အမြင်မတော်လို ့

ဂ်စ္စူApril 8, 20121min56424

ဒီရက်ပိုင်း ခပ်ပျင်းပျင်းရှိသော နေ ့ရက်များပါပဲဗျာ..နဂိုထဲက ငပျင်းဖြစ်တာလဲ ပါသပေါ့လေ။
ပြီးတော့..အူးချောတို ့လို အပျင်းပြေ ဟန်းနီးမွန်းခရီးလဲ မထွက်နိုင်၊ဦးနိုတို ့လို ကာဒါအိုခေ အနှိပ်ခန်းသွားရင်သွား
မသွားချင်လဲ အဲကွန်းလေး အေးအောင်ဖွင့်၊အင်တာနက်သတင်းလေးကြည့် ၊ဘီယာအေးအေးလေးသောက်ပြီး
ဇိမ်ခံရအောင်လဲ ဘဝပေးကံကမကောင်း၊ မန်းလေးက အူးပေလို ဘောပွဲလေးလောင်း၊အချိန်မှန်
ဘီယာလေးစုပ်နေနိုင်အောင်လဲ ကျောက်အရောင်းအဝယ်က မကောင်းလှပြန်တော့လဲ
ကျနုပ်ဗိုက်ခလေးခမျာ အင်္ကျ ီလေးချွတ်၊ပုဆိုးလေးတလှပ်လှပ် ယပ်တောင်လေးတခပ်ခပ်နဲ ့
ပူလောင်လှတဲ့ လောကဓံကြီးကို ငြီးငွေ ့စွာ ဖြတ်သန်းနေရရှာသပေါ့ဗျာ။
ဘဝကပူရတဲ့ကြားထဲ လက်ကမြင်းကျောထ လျှောက်လျှောက်ကလိရာက
ကိုယ့်ထက်ပူတဲ့လူတွေ အမြင်မတော်ရာလေးတွေ မြင်ရကြားရပြန်တော့လဲ ဒီမိုကဒေစီခေတ်ကြီးကို
လျှောက်လှမ်းနေကြချင်းအတူတူ ရွာစားတို ့ကိုလဲ အပူလေးတွေ၊အမြင်မတော်တာလေးတွေ တန်းတူခံစားနိုင်အောင်နဲ ့
စိတ်ပြေလက်ပျောက်ဖြစ်အောင် မျှဝေပါရစေရယ်လို ့ စကားပလ္လင်ခံပါရစေဗျာ။

♦ အရေးကြီးမယ်ထင်တာလေးက သင်္ကြန်မှာ သိပ်မကဲဖို ့NLD ကသတိပေးတာလေးဖြစ်ပါတယ်။
အင်တာနက်သတင်းတော်တော်များများမှာ ဖော်ပြထားပေမဲ့ ထုံးစံအတိုင်း ဒီမိတ္တူလေးကို
ဧရာဝတီဘလော့ဂ် (-http://www.irrawaddyblog.com/2012/04/nld_08.html-)ကပဲ ကူးပြီးဖော်ပြပါရစေ။
မန္တလေးအပြင် တစ်ပြည်လုံး လိုက်နာသင့်တဲ့ ထုတ်ပြန်ချက်လေး မို ့ အားလုံးပဲ လိုက်နာသင့်လို ့ပါ။
သင်္ကြန်အကြောင်းပြ ပျော်ရာက မတော်တဆပြဿနာဖြစ်မိခဲ့ရင် ကြားထဲ့က NLD နာမည်ပျက်နိုင်သမို ့ပါ။

..

….

