ပါလေရာနှင့် ဂမ္ဘီရ လောက (၂)
အဓိဌာန်နဲ့ ကျုပ် စ ပတ်သက်ခဲ့တာက အသက်ခုနှစ်နှစ် အရွယ်လောက်ကတည်းက ဆိုရင် ယုံကြပါ့မလားမသိ။
အဲဒီအရွယ်မှာ ဝိဇ္ဖာဂိုဏ်းတခုရဲ့ အရေးပါသူတဦးက ပင့်ဆောင်လာတဲ့ စမ ဘုရားဆိုတာကို စပြီး မြင်ဘူးပါတယ်။
အဲဒီဘုရားရှေ့မှာ ကန်တော့ပြီး အဓိဌာန်ပြုပြီး အာရုံပြုရတယ်လို့ ဆိုပါတယ်။ ကျုပ်ကိုလဲ ကန်တော့ခိုင်းပြီး အာရုံပြုခိုင်းပါတယ်။ အာရုံပြုတယ်ဆိုတာ ဘာလဲ ဘယ်လိုလုပ်ရတာလဲလို့ ကျုပ်ကပြန်မေးတော့ – အာရုံပြုတယ်ဆိုတာ တရားမှတ်တာမျိုးလို့ တယောက်ယောက်က ဝင်ဖြေပါတယ်။ အဲဒါဆိုရင်တော့ ရပါပြီ။ ကျုပ်ဟာ အဲဒီအရွယ်ကတည်းက တရားမှတ်တယ်ဆိုတာ မျက်စေ့မှိတ်ပြီး နှာသီးဖျားကို စောင့်ကြည့် တာလို့ နားလည်ပါတယ်။ အဓိဌာန်ကို ဘယ်လိုပြုရမလဲလို့မေးတော့ ဖြစ်ချင်တာကို စိတ်ထဲဆုတောင်းလိုက်လို့ တယောက်ယောက်ကပြောပါတယ်။
အဲဒါနဲ့ပဲ နှစ်တန်းကျောင်းသားဖြစ်တဲ့ကျုပ်ဟာ အဓိဌာန်မဟုတ်တဲ့ (မြင်စရာရှိတာမြင်ရပါစေလို့စိတ်ထဲထားတဲ့)နည်းနဲ့ အဓိဌာန်ပြုပြီး အာရုံပြုတာမဟုတ်တဲ့နည်းနဲ့ အာရုံပြုလိုက်ပါတယ်။ ပထမဘုရားရှိခိုး။ ပြီးတော့ အဲသည်ဘုရားရှေ့မှာ တင်ပလ္လင်ခွေထို်င်ပြီး မျက်စေ့မှိတ်-
နှာသီးဖျားကို စောင့်ကြည့်- ဝင်တယ်ထွက်တယ်လုပ်နေတုန်း-
မျက်စေ့ထဲမှာ ရုပ်ရှင်ပရိုဂျက်တာနဲ့ထိုးပြသလို လင်းလာလိုက် မှိန်သွားလိုက်နဲ့ မြင်ကွင်းပေါင်းငါးခုခြောက်ခုလောက် ထင်ထင်ရှားရှားကြီးမြင်ရပါတော့တယ်။ မြင်ကွင်းတခုစီဟာ တော်တော်ထင်ရှားပြီး အတော်အသင့်ကြာပါတယ်။ အာရုံမှားပြီး ဖျတ်ကနဲ ပေါ်/ပျောက်တာမျိုး မဟုတ်ပါဘူး။ ပြီးတော့ မှောင်သွားပြီး ဘာမှလဲထပ်မမြင်ရတော့တာနဲ့ ထိုင်ရာကထလိုက်ပါတယ်။ ဘာမြင်ရသလဲ ဝိုင်းမေးတော့ ကလေးဆိုတော့ အမှန်အတိုင်းအကုန်ပြောလိုက်တဲ့နောက်- ဒီကလေးကပဌာန်းဆက်ပါတယ်တို့ ပါရမီရှိတယ်တို့ ဘယ်သူစောင့်ရှောက်တယ်တို့ ဘယ်ကလာတယ်တို့ လျှောက်ပြောကြတော့တာပဲ။
