ချီးမွမ်း (၇) ရက်၊ ကဲ့ရဲ့ (၇) ရက်ပါ

zaylayJune 12, 20101min620

bad-taste Smiley

စဉ်းစားပြီး ဒီမေးခွန်းတွေ ဖြေကြည့်ပါဦးဗျာ။

၁။ ကမ္ဘာပေါ်မှာ အချမ်းသာဆုံး လူ (၅) ယောက်ရဲ့ နာမည်
၂။ မယ်စင်္ကြာဝဠာ (၅) ယောက်ရဲ့ နာမည်
၃။ နိုဘယ်ဆုရှင် (၁၀) ယောက်ရဲ့ နာမည်
၄။ အော်စကာဆုရှင် သရုပ်ဆောင် (၁၀) ယောက်ရဲ့ နာမည်

bad-taste Smiley
မဖြေနိုင်ဘူးလား။ အခက်တွေ့နေတယ် မဟုတ်လား။
စိတ်ပူပါနဲ့။ ဒါတွေ အကုန်လုံးကို ဘယ်သူမှ မဖြေနိုင်ပါဘူး။
bad-taste Smiley
ချီးမွမ်း (၇) ရက်၊ ကဲ့ရဲ့ (၇) ရက်ပါ။
အောင်နိုင်သူတွေကို ကြာတော့လည်း မေ့သွားကြတာပါပဲ။

bad-taste Smiley

အခု ဒီမေးခွန်းတွေကို ထပ်ဖြေကြည့်ပါဦးလား။
၁။ မင်းရဲ့ ပညာရေးကို တစ်ဖက်တစ်လမ်းက အကူအညီပေးခဲ့တဲ့ ဆရာ/မ (၃) ယောက်ရဲ့ နာမည်
၂။ မင်းလိုအပ်တဲ့ အချိန်တိုင်းမှာ မင်းနဲ့ အတူရှိခဲ့ဖူးကြတဲ့ သူငယ်ချင်း (၃) ယောက်ရဲ့ နာမည်
၃။ မင်းဘဝအတွက် အရေးပါတယ်လို့ မင်းယူဆတဲ့ လူတချို့ရဲ့ နာမည်
၄။ မင်းရဲ့အားလပ်တဲ့ အချိန်တွေကို အတူကုန်ဆုံးချင်တယ်ဆိုတဲ့ လူ (၅) ယောက်ရဲ့ နာမည်

bad-taste Smiley
ဘယ်လိုလဲ။ ခက်နေသေးလား။ အတော်လွယ်သွားပြီ မဟုတ်လား။
မင်းဘဝအတွက် အဓိပ္ပါယ်ရှိတယ်ဆိုတဲ့ လူတွေဟာ အတော်ဆုံးလို့ သက်မှတ်မခံထားရပါဘူး။ အချမ်းသာဆုံးလူတွေလည်း မဟုတ်ပါဘူး။ ကြီးကျယ်ခမ်းနားတဲ့ ဆုတံဆိပ်တွေလည်း မရရှိကြပါဘူး။
သူတို့တွေဟာ မင်းကို အထူးဂရုစိုက်တဲ့ လူတွေပါ။ မင်းကို စောင့်ရှောက်တဲ့ လူတွေပါ။ ဘယ်လိုအခြေအနေမျိုးမှာမဆို မင်းရဲ့ အနီးနားမှာ အတူတကွ နေပေးကြတဲ့လူတွေပါ။
greetings Smileygreetings Smileygreetings Smileygreetings Smileygreetings Smileygreetings Smileygreetings Smileygreetings Smileygreetings Smileygreetings Smileygreetings Smileygreetings Smiley
ခဏလောက် စဉ်းစားကြည့်ပါဦး။
ဘဝဆိုတာ တိုတိုလေးပါ။ ဟိုဟာတွေ၊ ဒီဟာတွေနဲ့ ခေါင်းစဉ်တပ်ပြီး ယိုးမယ်ဖွဲ့မနေပါနဲ့။
မင်းရော ဘယ်စာရင်းထဲမှာ ပါချင်ပါသလဲ။ အပေါ်ကစာရင်းထဲကလား။ အောက်က စာရင်းထဲမှာလား။ စဉ်းစားလို့ ရမလား။
greetings Smileygreetings Smileygreetings Smileygreetings Smileygreetings Smileygreetings Smileygreetings Smileygreetings Smileygreetings Smileygreetings Smileygreetings Smileygreetings Smileygreetings Smileygreetings Smileygreetings Smileygreetings Smileygreetings Smileygreetings Smileygreetings Smiley
ကျွန်တော့ အနေနဲ့ပြောပါမယ်။
ကျွန်တော်ဟာ အကျော်ကြားဆုံးသူများ စာရင်းထဲမှာ မပါချင်ပါဘူး။ အောက်စာရင်းထဲက လူတချို့ မေတ္တာနဲ့ တန်းဖိုးထားခံရမယ့် ရိုးရှင်းတဲ့ လူတစ်ဦးပဲဖြစ်ချင်ပါတယ်။
ကိုယ့်အနေနဲ့လည်း အဲဒီလူကို စာရင်းထဲထည့်နိုင်ဖို့ ကြိုးစားရမှာပေါ့။ ကိုယ့်က သူများရဲ့စာရင်းထဲ ဝင်ချင်ရင်ပေါ့။

greetings Smiley