ပဲမျိုးနွယ် အချဉ်ဖောက်ခြင်း

Wai Aung Chan MyoApril 5, 20121min21510

 

• ပဲတီစိမ်း၊ ဗိုလ်စားပဲ စသော ပဲပင်အမျိုးမျိုး၏ လတ်ဆတ်သော ပဲသီး၊ ပဲလုံးများသာမက အခွံများကိုပါ ခူးဆွတ်၍ စဉ်းနီတုံးတွင် နုပ်နုပ်စင်းပါ။

• ပြီးလျှင် သကြားညိုကို ပြုလုပ်မည့် ပဲပမာဏ၏ ၃ပုံ၂ပုံခန့် ရောနယ်ပါ။ • ထို့နောက် ၎င်းတို့ကို စဉ့်အိုးထဲထည့်၍ အိုးထိပ်ဝကို အဝတ်ပါးဖြင့် အုပ်ပါ။

• ပမာဏအနည်းငယ်သာပြုလုပ်လျှင် စဉ့်အိုးအသေးသုံးနိုင်သည်။

• ဖြစ်နိုင်လျှင် ရေခဲသေတ္တာထဲ ၂ပတ်၊ ၃ပတ်ခန့်ထားနိုင်လျှင် ပိုကောင်းသည်။ (ရေခဲသည့် အထပ်တွင် မထားရပါ။) • ၎င်းးတို့ အချဉ်ဖောက်လျှင် အပေါ်ယံအရည်ကြည်ကို ယူ၍ အထက်ပါဆေးနည်းများ အတိုင်း အပင်ကို ဖြန်းနိုင်သည်။

10 comments

  • Thit Sar Lin

    April 5, 2012 at 9:58 am

    အချဉ်ဖောက်နည်းတွေကတော့အများကြီးပဲ…တယောက်နဲ့တယောက်ကတူချင်မှတူတာ
    အချဉ်ဖောက်တာတွေချည်းပဲ တင်တာများတယ်နော်……
    ကောင်းပါတယ်..ဗဟုသုတရတာပေါ့လေ…
    ပဲပင်ပေါက်ချဉ်တို့ မုန်လာဥချဉ်တို့ ဆိုရင် အရမ်းစားလို့ကောင်းတယ်..
    အဲဒါတွေကလုပ်ရလွယ်တယ်လေ…….တခြားဟာတွေတော့မပြောတတ်ဘူး…
    အချဉ်ဖောက်ဆရာကြီးထင်တယ်နော……
    လူကောအချဉ်ဖောက်လို့ရလား…ဟီးဟီး

  • kaung kin pyar

    April 5, 2012 at 12:10 pm

    လူတော့ အငန်ပဲ ဖောက်လို့ရမယ်ထင်တယ်…။ ခုလို မီးပျက်ပျက်နဲ့ ပူအိုက်တဲ့ရာသီဆို အငန်ဖောက်လို့ ပိုကောင်းမယ်….။

  • ဆူး

    April 5, 2012 at 12:12 pm

    အပင်ဖြန်းဖို့ လုပ်တဲ့ အချဉ်ဖောက်နည်းတွေလား။ စားဖို့လား။
    အချဉ်ဖောက်နည်းတွေ တင်တာတော့ တွေ့တယ်။
    အချဉ်ဖောက်နိုင်သည် နဲ့ ရပ်ရပ်သွားလို့ မေးကြည့်တာနော်။

    • Wai Aung

      April 5, 2012 at 12:50 pm

      ကျနော် ရဲ့ သဘာဝစိုက်ပျိုးနည်း ကို ရှာဖတ်ကြည့်ရင် ရှင်းသွားပါလိမ့်မယ်
      အခန်းဆက်နဲ့ ရေးတာမို့လို နဲနဲ ရှုပ်သွားတာခွင့်လွှတ်ပါ။
      အပင်အတွက် အဓိက ရေးထားတာဖြစ်ပြီး လူသောက်ရင်လည်း ကျန်းမာရေးနဲ့ညီညွတ်ကြောင်း အာမခံနိုင်ပါတယ်
      ဒါပေမယ့် အဆရောဖို့တော့လိုပါမယ်။