**********************************************************************

♦ ဗိုလ်ချုပ်ဟောင်း ဦးခင်ညွန် ့ဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဒီပဲယင်း အရေးအခင်းမှာ သူ ့လူတွေလွှတ်ပြီး
ကယ်တင်ဖူးတယ်လို ့ ဘန်ကောက်ပို ့စ် (-http://www.bangkokpost.com/news/investigation/287955/in-his-own-words-the-rise-and-fall-of-khin-nyunt-)
က သတင်းကို ဘာသာပြန်ပြီး အင်တာနက်သတင်းတော်တော်များများမှာ ဖော်ပြနေကြတာတွေ ့ရပါတယ်။
သိချင်ဖတ်ကြည့်ကြပါ။ကျုပ်တော့ အီးမကျွမ်းလို ့သေချာမသိပါဗျို ့။
အဲ..အဲ..
ရေးနေရင်း ကျုပ်တို  ့ရွာစား ပေစိ က ဒီသတင်းကို ရွာထဲက
ဒီလင့်ခ်မှာ https://myanmargazette.net/113687/politics-news-issues/ မှာ
တင်ထားပါတယ်ဗျို ့။
နောက်တိုးပေါ့။ 😀

*********************************************************************************

♦ ပဲခူးတရားသူကြီး ဦးအောင်ဖုန်းဝင်းရဲ့ ဇနီးက အိမ်အကူခလေးမလေးကို မီးပူနဲ ့ ကပ်တဲ့ ကိစ္စရဲ့
နောက်ဆက်တွဲသတင်းကို မိုးသီးဇွန်ဘလော့ဂ် (-http://komoethee.blogspot.com/2012/04/blog-post_8449.html-)မှတစ်ဆင့်
ဒီလိုသိရပါတယ်

“နောက်ဆက်တွဲ သိရသည့် သတင်း အချက်အလက်များနှင့် ပတ်သတ်၍ ပဲခူးမြို့ဒုတိယမြို ့နယ် တရားသူကြီး ဦးအောင်ဖုန်းဝင်းကို ပဲခူးကနေ တောင်တွင်းကြီး မြို့နယ်တရားရုံးသို့ လက်ရှိရာထူးအတိုင်း
ပြောင်းရွှေ့ပေးလိုက်သည်ဟု သိရပါသည်။ အခု မီးပူနှင့် အကပ်ခံလိုက်ရသည့် မိန်းခလေးမှာ ပျောက်ဆုံးနေသည်ဟု သတင်း ထွက်ပေါ်နေပြီး မိန်းခလေး၏ မိဘများကိုလည်း ရေနွေးပူ လောင်သည်ဟု
ပြောကာ အမှုမဖွင့်ရန်လည်း ငွေပေးပြီး ခြိမ်းခြောက် ထားသည်ဟု သိရပါသည်။ အခု လက်ရှိ အခြေအနေအရ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးဝင်းတင်၏ နေအိမ်ကို ပိတ်ထားပြီး တရားရုံးနှင့်
ဌာနဆိုင်ရာများက ယင်း အမှုကိစ္စ လိုက်ပါဆောင်ရွက်နေသူ လမ်းပြကြယ် ဦးအေးမြင့်အား သတင်း ဆက်မတင်ရန် လာရောက် တောင်းပန်နေကြောင်းလည်း သိရှိ ရပါသည်။ ”

ကလေး တစ်ယောက်ကို ကာကွယ်ပေးရမယ့် တရားဥပဒေအဖွဲ ့အစည်းကတရား သူကြီး ကိုယ်တိုင်ကျူးလွန်တဲ့ဒီရာဇဝတ်မှုကို မြန်မာ အစိုးရက ထိရောက်စွာ အရေးမယူနိုင်တဲ့ အတွက် နိုင်ငံတကာ ကလေးသူငယ်များညှဉ်းပန်းနှိပ်စက် ခံရမှုကာကွယ်ပေးတဲ့ UNICEF အဖွဲ ့အစည်းက “Child protection from violence, exploitation and abuse” ဌာနကို မြန်မာ နိုင်ငံယူနီဆက် အဖွဲ ့ကတဆင့်တိုင်ကြားအရေးယူနိုင်ဖို ့ကိုမိုးသီးဇွန် ရဲ ့အဆက်အသွယ်များမှတဆင့် ကူညီပေးပါ။

