ရွှေအင်းတိန် ဆိုတဲ့ ရှေးဟောင်းဘုရား

moethidasoeApril 6, 20121min2479

ဒီတစ်ခေါက် ခရီးထွက်တာ အင်းလေးက ရွှေအင်းတိန် ဆိုတဲ့ ရှေးဟောင်းဘုရားကို ရောက်ခဲ့ပါတယ် .. ဓာတ်ပုံကိုတော့ နောက်မှပဲ တင်လိုက်ပါမယ် ..

ဝမ်းသာရတာက မရောက်ဘူးသေးတဲ့နေရာကို ရောက်ခဲ့လို့ပါ .. ဝမ်းနည်းရတာက မွေတော်ကက္ကူလိုပဲ ရှည်မျောမျော ဘုရားတွေက အသစ်တွေ ဖြစ်နေတာပါပဲ ..

ဘုရားအဆူပေါင်း ၁၀၀ဝ ကျော် ရှိပေမယ့်လဲ အဟောင်း အမှန်အကန်က မရှိသလောက် ရှားပါတယ် .. နိုင်ငံခြားသားတွေ အများဆုံး လာလေ့လာကြတယ် လို့ စက်လှေသမားတွေက ဆိုပါတယ် .. အဲဒီနေရာအတွက် စက်လှေခ ၅၀၀ဝ ပို ပေးရပါတယ် .. အဲဒီနေရာကို သွားတဲ့ နေရာမှာ ရေ အမြင့်ထိန်း ရေတားတွေ အနည်းဆုံး ရ ခု လောက် ဖြတ်ခဲ့ရပါတယ် .. နောက်ဆုံးနေရာမှာ ရေတံခါးကိုပါ တွေ့ခဲ့ရပါတယ် .. အသေးစိတ် ဓာတ်ပုံမှတ်တမ်းများကို မနက်ဖန် တင်ပေးပါမယ် ..

9 comments

  • ကိုရင်မောင်

    April 6, 2012 at 5:14 pm

    စောင့်မျော်နေပါတယ်…

  • laypai

    April 6, 2012 at 5:26 pm

    ဘုရား ဖူးမယ် ဆိုပြီး ရုံးဆင်ကာနီး ကမန်းကတန်း ကြည့် လိုက်ပါတယ် ကိုရင်မောင်ပြော သလို ပဲ စောင့် မျှော်နေပါတယ် ခင်ဗျာ…………..။

  • ဆူး

    April 6, 2012 at 5:43 pm

    အန်တီ မိုး ပျောက်နေတာ ကြာလို့ သတိရနေတာ.. တင်ပေးမှပဲ ကြည့်တော့မယ်နော်။

  • weiwei

    April 6, 2012 at 7:53 pm

    ဒေါက်တာ မနှစ်ကလဲ တောင်ကြီး အင်းလေးဘက် ခရီးသွားသေးတယ်လို့ ပြန်ပြီး အမှတ်ရမိပါတယ် …
    ကျွန်မ ထမ်ဆန်းဂူပုံတွေတင်တုန်းက ကွန်မန့်ပေးခဲ့တာကို ပြန်သတိရသွားမိလို့ …
    ပုံတွေတင်ရင် အားပေးပါအုန်းမယ် … ရောက်ဖူးတဲ့နေရာများဖြစ်နေမလားလို့ ..

  • windtalker

    April 6, 2012 at 8:39 pm

    ဒေါက်တာကြီး လှေအသာမှီပြီး
    အင်းရေပြင်ကြီး ဖြတ်ကျော်စီး
    ရှမ်းဌာနီး လွမ်းစရာခရီး…..

  • Gipsy

    April 6, 2012 at 9:04 pm

    ဟောဒီမှာ မိပြီ…၊
    ကိုပေကြီး ပွဲစဉ်လေးတွေ လုပ်ပါဦးဗျို့..၊
    ဘယ်ပျောက်လို့ ဘယ်ရောက်နေမှန်းမသိဖြစ်နေတယ်…၊
    မျှော်ရတာ မောပီ….။
    ( ဓါတ်ပုံလေးများကို စောင့်မျှော်နေပါမည် )

  • ဦးဦးပါလေရာ

    April 6, 2012 at 10:25 pm

    ဒေါက်တာ ပြန်ရေးလာတာ ဝမ်းမြောက်စွာ ကြိုဆိုပါတယ်ဗျာ…
    ရွာထဲမတွေ့ဖြစ်တာ သုံးလလောက်များ ရှိပြီလားမသိ…..။

  • moethidasoe

    April 7, 2012 at 1:02 pm

    လောလောဆယ် media ထဲမှာတော့ ပုံ လေးပုံ တင်ထားပါတယ် .. ဒါပေမယ့် ဘယ်လို attach လုပ်ရမယ် ဆိုတာ မသိလို့ပါ shwe intain 01 ကနေ 04 ဆိုပြီး တင်ထားပါတယ် .. အကယ်၍ admin ကသော်လည်းကောင်း၊ တစ်ယောက်ယောက်ကသော်လည်းကောင်း .. အကြံပေးပါ .. ပြုပြင်ပါလို့ တောင်းဆိုပါတယ် .. အတွင်းက မြတ်စွာဘုရားကို ရိုက်ကူးဖို့အတွက် ဘုရားဖူးတွေ များလာလို့ မရိုက်ဖြစ်ခဲ့ပါ .. နောက်ထပ်လဲ shwe intain 07 အထိ တင်ပေးပါမယ် ..
    သုံးလလောက် ကင်းကွာနေတာက မအားလို့ ပါ ..

Leave a Reply