နှစ်သစ်ကူး စတုဒီသာ စားကြပါအုံးဗျာ

နှစ်သစ်ကူး စတုဒီသာ

တို့ရုံးမှာ လုပ်စားကြ

ကျတော်များက ရွှေရင်အေး

ဟိုဘက်ဘေးက မုန့်လက်ဆောင်း

စားလို့ကောင်းပြီး အများပျော်ရွှင်

ခင်မင်သူ ရွာသားများ

အားပေးကြစို့လား….။

ပုံ-၁ အုန်းနို့၊ နို့စိမ်း နဲ့ နို့ဆီ ရောသမလို့ မွှေပါသည်

 

ပုံ-၂ ရေခဲလေးတွေနဲ့ မုန့်ဖက်
ပုံ-၃ ကျောက်ကျော နဲ့ မုန့်ပွဲလေးအရောင်လှအောင်ထည့်တဲ့ မျှော့ချောင်း

 

ပုံ-၄ ဟိုနောက်က ပေါင်မုန့်ထုပ်၊ ကောင်ညှင်း နဲ့ သာကူ ပုံးများ

 

ပုံ-၅ အားလုံးပေါင်းလိုက်တော့ ဒီမုန့်ပွဲလေးဖြစ်လို့လာ

 

ပုံ-၆ စားကြပါအုံး ရွားသူားတို့ရာ တကယ်ကောင်းတယ်ဗျာ

ကဲ ကိုယ့်ဦးစီးဌာနက လုပ်တဲ့ ရွှေရင်အေးကျွေးပြီးရင် ဟိုဘက်ဌာနမှာ မုန့်လက်ဆောင်းတိုက်နေတယ်တဲ့..။ သွားတန်းစီရအောင် လိုက်ခဲ့ကြအုံး..ဟီး။

ပုံ-ရ ကျွေးပါအုံး ကျွေးပါအုံး မုန့်လက်ဆောင်းတွေကျွေးပါအုံး

 

ပုံ-၈ သုံးခွက်ယူလာခဲ့တယ်နော်

 

ပုံ-၉ ကဲ သူတို့ကုသိုလ်လေး အထမြောက်အောင်း ဆွဲလိုက်ကြစို့

ရွှေရင်အေးရော မုန့်လက်ဆောင်ရော စားလိုက်ရတော့ ရွာသူားတွေ အီသွားပြီလားဗျ..

ကျနော်တော့ ကော်နက်ရှင် သိပ်မကောင်းတော့ ပုံတစ်ပုံတင်လိုက် ဆေ့ဖ်လုပ်လိုက်မို့ ဗိုက်နဲနဲ ချောင်သွားတယ်..။ အဲ အဲ ပို့စ်ရေးနေတုံး နောက်ဌာနတစ်ခုက ကျောက်ကျောနဲ့ မုန့်လုံးရေပေါ်တဲ့ လာပို့ပြန်ဘီ..။ အို..လာထား ထပ်စားတာပေါ့..နောက်ဆက်တွဲ တစ်ပုံ

ပုံ-၁ဝ ငြုတ်သီး ပါသွားရင်တော့ စိတ်ဆိုးရဘူးနော်

ဘိုင့်ဘိုင် နှစ်ဟောင်း၊ စိတ်ဟောင်း၊ အတွေးအခေါ်ဟောင်းနဲ့ စနစ်ဟောင်းတို့ရေ..

ကျနော်တို့ နှစ်သစ်၊ ခေတ်သစ် မှာ ပျော်ပျော်ကြီးသွားတော့မယ်..

ဘိုင့်ဘိုင်ပါဗျာ

 

35 comments

  • bo bo

    April 10, 2012 at 3:22 pm

    စားချင်စရာလေးတွေဗျာကောင်းပါတယ်သာဓု၊သာဓု၊သာဓုဗျာ။

  • ဗိုက်ကလေး

    April 10, 2012 at 3:33 pm

    ဟာ..
    ခုကတဲက ဆွဲနေကြပလားဟ
    တက်ကြွနေလိုက်ကြတာ..