အောက်မှာ အီးမေးလ်နဲ ့ဆက်သွယ်ရမယ့် လိ်ပ်စာတွေ ရှာပေးလိုက်ပါတယ်။ UNICEF မြန်မာ 14th and 15th Floor Traders Hotel No. 223, Sule Pagoda Road Kyauktada Township Yangon, Myanmar ရန်ကုန် တယ်လီဖုန်းနံပါတ်များ 375.527 – 375.532 375.547 – 375.548 381215, 386423 95-1-375552 အီးမေးလ် yangon@unicef.org အခြား နိုင်ငံတကာ ကလေးသူငယ်များ ကာကွယ်ရေးအဖွဲ ့အစည်းတွေ ကနေ တဆင့်လဲတိုင်ကြားပေးနိုင်ရန် info@childhelplineinternational.org helpline@childwise.net Carol@childwise.net Jess@childwise.net

မီးပူနဲ ့ အကပ်ခံရတဲ့ ခလေးမရဲ့ ဗွီဒီယိုဖိုင်ကို
Youtube (http://www.youtube.com/watch?feature=player_embedded&v=x8duTGtR0-M) မှာကြည့်ရတော့
တော်တော်လေးစိတ်မကောင်းဖြစ်မိပါတယ်။
ဒီကလေးမလိုပဲ တခြားအိမ်အကူ ကလေးတွေလဲ အိမ်ရှင်တွေရဲ့ နှိပ်စက်မှုအမျိုးမျိုးကို ခံနေရမယ်ဆိုတာ ကျိန်းသေပါတယ်။
ဒီလိုအဖြစ်မျိုးတွေကလွတ်ကင်းကြအောင် ဘာလုပ်ကြမလဲ ကျနော်မတွေးတတ်၊မဖြေရှင်းတတ်နိုင်အောင်ပါပဲဗျာ။

****************************************************************************************

♦ လူဝတ်လဲသွားတဲ့ ဟိုအဘကြီးရဲ့မြေးတော် ဖိုးလပြည့် တစ်ဖြစ်လဲ အရေးကြီး သံအမတ်ကြီးတစ်ဦးရဲ့သတင်းလေးကြားရတော့
ငိုရခက်ရယ်ရခက်ပါပဲ။

“ဧပြီလ-၆၊ ၂၀၁၂- မနက် ရနာရီထွက်မယ့် ရန်ကုန်-နေပြည်တော် မြန်မာ့
လေကြောင်းလိုင်း အတွက် ခရီးသည် ၈ဝကျော်မှာ သာမာန်ပြည်သူတွေ
အပြင် အစိုးရ အရာရှိကြီးများ၊ ကိုရီးယား NGO အရာရှိများ နှင့် သံအမတ်
တဦးပါဝင်တဲ့ လေယာဉ်ခရီးစဉ်ဟာ ရး၃ဝ ထွက်ရမှာဖြစ်ပေမဲ့ တော်တော်နဲ ့မထွက်လို ့ခရီးသည်တွေက
လေယာဉ်အမှုထမ်းတွေကို မေးတဲ့အခါ အရေးကြီး သံတမန်တစ်ဦး မလာသေးလို ့မထွက်တာလို ့ဆိုပါသတဲ့။
တစ်ကယ်တော့ အဲဒီသံတမန်ဆိုတာက လေယာဉ်ပေါ်ငုတ်တုတ်မေ့နေတာကြာပြီ။သူ ့ကို ရာသီဥတုမကောင်းလို ့
မထွက်သေးတာပါလို ့ ဖောပြီး မြေးတော်လာရောက်တဲ့အချိန် ၈း၃ဝထိ စောင့်ပြီး သံတမန်လဲ
သူ ့နာမည်အလွဲသုံးစားလုပ်ခံရ၊ ငုတ်တုတ်မေ့ပြီးလဲ စောင့်ရရှာပေါ့ဗျာ။
အပြည့်အစုံ ဒီမှာ (http://komoethee.blogspot.com/2012/04/blog-post_7135.html) ဖတ်ကြည့်ပြီး
ကိုယ့်ဘာသာ ဆက်စဉ်းစားကြပါတော့ဗျာ။

