ဟာသလေးတွေမျဝေပေးလိုက်ပါတယ်ခင်ဗျာ

zaylayJune 12, 20101min490

ဟားဟားဟား ရယ်ရတယ်ဟေ့

(၁)
ဖက်ထုပ်လေးနှစ်ထုပ် မင်္ဂလာဆောင်တယ်။ သတို့သားဖက်ထုပ်က ဧည့်သည်တွေကို
ပြန်ပို့ပြီးနောက် အိပ်ခန်းထဲဝင်လာတယ်။ ကုတင်ပေါ်မှာ
အသားတုံးတစ်တုံးတွေ့တော့ ကြောက်အားလန့်အား ထအော်တယ်။

“ငါ့ သတိုးသမီး ဘယ်ရောက်သွားလဲ?”

အဲဒီအခါ အသားတုံးက ရှက်ရှက်နဲ့ပြန်ပြောတယ်။

“ဟင့်… သူများ အင်္ကျီချွတ်လိုက်တာနဲ့ သူများကို မမှတ်မိတော့ဘူးလားတဲ့!”

(၂)
သခွါးသီး အသဲကွဲပြီး ငိုနေတယ်။ ခရမ်းသီးက ဘေးကနေပြီး နှစ်သိမ့်နေတယ်။

“အချစ်က လှပရုံတင်မကဘူး မူးယစ်စေတယ်၊ ကြေကွဲစေတယ်၊ မျက်ရည်ကျစေတယ်၊ ဟင်း!
မင်းကွာ… ကြက်သွန်နီကိုမှ သွားချစ်မိတယ်လို့!”

(၃)
ငိုပြီးပြန်လာတဲ့ ခြင်ကလေးကို ခြင်မေမေက ဘာဖြစ်တာလဲလို့ မေးတယ်။

ခြင်ကလေး “အီး..ဟီး.. ဖေဖေသေသွားပြီ!”

ခြင်မေမေ “ဟင်း… ဖေဖေက သားနဲ့အတူ စတိတ်ရှိုးသွားကြည့်တာ မဟုတ်လား!”

ခြင်ကလေး “ဟုတ်တယ်.. ပရိသတ်လက်ခုပ်တီးတဲ့အချိန် ဖေဖေမရှောင်ခဲ့ဘူး…”

(၄)
ယောက်ျားဖြစ်သူက မိန်းမကိုမေးတယ်။

“နင့်ကိုငါ စိတ်ညစ်အောင်လုပ်တာတောင် နင်ပြန်မငြင်းခဲ့ဘူးနော်!
နင့်ဒေါသကို နင်ဘယ်လို ထိန်းခဲ့တာလဲ!”

“ငါ အိမ်သာသွားဆေးတယ်လေ”

“ထူးလို့လား?”

“ထူးတာပေါ့။ နင့်ရဲ့သွားတိုက်တံနဲ့ ဆေးတာလေ”

(၅)
ဆရာက ကျောင်းသားတွေကို KFCရဲ့ကြော်ငြာဖြစ်တဲ့ “We do chicken right”ကို
ဘာသာပြန်ခိုင်းတော့ ကျောင်းသားတွေက မတူတဲ့အဖြေတွေနဲ့ အမှားလိုက်
ဘာသာပြန်ထားကြတာတွေ့ရတယ်။ သူတို့ ဘာသာပြန်ထားတာတွေက…

(၁) ကျွန်တော်တို့ ကြက်လုပ်တာမှန်တယ်
(၂) ကျွန်တော်တို့ ကြက်လုပ်တယ်
(၃) ကျွန်တော်တို့မှာ ကြက်လုပ်နိုင်တဲ့ အခွင့်အရေးရှိတယ်
(၄) ကျွန်တော်တို့က ကြက်ညာဖက်ပဲလုပ်တယ်
(၅) ကျွန်တော်တို့က ကြက်ရဲ့ညာဖက်ကိုပဲလုပ်တယ်
(၆) ကျွန်တော်တို့ ကြက်လုပ်နိုင်တယ်။ မှန်လား?
(၇) ကျွန်တော်တို့ ကြက်လုပ်တာပဲ ကောင်းတယ်
(၈) ကျွန်တော်တို့ကပဲ ကြက်လုပ်လို့ရတယ်
(၉) ကြက်ရှိတယ်… ညာကြည့်ပါ
(၁ဝ) ကျွန်တော်တို့ ကြက်ကိုကောင်းကောင်းဆက်ဆံရမယ်
(၁၁) ကျွန်တော်တို့ ကြက်မှန်မှန်ကန်ကန်လုပ်တယ်
(၁၂) ကျွန်တော်တို့ ကြက်စစ်စစ်လုပ်တယ်
(၁၃) ကျွန်တော်တို့ ကြက်လုပ်တာ မှန်တယ်
(၁၄) ကျွန်တော်တို့ လက်ရှိကြက်လုပ်တယ်

