အကောင်းဆုံး ရန်ကုန်ဟိုတယ်များ

ကထူးဆန္းApril 13, 20125min19813

သူကြီးရေ ..

မြန်မာပြည်ကို စိတ်ဝင်စားမှု့တွေ တိုးတက်နေတဲ့ အချိန်၊ မြန်မာပြည် လာချင်သူတွေအတွက် မြန်မာပြည်နဲ့ အနေဝေးနေသော မြန်မာပြည်ဖွားတစ်ယောက်ကို ရန်ကုန်သွားရင် ဘယ်မှာတည်းရမလဲမေးလာရင် အလွယ်တစ်ကူအဖြေပေးနိုင်အောင်လို့ ရန်ကုန်က ဟိုတယ် အချို့ကို ရှာဖွေ တင်ပြလိုက်ပါတယ်။
ဟိုတယ်ဈေးနုန်းတွေက ပြီးခဲ့တဲ့ လပိုင်းအတွင်းမှာ ခဏခဏပြောင်းနေတဲ့ အတွက် ဈေးနုန်းတော့ တပ်အပ် မပြောနိုင်တော့ပါဘူး။ အရင်က ခရီးသွားလုပ်ငန်းများမှ ပြန်ဝယ်လျှင် အနည်းဆုံး ၃၀% မက သက်သာသော်လည်း ယခု ထိုရာခိုင်နုန်းမျှ သက်သာရန် မလွယ်တော့ပါဘူး။ သို့သော် ရန်ကုန် အခြေစိုက် ခရီးသွားလုပ်ငန်းကုမ္မဏီ များမှာဈေးနုန်း စုံစမ်းပြိး ဟိုတယ်မှ တိုက်ရိုက်ဝယ်ယူသည့် ဈေးနုန်း နိုင်းယှဉ်ပြီးမှ ဝယ်ယူသင့်ပါသည်။

ဒီတစ်ခါလဲ Tripadvisors က ရန်ကုန်ဟိုတယ်တွေရဲ့ အတွေ့ အကြုံတွေရေးထားတဲ့ http://www.tripadvisor.com/ShowForum-g294190-i9408-Myanmar.html ကအစီအစဉ်အတိုင်းဘဲ သွားလို်က်မယ်နော်..

၁.The Governor’s Residence by Orient-Express (5 star)

The Governor’s Residence, 35 Taw Win Road, Dagon Township, Yangon, Myanmar
Tel: (+95-1) 229860 Fax: (+95-1) 228260 E-mail: reservations@governorsresidence.com
http://www.governorsresidence.com

ဒီဟိုတယ်ကတော့ နံမည်ကျော် Orient-Express ကုမ္မဏီမှ အုပ်ချုပ်ဖွင့်လှစ်တဲ့ ဟိုတယ်ဖြစ်ပါသည်။ မြို့ထဲနဲ့ မနီးမဝေးဖြစ်ပေမဲ့ ဆိတ်ငြိမ် သံတမန်ရပ်ကွက် အတွင်းတည်ရှိပါသည်။ Business Center ထားရှိပေးပေမဲ့ Business hotel လို့ပြောရမှာထက် ၁၉၂ဝ ခုနှစ်ကတည်းက တည်ရှိခဲ့တဲ့ ကျွန်းသစ်နဲ့ဆောက်လုပ်ထားတဲ့ အဆောက်အဦးကို အခြေခံဖွဲ့စည်းထားတဲ့ ချစ်စရာကောင်းတဲ့ ဇိမ်ခံဟိုတယ်လို့ပြောရမှာပါ။ ကျွန်းသားပရိဘောဂများနဲ့ အလှဆင်ထားပြီး ရေချိုးကန်ကတော့ လက်လုပ် တာရာဇိုကန် နဲ့ ပြုလုပ်ထားတဲ့ အတွက် နိုင်ငံခြားသားတွေ နှစ်ခြိုက်တဲ့ ဟုိုတယ်ဖြစ်ပါသည်။

Deluxe အခန်း ၄၅ ခန်းနဲ့ Junior Suites နှစ်ခန်းပါရှိပါသည်။ ရေကူးကန် ၊ပြင်သစ် အစားအစာ အဓိက ရရှိနိုင်သည့် စားသောက်ခန်းတို့လည်း ပါရှိပါသည်။