    ရွာစားရေ
    ကျုပ်အတွက်တစ်ပွဲပြင်ပေးထားပါ.တစ်ပွဲပါဆယ်ထုတ်ပေးထားပါ..

  • laypai

    April 10, 2012 at 3:49 pm

    မိုက်လား ၃
    မိုက်တယ် ၃

    စားမလား ၃
    စားမယ် ၃

    သောက်မလား ၃
    သောက်မယ် ၃

    မနှစ်က ပုံ တွေ လား ? နောက်တာနော်။

    • ရွာစားကျော်

      April 10, 2012 at 5:27 pm

      အဟင့်
      စားပီးနားမလည် လုပ်ရက်တယ် လူချိုး..
      မနှစ်ကပုံတွေ ဖြစ်မလား.. ရေခဲတုံးတွေတောင် အရည်မပျော်သေးတဲ့ဟာကို
      ပုံထဲမှာ သေချာကြည့်ပါလားလို့
      နောက်ဆုံးပုံကဆို ပို့စ်ရေးနေတုံး ရောက်လာလို့ မစားခင် ဒါ့ပုံ အရင်ရိုက်ပီး ပူပူနွေးနွေး တင်လိုက်တာ .. အငွေ့တောင်မသေသေးဘူး ဟင့်
      စား စား.. ပါဆယ်ကော ထုပ်သွားဦးမလား..

  • Moe Z

    April 10, 2012 at 4:03 pm

    အားကျမခံကြွားလိုက်ဦးမယ်
    မိုးစက်တို့ရုံးမှာလည်း ဒီနေ့သင်္ကြန်ကျတယ်
    မုန့်ကတော့ ဆိုင်ကမှာတယ်

    ဒါပေမယ့် ပုံ ၆ကမုန့်လေးတော့စားချင်တယ် 😛

  • sugar sugar

    April 10, 2012 at 4:11 pm

    တစ်ပွဲလောက်ပါဗျို့ ၊ဒီနေ့ရုံးမှာ တော့ရေခဲမုန့်ကျွေးတယ် ခင်ဗျ။

  • ပိုင် ပိုင်

    April 10, 2012 at 4:35 pm

    ကိတ်မုန့်လဲ ပါဂျေးတယ်လို့ ထည့်ပြောလိုက်ဦးလေ။

  • sugar sugar

    April 10, 2012 at 4:38 pm

    မေ့ သွားလို့ပိုင်ပိုင်ရေ ၊ဟုတ်တယ် ချောကလက်ကိတ်မုန့်လည်းပါတယ်

  • mocho

    April 10, 2012 at 4:54 pm

    ရွှေရင်အေးစားချင်တယ်ဗျို့။ ရုံးအပြင်ဆင်လေးတွေ့တော့ကိုယ်လုပ်ခဲ့တဲ့ရုံးကို သတိရလိုက်တာ။
    အဖြုနဲ့ အပြာဆိုတော့ ဘာရုံးပါလိမ့်။ လူမှုဝန်ထမ်းက သူငယ်ချင်းတွေလည်းအဖြုနဲ့ အပြာ ဝတ်တယ်။

  • MaMa

    April 10, 2012 at 5:06 pm

    ရွာစားကျော်ရေ-မုန့်လက်ဆောင်းကို ၃ခွက်တောင် မ လာ တယ်လား။ 😀
    အားလုံးကြိုက်တယ်။
    ဘယ်မုန့်ကို စ စားပြီး
    ဘယ်မုန့်ကို အပီဆွဲရမလဲတောင် …
    စဉ်းစားမရဖြစ်သွားတယ်။ 😛

  • ရွာစားကျော်

    April 10, 2012 at 5:21 pm

    bo bo ရေ
    စားချင်ရင် အဝသာစားပစ် အားမနာနဲ့

    ဗိုက်ပူမရေ
    ဒါတောင် သောကြာနေ့က သာကူလုပ်တာ ဒါ့ပုံမရိုက်လိုက်ရလို့
    ပါဆယ်က ဒူ့ဖို့တုန်း..

