Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကိုးကွယ်မှု၊ Law and Faith

asiamastersApril 7, 20121min5736

Asia Masters ကျွန်တော့်ဘဝကို တဆစ်ချိုး ပြောင်းလဲစေခဲ့တဲ့သူတွေထဲမှာ ဆရာတော်ဦးဇောတိကလည်းပါတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ဆရာတော်ဦးဇောတိကနဲ့လည်း နှစ်ကြိမ်တိုင်တိုင်တွေ့ဖူးပါတယ်။ ပါရမီလမ်း ဒါယိကာတစ်ယောက်ရဲ့ အိမ်မှာ တစ်ကြိမ်နဲ့ ရန်ကုန်-ပဲခူး လမ်းဘေးက နေရာမှာတစ်ကြိမ်ဖြစ်ပါတယ်။ လူသားတွေဟာ များများသိရမယ်။ များများသိရင်များများရွေးချယ်နိုင်တယ်ဆိုတဲ့ အလွန်မှန်ကန်တဲ့ အမှန်တရားကို ဆရာတော်ဆီကပဲ သင်ယူခဲ့တာပါ။ ဒီသဘောတရားကိုလည်း ကျွန်တော်ရဲ့ တပည့်တပန်းများကို ဆက်လက်ဖြန့်ဝေပေးလျှက်ရှိပါတယ်။ ဘာသာရေးနဲ့ပတ်သက်လာရင်တော့ ကျွန်တော့်အမြင်က မိမိနှစ်သက်ရာကို ရွေးချယ်ပိုင်ခွင့် Freedom of choice ရှိရမယ်ဆိုတာမှန်ပါတယ်။ Freedom of choice က Buddha ဘာသာတစ်ခုလည်းမဟုတ်ပါဘူး။ တခြားဘာသာတွေလည်းရှိပါတယ်။ ဥပမာ ခရစ်ယာန်ဘာသာဆိုရင်လည်း လူတစ်ဦးကို ခရစ်ယာန်ဘာသာဖြစ်လာဖို့ အတင်းအကျပ်လုပ်ဖို့ခွင့်မပြုထားပါဘူး။ ဘယ်လိုဘာသာတစ်ခုကိုပဲဖြစ်ဖြစ် ကိုးကွယ်ဖို့ရွေးချယ်မယ်ဆိုရင်တော့ ကျွန်တော့်အမြင်ကိုပြောရရင် နှစ်ခုလိုပါတယ်။ ပထမတစ်ခုက Law လို့ခေါ်တဲ့ လူသားတွေလိုက်နာရမဲ့ အမှန်တရားရယ်။ ဒုတိယတစ်ခုက ပြင်းပြတဲ့ယုံကြည်မှုဖြစ်တဲ့ Faith ဆိုတာလိုပါတယ်။ Law အတွက်ကတော့ လူသားတွေ ကောင်းကျိုးအတွက်၊ ဖွံ့ဖြိုးတိုးတက်မှုအတွက်၊ ကျန်းမာသန်စွမ်းဖို့အတွက်၊ အရေအတွက်တိုးပွားလာဖို့အတွက် လိုက်နာရမဲ့အချက်တွေဖြစ်တယ်။ ဒီအချက်တွေကို သိမှ လူသားတွေဟာ အကောင်းအဆိုးကိုခွဲခြားနိုင်မယ်။ ဒီတော့ လူသားတွေရဲ့ အမှန်တကယ်ကောင်းကျိုးကိုပေးနိုင်မဲ့ Law တွေကတော့ရှိရမှာဖြစ်ပါတယ်။ ဒီ Law တွေရှိယုံနဲ့မပြီးသေးပါဘူး။ ဒီ Law တွေကို ပြင်းပြင်ပြပြယုံကြည်မှု Faith ဆိုတာလိုပါတယ်။ ပြင်းပြင်းပြပြ မယုံကြည်ရင်တော့ ဘာမှ ဘယ်အရာကိုမှ ပြီးမြောက်အောင်မဆောင်ရွက်နိုင်ကြပါဘူး။ လူသားတွေဆိုတာက အကန့်အသန့်တွေနဲ့တဆင့်ပြီးတဆင့်သာ ကိုယ်ခန္ဒာ၊ စဉ်းစားဆင်ခြင်မှု၊ သိမှုတွေက တဖြည်းဖြည်းတိုးတက်လာတာဖြစ်ပါတယ်။ ဒီတော့ ဘာမှမသိသေးတဲ့လူတစ်ယောက်ဟာ ကိုယ်ထင်သလိုလျှောက်စမ်းနေလို့မရပါဘူး။ သူ့အတွက် ခိုင်မာတဲ့ Law ကိုပေးမှရတယ်။ ဒါကိုလည်းသူက ယုံယုံကြည်ကြည်လိုက်နာမှ အကျိုးများမယ်။ Law တွေက စာနဲ့ရေးသားထားတာရှိတယ်။ Law ဆိုတာက လိုက်နာဖို့ရေးသားထားတာ။ ဥပမာ အဆိပ်ဆေးပုလင်း တစ်ပုလင်းမှာ မသောက်ရလို့ရေးထားတယ်။ ဒါကို မယုံလို့ ကိုယ့်သိသလောက်နဲ့ စမ်းသောက်ပြီးမှ ယုံလို့မရဘူး။ စမ်းသောက်တာနဲ့သေမှာပဲ။ ကိုယ့်ဆရာတွေ၊ ကိုယ့်လူကြီးတွေပြောတဲ့စကားကို မယုံပဲနဲ့ စမ်းပြီးမှ ယုံလို့မရဘူး။ ဥပမာ ဆိုကြပါစို့။ လေယာဉ်မောင်းသင်ကာစမှာ လေယာဉ်မောင်းသင်ဆရာနဲ့ တပည့်ဟာ လေယာဉ်ပေါ်မှာ ဘေးချင်းယှဉ် ပြီးထိုင်ကြတယ်။ ဆရာက လေယာဉ်မောင်းပုံမောင်းနည်းတွေကို တစ်ခုခြင်း သင်ပြပေးရတယ်။ ဒါကို တပည့်ဖြစ်သူက သူများပြောတာမယုံရဘူး။ ကိုယ်ကိုယ်တိုင် လုပ်ပြီးမှ ယုံမယ်လို့ လုပ်နေချိန်မရှိဘူး။ အဆုံးအဖြတ်က သေရေးနဲ့ရှင်ရေးဖြစ်တယ်။ နောက်ကျတာနဲ့အသက်ပေးသွားရမယ်။ ဒါကြောင့် ကာလာမ သုတ်ဆိုတာကိုပြောမယ်ဆိုရင် လူသားတွေရဲ့ နားလည်မှုအဆင့်နဲ့ ဖြစ်ပေါ်နေတဲ့ အခြေအနေ Context ကိုနားလည်ရမည်ဖြစ်ကြောင်းရေးသားလိုက်ရပါတယ်။