Deluxe Room $245.00 USD
Deluxe Garden View Room $265.00 USD
Governor’s Room $335.00 USD

Government tax နှင့် Service Charges ထပ်ပေါင်းမှာဖြစ်ပါသည်။

၂။ The Strand (5 star)

The Strand, Yangon
92 Strand Road
Yangon, Myanmar

Tel: (95 1) 243-377
Fax: (95 1) 243 393
http://www.ghmluxuryhotels.com/Strand.htm

၁၉၀၁ ခုနှစ်မှာ ကမ်းနားလမ်းမှာ တည်ဆောက်ခဲ့သည့် The Strand ကတော့ တစ်ချိန်က Singapore မှ Raffles Hotel နှင့် အပြိုင် ကမာ္ဘကျော်ခဲ့တဲ့ ဟိုတယ်တစ်ခုဖြစ်ပါသည်။ ကျွန်းကြမ်းခင်းများနဲ့ အခန်းကျယ်များကတော့ ရှေး ကိုလိုနီခောတ်ကိုပြန်အောက်မေ့ဘွယ်ရာဖြစ်ပါတယ်။ ဟိုတယ် အုပ်ချုပ်မှုနှင့် လုပ်ငန်းဆောင်ရွက်မှု့ကို GHM Luxury Hotels Group, Singapore base ၊ General Hotel Management Ltd. ကဆောင်ရွက်နေပါသည်။
မြန်မာနိုင်ငံရဲ့ ဈေးအကြီးဆုံး ဟိုတယ် အနေနဲ့ တည်ရှိနေပါသည်။
8 Superior Suites ၊ 23 Deluxe Suites ၊ The Strand Suite ပါဝင်ပါသည်။ ရေကူးကန်တော့ ပါဝင်ခြင်းမရှိသည့် အတွက် ရေစိမ်လိုတဲ့ ကလေးများပါလာရင်တော့ ပျော်ရွှင်မှာ မဟုတ်ဘူးလို့ပြောရမှာပါ။

၃။ Traders Hotel Yangon (5 star)

Phone..(95 1) 242828
Fax..(95 1) 242800
Email..thyn@tradershotels.com
Location..#223 Sule Pagoda Road, G.P.O. Box 888,Yangon, Myanmar
http://www.shangri-la.com/yangon/traders

Hongkong base Shangri-La Hotels and Resorts အုပ်ချုပ်မှု့အောက်က Traders Hotel ကတော့ မြိုလည်ခေါင် တည့်တည့် ဆူးလေဘုရားလမ်းပေါ်မှာတည်ရှိပါသည်။ ကျွန်တော်သိရှိလေ့လာခဲ့ဘူးတာက Shangri-La Hotel အုပ်စုဟာ နိုင်ငံတစ်ကာမှာ Sharngri-La နံမည်နဲ့ဆို 5 star hotel အဖြစ်တည်ဆောက်လေ့ရှိပြီး Traders Hotels အနေနဲ့ဆို 4 Star အဖြစ် တည်ဆောက်လေ့ရှိပါသည်။ သူတို့ ရန်ကုန်မှာစတင်ဖွင့်လှစ်ခဲ့စဉ် အခါကလည်း 4 star အဖြစ်ကြေညာခဲ့တာပါ ။ အခုတော့ 5 star အဖြစ်ပြောင်းလဲကြေညာထားတာ တွေ့ရပြီး ကျွန်တော်တို့ ဝန်ကြီးဌာန ရဲ့ စတား သတ်မှတ်ချက်များကြောင့် 5 star ဖြစ်သွားလားလို့ သံသယ ရှိပါသည်။ သို့မဟုတ် အခြား Traders Hotel များကိုလည်း 5 star အဖြစ် အဆင့်မြင့်တင်သွားသလားဆိုတာတော့ နောင်မှ ကျွန်တော် လေ့လာကြည့်ပါဦးမယ် ။ ယခုတော့ သူတို့ အင်တာနက်စာမျက်နှာမှာ ကြေညာဖော်ပြထားသလိုဘဲ 5 star အဖြစ် ပြောပါရစေ။
စုစုပေါင်း အခန်း ၂၇ဝ ပါရှိပြီး တရုတ် ကန်တုန်စာ ရရှိနိုင်တဲ့ Summer Palace ၊ အာရှနဲ့ နိင်ငံတစ်ကာ အစားအစာရရှိနိင်တဲ့ Traders Cafe ၊ ရေကူးကန်တို့လည်းပါရှိပါသည်။ ဗိုလ်ချုပ်ဈေး ။ ဆူးလေဘုရားတို့နဲ့ နီးသည့် အပြင် မြို့လည်မှာ တည်ရှိသည့် အတွက် ရန်ကုန်မြို့သူသားတို့ ရဲ့ နေ့စဉ်လှုပ်ရှားမှု့တွေကိုစိတ်ဝင်စားဖွယ် တွေ့နိုင်သည့် အပြင် ရန်ကုန် တရုတ်တန်းသို့လည်း အလွယ်တကူသွားရောက်နိုင်ပါသည်။