အဲဒီစမဘုရားကို ဖူးကြသူတွေကတော့ ထူးခြားချက်အမျိုးမျိုးကို ပြောကြပါတယ်။ အားလုံးတသံတည်းတူညီတာကတော့ ဖူးရင်းနဲ့ စမတွေ လျှောက်ပေါ်တာ နဲ့ ရုပ်သွင် အမျိုးမျိုးပြောင်းတာ ပါ။ သံသတ္ထုစပ်လို ပစ္စည်းမျိုးနဲ့ ထုလုပ်ထားတဲ့ အဲသည်ဘုရားရုပ်တုမှာ ဆံတော်လို့ပြောကြတဲ့ ဖြူဖြူ အမျှင်တွေ အစကမရှိပဲ နောက်ပိုင်း ရှည်လျှားစွာထွက်လာတာကတော့ မျက်မြင်ပါ။ အဲဒါကို သိပ္ပံနည်းကျ ရှင်းပြဘို့ တော်တော်ခက်ပါလိမ့်မယ်။ အဲဒီဆံတော်ဆိုတဲ့အရာတွေကတော့ ထေရဝါဒကို လေးလေးနက်နက် ယုံကြည်သူတဦးက သင်္ကြန်အချိန်တခုမှာ ဘုရားရုပ်တုကို ရေသပ္ပါယ်(ရေဆေး) အဝတ်နဲ့ သုတ်လိုက်ပြီးတဲ့နောက် ဘယ်တော့မှ ထပ်မထွက်တော့ပါဘူး။
နဲနဲကြီးလာတော့ အဓိဌာန်ဆိုတာ တစုံတခုကို ပြီးဆုံးအောင်မြင်အောင်ပြုလုပ်မယ်လို့ စိတ်ထဲမှာ သတ်မှတ်ထားပြီး အဲဒီအတိုင်းအောင်မြင်အောင်ကြိုးစားလုပ်တာ လို့ နားလည်လာပါတယ်။ ကိုယ့်ဟာကိုယ်တီထွင်ပြီးလုပ်ကြည့်တာတောင်ရှိပါတယ်။
တချိန်မှာတော့ ဝိဇ္ဇာဂိုဏ်းတခုရဲ့ အထူးလျှို့ဝှက်ထားတဲ့ အကြောင်းအရာတွေတပုံတပင်ကို တထိုင်ထဲနဲ့ (မတော်တဆ)သိခွင့်ရလိုက်တဲ့အခါ –
အဲဒီဂိုဏ်းတွေရဲ့အဓိဌာန်ဆိုတာက သင်ရိုးတခုလို အဆင့်ဆင့်သတ်မှတ်ထားပြီး တဆင့်ပြီးတဆင့် အောင်မြင်အောင်လုပ်နိုင်သူကို အဆင့်တက်ပေးတာမျိုးဆိုတာတွေ – ပြီးတော့ (ကိုယ့်အသက်ဘေးကြောက်လို့ ဘယ်သူ့ကိုမှတသက်လုံးထုတ်မပြောရဲတဲ့) အခြားအကြောင်းအရာတွေကို သိခွင့်ရသွားပါတယ်။ ဥပမာ ထုံ ကူးတာတို့၊ ဓါတ်ကူးတာတို့ ++++။ အဲဒါတွေကိုတော့ ထုတ်မပြောရဲပါဘူး။ နဲနဲလေး အမြည်းလောက်ထုတ်ပြောမိလို့ ဝမ်နင်ပေးတာကို မှတ်လောက်သားလောက် ခံရတာမျိုး ရှိတတ်ပါတယ်။ တောင်တန်းဆရာတော်ကြီး ဦးဥတ္တမသာရ ကတော့ ဟိုနားတတို့ ဒီနားတတို့ ပြောခဲ့တာရှိတယ်ထင်ပါတယ်။ သူကတော့ မေတ္တာဈာန်အောင်ပြီးသား ဘုန်းကြီးကိုး…နော်…။
ထူးဆန်းတာက အဲဒီဂိုဏ်းဝင်ဟာ ဘယ်အဆင့်ထိလုပ် (ဂါထာရွတ်ပုတီးစိတ်) ပြီးတယ် မပြီးဘူး၊ အောင်တယ် ကျိုးတယ် ဆိုတာကို ဂိုဏ်းဆရာက သိနေတာပဲ။ ပုတီးစိတ်တယ်ဆိုတာလဲ ရေတွက်ဘို့သုံးတာပါ။ အဓိကက ဂါထာတွေ ကိုရွတ်တာ ၊ ဘုရားဂုဏ်တော်တွေကို ဂါထာပမာရွတ်တာပါ။
