ဆိုတော ့ သီတာမိဖုရား ဘက်ကရပ်တည်တဲ့ သတင်းစာတွေ က ရေးကြမှာကိုး၊ ဘယ့်နှယ့်၊ မီးထဲဝင်တာတောင် မှမလောင်တဲ့ မိဖုရားဟာ မဖြူစင်ဘဲရှိနိုင်ပါ့မလား ။ မင်းတို့မှန်ရင်၊မင်းတို ့ချေမှာလားမေးတယ်။ ကျွန်မကပြောတယ်။ ကလဲ့စားချေတယ် ဆိုတာဟာကျွန်မတို့ရဲ့ ‘မူ’ လည်း မဟုတ်ဘူး။ နောက်ပြီးတော့ ဒီမိုကရေစီ အရ ကလဲ့စားချေချင် တိုင်းလိုက် ချေနေလို့ရတာမဟုတ်ဘူး။

    တရားမျှမျှတတ လုပ်ရတာ။ အခုပြောချင်တာက အရှေ့တိုင်း ဒီမိုကရေစီ ဆိုတာဟာ တကယ်ကျတော့ ဒီမိုကရေစီအခွင့်အရေး ပြည့်ဝတဲ့ ဒီမိုကရေစီ ကို ဆိုလိုချင်တာ။ ကျွန်မတို့အနေနဲ့ကတော့ အရှေ့တိုင်းဒီမိုကရေစီဆိုတာ အနောက်တိုင်း ဒီမိုကရေစီများထက် ပိုပြီးတော့မေတ္တာ၊ ကရုဏာ တရား နဲ့ ပြည့်ဝတဲ့ ဒီမိုကရေစီလို့ ဒီလို ကျွန်မတို့မြင်ချင်တယ်။ ဒါကြောင့် အားလုံး အတွက်ကောင်းတဲ့ စနစ်ဖြစ်ရမယ်။တချို့ကဆိုရင် ဒီမိုကရေစီရဲ့အဓိပ္ပာယ် ကို နားမလည်ဘူး။ ဒီမိုကရေစီရဲ့ရဲရင်၊ စွပ်စွဲနေတဲလူတွေမီး ထဲဝင်ကြ လို့ပြောမှာပေါ့။ စွပ်စွဲနေတဲ့လူကကောမီးထဲ ကို ဝင်ပြရဲမလား၊ ဝင်ရင်ကော သူတို့ဟာ မလောင်ဘဲနေမလား။ ဒါတွေဟာ အများကြီး စဉ်းစားစရာဖြစ် တယ်။ အဲဒါကြောင့် ရာမဇာတ်တော်ကြီး ဟာနိုင်ငံရေး ပညာအများ ကြီးပဲ ပါပါတယ်။ ဒါဟာ ကျွန်မတို့ ဒီမိုကရေစီလိုအပ်တယ်ဆိုတာကျွန်မတို့ အရှေ့တိုင်း ယဉ်ကျေးမှု အရအထောက်အထားတွေ အများကြီးပြနိုင် ပါတယ်။အဲဒီလို အဘက်ဘက်ကပေါ့လေ၊ နိုင်ငံရေးအမြင်နဲ့စဉ်းစားတဲ့ ဇာတ်တွေဟာ ကမ္ဘာကြီးမှာ နည်းပါတယ်။

    အများအားဖြင့်ပုံပြင်တွေ၊ဒ ဏ္ဍာရီတွေဆိုရင် နောက်ဆုံး မှာ ပျော်ပျော် ရွှင်ရွှင် နဲ့ပြီး သွားတာတို့၊ ဒါမှမဟုတ်ရင်လည်း သိပ်ပြီးတော့ စိတ်ညစ်စရာကောင်းတဲ့ ဟာတွေ ဆိုရင်လည်း တစ်ယောက်မှ မကျန်အောင် အားလုံး သုတ်သင်ရှင်းလင်းပစ်လိုက်တာတို့ ဒါတွေရှိတတ်တယ်ဒီလိုအဖြူနဲ့ အမည်း တင်မဟုတ်ဘဲနဲ့ အဖြူနဲ့ အမည်းကြားမှာ မီးခိုးရောင် အမျိုးမျိုးရှိတဲ့ ဇာတ်မျိုးဆိုတာဟာ သိပ်ခေတ်မီတယ်လို့ ကျွန်မတို့ပြောနိုင်တယ်။ ဘယ်တော့မှခေတ် မရှိဘူး ရယ်လို့ မဖြစ်သွားနိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အမှန်တရား ဟာခေတ် မရှိဘူးလို့ ဘယ်တော့မှ မဖြစ်ဘူး။ ဒါကြောင့် ကျွန်မတို့လိုချင်တဲ့စနစ်ဟာ ကမ္ဘာကြီးတည်သရွေ့ ဒီစနစ်မျိုးဟာ လိုလားအပ်တဲ့ စနစ်မျိုးကို ဖြစ်မှာပဲ။ ဒီစနစ်ဟာ ပြည်သူလူထုကို အကာ အကွယ်ပေးတဲ့ စနစ်လည်း ဖြစ်တယ်။ တကယ်တော့ အစိုးရများကို ကာကွယ်ပေးတဲ့စနစ်လည်း ဖြစ်တယ်။ တချို့ အစိုးရတွေက ဒီလိုဒီမိုကရေစီစနစ်ကို မနှစ်သက်ဘူး။ ပြည်သူလူထုကိုသာ အကာ အကွယ်ပေးတဲ့စနစ်လို့ သူတို့ ဒီလိုထင်တယ်။ တကယ်တော့ မဟုတ်ပါဘူး။ ဒီမိုကရေစီစနစ်ဟာ လူတိုင်းလူတိုင်းကို အကာအကွယ်ပေးတဲ့ စနစ်ပါ။