    laypai ရေ
    စားသွား သောက်သွားတာ အားရပါးရပါလား

    မိုးဇက်ရေ
    ရုံးမှာ မုန့်ကျွေးတာကို တယောက်တည်းစားခဲ့ပြီး လက်မတို့ဘဲ လာကြွားတယ်ပေါ့ ဟွန်း

    sugar sugar နဲ့ ပိုင်ပိုင်တို့ရေ
    တရုံးတည်းသားတွေ ထင်တယ်နော်.. တယောက်က ရေခဲမုန့်၊ တယောက်က ကိတ်မုန့်ပါသေးတယ်ဆိုလိုလေ

    မိုချိုရေ
    စားချင်သလောက်အဝသာ စားပစ် အားမနာနဲ့
    လူမှုဝန်ထမ်းနဲ့ ရွားစားတို့ရုံးကပေါ့နော်.. သိပ်မဝေးလှဘူးပေါ့နော်..ပေါ့နော် 😀

    မမရေ
    ရွာထဲက ဘော်ဒါတွေ အားပေးမယ်ဆိုတာသိလို့ ၃ ခွက်ဆွဲလာတာလေ 😆
    စဉ်းစားမနေနဲ့ မုန့်အားလုံးဆွဲပစ် ခစ်ခစ်

  • sat zaw

    April 10, 2012 at 5:39 pm

    ကျွန်တော့လဲစားချင်တယ်ဗျာ ဒါမျိုးတွေနဲဝေနေဒါကြာနေပြီ ဗျာ……………..တင်ပေးတဲသူကို ့ ကျေးဇူးဘဲ
    မစာရလဲ မြင်ရဒါပေါ့ …………………….

  • ဆူး

    April 10, 2012 at 5:50 pm

    ရွှေရင်အေး ကို ကြည့်ပြီး စားချင်စိတ်ဖြစ်မိတယ်။
    ဒီနေ့တော့ ဆူး အလုပ်မှာ ဝန်ထမ်းတွေကို သာကူ စတုဒီသာ ကျွေးပါတယ်။
    ရွှေရင်အေး နဲ့ သာကူ လဲ စားမလား.. ဟိဟိ..
    ဆူး တို့ ရပ်ကွက်မှာ သင်္ကြန်တွင်း အိမ်မှာ နေရင် တနေ့ တမျိုး မရိုးရအောင် စားရတယ်။

  • Thel Nu Aye

    April 10, 2012 at 6:36 pm

    အားလုံးစားသွားပါ၏။ အလွန်ကောင်းပါ၏။ အပြင်မှာခေါ်ကျွေးလျှင်ပိုကောင်းပါ၏။

  • ရွာစားကျော်

    April 10, 2012 at 7:33 pm

    sat zaw ရေ
    ဒါမျိုးတွေနဲ့ဝေးနေတာကြာဘီဆိုတော့ နိုင်ခြံကားမှာ ရောက်နေတယ်ထင်တယ်နော်..
    မြင်ရင် စားရတယ်လို့ မှတ်လိုက်ပါနော်

    မဆူးရေ
    ကျနော်တို့လည်း ပြီးခဲ့တဲ့ သောကြာက သာကူလုပ်စားသေးတယ်ဗျ
    သင်္ကြန်တွင်းဆို အရပ်ထဲမှာ အိမ်လာဝေတဲ့ စတုဒီသာစားတာနဲ့တင် တခါတလေ ထမင်းလွတ်တယ်

    သဲနုအေးရေ
    နေပြည်တော်ကို အလည်လာခဲ့လေ စားချင်တဲ့မုန့် အပြင်မှာ လိုက်ကျွေးမယ်

  • Khin Latt

    April 10, 2012 at 7:35 pm

    ရွာစားကျော်

    အနီရောင် ကျောက်ကျော လေးတွေ ပုဂံ ထဲမှာ မပါပါလား။

    စတုဒီသာများ ကို တကယ်မစားရသော်လည်း တကယ် စားရသကဲ့လို့ တကယ် သဘောထားကာ တကယ်စားခဲ့ပါသည်။
    စတုဒီသာများ ကို ပြင်ပေးနေသော မိန်းကလေး နှစ်ယောက် ကို ကြည့်ရတာ တကယ် ချစ်ဖို့ကောင်းပါသည်။