အဲဒီတော့ ဘာအကျိုးရှိသလဲဆိုတော့ အတော်အသင့်တော့ အကျိုးရှိပုံရပါတယ်။ ဒီလောက်စိတ်ညစ်စရာကောင်းတဲ့ အလုပ်ကြီး မဖြစ်မနေ ပေတေလုပ်ရတာမျိုးကို မစွန့်ပစ်တဲ့အပြင် တဆင့်ပြီးတဆင့် တက်နိုင်အောင်ကြိုးစားကြတာ တွေ့ရလို့ပါပဲ။ အနိမ့်ဆုံးအကျိုးအနေနဲ့က မိမိဖြစ်ချင်တဲ့တစုံတခုကို အာရုံပြု ဆုတောင်းပြီး ဓိဌာန်တဲ့အခါ အောင်မြင်အောင်လုပ်နိုင်သူတချို့ မိမိလိုချင်တဲ့အကျိုးကိုရတာ တွေ့ဘူးပါတယ်။
တကယ်တော့ အဲဒါက တနပ်စာဟင်းစားပဲရတာပါ။ တကယ်က ကွန်ချက်ကိုပါသိချင်ရင် အဆင့်ဆင့်တက်ပြီး ဆရာဖြစ်အောင်လုပ်ပေါ့နော..။
အဲဒါတွေကြုံဘူးတော့ တက္ကသိုလ်ကျောင်းသားဘဝမှာ ရန်ကုန်က နတ်ဝိဇ္ဖာဂိုဏ်းတခုအကြောင်း မတော်တဆသိရ တွေ့ရတဲ့အခါ အထူးအဆန်းမဖြစ်တော့ပါဘူး။ ကျုပ်မျက်စိထဲမှာတော့ အဲဒီဂိုဏ်းတွေ(များစွာ)ထဲက တချို့(တချို့)ဟာ –
ပြောတာနားထောင်၊ ခိုင်းတာလုပ်၊ ပြန်လှန်မပြောနဲ့၊ မင်းလိုတာလုပ်ပေးမယ်၊ ကိစ္စရှိရင် မင်းဘက်ကကူရိုက်ပေးမယ် – ဆိုတဲ့
လူမိုက်ဂိုဏ်းမျိုး လို့ မြင်လာပါတယ်။
တကယ်ကူရိုက်ပေးတာတွေအကြောင်းတော့ မပြောတော့ပါဘူး။
ဒါဟာ အဲဒါမျိုးတွေကို ကျုပ်စိတ်ကုန်သွားပြီး လုံးလုံးလှည့်မကြည့်ဖြစ်တော့တဲ့ အကြောင်းပါပဲ။
(ဆက်ပါမည်)
27 comments
etone
April 14, 2012 at 10:10 am
ဦးဦးပါလေရာရေ …. ဘုရားဆင်းတုက … တန်းခိုးပြတာမျိုး မြင်ဖူးခဲ့ပါတယ် အဲဒါမျိုးတွေကျတော့သိပ္ပံနည်းနဲ့ အဖြေရှာဖို့တော့ အတော်ခက်တယ် ကို်ယ်တိုင် မမြင်ရလျှင်တောင် ပါးစပ်ပုံပြင်လို့ ယူဆခံရကိန်းလေ … ။
ဖိုးဖိုးငယ်ငယ်ကလည်း အဲ့ဒါတွေအယုံကြည်မရှိပေမယ့် …ဘိုးတော်ပြူးကိုယ်တိုင် အထင်ရှား ကိုယ်ထင်ပြခဲ့ပြီး ဆုံးမတာ ကြုံခဲ့ဖူးလို့ …. သူ့ကျန်သက်တမ်းတစ်လျှောက်လုံး အဆုံးမနဲ့ အညီနေထိုင်ခဲ့တယ် …ကျင့်ကြံအားထုတ်ခဲ့တယ် …။ မနောအာရုံကနေအဆက်သွယ်ပြုခဲ့ပြီး … တစ်ချို့သော ပယောဂအနှောင့်ယှက်ခံရသူများကို ကူညီခဲ့တာလေး ပြန်အမှတ်ရတယ် … .။ ကိုယ်တိုင်သာ မမြင်ဖူးခဲ့လျှင်လုံးဝယုံမိမှာမဟုတ်ဘူးလေ … ။
ွ
ဦးဦးပါလေရာ
April 15, 2012 at 9:49 pm
etone ပြောသလိုပါပဲ
ကိုယ်တိုင်ကြုံဘူးမှ ဒီလိုတွေရှိပါလားလို့ နားလည်သွားတာပါ။
ဒီအတိုင်းပြောနေရင် ယုံစရာမကောင်းဘူးလေ..