    • Thit Sar Lin

      April 5, 2012 at 3:37 pm

      ဒေါ်ဆူးရေ..တွဲလောင်းကြီးပါလား….
      ပြုတ်ကျနေဦးမယ်နော်…..ရေထဲမှာမဟုတ်ဘူး..လေထဲမှာ သတိထားဦး 😀 😀
      စတာနော်…စိတ်ဆိုးနဲ့ဦး

  • Ma Ei

    April 5, 2012 at 1:09 pm

    သီးနှံတွေ အခွံတွေ တင်လဲရည်နဲ့ အချိုးကျထဲ့ အချဉ်ဖေါက်ပြီး
    အနံ့ပျောက်ဆေးရည်အဖြစ် အိမ်သာ၊ရေဆိုးမြောင်းတွေမှာ သုံးနိုင်ပါတယ်…

    • Wai Aung

      April 5, 2012 at 3:19 pm

      ဟုတ်ကဲ့
      ဒါကလည်း နည်းတစ်မျိုးပေ့ါ။
      မအိ ပြောတာ ကျနော် ရှေ့ရက်တွေက တင်ထားတဲ့ အသီးအချဉ်ဖောက်ရည် အတိုင်းပါပဲ။
      ဒါပေမယ့် ကျနော် အပင်တွေအတွက် အဓိကထားပြီး ရွက်ဖြန်းဆေးဖော်စပ်နည်းကို ဝေငှတာပါ။
      လူတွေရဲ့ ကျန်းမာရေးအတွက်လည်း အချိုးကျ သောက်သုံးနိုင်ပါတယ်။
      သုံးတတ်တော့ ဆေး၊ မသုံးတတ်ရင် ဘေး ဖြစ်မှာပေ့ါဗျာ

      • Ma Ei

        April 5, 2012 at 3:45 pm

        ရွက်ဖျန်းတာနဲ့ အနံ့ပျောက်ဆေး အတွက် သန့်ရှင်းမှု အရေးမကြီးပေမဲ့
        သောက်သုံးဘို့အတွက်ဆိုရင်တော့ သီးသန့် အနေနဲ့ ဖော်စပ်သင့်ပါတယ်…
        နည်းပေးတဲ့ Post တင်သူအနေနဲ့ ဆေးအဖြစ် သုံးနည်းနဲ့ ဘယ်လိုသုံးရင် ဘေးဖြစ်ကြောင်း
        တွဲဖက်တင်ပေးစေချင်ပါတယ်…

        • Wai Aung

          April 20, 2012 at 12:48 pm

          ကျနော်က အပင်တွေကိုပဲ အဓိကထားပြီးရေနေတော့
          လူတွေအတွက်ဆေးကို အာရုံမလှည့်နိုင်ဖြစ်နေပါတယ်။
          တကယ်လို့ ကျွမ်းကျင်သူများရှိရင်လည်း လူအများအတွက် အပင်၊ အရွက်တို့မှ ဆေးဖော်စပ်နည်းများကို လက်ဆင့်ကမ်းနိုင်ပါကြောင်း စေတနာကောင်းနှင့် အသိပေးအပ်ပါသည်။

  • etone

    April 5, 2012 at 3:30 pm

    ကိုယ်တိုင်က အဲ့ဒီလို အစားစာတွေ မကြိုက်ဘူး …. တို့စရာတွေ ၊ အချဉ်ဖောက်တာတွေ … လုံးဝမကြိုက်၊ မစားပမယ့် .. အဖွားဖြစ်သူကတော့ … အချဉ်ဖောက်တာ သိပ်ဝါသနာပါတယ် … ကြံမဆိုင်ဆိုလည်း ကိုယ်တိုင်လုပ်စားတယ် …. ။ အချဉ်ဖောက်တာဆိုလို့ …. ရှမ်းချဉ်နဲ့ ကင်မ်ချီပဲ ကြိုက်တယ် 😆

Leave a Reply