*****************************************************************************************

အမြင်မတော်တာလေးတွေ နောက်ထပ် ရှိပါသေးတယ်
မဲဆွယ်တုန်းကတော့ရေတွင်းတူး၊ကျောင်းဆောက်၊လမ်းဖောက်မယ်ပြောပြီး မဲလဲရှုံးကော ရေတွင်းပိတ်
ကျောင်းဖျက် အလုပ်ဖြုတ်တာတွေ ၊ချေးထားတဲ့ငွေ ပြန်သိမ်းသွားတာတွေ မြင်မိကြားမိပါသေးတယ်။
ကျုပ်တို ့ငယ်ငယ်ကလိုပဲ လိုတစ်မျိုး မလိုတစ်မျိုးလေးတွေ၊
တစ်ကယ်ဆို သူတို ့အနေနဲ ့ ဒီလို လုပ်သင့်လား မလုပ်သင့်လား မသိကြဘူးထင်ပဗျာ။
NLD က လူထုရဲ့ လေးစားယုံကြည်မှုကို တစ်မှတ်ပြီး တစ်မှတ် ယူနေတဲ့အချိန် သူ တို ့ခမျာ တစ်မှတ်ပြီးတစ်မှတ်
နုတ်နုတ်ပစ်နေသလိုပဲဆိုတာ မသိကြဘူးလားမသိ။ဒီကြားထဲ ကံဆိုးမသွားရာ မိုးလိုက်လို ့ရွာ ဆိုလားဘာဆိုလား
ကျုပ်လဲ မြန်မာစကား ရေလည်မသုံးတတ်လို ့တတ်သလောက်နှိုင်းပြောရရင် မဲရှံးလို ့ဆုံးရှုံးမှုတွေ
ဖြေဆည်မရတဲ့အထဲ မီးမလာ၊ရေမလာ ထပ်ဖြစ်တော့ ပြည်သူတွေရဲ့ မေတ္တာပို ့ခြင်းပါ ထပ်လောင်းခံနေရပါပကောလားဗျာ။
တစ်ကယ်ပဲ ဖြတ်သလား၊မဲရှုံးလို ့ပဲ ဖြတ်သလား သေချာတော့မသိပါဘူး။
ဒါပေမဲ့ ..ဟုတ်သည်ဖြစ်စေ.မဟုတ်သည်ဖြစ်စေ အရပ်ထဲမှာ လူတွေနစ်နာမှုတစ်ခုဖြစ်တိုင်း NLD ကိုမဲပေးလို ့
ဖြစ်ရတာ၊လိုချင် ဖြစ်ချင်ရင် ဒေါ်အောင်ဆန်းစုကြည်ဆီသွားတောင်း ဆိုတဲ့စကားမျိုးထွက်ထွက်လာတယ်။
အဲဒီအချိန် NLD ကသာ ရေ၊မီး၊လမ်း စတဲ့ အခြေခံလိုအပ်ချက်တွေ အချိန်မီဖြည့်ဆည်း ကူညီလိုက်မယ်ဆို
တခြားပါတီများခမျာ လွှတ်တော်ထဲရောက်ဖို ့ ဝေးသထက် ဝေးသွားမယ် ထင်မိပါရဲ့ဗျာ။

တော်သေးပြီဗျာ..
အပျင်းပြေ ပို ့စ်မတင်တာကြာတာနဲ ့ မေ့တွားမှာဆိုးလို ့ဆိုပြီး စမ်းတင်လိုက်တာပါ
အမြင်မတော်တာလေးရှိရင် ကျနုပ် ငဗိုက်ကို ဆုံးမခဲ့နိုင်ပါတယ်။

 

24 comments

  • ဗိုက်ကလေး

    April 8, 2012 at 6:52 pm

    ဟား..
    မိုက်သဗျာ..ဗဲဒီးဂွတ်.ဗဲမဂွတ်ထ်..