ဒါကြောင့် နောက်တပိုင်းကို draft ထဲမှာထည့်ထားပြီး
တင်သင့်မတင်သင့် စဉ်းစားနေတာ… 🙂
ကြောင်ကြီး
April 14, 2012 at 10:39 am
http://kotseikkosit.multiply.com/music/item/167/167 (20051126 UOttara1 (40)A+)
နံပါတ်ရှစ်ခုမြောက်မှာ သဲအင်းဂူဆရာတော်ကြီးရဲ့တပည့် လားရှိုးဆရာတော် ဦးဥတ္တရရဲ့ ကိုယ်တွေ့ပြောပြချက်ရှိတယ်။ နာကြည့်ပါ…။ ပေးထားတဲ့လင့်ခ်ကို ဖွင့်လိုက်ရင် နံပါတ်အစဉ်လိုက် အသံလွှင့်လိမ့်မယ်။ မစောင့်နိုင်ရင် ဖော်ဝက်ဒ်ခလုပ်နှိပ်ပြီး အဲဒီအသံဖိုင်ရောက်အောင် သွားလိုက်ပါ..။
ဆက်မျှော်နေပါသည် ဦးပါလေရာ ခင်ဗျား..။ သဂျီးကို ဝိပဿနာနဲ့ ချွတ်မရမှတော့ ဂမ္ဘီရတန်ခိုးပြ ဆုံးမရမည်ဖြစ်ပါသည်။ နတ်စိမ်းဖြစ် ဖိုစောင့်ဓာတ်လုံးအစောင့်ဖြစ်သည်က ငရဲကျသည်ထက်စာလျင် သူ့အတွက် အများဂျီး သက်သာပါမည်။ 😛
kai
April 14, 2012 at 3:26 pm
ဓာတ်လုံးစောင့်ရလို့တော့ကွာ…
တကမ္ဘာလုံး… ဂျွန်းပြန်သွားမယ်မှတ်…
မှတ်..
မှတ်..
ဆူး
April 15, 2012 at 8:32 pm
သဂျီးစောင့်တဲ့ ဓါတ်လုံး ရှင်အစ္စဂေါန တပည့်တွေ လက်ထဲ မရောက်စေနဲ့.. အသက်ရှုကျပ်မှာ စိုးလို့။
အဆော့သန်တဲ့ ကလေးတွေ လက်ထဲ မရောက်စေနဲ့.. တော်ကြာ ဂျင်နီ ရုပ်ရှင်ထဲကလို အတွင်းမှာ ဂျွမ်းတကယ် ပစ်နေရမယ်။
ဦးဦးပါလေရာ
April 15, 2012 at 10:03 pm
ကျေးဇူးပါဗျာ..
ကွန်လေးနဲနဲကောင်းလာမှ နာကြည့်ဦးမယ်။
ဆူး
April 15, 2012 at 8:30 pm
ဦးဦးပါလေရာ ပြောနေတာ ရွှေရင်ကျော်တို့ ဘာတို့ များ ပါသလားလို့..
ဆူး တပည့်တယောက်တော့ သူ့ အဖေ ငယ်ငယ်ကတည်းက မရှိတော့ဘူး။ သူ့ အဖေ ငယ်ငယ်လေး နဲ့ သေသွားတာ ဂိုဏ်းဝင်ဖြစ်ပြီး အရက်သောက်မိလို့ မစားရတဲ့ အသားစားမိလို့ စသဖြင့် ယုံကြည်တယ်လို့ ပြောတာ ကြားဖူးတယ်။
စိတ်ဝင်စားပါတယ်။ အင်တာနက် ပျက်ပျက်နေလို့ ဖတ်ပဲ ဖတ်လိုက်ရတယ်။
ဦးဦးပါလေရာ
April 15, 2012 at 10:00 pm
ရွှေရင်ကျော်ဆိုတာကတော့ မြစ်ဝကျွန်းပေါ်ဒေသကို အခြေခံပေါ်ပေါက်လာပြီး တနိုင်ငံလုံးပျံ့နှံ့သွားတဲ့
ဆေးဝိဇ္ဇာ ဂိုဏ်းတခုပါ။ အထက်လမ်းဂိုဏ်းတခုဆိုပါစို့။ မူရင်းအမည်က ရွှေယဉ်ကျော်ပါ။ နောက်မှ ရင် ဖြစ်သွားတာ။