Delux Room with breakfast USD 210
Traders Club Room with breakfast USD 240
Executive Suites with breakfast USD 280
Deluxe Suites with breakfast USD 330

Breakfast မပါလျှင် USD 10 လျှော့ပါတယ်။ Government Tax နဲ့ Service Charges ထပ်ပေါင်းဦးမှာဖြစ်ပါသည်။

၄။ PARKROYAL Yangon (4 star)

33 Alan Pya Phaya Road, Dagon Township, 11191,Yangon, Myanmar
Phone: +95 1 250 388
Fax:: +95 1 252 478
http://www.parkroyalhotels.com/en/hotels/myanmar/yangon/parkroyal/index.html

Singapore-listed UOL Group ရဲ့ ကုမ္မဏီတစ်ခုဖြစ်သည့် Pan Pacific Hotels Group ၏ အုပ်ချုပ်မှု့ဖြစ်သည့် Parkroyal Yangonသည်လည်း
မြို့လည် လို့ပြောလို့ရသည့် အလံပြဘုရားလမ်းပေါ်မှာ တည်ရှိပါသည်။ စတင်တည်ဆောက်စဉ်က ပြင်သစ်အခြေစိုက်အုပ်စု Accor Hotel group Sofitel Hotel အဖြစ်တည်ဆောက်ခဲ့ပေမဲ့ သိပ်မကြာဘဲ မလေးရှားနိုင်ငံ အခြေစိုက် Hotel Equatorial အုပ်စုကလွဲပြောင်းယူခဲ့ပါသည်။ နောက်ဆုံး Pan Pacific Hotel Group မှ လွှဲပြောင်းယူကာ Parkroyal Yangon အဖြစ်ဆက်လက်လုပ်ကိုင်နေခြင်းဖြစ်ပါသည်။
အခန်းပေါင်း ၂၆ရ ခန်းပါဝင်ပြီး ကျွန်တော်သိခဲ့စဉ်ကတော့ 4 star ဟိုတယ်ပါ ၊

Superior King USD 108.00
Superior Double Double USD 108.00
Deluxe King USD 128.00
Deluxe Double Double USD 128.00
Family King Twin USD 168.00
Premier King USD 168.00
Premier Double Double USD 168.00
Orchid Club King USD 188.00
Orchid Club Double Double USD 188.00
Orchid Club Studio King USD 208.00
Orchid Club Suite King USD 248.00
Orchid Club Premier Suite King USD 228.00

Government tax နဲ့ Service Charges ထပ်ပေါင်းဦးမှာပါ။

၅။The Kandawgyi Palace Hotel (5 star)

Kan Yeik Tha Road, Yangon, Myanmar.
Tel: (951) 249255-9, 394837, 394839
Fax: (951) 256184
info@kandawgyipalace.com
www.kandawgyipalace-hotel.com