    လဂါးပေါတာပါ..
    ကိုယ့်ပို ့စ်ကိုယ်ပြန်ပြီး ဂွတ်နေရင် သဂျီး နှစ်လုံးပူနဲ ့ခေါက်မှာပေါ့..ဟုတ်ဘူးလား..ကျောင်းဒဂါရဲ့
    😀

  • water-melon

    April 8, 2012 at 6:58 pm

    တောင်မရေ
    လက်မထောင်သွားပါတယ်တော်
    ဒါနဲ့ ညည်းချီးပန်းသေးလားအေ့
    နာရန်ကုန်လာရင်
    ဝမ်းနှုတ်ဆေးဝယ်လာရအုန်းမလား
    ဘာမှာချင်သေးလဲအေ့ 😀

    • ဗိုက်ကလေး

      April 8, 2012 at 7:04 pm

      မောင်ပေ့ဆီက ကျောက်စိမ်းတစ်တုံးလောက် တောင်းခဲ့စမ်းပါဗျာ
      အဲလူက ဘောလုံးတစ်ပွဲ ပုံးနှစ်ဆယ်လောက်ခိုင်နေတာဆိုတော့ သူ ့စည်းစိမ် ကျုပ်တို ့မဖြုန်း ဘယ်သူဖြုန်းမတုန်းဗျာ

      • pooch

        April 8, 2012 at 9:46 pm

        မောင်ပေက ကျောက်စိမ်းတုံးတွေ သင်္ကြန်မဏ္ဍပ်ပေါ်မှာ ဝေမလို့တဲ့ ။ ဟိုနေ့ ကအချီကြီးအောင်ထားလို့။ အခုတောင် မဏ္ဍပ်ထောင်ထားတယ်ပြောတယ်။
        အဲ့ဒါမှီရာ ကားစီးပြီး မန​​ ္တလေးကို အမြန်လာခဲ့ဖို့ ဖိတ်ပါတယ်။ 😀

        • Thel Nu Aye

          April 9, 2012 at 12:17 am

          ကိုကိုပေ ကိုကိုပေ သများကိုလဲကျောက်စိမ်းတုံးကြီးကြီးလေး တတုံးလောက်ပို့ပါ။

          ခင်တဲ့
          သဲလေး ( ကျောက်စိမ်းတုန်းများပေးမလားလို့ ဖားကြည့်တာ ဟီဟိ )

  • Khin Latt

    April 8, 2012 at 7:55 pm

    ဗိုက်ကလေးရယ်။

    ကြည့်ရတာ ကတွတ်ပီ နဲ့ မသေးမျှင် တို့လဲ မရှိဘူးထင်ရဲ့။
    ကတွတ်ပီ မရှိလဲ ကိုယ့်ဟာကိုယ် တောလိုက်ထွက်ရောပေါ့။
    “အင်္ကျ ီလေးချွတ်၊ပုဆိုးလေးတလှပ်လှပ် ယပ်တောင်လေးတခပ်ခပ်နဲ ့” လုပ်တာ ဘေးဘီ လဲကြည့်ဦး။
    ရွာ့ ကင်မလာမန်းတွေ၊ ဝိုးမန်းတွေ က နေရာ အနှံ့နော။

    နောက်ပြီး “ကံဆိုးမသွားရာ မိုးလိုက်လို ့ရွာ” ပါတီကြီး အကြောင်း ကြားရလွန်းလို့ သနားစရာစိတ် တွေ တဖွားဖွား ပေါ်လာမိနေပြီနော်။

    ဒါထက် – မင်းရော မိန်းမကို ထမင်းနပ်မှန်အောင်ချက်ကျွေး နေရဲ့လား။
    ဒါမှမဟုတ် မိန်းမကို နှင်ချ လိုက်ပြီလား။ 😆

