မန်းလေးမှာရွာတဲ့မိုးနဲ့မိုးသီး
ဒီနေ့ နေ့လည် သုံးနာရီကျော်ကျော်လောက်အင်တာနက်ဆိုင်ဝင်ပြီး
ဒီနေ့ပွင့်တဲ့ပိတောက်ပန်းပုံတွေ တင်နေတုန်း မိုးတွေကျလာပါတယ်။
ဝုန်းဒိုင်းအသံတွေကြားတော့ မိုးသီးတွေ ကျတယ်ဆိုတာနဲ့ ကင်မရာဆွဲပြီးအပြေးအလွားရိုက်ပါတယ်။
ဖြစ်ချင်တော့ ကင်မရာထဲက မင်မိုရီကဒ်ကို ထုတ်ပြီး ကော်ပီကူူးနေတော့ပုံမရလိုက်ဘူးဖြစ်သွားပါတယ်။
အဲဒီမှာ ကျနော် တောက်တခေါက်ခေါက်ဖြစ်နေတာကို မကြည့်ရက်တဲ့ လူတစ်ယောက် မိုးရွာထဲထွက်ပြီး
အတော်လေးကြီးတဲ့မိုးသီးကိုယူပြီးလာပါတယ်။
ကဲ မြင်တဲ့အတိုင်းပါဘဲနော်။
ကိုပေါက်လမ်းသလားရင်းလက်ဆော့တော့ရလာတဲ့ စနက်ရှော့
(6-4-2012)
31 comments
water-melon
April 7, 2012 at 7:52 am
ဦးလေးကြီးချင့်
သများကိုကျွေးပါလားဟင်
လက်ကြီးက ဘယ်သူလက်ကြီးလဲဟင်
မိန်းမ၅ယောက်ရမဲ့လက် 😀
ကိုပေါက်(မန္တလေး)
April 7, 2012 at 8:51 am
အဲဒါကျွန်ု၏လက်လုံးဝမဟုတ်။
အခြောက်မလေးဖရဲ
April 7, 2012 at 9:00 am
ဟွန့်
သိပါတယ်နော်
ဦးလေးလက်က ဒီလောက်မနုဘူးဆိုတာ
မီးမီးသိပါတယ်
ဟွန့် ပြောချင်ဘူး လူဆိုးကြီး
ဇွဲမာန်အောင်
April 7, 2012 at 9:49 am
မိုးသီးက ကြီးလိုက်တာနော်။
စားရရင်တော့ ရှယ်ဘဲ
ဂလု ဂလု
weiwei
April 7, 2012 at 10:07 am
၁ဝ တန်းနှစ်တုန်းက နွေရာသီ မန်းလေးကိုသွားလည်တုန်းက မိုးသီးကြွေတာနဲ့ တစ်ခါကြုံဖူးတယ် … မိုးသီးအကြီးကြီးတွေ ..
ရန်ကုန်မှာတော့ တစ်ခါမှ မိုးသီးအကြီးကြီးတွေ မရွာဖူးသေးဘူး …
etone
April 7, 2012 at 10:08 am
ဟယ် … ထီးရိုးကြီး လိမ်နေတယ်တော့ … သောကြာဂြိုလ်ခုံလည်းကျယ်ပြီးပျော့နေတယ် သိပ်အားမကောင်းသလိုနဲ့ ….. အဒူတုန်း အဲ့ဒါ 😆 ဟိဟိ
moethidasoe
April 7, 2012 at 1:30 pm
အိတုံက လက္ခဏာလဲ ကြည့်တတ်တယ် နော် .. မိုးတွင်း ဆိုတော့ ထီးရိုး လိမ်နေရင် ထီးကျိုးတတ်တယ်လို့များ ရယ်စရာတွေးကြည့်တယ် .. ကျန်တာတော့ နားမလည်ပါ
အရင့်ရောင်
April 7, 2012 at 2:56 pm
သောကြာ ဂြိုလ်ခုံ ကျယ်ပီး ပျော့ရင် အားမကောင်းဘူးတဲ့ဟေ့……..