ဘုရားသခင်ရဲ့ အလိုတော်အတိုင်း

ဘုရားသခင်ရဲ့ အလိုတော်အတိုင်း
ဒုတိယကမာ္ဘစစ်ကြီးအတွင်းက ဖြစ်သည်။ ဗြိတိသျှ နန်းရင်းဝန်(ဝန်ကြီးချုပ်) ဝင်စတန်ချာချီသည် ဂျာမန်တို့၏ လေကြောင်းရန်မှ ကာကွယ်ရန် အစွမ်းကုန် ကြိုးပမ်းလျက်ရှိသည်။ အထူးသဖြင့် လန်ဒန်မြို့ တော်မှ ကမာ္ဘကျော် “ကင်တာကာရီ” ဘုရားရှိခိုးကျောင်းကြီးကို ဂျာမန်လေတပ်မှ ဗုံးကြဲတိုက်ခိုက်မှုဒဏ်ကို အတတ်နိုင်ဆုံး ကာကွယ်ရန် အတတ်နိုင်ဆုံး စီစဉ်နေခဲ့သည်။ ထိုစဉ်က
ဗုံးကြဲတိုက်ခိုက်မှုဒဏ်ကို ခံနိုင်ရည်ရှိစေရန် သဲအိတ်များကို ဘေးပတ်ပတ်လည်မှ အများအပြားချထားခဲ့ ကြရသည်။ ချာချီသည် လူအင်အားအများအပြားဖြင့် သဲအိတ်များကို စုပြုံချထားရန် စီစဉ် အမိန့်ပေးရင်း သူ့ဘေးနားမှ ဂိုဏ်းချုပ် ဘုန်းတော်ကြီးအား ဤသို့ လျှောက်ထားလိုက်သည်။
“ဒီလို သဲအိတ်တွေ အလုံအလောက် စုပြုံပြီးချထားမယ်ဆိုရင် ဂျာမန်တွေရဲ့
ဗုံးဒဏ်ဟာ ဘယ်လောက်ပဲ အနီးကပ်ကျပြီး ပေါက်ကွဲပေမယ့် အဆောက်အအုံကို
မထိခိုက်မပျေက်စီးနိုင်ပါဘူး”
ဤတွင် ချာချီ၏စကားကို နားစိုက်ထောင်ရင်း ဂိုဏ်းချုပ်ဘုန်းတော်ကြီးက
ဂျာမန်တွေ ကြဲချတဲ့ဗုံးတွေဟာ ဘုရားရှိခိုးကျောင်းကြီးနားတစ်
ဝိုက်မကျဘဲ
ဘုရားရှိခိုးကျောင်းကြီးပေါ်ကို တည့်တည့်ကြီး ဒါရိုက်ဟစ် ကျလာခဲ့ရင်
ဘယ်လိုလုပ်မလဲ ဝန်ကြီးချုပ်” ဟူ၍ ပြန်မေးလိုက်ရာ ဖြတ်ထိုးဉာဉ်ကောင်းသလောက်
ဟာသဉာဏ်ရွှင်လှသော ဝန်ကြီးချုုပ်ချူချာချီက “ အဲဒီလို
ဒါရိုက်ဟစ် ကျလာခဲ့ရင်လည်း ဘုရားသခင်ရဲ့ အလိုတော်အတိုင်းပဲလို့
မှတ်ယူရမှာပေါ့ဘုရား” ဟု ပြန်လည်လျှောက်ထားလိုက်ရာ ဂိုဏ်းချုပ်ဘုန်းတော် ကြီးမှာ ဘာမှပြန်မပြောနိုင်အောင် ဖြစ်သွားရသည်ဟူ၏။