    အရီး မှ အမြင်မတော်လို့ ရှိတဲ့ အချိန်ကို ခြစ်ချုပ်ပြီး အားပေးတွားကြောင်း။
    အညားဂျီး ဝင်မဆွေးနွေး နိုင်တာ စောဒီး ဖြစ်ပါကြောင်း။ 🙂

    • ဗိုက်ကလေး

      April 9, 2012 at 11:15 am

      ခုလို ကြယ်သုံးပွင့်ပိုင်ရှင် ဗိုလ်ကြီးတစ်ယောက်အနေနဲ ့ မအားတဲ့ကြားထဲက လာအားပေးခဲ့တာ အတိုင်းမသိ
      ဝမ်းသာမိပါအိ အရီးလတ်ရေ
      များမိန်းမကို ထမင်းလဲချက်ကျွေး နင်းနှိပ်လဲပေးတယ်
      ဒါပေမဲ့
      မိန်းမက .ဘီအီးဖိုးမတတ်နိုင်လို ့ များကိုနှင်ချလိုက်ပါတယ်.ဂျီးဒေါ်ရယ်
      စဂါးမစပ်
      သဂျီး ဒေါ်လှတစ်သိန်းလောက်ချီးဘာ
      😀

  • ကိုရင်မောင်

    April 8, 2012 at 8:24 pm

    တနေရာထဲမှာသတင်းစုံဖတ်လိုက်ရလို့
    ကျေးဇူးဘဲဗိုက်ကလေးရေ….
    ဟိုတလောကဘယ်ပျောက်နေတာတုန်း…..

    • မိုင်ဆွန်ခ မင်္ဂလာတရာ;အော...........

      April 8, 2012 at 11:26 pm

      ဟာကိုနာဂကြီးဘယ်ပျောက်နေတာတုန်းဗျ………………
      မတွေ့တာကြာပေါ့နော…………
      ရှမ်းပြည်သား(တောင်ပိုင်း)နာမည်မဟုတ်တော့ဘူးနော်….ကျွန်တော်ပြောင်းထားတယ်….နာမည်
      အပုန်းအကွယ်တယ်ကောင်းသကိုးဗျ……. စစ်တွေသားကြီး………

  • Thel Nu Aye

    April 9, 2012 at 12:15 am

    အင်း ဗိုက်ဗိုက်အမြင်မတော်တာ နဲ့ပဲ သများလဲတခြားဆိုဒ်တွေသွားစရာမလိုတော့ဘူး။ မိဗိုက်ကျန်းမာပါစေ။
    အင်္ကျ ီလေးချွတ်၊ပုဆိုးလေးတလှပ်လှပ် ယပ်တောင်လေးတခပ်ခပ်နဲ ့ပူလောင်လှတဲ့ လောက ဓံကြီး ကို ငြီးငွေ ့စွာ ဖြတ်သန်း ရင်း လေဖြတ်ခြင်းမှကင်းဝေးပါစေ။ ဘဲချောချောလေးများနဲ့လဲဆုံနိုင်ပါစေ။

  • ကြောင်ကြီး

    April 9, 2012 at 8:10 am

    အမြင်မတော်
    ဆင်တော်နဲ့ခလောက်
    ကြင်သနော်
    အဝင်တော်မဲ့အပေါက်
    မထင်ပေါ်
    နင်ဆော်တဲ့အခြောက်
    ဘုရင်ခေါ်
    ရွှင်ပျော်တဲ့ပိတောက်…။

    • အရင့်ရောင်

      April 9, 2012 at 12:39 pm

      ကြောင်ချီး လုပ်လိုက်လို့ကတော့နော်
      နင်ဆော်တဲ့အခြောက် ဘယ်ရေက်နေတာလဲ
      ထည့်မရေးဘူးနော် ဟွန်းးးးးးးးးးးးးး