စောင့်ထိန်းစရာတချို့ ကတိခံပြီးစောင့်ရတာကလွဲရင် ကျင့်စဉ်ပြင်းပြင်းထန်ထန်မရှိလို့ ဂိုဏ်းဝင်သူများပါတယ်။ အဲဒီဂိုဏ်းခေတ်စားတဲ့အချိန်မှာ မတည့်တဲ့လူတွေ အထက်လမ်းအောက်လမ်းတွေနဲ့ အပြန်အလှန် တိုက်ခိုက်ကြတာများလို့ ကိုယ်ခံအနေနဲ့ ဂိုဏ်းဝင်သူတွေလဲများပါတယ်။ ဥပမာအားဖြင့် အဲဒီခေတ်က နံပါတ်(၁)အဆင့် နိုင်ငံမှာအထင်ရှားဆုံး ရုပ်ရှင်မင်းသမီးဟာ အဲဒီဂိုဏ်းဝင်ပါ။
အဲဒီဂိုဏ်းဟာ စည်းကျိုးသူတွေကို ဒါဏ်ခတ်တယ်ဆိုပေမယ့် အသက်ဘေးအထိတော့ ပြင်းပြင်းထန်ထန်မလုပ်ပါဘူး။ (သဘောကောင်းပါတယ်:P)။ ပြင်းပြင်းထန်ထန်လုပ်သူတွေကိုတောင် မူအရ ဆန့်ကျင်ပါတယ်။
နောက်ပိုင်းတော့ မြန်မာ့ထုံးစံအတိုင်း အဲဒီဂိုဏ်းလဲ အစိတ်စိတ်ကွဲ/ စင်ပြိုင်တွေ ခပ်များများပေါ်လာပြီး မှိန်သွားပါတယ်။
ဆူး
April 15, 2012 at 10:17 pm
ရွှေရင်ကျော် ဂိုဏ်းနဲ့ ပတ်သတ်ပြီး ဂိုဏ်းဝင် တယောက်က သူ အတွေ့အကြုံနဲ့ သူ အကြောင်း အင်တာနက်မှာ ရေးထားတာ တွေ့လို့ တခါဖတ်ဖူးပါတယ်။
ဦးလေး ပြောတာ အစုံဆိုတော့ ပိုစိတ်ဝင်စားဖို့ ကောင်းမယ် ထင်တယ်။
တင်ပေးပါ စောင့်ဖတ်နေပါ့မယ်။
အယူအဆ ယုံတာ မယုံတာ ခဏထား.. ဒိလို အယူအဆ နဲ့ လုပ်ဆောင်ချက်တွေ ဘာလို့ နှစ်ရှည်လများ တည်တဲ့ နေသလဲ ဆိုတာ ကို ထောက်ချင့်ပြီး သိအောင်တော့ လေ့လာချင်တယ်။
ဥပမာ အားဖြင့် သုံးစွဲ တယ် ဆိုတဲ့ စကားကို သုံးပါ မစွဲ ပါနဲ့ ဆိုသလို ဖတ်မယ် လေ့လာမယ် လိုက်မလုပ်ပါဘူးလို့ အာမခံချက်ပေးမယ်တယ်။
ဦးဦးပါလေရာ
April 15, 2012 at 10:48 pm
ဆူး ရေ ..
စောစောတုန်းက စာလုံးပေါင်းမှားသွားပြန်တယ်။
ရွှေယဉ်ကျော် မဟုတ်- ရွှေ ယင် ကျော် ပါ။
မကောင်းဆိုးဝါးကဖန်ဆင်းထားတဲ့ ရွှေရောင်ရှိတဲ့ ယင်ကောင်ကြီးရဲ့ အန္တရယ်ကိုကျော် ခဲ့လို့ အဲဒီနာမည်ပေးခဲ့တာပါ။
များသောအားဖြင့် ဒီလိုဂိုဏ်းတွေဟာ သူတို့ဂိုဏ်းရဲ့အတွင်းရေးတွေ ထုတ်ပြောတာ မကြိုက်ကြပါဘူး။ ရွှေရင်ကျော်ကတော့ ထုတ်ပြောလို့ရတဲ့ ဂိုဏ်းထဲမှာပါပါတယ်။
အဲဒါတွေပြောပြရင်တော့ ဦးလေးရဲ့ဆရာတော် နတ်ပြည်ကဆင်းလာပြီး ထွေးခံနဲ့ပေါက်တော့မှာပဲ..:D 😀
အင်း.. နဲနဲ ချင့်ချိန်ပြီး ရေးပါမယ်။