အီးတုံးဟြေတာ
ဘာအားလဲတော့သိဘူး
ဟဲဟဲ
Foreign Resident
April 7, 2012 at 3:20 pm
” ထီးရိုးကြီး လိမ်နေတယ် ”
တနင်္လာ ဂြိုလ်ခုံက ကံလမ်းကြောင်း ( ထီးရိုး ) စတာရယ်
အသက်လမ်းကြောင်း အောက်ခြေမှာ အခွဲ ရှိတာရယ်ကြောင့်
အဲဒီ လူဟာ သေချာပေါက် နိုင်ငံခြား ကိုသွား / မှာနေ ရမယ် ။
အသက် ၄ဝ ပါတ်ခြာမှာ အောင်မြင်မှု ကြီးကြီး ရလိမ့်မယ် ။
ကြာသာပတေးဂြိုလ်ခုံ အားနဲတော့ ဆရာသမား မဖြစ်နိုင်ဘူး ။
ဒါ့အပြင် ဉာဏ်လမ်းကြောင်းကျိုးနေပုံရတယ် ၊
ဉာဏ် နှင့် နှလုံးသား လမ်းကြားက လွင်ပြင်ကကျဉ်းတော့
သေချာတွေးခေါ်ရတဲ့ ပညာပိုင်းတွေမှာ အားနည်းမယ် ။
လက်ရေစာပျော့ပုံရတဲ့အတွက် စိတ်နုမယ်ထင်ရတယ် ။
လက်ချောင်းတွေမှာ ထောင်လိုက်စင်းတွေရှိနေတော့
လောလောဆယ်တော့ ငွေအခက်အခဲ ရှိပုံမရဘူး ။
လက်ချောင်းရင်းတွေလည်းစိနေတဲ့အတွက် လက်မဖွာဘူး ။
အောင်မြင်ရေးလမ်းကြောင်းဖြောင့်ပြီး ၊
လက်ညိုး နှင့် လက်ခလယ်ကြားမှာ ဒိုင်းမွန်းကွက် ပေါ်နေတဲ့ အတွက် ။
ပက်ပက်စက်စက် ဆင်းရဲကိန်း လုံးဝ မရှိပါ ။
အကြမ်းဖျင်း အိုဇာတာ ကောင်းမယ် လို့မှန်းရမယ် ။
အင်းးးး မေါင်ဖော မေါင်ဖော အမှတ်ကိုမရှိတာ ။
ခုလေးတင် အမှန်းကောင်းပြီး ၊ တည့်တည့် မှန်သွားလို့ ၊
ဒုက္ခရောက်နေတာကို မမှတ်သေးဘူး ။
ဆင်ချင်မှ ။ ဆင်ချင်မှ ။
ဆူး
April 7, 2012 at 5:07 pm
ခြင်ဆင် မှ ခြင်ဆင်မှ.. ဆူး လည်း လန့် နေရတယ်။
သေးသေးလေးပဲ စ မိခဲ့တာပါ.. @_@
ဗိုက်ကလေး
April 7, 2012 at 10:38 am
မိုးသီးပြီးရင် ဂွေးသီးလေး ရိုက်ပြပါဦး
😀
cobra
April 7, 2012 at 2:27 pm
မိုးသီးဆိုတာခုမှပဲမြင်ဖူးတော့တယ်။
မယုံရင်တော့မတတ်နိုင်ဘူး။ 🙂
cobra
April 7, 2012 at 2:29 pm
မိုးသီးဆိုတာခုမှပဲမြင်ဖူးတော့တယ်။
မယုံရင်တော့မတတ်နိုင်ဘူး 🙂
အရင့်ရောင်
April 7, 2012 at 2:45 pm
မိုးသီး တဲ့ ………
ရေခဲတုံးး အပိုင်းအစ လေးနဲ့ တူတယ်နော်
ဟီးးးးး
ကိုပေါက်(မန္တလေး)
April 7, 2012 at 2:56 pm
အပိုင်းအစဟုတ်ဘူး။
ရေခဲရဲ့အမြုတေပါ။
metallic
April 7, 2012 at 4:27 pm
ငယ်ငယ်တုန်းက ထီးဆောင်းပြီးမိုးသီးကောက်တာ
မိုးသီးကကြီးပြီး (ငုံးဥထက်ကြီး) အချွန်အတက်တွေပါတော့ ထီးကြီးပေါက်သွားလို့
အကြိမ်းခံရတာသတိရ…….
snow white
April 7, 2012 at 5:46 pm
မိုးသီးလေးတွေကလည်းပုလဲလုံး လေးတွေကျနေတာဘဲ နော် ပုလဲလုံးလေးတွေ ပြုတ်ကျတယ်ဆို မန်းသူမန်းသားတွေဘဲ ချမ်းသာမှာနော်
ကိုပေါက်(မန္တလေး)
April 7, 2012 at 6:02 pm
ကိုဖော
ကြိုက်သလိုသာဟော အဲဒါ ကျနာ်မဟုတ်ဘူး။
ကျနော်နဲ့သူက မြင်ဘူးရုံလောက်ဘဲရှိတာ.လေ
Foreign Resident
April 7, 2012 at 6:49 pm
ဦးပေါက် ။
သိတယ်လေ ၊ ဦးပေါက် လက်မဟုတ်တာ ။
ဦးပေါက် လက် ကျနော် မြင်ဘူးတာပဲ ဥစ္စာ ။
ဒါပေမယ့် ဦးပေါက် အသိထဲကလို့ ထင်တာ ။
သွားပြီ ၊ အခုတော့ Feed Back ပြန်မရတော့ဘူးပေါ့ ။
ဟောတာ လွဲမလွဲ သိချင်လိုက်တာ ။
snow white
April 7, 2012 at 6:30 pm
မိုးသီးလေးတွေကလည်းပုလဲလုံး လေးတွေကျနေတာဘဲ နော် ပုလဲလုံးလေးတွေ ပြုတ်ကျတယ်ဆို မန်းသူမန်းသားတွေဘဲ ချမ်းသာမှာနော် ရန်ကုန်မှာတော့ဒီနေ့ မှမိုးရွာတယ် မိုးရွာပြီးတာနဲ့ပိုပူလာ သလိုခံစားရပါတယ်
aye.kk
April 7, 2012 at 6:46 pm
လက်ထဲကမိုးသီးကကြီးလိုက်တာနော်..။
အိမ်ခေါင်မိုးတွေပေါက်ထွက်မလားတောင်ထင်ရတယ်..။
လက်ဖဝါးရေဇာကအရမ်းထင်းနေတာပဲ..။(ရိုက်ချက်ကကောင်းလွန်းတယ်)
လက်ကအောင်မြင်ရေးလမ်းကြောင်းကထင်ရှားနေတာပဲ..