    သာဓု၊ သာဓု၊ သာဓု။ 🙂

  • ရွာစားကျော်

    April 10, 2012 at 7:54 pm

    ပါပါတယ် အရီးရဲ့
    တမျှင်ချင်းစီကြည့်ရတော့ အနီဖျော့သွားတာ
    ချိုင့်ထဲမှာ နီနီ သေးရှည်ရှည်လေး(ကျောက်ကျောဖြူဘေးမှာ ထောင်ရပ်ကလေး) မြင်နေရတာက အဲဒါလေးတွေပါ
    နည်းနည်း အပြားပိုကြီးတာလေးတွေက ပေါင်မုန့်ဘေးသားတွေပါ

  • ဦးဦးပါလေရာ

    April 10, 2012 at 11:00 pm

    ဒီတခါတော့ တကယ်စားချင်လာပြီ
    အုန်းနို့နဲ့မတည့်လို့ ရွှေရင်အေးကို အဆက်ဖြတ်ထားတာကြာပြီလေ
    မနက်ဖန် သွားဝယ်စားလိုက်ဦးမယ်…။

    • Thel Nu Aye

      April 11, 2012 at 5:33 pm

      နွားနို့နဲ့စားပေါ့ဦးပါရဲ့။ ကျွန်မကတော့နွားနို့နဲ့လုပ်တယ်။

  • surmi

    April 11, 2012 at 12:50 am

    မုန်.လုံးရေပေါ် ကိုတော.ပိုကြိုက်သဗျ ရွာစားကြီးရေ ….
    ရန်ကုန်မှာမုန်.လုံးရေပေါ်ကဈေးအလွန်ကြီးသဗျ ။ စမ်းချောင်း ဂွ ဈေးရှေ.မှာဆိုရင် (၁၀၀) ဘိုး သုံးလုံး
    ဘဲရတာ ။ ဒါပေမဲ.လဲ စားချင်တော.လဲ စားရတာပေါ.ဗျာ ….။

  • kai

    April 11, 2012 at 3:47 pm

    အဟမ်း..
    ညကြီးမိုးချုပ် ကွန်ပျုတာလုပ်ရင်း
    ဖြတ်ကနဲ့ကြည့်တော့
    ဗိုက်ဆာမိတယ်
    ရာသီစာပေါ့…

    ဒါပေမဲ့.. အပြင်မှာမိုးရွာနေတယ်..။ ။

  • TTNU

    April 11, 2012 at 4:01 pm

    ရွှေရင်အေးဆိုရင် ရန်ကုန်ရွှေရင်အေးအကောင်းဆုံးပဲ။
    စားချင်သောက်ချင်စိတ်တွေပေါက်လာပြီနော်။

  • တီတီရေငုံနှုတ်ပိတ်

    April 11, 2012 at 10:08 pm

    ကိုယ့်ဟာကိုယ်လုပ်စားကြတာများ
    စတုဒိသာ.. တဲ့
    မကျွေးပဲနဲ့များ သွားရေကျအောင် ပုံတွေလာတင်နေတယ်…။

    မရတော့ဘူးရွာစားမင်းရေ…..
    တော်က စတုဒိသာလို့ ပြောထားမှတော့ တကယ်ကျွေးဘို့ အကြွေးတင်သွားပြီ..။
    လမ်းကြုံရင်ကျွေးပေတော့… 😛

    • ရွာစားကျော်

      April 13, 2012 at 9:37 am

      ဒီသင်္ကြန် နေပြည်တော် လာကဲလေ
      မဏ္ဍာပ်တကာ လိုက်ပို့ပြီး စတုဒိသာလှည့်ကျွေးမယ် ဟီ ဟိ 😆