6 comments

  • ဗိုက်ကလေး

    April 7, 2012 at 5:02 pm

    ဆရာရေ
    လက်မလေးထောင်ပြီး ဖတ်သွားပါတယ်ဗျို ့

  • metallic

    April 7, 2012 at 6:00 pm

    ဟုတ်ကဲ့ ယုံကြည်မှုနဲ့ လိုက်နာမှုကြားမှာ
    ပြတ်နေခဲ့တဲ့ကွင်းကလေး ဆက်ဘို့ နီးစပ်လာပါပြီ
    ကျေးဇူးပါ

  • kai

    April 8, 2012 at 8:31 am

    ဗုဒ္ဓသာသနာအနေနဲ့တော့.. ကိုးကွယ်ရာ လို့ဆိုတာနဲ့.. လွဲတာပါနေပြီလို့ထင်မိပါတယ်..
    ဒါဟာ.. တခြားဘာသာကြီးလေးခု( ဟိန္ဒူ၊ ဂျူး၊ ခရစ်ယန်၊ အစ္စလမ်၊) နဲ့ .. နှစ်တွေကြာလာတာမို့.. စိမ့်ဝင်ပေါင်းကူးပြီး.. တန်းညှိလာလိုက်တာဖြစ်ကောင်းဖြစ်နိုင်ပေမဲ့.. ဗုဒ္ဓဟာ.. လူသားဖြစ်နေတာမို့.. ကိုးကွယ်တာပါလာရင်.. လူသားအချင်းချင်း တန်းတူမှုကိုဖေါက်ဖျက်လိုက်တာလို့.. တွေးမိလို့ပါ..။

    မဟာလူသားဖြစ်တဲ့.. ဗုဒ္ဓဟာ.. ထာဝရဘုရားသခင်မဟုတ်သလို .. သူ့ဆီမှာ ဆုတောင်းယူလို့/ ဆုပေးလို့မရသူဖြစ်တယ်လို့နားလည်ထားတာကလည်း တကြောင်းမို့ပါ…

    ဆိုတော့…
    Law and Faith ပဲ…။ :mrgreen:

    • မိုးတိမ်

      July 25, 2012 at 9:48 pm

      ဗုဒ္ဓဟာ.. လူသားဖြစ်နေတာမို့.. ကိုးကွယ်တာပါလာရင်.. လူသားအချင်းချင်း တန်းတူမှုကိုဖေါက်ဖျက်လိုက်တာလို့.. တွေးမိလို့ပါ..။

      တစ်ခုတော့မေးချင်တယ် သူကြီး…
      ဘာမှမရေရာတဲ့ တဆင့်ခံသူပြောတာနဲ့ ၊ကိုယ်တိုင်ပိုင်ပိုင်နိုင်နိုင် င့ါလိုဒီလိုလုပ်ကြ
      ဒါဆိုငါ့လိုဒီလိုဖြစ်ရမယ် ဆိုပြီးပြောရဲတဲ့ သတ္တိချင်းတော့ကွာမယ်ထင်ပါ၏။
      ဘာမှမသိရတဲ့ ဘုရားသခင်ကို ကိုးကွယ်တာထက်စာရင်
      သီလ၊သမာဓိ၊ပညာကြီးကျယ်မြင့်မြတ်သူလူတစ်ယောက်ကို ကိုးကွယ်တာပိုပြီး
      သဘာဝကျတယ်ထင်မိပါကြောင်း လူထဲကလူတစ်ယောက်ကထင်မြင်ယူဆပါတယ်။

  • မိုးတိမ်

    July 25, 2012 at 9:52 pm

    လေယာဉ်မောင်းသင်ကာစမှာ လေယာဉ်မောင်းသင်ဆရာနဲ့ တပည့်ဟာ လေယာဉ်ပေါ်မှာ ဘေးချင်းယှဉ် ပြီးထိုင်ကြတယ်။ ဆရာက လေယာဉ်မောင်းပုံမောင်းနည်းတွေကို တစ်ခုခြင်း သင်ပြပေးရတယ်။ ဒါကို တပည့်ဖြစ်သူက သူများပြောတာမယုံရဘူး။ ကိုယ်ကိုယ်တိုင် လုပ်ပြီးမှ ယုံမယ်လို့ လုပ်နေချိန်မရှိဘူး။ အဆုံးအဖြတ်က သေရေးနဲ့ရှင်ရေးဖြစ်တယ်။ နောက်ကျတာနဲ့အသက်ပေးသွားရမယ်။ ဒါကြောင့် ကာလာမ သုတ်ဆိုတာကိုပြောမယ်ဆိုရင် လူသားတွေရဲ့ နားလည်မှုအဆင့်နဲ့ ဖြစ်ပေါ်နေတဲ့ အခြေအနေ Context ကိုနားလည်ရမည်ဖြစ်ကြောင်းရေးသားလိုက်ရပါတယ်။

    အဲဒါကကော တစ်ကယ်လားဗျ။

Leave a Reply