ဗုဒ္ဓဟူးဂြိုလ်ခုံပေါ်ကထင်ရှားနေတဲ့မျဉ်းတိုလေးနှစ်ချောင်းကိုအားကျမိတယ်..
ဆေးပညာလေ့လာရင်အောင်မြင်နိုင်လို ့လေ။
ဝါသနာအရမနေနိုင်လို ့ထင်တာလေးပြောလိုက်မိတာပါ။
ကိုပေါက်(မန္တလေး)
April 7, 2012 at 6:54 pm
မပူနဲ့ကိုဖော
နောက်တစ်ပါတ်အဲဒီလူနဲ့တွေ့ရင် ဒီဂေဇက်က ခန့်မှန်းချက်တွေပြလိုက်မယ်လေဗျာ။
ပြိးရင်ပြန်ပြောပေးမယ်နော်.
marblecommet
April 8, 2012 at 10:54 am
ကို ပေါက်ရေ့
ခင်ညား ပို့စ်လေးဝင်ပြီး မန့်မယ်လည်းလုပ်ရော
ရဲဗလောင်းကိုခတ်နေတာပဲ
ဘာအကြောင်းမှလည်း မဟုတ် ရှိစေတော့
မိုးသီးအခု မှ မြင်ဖူးတာဗျ
ကျုပ်တော့ မိုးသီးခဏခဏကြွေစေချင်တယ်
ဘာလို့ဆို ရေခဲဈေးကြီးတော့
စကော့တလန်စမ်းရေထဲ
မိုးသီးလေးတွေ ပစ်ပစ်ထည့်ချင်လို့ဗျ ဒါဗဲ…
htet way
April 8, 2012 at 11:49 am
မင်နီရဲတာတွေကိုကြည့်တော့
ကန့်ကွက်စရာမဟုတ်ဘဲလိုက်လုပ်တာလို့ထင်တယ်
ကဲ ရဲလိုက်စမ်း
ငယ်ငယ်ကမိုးသီးကြွေတာ မြင်ဖူးတယ်။
moethidasoe
April 8, 2012 at 11:55 am
ပို့စ် တစ်ခုလုံး နီရဲနေတာပဲ ဘယ်သူ့လက်ချက်လဲ မသိရပါလား
မိုးသီး အကြောင်းတင်တာ မကြိုက်ရင် ဧကံတ မိုးသီးဧပြီ များလား
ကိုပေါက်(မန္တလေး)
April 8, 2012 at 1:18 pm
ကြိုက်သလိုသာနီပေတော့ ။
ဒီအနီကိစ္စကို သူကြီးကိုယ်တိုင်ကရှိနေစေချင်တယ်လို့ယူဆပါတယ်။
နောက်ပြီး တမင်သက်သက်ကို လိုက်လုပ်နေတာကလဲ တကယ့်ကိုသေချာပါတယ်။
အဲတော့ ………………………..
ဆူး
April 8, 2012 at 3:12 pm
အနီ ပေးတဲ့ လူ ရဲ့ စိတ်က တော်တော် ထူးဆန်းတယ်။
ဘာမှ ပြသနာ ရယ်လို့ ဖြစ်တာတွေ မရှိပဲ အနီတွေ လိုက်ပေးတာ ထူးဆန်းတယ်နော်။
မွန်မွန်
April 8, 2012 at 3:15 pm
ခုမှမြင်ဖူးတယ်..
ကျေးဇူးပါ လေးပေါက်…
မသိလို့နော်..အဲမိုးသီးက စားလု့ိရလားဟင်…:P
ဗိုက်ကလေး
April 8, 2012 at 3:24 pm
အစိမ်းစားလို ့တော့မ ရဘူးဗျ
လှော်စားရင် စိမ့်တယ်ပြောတယ်
ကိုပေါက်(မန္တလေး)
April 8, 2012 at 3:36 pm
ဟုတ်ဘူး သိမ်းထားပြီး မျက်စဉ်းလိုခပ်ရတာ
ဆူး
April 8, 2012 at 5:13 pm
မိုးသီး ဆိုတာ ရေခဲ တမျိုးပဲ မဟုတ်လား။
PH7 မဟုတ်တဲ့ နိမ့်နေတဲ့ မြင့်နေတဲ့ အက်ဆစ်ဓါတ်တွေ ဘာတွေ ပါနေမလားလို့ တွေးမိတယ်။ သိလို့တော့ မဟုတ်ဘူးနော် တွေးမိတာလေးပါ။