အဲဒါတွေသိပြီးလဲ ဒီခေတ်လူငယ်တွေ လိုက်မလုပ်မှာ သေချာပါတယ်။ 😀 😀
ဆူး
April 16, 2012 at 8:46 am
ဦးလေးရယ် ဆရာတော် နတ်ပြည်မှာ ထွေးခံ မရှိလို့ စိတ်ပူစရာတော့ မလိုလှပါဘူးထင်ပါတယ်။ နတ်ပြည် တက်သွားတာသာ မှန်ခဲ့ရင် နတ်ပြည်မှာ သူ့ အလုပ်နဲ့ သူရှုပ်နေမှာ သေချာပါတယ်။ စာထဲမှာတော့ တဖက် ၅၀ဝ လောက် ရှိတယ် ဆိုတော့ အယောက် ၁၀၀ဝ လောက်ဆိုတော့ တယောက် တခွန်း စကားပြောတာ ပြန်ဖြေရရင်တောင် တော်တော် မောနေမယ်လို့ ထင်တယ်။ 😀
ဥပမာ အီဂျစ် က ပိရမစ်တွေ ထဲမှာ လူတွေ သေသွားရင် ပတ်တီးစီးပြီး ဆေးစိမ်ထားပြီး သူတို့ ယုံကြည်ချက် အတိုင်း သေရင် ဘာဖြစ်မလဲ ဆိုတာကြီးကို ရေးထားတာတွေထဲမှာ ခွေးခေါင်းနဲ့ လူကြီးက သေသူရဲ့ နှလုံးသားကို ချိန်ခွင်နဲ့ ချိန်ပြီး အလေးပေါ့ ငရဲပြည်နဲ့ နတ်ပြည် ခွဲခြားပေးတယ် ရေးထားတယ်လို့ ဖတ်ဖူးတယ်။
ဒီလို စာတွေကို ရေးတဲ့ လူက ဘယ်လောက် ရေးခဲ့ ရေးခဲ့.. အလုံပိတ်ထဲမှာ ရှိနေပြီး ဖွင့်တဲ့ လူ မရှိရင်လည်း မသိနိုင်ဘူး။ ဘာသာပြန်ပေးတဲ့ လူ မရှိရင်လည်း မသိနိုင်ဘူး။
အတိတ်က အတိတ် မှာ ဖြစ်နေပြီ ဖြစ်တဲ့ အတွက် လေ့လာဖို့ လောက်တော့ သိချင်တာပါ။
ဆူး မှာ ရွှေအစစ် ကို ရရှိထားပြီးပါပြီ။ ရွှေအစစ်က နှစ်ပေါင်းများစွာ ဘယ်လောက် ထားထား တန်ဖိုးထိုက်တန်ပါတယ်။ သားမြေးတွေကို ပေးခဲ့တဲ့ အချိန်မှာလည်း တန်ဖိုးထားတတ်မယ် ဆိုရင်တော့ လျော့မသွားပါဘူး။
ဖန်စီ နဲ့ တူတဲ့ မြင်တာနဲ့ မက်မောလောက်စရာ ကောင်းတဲ့ အရာတွေကတော့ အချိန်ကြာသွားရင် တန်ဖိုးမဲ့ပြီး ဟောင်းနွမ်းပျက်စီးနိုင်တာ နားလည်ပါတယ်။
ဖန်စီ ကို မမက်မောပေမဲ့ မြင်ဖူးချင်တယ် ဆိုတဲ့ သဘောလောက်ပါပဲ။
ဆူး ရဲ့ ဆရာတော်က ပြောဖူးတယ် ရွှေရင်ကျော် ဂိုဏ်းထောင်တဲ့ ဂိုဏ်းဆရာတွေက အခု သူ့ ဂိုဏ်းသူ ပြန်စောင့်ပြီး တပည့်တွေ ခိုင်းတာ လိုက်လုပ်နေရတယ်တဲ့… ရယ်စရာ အဖြစ် ရွတ်နောက်နောက် ပြောတာ ကြားဖူးတယ်။ တကယ် ဟုတ်မဟုတ်တော့ စိတ်ဓါတ်စွမ်းအားကြီးတဲ့ သူတွေ စစ်ဆေးကြည့်ပေါ့နော်။
ကြောင်လေး
April 18, 2012 at 10:25 pm
ဦးဦးပါ လုပ်တဲ့အဓိဌာန်မျိုးကျနော်လည်းလုပ်ခဲ့ဖူးတယ်၊ ဦးဦးပါ မြင်သလိုမျိုးလည်းမြင်ခဲ့ဖူးတယ်။ ရှစ်တန်းကျောင်းသားလောက်ကပေါ့။ ဂိုဏ်းတွေဘာတွေနဲ့တော့မပတ်သက်ပါဘူး။