ဟိုတယ် ခရီးဝန်ကြီးဌာန ပိုင်ဟိုတယ်ကနေ Best Western အမေရိကန် ကုမ္မဏီ မှတစ်ဆင့် ဘန်ကောက် အခြေစိုက် ကုမ္မဏီတစ်ခုမှ အုပ်ချုပ်ဆောင်ရွက်ခဲ့ပါသည်။ ၎င်းမှ တဆင့် ယခု ဦးတေဇ ကုမ္မဏီ မှ လက်လွှဲရယူခဲ့ပြီး ပြင်ဆင်မှုများပြုလုပ်နေတာတွေ့ရပါသည်။ ကန်တော်ကြီး ဘေးမှာတည်ရှိသည့်အတွက် သဘာဝအလှရူမြင်ခံစားရသော ဟိုတယ်ဖြစ်ပါသည်။ ကျွန်းသားများနဲ့ တည်ဆောက်ထားပြီး ရွှေတိဂုံဘုရားသို့ ၁ဝမိနစ်ခန့်လမ်းလျှောက်သွားယုံနဲ့ ရောက်ရှိနိုင်သော နေရာမှာ တည်ရှိပါသည်။ အခန်းအမျိုးအစား ၉ မျိုးရှိပြီးဈေးနုန်းမျာတော့ အောက်ပါအတိုင်းတွေ့ရှိရပါသည်။

Superior US$ 150 + 20% tax and service charges
Deluxe US$ 200 + 20% tax and service charges
Lake Front US$ 300 + 20% tax and service charges
Diplomat Suite US$ 440 + 20% tax and service charges
Corporate Suite US$ 540 + 20% tax and service charges
Governor Suite US$ 600 + 20% tax and service charges
Presidential Suite US$ 1400 + 20% tax and service charges
Imperial Suite US$ 1600 + 20% tax and service charges
Royal Bungalow US$ 2000 + 20% tax and service charges
Promotion Rate ( valid till 31.03.2012) Deluxe Room at US$ 140 + 20% tax and service charges
စုစုပေါင်း အခန်း ၁၉၀ ခန့်ရှိကြောင်းသိရပါသည်။

၆။Chatrium Hotel Royal Lake Yangon (5 star)

40, Natmauk Road, Tamwe Township, Yangon, Myanmar.
Tel : + 95 1 544 500 + 95 1 544 500 Fax : + 95 1 544 400 E-mail : chatrium@chatriumygn.net.mm
http://www.chatrium.com/chatrium_hotel_yangon/

ထိုင်းနိုင်ငံ အခြေစိုက်ကုမ္မဏီ မှ အုပ်ချုပ်မူဆောင်ရွက်နေသော ဟိုတယ်ဖြစ်ပါသည်။ Hotel Nikko Royal Lake Yangon အဖြစ်လူသိများခဲ့ပြီး ၎င်းမှ မူရင်းပိုင်ရှင် Chatrium Hotel Group မှ ပြန်လည်လွဲပြောင်း ယူခဲ့ပါသည်။ အခန်းပေါင်း ၃၀၃ ခန်းပါရှိကြောင်းသိရှိရပါသည်။

Deluxe City View 137.- USD
Deluxe Lake/Pagoda View 147.- USD
Executive Deluxe City View 158.- USD
Executive Deluxe Lake/Pagoda View 168.- USD
Deluxe Corner 168.- USD
Studio Suite 210.- USD
Deluxe Suite 294.- USD
Extra Bed 39.- USD

အဲ့ဒီ့ အပေါ်မှာ ၅% government tax နဲ့ ၁ဝ % service charges ထပ်ပေါင်းဦးမှာဖြစ်ပါသည်။ ဈေးနုန်းက စက်တင်ဘာလ ၂၀၁၂ အထိဖြစ်ပါသည်။

၇။Sedona Hotel Yangon ၊ 5 star

No. 1 Kaba Aye Pagoda Road ,Yankin Township
Yangon, Myanmar.
Tel: (95) 1 666900
Fax: (95) 1 666911
Email: rsv@sedona.com.mm
Website: www.sedonasmyanmar.com