ကျွန်တော့် ဂေါက်ကွင်းထဲရောက်နေပြီ
ကျွန်တော့် ဂေါက်ကွင်းထဲရောက်နေပြီ
တစ်ခါက ဂေါက်သီးရိုက် ဝါသနာပါလှသော ကမာ္ဘကျော် လူရွှင်တော် ဒင်နီကေးသည်
အပျော်တမ်း ဂေါက်သီးရိုက် ပြိုင်ပွဲတစ်ုခသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
ဒင်နီကေးမှာ တစ်ခါမျှဂေါက်သီး မရိုက်ဖူးသည့်ပြင် ဘေးမှ
ကြည့်ရူအားပေးနေကြသည့် ပရိသတ် ၅၀ဝ ခန့်ရှိနေသဖြင့် ဂေါက်သီးကို
ကျင်းထဲဝင်အောင် မရိုက်နိုင်ဘဲ ရူံးသွားခဲ့ရသည်။ ဤတွင် ဒင်နီကေးက “ကျုပ်က
ပရိသတ် ၅၀,၀၀ဝ လောက်ရှိတဲ့ ရုံထဲမှာ စင်မြင့်ပေါ်ကနေပြီး သီချင်းတွေဆို
ပြက်လုံးတွေထုတ်ပြရဲပေမယ့် ဂေါက်ကွင်းထဲ က ပရိသတ် ၅၀ဝ ကျတော့ ရှိန်းဖိန်း
လန့်ဖျန့်ပြီး ဘာလုပ်ရမှန်းမသိအောင် ဖြစ်သွားခဲ့တာပါဗျ” ဟု ပြိုင် ပွဲဝင်သူ
မိတ်ဆွေများအား ရှင်းပြခဲ့သည်။
ထိုနောက် နှစ်လသုံးလခန့်အကြာတွင် ကပွရုံတစ်ခု၌ ပဒေသာကပွဲကျင်းပခဲ့ရာ
ဒင်နီကေးက သူ့မိတ်ဆွေဂေါက်သီး ပြိုင်ပွဲဝင်သူများအား ထိုပဒေသာကပွဲသို့
ဖိတ်ကြားခဲ့ရာ အားလုံးရောက် လာခဲ့ကြသည်။ ရုံထဲတွင် ပရိသတ်
သောင်းကျော်မျှရှိနေသည်။ သည်တော့မှ ဒင်နီကေးက မမျှော်လင့်ဘဲ ဂေါက်သီးသမား
သူ့မိတ်ဆွေများအား စင်ပေါ်သို့ ဖိတ်ကြား၍ သီချင်းတစ်ပုဒ်ဆိုပြကြရန်
မေတ္တာရပ်ခံခဲ့ရာ မိတ်ဆွေများမှာ သီချင်းမဆိုရဲကြဘဲ
ရှက်ကိုးရှက်ကန်းဖြစ်နေခဲ့ကြသည်။ ဤတွင်မှ လူရွှင်တော် ဒင်နီးကေးကသူ့မိတ်ဆွေများအား “ကဲ ဂေါက်သီးရိုက်ပြိုင်ပွဲတုန်းက ကျွန်တော် ဘာကြောင့်ရူံးခဲ့ရတယ်ဆိုတာ ခင်ဗျားတို့ သဘောပေါက်ကြပြီလား။ အခုခင်ဗျားတို့အားလုံးကျုပ်ရဲ့ ဂေါက်ကွင်းထဲ ရောက်နေပြီလေ” ဟု ပြောလိုက်ရာ ပရိသတ်အားလုံးတဝါးဝါးဖြင့် ရယ်မော၍ မဆုံးအောင် ဖြစ်သွား ခဲ့ကြရ၏။

်လှည့်ဆရာနှင့်ဗေဒင်ဆရာ

မျက်လှည့်ဆရာနှင့်ဗေဒင်ဆရာ
ကွယ်လွန်သူ မျက်လှည့်ဆရာကြီး ဘလက်စတုန်းနှင့် နာမည်ကျော် ဗေဒင်ဆရာ ဒန်နင်းဂျားတို့သည် ခင်မင်ရင်းနှီးသော မိတ်ဆွေများ ဖြစ်ကြသည်။ ထိုသို့ ပြောမနာ ဆိုမနာ မိတ်ဆွေအရင်းအချာများ ဖြစ်ကြသည့်အတိုင်း သူတို့ နှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက်မကြာခဏ နောက်ပြောင်ကျီ စယ်လေ့ရှိကြသည်။ တစ်နေ့တွင် ညစာစားပွဲတစ်ခုသို့ သွားရန်ရှိနေသဖြင့် နှစ်ယောက်သား
အဝတ်အစားများလဲလှယ်ဝတ် ဆင်နေကြသည်။ ထိုအခိုက်
မျက်လှည့်ဆရာကြီးဘလက်စတုန်းမှာ သူ၏ လည်စီး(နက်တိုင်) အဖြူကို ရုတ်တရက်
ရှာမတွေ့ဘဲ ဖြစ်နေခဲ့ရာ ဗေဒင်ဆရာကြီး ဒန်နင်းဂျားက သု့ထံတွင် အလွယ်တကူ
ရှိနေသော လည်စီးအနက်ကို လှမ်းပေးလိုက်သည်။ ဤတွင် ဘလက်စတုန်းက ဒေါပွသွားပြီး
”ဒီပွဲမှာ လည်စီးအနက်နဲ့သွားလို့ ဘယ်ဖြစ်ပါ့မလဲဗျ” ဟု ဖြေလိုက်ရာ
ဗေဒင်ဆရာဒန်နင်းဂျားက “ခင်ဗျားလည်း နာမည်ကြီး မျက်လှည့်ဆရာတစ်ယောက်ပဲဗျာ။
ဒီလည်စီးအနက်ရောင်ကို အဖြူရောင်ဖြစ်အောင် လုပ် လိုက်ပေါ့ဗျ” ဟု
ပြောလိုက်သည်။
ဤတွင် မျက်လှည့်ဆရာကြီးက အားကျမခံဘဲ “ဒီလိုဆိုခင်ဗျားလည်း နာမည်ကျော်
ဗေဒင်ဆရာတစ် ယောက်ပဲ ကျုပ်လည်စီးအဖြူရောင် ဘယ်နားမှာရှိတယ်ဆိုတာ
ဗေဒင်တွက်ပြီး ရှာပေးပါလားဗျာ” ဟု ပြန်ပြောလိုက်ရာ ဗေဒင့်ဆရာကြီးမှာ
အူကြောင်ကြောင်ဖြစ်သွားခဲ့ရ၏။