ကျနော်စိတ်ပုတီးရူးထခဲ့တဲ့အချိန်လို့ဆိုရမလား၊ ဦးကြောင်ပြောသလို ဂုဏ်တော်ကိုးပါးကို စိတ်တာ၊
အနုလုံ ပဋိလုံ လို့ခေါ်မလား ၁၊ ၁-၂၊၂-၁၊၁-၂-၃၊ ၃-၂-၁၊၁-၂-၃-၄၊၄-၃-၂-၁
အဲဒီပုံစံမျိုးပေါ့၊ အပတ်ရေကို နေ့ရဲ့ဂြိုဟ်သက်အလိုက်စိတ်တာ၊ပြီးရင်တရားမှတ်တယ် ၊သမာဓိထူထောင်တယ်ပေါ့ဗျာ၊ အဲဒီမှာ ဦးဦးပါမြင်သလိုမျိုး ပုံတွေကိုမြင်ခဲ့ဖူးတယ်၊ ဘုရားနဲ့၊သံဃာတော်တွေနဲ့ ပတ်သက်တဲ့ပုံတွေပေါ့၊ ကိုယ်စိတ်စွဲခဲ့တဲ့ဟာကို မြင်ယောင်တာလားတော့မပြောတတ်ဖူး။
ကြာခဲ့ပါပြီ။ အခုကတော့ ကြီးမိုက်ပေါ့။
ဦးဦးပါလေရာ
April 18, 2012 at 11:32 pm
ဂုဏ်တော်ကိုးပါးကတော့ တကယ် ထူးခြားပါတယ် ကိုကြောင်လေးရေ…
ရွတ်ရုံမျှနဲ့ကို အကျိုးရှိပါတယ်
ရေတွက်ရုံမျှနဲ့ကို အကျိုးရှိပါတယ်
စိတ်ထဲက အောက်မေ့ရုံမျှနဲ့ကို အကျိုးရှိပါတယ်။
အနုဿတိဖြစ်အောင် ပွား နိုင်လို့ကတော့ … ဆိုဘွယ်မရှိပေါ့….။
Mr.Elder Miss
October 25, 2014 at 4:17 pm
ရွှေယင်ကောင် ဒေါ်သဲညို ကို ဆရာဦးဘိုးဟန် က နိုင်ခဲ့ပါတယ်
ဆရာပွင့် ဆုံးပြီးနောက်မှာ ဆရာဦးဘိုးဟန်ကို ပေးခဲ့တာကို တချိုု့ မကျေနပ်ကျတော့ ဂိုဏ်းတွေ ကွဲကုန်ပါတယ်
ဒါနဲ့ အမည် မတူအောင် ရွှေယင်ကျော် ဆိုပြီး ပေးခဲ့တာပါ
ရွှေယင်ကောင် ဒေါ်သဲညို ကို နိုင်တဲ့ အမှတ်တရပါ
မြစပဲရိုး
October 26, 2014 at 4:18 pm
Mr. + Miss ဆိုတော့ သများ ရဲ့ ကွန်ချီတာ အမျိုး တောင် ဖြစ်လေမလားဘဲ။ lol:-))
padonmar
October 25, 2014 at 9:42 pm
ဦးပါများ စာပြန်ရေးနေသလားလို့။
Mr.Elder Miss ရေ၊
စိတ်ဝင်စားပါတယ်။ အဲဒီအကြောင်းလေး ရေးတင်ပါလား။
ဗဟုသုတအဖြစ်သိချင်ပါတယ်။
kai
October 26, 2014 at 3:24 pm
စိတ်ဝင်စားသဗျို့..
လောလောဆယ်.. ယူအက်စ်..အာရီဇိုးနားက..နယ်တခုကို.. ဂမ္ဘီရအောင်မြေဆိုပြီး.. အလိုတော်ပြည့်ဆရာတော်သွားခဲတြဲ့အကြောင်း..
နောက်လခရီးသွားဆောင်းပါးအဖြစ်ထည့်ဖို့..လုပ်နေတယ်..
တင်ပေးမယ်…လေ.. :k:
surmi
October 26, 2014 at 4:07 pm
ဟွင်းဟွင်း
ဒို့သဂျီးလဲငြင်းသလိုလိုနဲ့ စိတ်တော့ဝင်စားသဟ 🙂
.
.