ကမာ္ဘအေး ဘုရားလမ်းမှာရှိပြီး အခန်း အရေအတွက် ၃၆၆ ခန်းပါရှိပါသည်။ မင်္ဂလာဆောင်လိုသူ မောင်မယ်များ ဦးဆုံးရွေးချယ်တဲ့ ဟိုတယ်ဖြစ်ပါသည်။ လူတစ်ထောင်ခန့်ဆန့်တဲ့ Ball room နှင့် အခြားအစည်းအဝေးခန်းမများလည်းပါဝင်ပါသည်။ ရန်ကုန်ဟိုတယ်များမှာ အကောင်းဆုံးရေကူးကန် ပါရှိသည့် ဟိုတယ်လည်းဖြစ်သည်။ စကာင်္ပူ Keppel Land ရဲ့ ကုမ္မဏီခွဲတစ်ခုဖြစ်သည့် Sedona Hotel International မှ တာဝန်ယူ အုပ်ချုပ်ဆောင်ရွက်နေသော ဟိုတယ်ဖြစ်ပါသည်။ ၁၉၉၆ တွင် စတင်ဖွင့်လှစ်ခဲ့ပြီး နှစ် ၃ဝ B.O.T စံနစ်ဖြင့်လုပ်ကိုင်သော ဟိုတယ်ဖြစ်ပါသည်။

အခန်းဈေးနုန်းတွေကိုတော့ update မလုပ်ထားတဲ့ အတွက် မတင်ပေးနိုင်ပါဘူး။ သို့ပေမဲ့ အကြမ်းဖျင်း USD 160 လောက်တော့ အနည်းဆုံးပေးဖို့ မျှော်လင့်ထားပါ။

ဒီ အထဲမှာ Service Apartment များရဲ့ လိပ်စာတွေ ထပ်ထည့်ပေးလိုက်ပါသည်။

Espace Avenir

523 Pyay Road , Kamayut
Tel: 505213 , 505214 , 505217~9 Fax : 505216
e-mail: espaceavenir@mptmail.net.mm

Golden Hill Tower

24/26 Kaba Aye Pagoda Road , Bahan
Tel : 558556 , 558558 Fax : 558557
e-mail : ghtower@mptmail.net.mm
www.ghtower.com

Marina Residence

8 Kaba Aye Pagoda Road, Mayangone
Tel : 650651~4 Fax: 650630
e-mail : marina@mptmail.net.mm
www.marinaresidenceyangon.com

Micasa Hotel Apartments

17 Kaba Aye Pagoda Road , Yakin
Tel : 650933 Fax : 650960
e-mail : bc.micasa@mptmail.net.mm
www.myanmar.micasahotel.com

Sakura Residence

9 Inya Road , Kamayut
Tel : 525001 Fax: 525002
e-mail: sakress@mptmail.net.mm

The Grand Mee Ya Hta Executive Residences

372 , Bogyoke Aung San Street , Pabadan
Tel : 256355 Fax: 256360
e-mail: gmer@mptmail.net.mm
www.grandmeeyahta.com

Sedona , Traders နဲ့ ဟိုတယ်ကြီးများမှာလည်း long Stay Apartment အခန်းတွေရှိပါသည်။

13 comments

  • ဇော်ရီ

    April 13, 2012 at 11:47 pm

    အဲလောက် ဈေးကြီးတာ မတည်းနိုုင်ဘူးဗျာ… ၃ စတား ၄ စတားလေးတွေ တင်ပေးပါလား…

  • water-melon

    April 14, 2012 at 7:41 am

    ရန်ကုန်ရောက်ရင်တည်းမည်ဗျာ
    ကိုထူးဆန်းလိုတာစိုက်နော် 😀

  • kai

    April 14, 2012 at 8:04 am

    အခုအဲဒီဟော်တယ်တွေ အခန်းရောလွတ်ကြရဲ့လား…
    သွားမယ့်သူကပြောနေတာ.. အကုန်ပြည့်နေလို့.. အိမ်မှာတည်းရတော့မယ်ဆိုတာပဲ..