    • ရွာစားကျော်

      April 13, 2012 at 9:39 am

      စကား အတင်းစပ်..
      တီတီရေငုံနှုတ်ပိတ်နဲ့ ဦးဦးပါလေရာက ဘာတော်လဲဟင် 😛

      • တီတီရေငုံနှုတ်ပိတ်

        April 13, 2012 at 12:27 pm

        တော်တော် အကုန်အကျများနေတော့မှာပဲ ရွာစားမင်းရယ်.. 😀

        အဲဒီအဘိုးကြီးရဲ့ ဦးလေးဝမ်းကွဲက ကျုပ်အဖွားရဲ့ တူတော်နေတယ်ဆိုလားပဲ… 😀

  • ရောင်ခြည်ခ

    April 13, 2012 at 11:09 am

    ဒီမှာတော့ မုန့်လက်ဆောင်ရောင်တဲ့ ဆိုင်လေးတွေတွေ့တယ်၊ ရွှေရင်အေးတော့ သိပ်မတွေ့ဘူး၊ ရွာစားကျော်တင်တဲ့ သင်္ကြန်လက်ဆောင် ရွှေရင်အေးကို အားပေးသွားပါတယ်…

  • AKKO

    April 13, 2012 at 12:33 pm

    ရွာစားကျော်ခင်ဗျာ။အားလုံးကို မြင်သာမြင်ရ မကြင်ရ လုပ်ထားတာတော့မကောင်းပါဘူး။အားလုံးက တကယ်စားဖို ့စောင့်မျှော်နေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။

  • kai

    April 13, 2012 at 2:46 pm

    အခုလာမယ့်အယ်အေသင်္ကြန်မှာ.. ထမင်းသုတ်စတုဒီတာ ကြွေးမယ်တဲ့..
    လေဒီခိုင်က…
    အားရင်လားစားကြပါခင်ဗျား…။ 🙂

  • zaw min

    April 14, 2012 at 12:55 am

    သူကြီးသာ လေယာဉ်လက်မှတ်အသွားအပြန်သာပို့လိုက်ပါ၊မအားလည်း ရအောင်လာခဲ့မယ်လေ…
    အားလုံးပဲ သဘောတူပါသလားဗျို့…..တူတယ်ဆိုရင်မီးစိမ်းပြလိုက်နော်….

  • zaw min

    April 14, 2012 at 1:02 am

    ဒါနဲ့ ကိုရွာစားကျော်ရေ…(စကားအတင်းစပ်)…ပုံ(၁)က အုံးနို့မွှေနေတာ ရွာစားကျော်နဲ့ဘာမှ မတော်ဘူးမဟုတ်လားဟင်င်င်င်….

    • ရွာစားကျော်

      April 14, 2012 at 10:11 am

      ဟပ်.. ဟပ်ချိုး.. ရွှင့် ရွှတ်..ရွှတ်.. တစ်သျူးလေးပါရင် တရွက်လောက်ဗျာ..
      အကြိုနဲ့ အကျ နှစ်ရက်ပဲ ကဲရသေးတယ် နှာစေးနေဘီ.. ရွှျီး.. 😛

  • etone

    April 14, 2012 at 9:51 am

    ဟယ်တော့ ရွာစားကျော်တို့ စတုဒီသာကျွေးနေတာ အခုမှသိလို့လာတာ … လက်မြန်ခြေမြန် စိန်ပေါက်ပေါက်နဲ့ ဖြဲမတို့စားတာနဲ့ ကုန်လောက်ပြီထင်တယ် …

    ပြောမယ့်သာပြောတာ စတုဒီသာကျွေးတဲ့ ဒီလိုအစားစာမျိုးကို သင်္ကြန်အချိန်လောက်ပဲပေါပေါများများ စားရတာလေ … 🙂

  • ဆူး

    April 14, 2012 at 9:58 am

    မနေ့က ရွှေရင်အေး ၊ ငှက်ပျောပေါင်း ၊ သာကူ ၃မျိုး စားရတယ်။
    လည်ချောင်းနာပြီး ချောင်းဆိုးနေလို့ အုန်းနို့ပါလို့ ကောင်းကောင်း မစားလိုက်ရဘူး 🙁

Leave a Reply