ဘာဘဲဖြစ်ဖြစ် Mr.elder miss က အရင်းအမြစ်တချို့ကိုသိနေတဲ့သူဖြစ်မယ် ။
ဆိုတော့ …… မသိသေးတာလေးများသိရလေအောင် ရေးတင်ပါဗျို့
နှစ်နှစ်ကျော်ကြာသွားတဲ့ဒီပို့စ်ကိုမှပြန်တူးထားတော့
အင်းးးးးးး ကျုပ်တို့တွေ ပေါက်ကရမပြောမိခဲ့တာဘဲ ခတကောင်းကောင်း
သဂျီးလဲ ဆင်ဆင်ဂျင်ဂျင်နေပါ နော ဟဲဟဲ
မြစပဲရိုး
October 26, 2014 at 4:16 pm
ကိုယ့် သူကြီးမင်း အကြောင်း အခုမှ “အခုတော့ သိပြီလေ” လား ကဆာမိ ရဲ့။
ပွဲသွင်းတော် ပါတယ် ဆိုမှ။
ကိုယ်တွေ ကလဲ တစ်ခါတစ်ခါ ပွဲ ဝင်ချင်တော့ ဟန်ကျပါတယ်လေ။ :))
ကိုပါ့ ရဲ့ ဒီ Post ရဲ့ Date ကို ကြည့်တော့ အဲဒီ အချိန် ကျွန်မ က ရွှေပြည်ကြီး ပြန်ရောက်ချိန်ပေါ့။
ဒီတစ်ခါ ဘေး ကဘဲ ကြည့်နေတော့မယ်။
ဆက်ပါဦးလေ။ တန်းလန်းကြီး (မပြီး မပြတ်သေး) လား။ lol:-)))
surmi
October 26, 2014 at 4:19 pm
အရီးရေ
တကယ်တော့လေဟ သဂျီးမင်းက
.
.
ကဲဗျာ
ဆက်ကြပါဗျို့ စောင့်နေပါတယ်
ဦးကြောင်ကြီး
October 27, 2014 at 7:53 am
ဦးမာမွတ် (ခ) အယာတိုလာခိုမ်မေနီဆိုတာ သဂျီးလား..
pooch
October 27, 2014 at 10:21 am
ဦးပါဆက်ရေးထားသေးလား ရှိရင်လင့်ပေးအုန်း
နားတော့မလည်ပေမဲ့ ဖတ်ဖူးတယ် ရှိအောင်လို့ပါ
ဦးဦးပါလေရာ
October 27, 2014 at 12:31 pm
အပိုင်းလေးအထိ ရေးဖူးတယ်ထင်တာပဲ.. ပုရှ် ရေ..
ဒါပေမယ့် လင့်တွေလဲ မမှတ်ထားမိ
မူရင်းစာမူလဲ မရှိ…..
🙁
မမချွိ
October 27, 2014 at 12:35 pm
http://myanmargazette.net/tag/%e1%80%95%e1%80%ab%e1%80%b1%e1%80%9c%e1%80%9b%e1%80%ac%e1%81%be%e1%80%80%e1%80%b6%e1%80%b3%e1%80%9e%e1%80%99%e1%80%bd%e1%80%ba
ဒီမှာ ဒီမှာ…
😀
Novy
October 27, 2014 at 11:30 am
Mr.Elder Miss က ရွှေရင်ကျော်ကအဖေကြီးတွေရဲ့ နံမည်နဲ့ ဆက်ခံပုံတွေပါသိတယ်ဆိုတော့
အဖေကြီးဘိုးတာ်ပွင့်ရဲ့ ဆေးတော်ဘုရားသမိုင်းကိုလည်းသိမယ်ထင်တယ်နော်
ရွှေရင်ကျော် ဂိုဏ်ကတကယ်ကို ဆေးစွမ်းထက်ခဲ့ပါတယ် (ကိုယ်တွေ့ပါ)
ကိုယ်ကျိုးရှာ မသာမာသူလူလိမ်တွေကြောင့် မှေးမိန်ပျောက်ကွယ် နံမည်ပျက်ရတာပါ
kyeemite
October 27, 2014 at 2:50 pm
.ဒီပို့စ်ကိုမဖတ်ဖြစ်ခဲ့ဘူး..ဘာကြောင့်ရယ်မသိ(သင်္ကြန်ပိတ်ရက်အတွင်းမို့နေမှာ)
.ခုမှပဲ ကေဇီပေးတဲ့လင့်ကနေ ပြန်ဖတ်လိုက်အုံးမဗျို့ 🙁
kyeemite
October 27, 2014 at 3:30 pm
.ကျုပ်လည်း အစစ်အမှန်လိုလိုလေးတွေ့ဖူးသဗျ…ဆရာတစ်ယောက်ပေးတဲ့ ဂမ္ဘီရ အဆောင်တစ်ခုရဖူးတယ်
.အတော်စွမ်းသဗျ..ခုတော့ လူခိုးခံလိုက်ရလို့မရှိတော့ဘူး