ာတ်ပုံထဲက လူတွေ မဝင်စေနဲ့

ဓာတ်ပုံထဲက လူတွေ မဝင်စေနဲ့
ကမာ္ဘကျော်ဟန်ဂေရိပြဇာတ်ရေးဆရာကြီး မိုလ်နာသည် အလွန်မာနကြီးသူဖြစ်သည်။ အထူးသဖြင့် နာမည်ကြီး၍ ဝင်ငွေကောင်းနေသဖြင့် ဘဝင်မြင့်နေသည်ဟု အများကယူဆနေကြသည်။ အပေါင်း အသင်း မိတ်ဆွေများကို သာမက ဆွေမျိုးသားချင်းများကိုပင် အဖက်မလုပ်ဘဲ နေတတ်သူဖြစ်သည်။သို့သော် တစ်နေ့တွင် သူ၏ ဆွေမျိုးသားချင်းများသည် ဆရာကြီး၏ စိတ်ရင်းသဘောထားအမှန်ကို အတိအကျသိနိုင်ရန်အတွက် ဗီယင်နာမြို့ရှိသူ၏ နေအိမ်သို့ တစ်စုတစ်ဝေးကြီး သွားရောက် လည်ပတ်ခဲ့ ကြသည်။ မိမိတို့ ဆွေမျိုးများကို အရေးမလုပ်ဘဲ အေးတိအေးစက် နေလိမ့်မည်ဟု မထင်မှတ်ဘဲ ပျူပျူငှာငှာ ဧည့်ဝတ်ကျေပွန်စွာ ဖော်ဖော်ရွေရွေ ဧည့်ခံပြုစုနေခဲ့သဖြင့် အားလုံးကပင် တအံ့တဩ ဖြစ်နေခဲ့ကြသည်။ ဆရာကြိးသည် ဆွေမျိုးသားချင်းများအား အကျအနဧည့်ခံခဲ့သည့်ပြင် ပြန်ခါနီးတွင် ဆွေမျိုးများကြုံကြိုက်တုန်း အမှတ်တရာ ဓာတ်ပုံရိုက်ယူခဲ့သဖြင့် အားလုံးကပင် သဘောကျကျေနပ် လျက်ရှိကြသည်။ သို့သော် ဆွေမျိုး မိသားစုများအားလုံး ပြန်သွားကြသောအခါ ဆရာကြီးက အိမ်စေတစ်ယောက်အား စောစောကရိုက်ယူထားခဲ့သည့် ဓာတ်ပုံကို ကူးယူခဲ့ရန်ခိုင်းသဖြင့် ဓာတ်ပုံကို ယူလာပြီး ဆရာကြီးအား ပြသသည်။ ဤတွင် ဆရာကြီးက အိမ်စေဖြစ်သူအား“ ဒီဓာတ်ပုံကို မင်းအမြဲသိမ်းထားပြီး ငါနဲ့နောက် တွေ့ချင်လို့ လာတဲ့သူမှန်သမျှ အဲဒီဓာတ်ပုံထဲမှာပါတဲ့သူဆိုရင် အိမ်ထဲကိုမဝင်စေနဲ့ဟု” ပြောလိုက်ရာ အိမ်စေဖြစ်သူမှာ အံ့ဩသဖြင့် ဘာပြန်ပြောရမှန်း မသိအောင် ဖြစ်သွားခဲ့ရသည်။