    ဘာပဲဖြစ်ဖြစ်…
    အဲလိုစာရင်းလေးလုပ်ထားနိုင်တာကောင်းတယ်ဗျာ….။
    သတင်းစာထဲတောင် ထည့်ပေးချင်တာ…

    အခုတော့.. ဒီလထုတ်ထွက်သွားပြီ..။ 🙂

  • တာတီး

    April 14, 2012 at 8:34 am

    ကိုထူးဆန်းရေ ခင်ဗျ
    ဈေးနှုန်းသက်သာတဲ့ ဟော်တယ် သန့်သန့်လေးများကိုလ စရင်းပြုစုပေးပါဦး
    မြန်မာတွေ တည်းနိုင်တာလေး ညွှန်ပြပေးပါဦးချင်ဗျ
    တကယ် လိုအပ်လို့ပါ

    • Swal Taw Ywet

      April 14, 2012 at 9:49 am

      How about Clover Hotel?
      I found from Internet, It is seem to be good.
      The price only 75 US$ ( 2012 ).
      For me, I could not use it ,so Just a dream.
      Please see –
      http://www.cloverhotel.asia/
      For cheaper, you can check B & B Yangon by any search engine.
      It will show such as Winner inn ( http://www.winnerinnmyanmar.com ).
      But I think, most of Online connected hotel / guest house and B B will be full for Water festival.

      Let’s try our best for our mother land.
      With respect,
      Swal Taw Ywet.

  • ဦးဦးပါလေရာ

    April 14, 2012 at 9:22 am

    ဟိုတယ်ခန်းတွေကတော့ မလောက်နိုင်အောင်ဖြစ်နေပါပြီ။
    အခုမှ ရုတ်တရက် Tourism က တက်လာတာကိုး…။
    အစိုးရက ဘယ်လိုစီမံချက်ထားသလဲတော့မသိ..။
    အခုမှဟိုတယ်ထပ်ဆောက်ရင် သိပ်တောင်မမီချင်တော့ဘူး။
    ရှိပြီးအဆောက်အဦး ကောင်းကောင်းတွေကို မြန်မြန်ပြင်ပြီး ယာယီ (လေးငါးနှစ်) ဟိုတယ်တွေအဖြစ် ပြောင်းလိုက်သင့်တယ်။
    ဥပမာ ပြည်လမ်းက လွှတ်တော်ဟောင်းကြီး …။

    • ဆူး

      April 14, 2012 at 9:37 am

      ပြည်လမ်းက လွတ်တော်ဟောင်းကြီးက အခု ရန်ကုန်မြို့တော်တိုင်းဒေသကြီး ရုံး ဆိုလား ဆိုင်းဘုတ် အသစ် ထပ်ထားတာတွေ့တယ်နော်။

  • htoosan

    April 14, 2012 at 9:49 am

    ဲပြည်လမ်းက လွှတ်တော်ဟောင်းကြီးက ရန်ကုန်တိုင်းက ယူလိုက်ပြီ ဦးပါရဲ့ ။ ဆူးလေဘုရားလမ်း နဲ့ ကမ်းနားလမ်းထောင့်က ယခင် တိုင်းရုံးကို အဲ့ဒီ ကိုရွှေ့လိုက်တယ်လေ။ အဲ့ဒီ တိုင်းရုံး ယခင်ပါတီဌာနချုပ်ကိုတော့ လေလံပြန်ပြစ်ထားတယ် .. ပထမ တိုင်းရင်းသားတွေ ပေးမယ်လုပ်ရာကနေ နိုင်ငံခြားသားတွေက ပိုလုပ်နိုင်မယ်ဆိုပြီး ဘယ်သူမှ ချမပေးသေးဘူး။ ပြည်ထောင်စုရိပ်သာလည်း လေလံတင်ထားတယ် ။ ဟိုတယ်တော်တော်များတော့ထွက်လာမှာပါ.

  • etone

    April 14, 2012 at 11:57 am

    ကိုထူးဆန်းရေ… ဟိုတယ်တွေအကြောင်းရေးတော့ … တစ်ခု သတိထားမိတာက … the strand ရဲ့ဈေးမပါလို့ပါ …. the strand က ဟိုတယ်များထဲမှာ သက်တမ်းအရင့်ဆုံးနဲ့ ဈေးအကြီးဆုံးဟိုတယ်ပါပဲ … ကမာ္ဘအဆင့်မှီ ဆုတွေလည်း ရခဲ့ဖူးပြီး … သူ့ခေတ် သူ့အချိန်မှတော့ … အတော်ကောင်းတဲ့ဟိုတယ်ပေါ့နော် … အဲ့တုန်းကတော့ ဆီဒိုးနားတို့ ၊ထရိတ်ဒါးတို့မှ မပေါ်သေးပဲကိုး …