  • kyeemite

    April 9, 2012 at 9:26 am

    မိဗိုက်ရေ..သတင်းတိုထွာတွေ
    ဖတ်သွားပါဒယ်အေ့…

  • ဗိုက်ကလေး

    April 9, 2012 at 11:45 am

    အူးဖျဲသီးတို ့၊အူးပွတ်ချ် တို ့၊ကြယ်သုံးပွင့်ရှင် ဘိုကြီးအရီးလတ်တို ့၊ ကိုဆင်ပြောင်တို ့
    (အရင်တုန်းက ဆင်ကြီးဖင်ပြောင်နေတဲ့ပုံတင်ထားလို ့ပါ)၊ ကိုသန်းထွဋ်ဦးတို ့(ခုမှပေါ်လာတယ်နော် ဆရာဘယ်ပျောက်) ၊အူးကြောင်ဂျီးတို ့၊
    ကိုတောင်ရှမ်းတို ့၊ အရက်သမလေး ဒေါ်ကြီးမိုက်တို ့အား အထူးပဲ ကျေးဇူးတင်ပါမိပါအိ။

    စကားမစပ်
    ကျနော့်ပို ့စ်မှာ ကိုပေလိုက်လိုက်ပြီး အနီတွေပေးနေတယ်သဂျီးရေ
    အရေးယူပေးပါ 😆
    လဂါးပြောတာဘာ..
    ကိုပေလုပ်တာမဟုတ်ပါဘူး..အခြောက်မလေးဖျဲသီး လိုက်လုပ်နေတာပါ
    😀

  • ဖားသက်ပြင်း

    April 9, 2012 at 11:54 am

    တွေ့သလောက်တော့ လိုက်စိမ်းခဲ့ပါတယ်ချင့်..

    ဇဂါးမစပ် … ဒေါ်စိန်ပေါက် ကို ဟို နယ်စည်းမခြား အရက်သမား အဖွဲ့ထဲ ပါမယ်မှတ်နေတာ…
    ဘောက်မဲ့ကြောင့် ဒေါ်စိန်ပေါက် အနှီအဖွဲ့ ကို မဂျွိုင်းသလဲ သိဂျင်သား….

    😀

    ခင်တဲ့
    ဂီ

    • ဗိုက်ကလေး

      April 9, 2012 at 11:59 am

      ကျနော်က အရက်မသောက်တတ်ပါဘူးဗျာ..
      အရက်သမားတွေဆိုလဲ ကျနော် အင်မတန်မုန်းပါတယ်..အဲဒါကြောင့်ပါ

      • အမတ်ဒိန်

        April 9, 2012 at 12:27 pm

        အမြင်မတော်တာတွေ ရှောင်စေချင်တဲ့ မန်းလေး NLDကိုအားပေးပါ၏..
        ဒါနဲ့ ကပေါက်ဖော်..
        ဘယ်နှယ့် နင့်ဘာသာမကြိုက်လို့ မသောက်တာနဲ့များ.
        သောက်တဲ့လူတွေကို မုန်းသလေးဘာလေးနဲ့..အမြင်မတော်လိုက်တာများ. 🙁
        လာထား.. တစ်ဆယ် ပါကွဲ့.. 😛

        • ဗိုက်ကလေး

          April 9, 2012 at 2:16 pm

          ကျနော်က နာမည်ကြီးထမင်းငတ်..အဲလေ..အရက်ငတ်ပါဗျာ..
          ရွာထဲမှာသာ သတ်သတ်ပုလင်းကိုင်ပြီး လျှောက်ရမ်းနေတတ်တာပါ
          အပြင်မှာ အနံ ့တောင် မခံပါဘူး..တစ်ဂယ်ပြောတာပါ
          မသောက်တတ်ပေမဲ့ သောက်တဲ့လူတွေကိုမမုန်းရဲပါဘူးဗျာ
          တော်ကြာ စိတ်ဆိုးလို ့ရွာထဲက ယမကာလုလင်တွေစုပြီး နဖူးတစ်ယောက်တစ်ချက် ဝိုင်းတောက်ရင်တောင်
          ကျနုပ်ငဗိုက် ဘဝတခြား လားရနိုင်လောက်အောင် အင်အားတောင့်လို ့ ကြောက်ရပါချည်ရဲ့ဗျာ
          😀