    ကျွန်မတို့ကိုတချို့ကမေးတယ်။ ဒါလည်းအားလုံးသိနေတဲ့ ကိစ္စကြီးပါ။ ဒီမိုကရေစီတက်လို့ရှိရင် ဘယ်သူဘယ်ဝါကို ကလဲ့စား အနှစ်သာရ ကို နားမလည်ဘူး။ အတိုက်အခံများဟာ တိုက်တယ် ၊ခိုက်တယ် ဆိုတာဟာ အာဃာတတရားနဲ ့ဖျက်ဆီးချင်လို့ တိုက်တယ်လို့ထင်တယ်။ ကိုယ့်စိတ်နဲ့ကိုယ် နှိုင်းတာလည်းဖြစ်နိုင်တာပေါ့လေ။ အဲသည်လို စိတ်တွေ ကလည်း အများကြီးရှိတယ်။ ဒါပေမဲ့ ဒါဟာလုံးလုံးမဟုတ်ဘူး။

    အတိုက် အခံများရဲ့အလုပ်ကိုက အစိုးရ မမှားအောင် လုပ်ဖို့ပဲ။ အစိုးရမမှားအောင် ဆိုတော့ အစိုးရမှား နေတာတွေကို ထောက်ပြရမယ်။ ထောက်ပြမှသာလျှင် မမှားအောင်လုပ်နိုင်မှာပေါ့။ ကိုယ်ဘာမှားမှန်းမသိဘူး၊ ဒါမှမဟုတ် သိရင်လည်း ဘယ်သူမှမပြောရဲဘူးဆိုရင် ဆက်ပြီးတော့ မှားနေမှာပေါ့။ ဒီတော့ ကျွန်မတို့က အတိုက်အခံဆိုတော့ အတိုက်အခံအလုပ်ပဲ ဆက်ပြီးတော့ လုပ်မှာပဲ။ ဒီလိုုလုပ်တာဟာ ကျွန်မတို့ကတော့ အာဃာတစိတ်နဲ့လုပ်တာ မဟုတ်ဘူး။ ကိုယ့်နှလုံးသားထဲမှာ အာဃာတ အင်မတန်များနေတဲ့ လူတွေကတော့ ယုံမှာမဟုတ်ဘူး။ ဒါကိုတော့ ကျွန်မတို့ ဘာမှမတတ်နိုင်ဘူး။ ကျွန်မတို့တတ်နိုင်တာ တစ်ခုပဲရှိတယ်။ အဲဒီနှလုံးသားထဲက အာဃာတတွေ ကို ဖျောက်လိုက်ပါလို့ ဒါပဲပြောနိုင်တယ် ။ ဖျောက်လိုက် ရင်တော့ ယုံနိုင်ပါ လိမ့်မယ်။

    ဒီမိုကရေစီနိုင်ငံတွေကို ကြည့်ရင် ဒါသိနိုင် တယ်။

    ရွေးကောက်ပွဲ မတိုင်ခင် နောင်ဂျိန်နောင်ဂျိန် ချနေတဲ့သူများဟာ ရွေးကောက်ပွဲပြီးတော့ လက်ဆွဲနှုတ်ဆက်ပြီး ယဉ်ကျေးသိမ်မွေ့တဲ့လူများပီပီ ဆက်ဆံကြ တာ ပဲ။

    ဒါဒီမိုကရေစီစိတ်ဓာတ်ပဲ။

    ကျွန်မတို့ အရှေ့တိုင်းယဉ်ကျေးမှုအရ ဒီလို လူပီပီနေတဲ့စနစ်ကို အင်မတန်မှလိုလားပါတယ်။ လူတွေကို လူလို ဆက်ဆံ တဲ့စနစ်ကို အင်မတန်မှလိုလားပါတယ်။ ပြည်သူလူထုကို တန်ဖိုးထားတဲ့ စနစ်ကို ကျွန်မတို့အရှေ့တိုင်းက အင်မတန်မှ လိုလားပါတယ်။

    http://popularmyanmar.com/mpaper/archives/40304

Leave a Reply