    ရေကူးကန်လည်းမရှိသလို … အထပ်ကလည်း မမြင့်တော့ အခုခေတ်အခုအခါမှာတော့ … သိပ်ပြီးပေါ်ပြူလာမဖြစ်တော့သလို ခံစားမိတယ် .. ဒါ့ပြင် ကမ်းနားလမ်းပေါ်ကကွန်တင်နာတွေ ဖြတ်သွားသံကလည်း ဧည့်သည်တွေကို စိတ်အနှောက်ယှက်ဖြစ်စေပါသတဲ့ …. မှန်နှစ်ထပ်ကာလည်း … ကားသံတွေကြောင့် စိတ်အနှောက်ယှက်ဖြစ်ရတုန်းပါပဲ … အခန်းတွင်းပြင်ဆင်မှုကတော့ … တခြား ဟိုတယ်တွေထက်ပိုကောင်းပါတယ် …. ဒါပေမယ့် အသုံးဆောင် ပစ္စည်းပုံစံတွေက မြန်မာမှုဘက်ကိုနွယ်နေတယ် … ။ ဓါတ်လှေခါးဆိုလျှင်တောင် ကျွန်းတွေကနုတ်တွေနဲ့ ဆင်ထားလို့ … ဖော်ရင်နာတော့မသိဘူး …မြန်မာမျက်စိထဲ သိပ်ပြီးတောင် အရသာ မတွေ့လှ ဘူး … ။ ဟိုတယ်ရဲ့ … တစ်ခုတည်းသော ဈေးအကြီးဆုံးအခန်းက …. ဒေါ်လာ ထောင်နဲ့ချီပေးရပါတယ် … one night အတွက်ကိုပါ … ။

  • htoosan

    April 14, 2012 at 2:36 pm

    သူ့ အင်တာနက်စာမျက်နှာမှာ ရှာမတွေ့လို့ မတင်ဖြစ်တာပါ။ လာနေသူ အများက သမိုင်းနောက်ခံကြောင့်လာနေတယ်လို့လည်း ခံစားမိပါသည်။ တစ်ချို့ကတော့လည်း ဈေး အများဆုံးမှနေချင်သူတွေလည်း ရှိတယ်လေ။ strand မှာနေခဲ့တယ်လို့ ကြွားဝါချင်သူတွေ သီးခံနေကြပေါ့။ 😀 ကျွန်တော်နောက်ဆုံးရောက်တာ ကြာပြီး ဓါတ်လှေခါးတောင် ရှိမှန်း မမှတ်မိတော့ဘူး။

    • etone

      April 14, 2012 at 7:19 pm

      strand က မီးရောင်တွေက အစ ဝါညီးညီးမို့ … မြန်မာမှုဘက်တော့ အလေးထားပြီးလုပ်ထားတယ် ဒါ့ပြင် မသုံးတော့တဲ့ ခုနှစ်ဆွေးရှစ်ဆွေး ဓါတ်လှေကားကြီးကိုလည်း လက်ရာမပျက်ထားတာ ..သူရဲ့ သက်တမ်းကိုများ သိသာစေချင်လို့လားမသိဘူး 😛

  • ကြောင်ကြီး

    April 15, 2012 at 8:03 am

    ဆယ်ဒေါ်လာလောက်လှူပြီး တည်းလို့ရဒဲ့ ဘုန်းကြီးကျောင်းသန့်သန့်လေးများ သိရင်ပြောပါဗျို့…။

  • htoosan

    April 15, 2012 at 10:27 am

    ဦးကြောင် ဘုန်းကြီးဝတ်ရင်တော့ သန့်သန့်လေးကျောင်းရှိတယ် ပြောသံကြားဘူးတယ် ..တာမွေက အလိုတော်ပြည့်ကျောင်းမှာ ဒုလ္လဘ တွေ အတွက် အဲယားကွန်းနဲ့ အခန်းတွေ ရှိတယ်ပြောသံကြားဘူးတယ် .. ဘုန်းကြီးကျောင်းဆို ကျွန်တော်နဲ့ က နဲနဲ မဟုတ် တော်တော် ဝေးလို့ ကြားဘူးတာဘဲ ရှိတယ် .. 😀

Leave a Reply