  • blackchaw

    April 9, 2012 at 12:58 pm

    ဟကောင်လေးရ။
    ကိုနိုဇိုးမိကြီး ကာရာအိုကေသွားတာတွေ အနှိပ်ခန်းသွားတာတွေ လျှောက်မရေးပါနဲ့လို့
    ဟိုတလောက မင်းတို့ ငါတို့ကို ဘီယာတိုက်ပြီး နှုတ်ပိတ်ထားရက်နဲ့ကွာ။
    အခုတော့ လူစုံတုန်းလေး အင်တာနက်ပေါ်တက်ပြောလိုက်တော့
    တော်တော် စိတ်ဆိုးနေတယ်ပြောတယ်။
    ငါပြောတာမဟုတ်ဘူးနော်။
    လစ်ပြီဟေ့။
    😛

    • ဗိုက်ကလေး

      April 9, 2012 at 2:09 pm

      ဆောဒီးပါ ကိုချောရာ
      အဲနေ ့က ကျနော်သောက်တာများပြီးမေ့တွားလို ့ မမှတ်မိလိုက်ဘူးဖြစ်သွားတယ်
      အဲတာကြောင့် လွှတ်ကနဲ တမင်တကာ ရေးမိသွားတာပါ

      အူးနိုရေ
      တောင်းပန်ပါတယ်ဗျာ.
      စိုက်တွေမှာကဲခဲတဲ့ အကြောင်းတွေ ထပ်မဖွတော့ပါဘူး ကတိပေးပါတယ်

  • ဗိုက်ကလေး

    April 9, 2012 at 8:11 pm

    ဒီနေ ့မနက် ၈ နာရီမှာ ဦးခင်ညွန် ့ရယ် သူ ့သားနှစ်ယောက်ရယ် မြေးငါးယောက်ရယ် ဟာ
    တာမွေက အာင်မြေဗောဓိဓမ္မရိပ်သာ အလိုတော်ပြည့်ေ ကျာင်းတိုက် မှာ
    ရဟန်းခံရှင်ပြုကြတယ်လို ့သိရပါတယ်။ တစ်ပတ်ကြာ ဝတ်မယ်လို ့ပြောပါတယ်။..
    ဒီမှာ ကြည့်ကြပါ.http://www.facebook.com/PopularNewsJournal

    ရွာထဲက ကြီးမိုက်တို ့၊မကြီးမငယ်မိုက်တို ့လဲ တရားရသင့်ပြီထင်ပါတယ်နောာ

    • ဦးဦးပါလေရာ

      April 9, 2012 at 8:52 pm

      အင်း … ကျုပ်က ဘုန်းကြီးမဟုတ်လို့ လက်အုပ်မချီနိုင်ဘူးချည်း ပြောပြောနေတာ…
      သူက အခုတကယ် ဘုန်းကြီးဟုတ်သွားတော့မယ်ပေါ့… 🙁

  • ဦးဦးပါလေရာ

    April 9, 2012 at 10:07 pm

    အမေစုရဲ့စကားကို “တကယ်” နဲ့ “ ကြာကြာ” နားထောင်ကြဘို့လိုပါတယ်။
    မန္တလေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပန်ကြားလွှာကို ထောက်ခံကြိုဆိုပါတယ်။

    ကျုပ်တို့လူမျိုးက စိတ်ခံစားမှု့ဦးစားပေးပြီး ကိုယ့်ပွဲကိုယ်ဖျက်တတ်တယ်..။
    အဲဒါလေး ဩဇာရှိသူတွေက တက်ညီလက်ညီ ဝိုင်းထိန်းစေချင်တာပါပဲ။

Leave a Reply