သံ တ မန် ဝတ် စုံ လေး နဲ့ အမေစု

ဘဲရႈပ္April 14, 20121min26912

၁၃.၄.၂၀၁၂ ့ မြန်မာပြည်နိုင်ငံတကာဆက်ဆံရေးမှာ လူရာသူရာဝင်တဲ့နေ့ လို့ ပြောရမဲ့
ဗြိတိန်နိုင်ငံဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း လာတဲ့ခရီးမှာ.. ခရီးစဉ်ရဲ့ ရလဒ်ကို မဝေဖန်ခင်
အမေစုဟာ..ဗြိတိန်နိုင်ငံဝန်ကြီးချုပ်နဲ့ တွေ့တဲ အချိန်မှာဝတ်တဲ့ ဝတ်စုံလေးကတော့
တော်တော်ထူးခြားပါတယ်…

အမှတ်တမဲ့ကြည့်ရင်တော့ မြန်မာ့ရိုးရာ..ရင်ဖုံးလေးပါဘဲ..
ဒါပေမဲ့ တရုတ်ရိုးရာ ဒီဇိုင်းလေးနဲ့ပေါင်းစပ်ထားတဲ့ ရင်ဖုံးဝတ်စုံဖြစ်ပါတယ်..
တင်စားပြောရရင် ဒေါ်အောင်ဆန်းစုကြည်ဝတ်တဲ့ ဝတ်စုံများထဲမှာ..
ဒီနေ့ဝတ်စုံဟာ သံတမန်ဝတ်စုံဖြစ်ပါတယ်…

ဒါဟာ တရုတ်နိုင်ငံ တရုတ်လူမျိုးများကို အသံမဲ့ စကားနဲ့ သံတမန်နည်း ပြောဆိုလိုက်တာပါ..
အနောက်အုပ်စု နိုင်ငံများနဲ့ ရင်းနှီးကျွမ်းဝင်တဲ့ သူမ ကိုတရုတ်နိုင်ငံက စိုးရိမ်ထိတ်လန့်မှု
မရှိစေရေး အတွက်..သူမဟာ အနောက်နိုင်ငံများနဲ့ အနာဂတ်မှာ လက်တွဲလုပ်ဆောင်သွားမှာ
ဖြစ်သလို..အိမ်နီးချင်း တရုတ်နိုင်ငံနဲ့ လဲ စိုသော လက် မခြောက်စေနဲ့ ဟူသော စကားနှင့်
အညီ ရှိယင်းစွဲဆက်ဆံရေး တည်တံ့အောင်ဆက်လက်ကြိုးစားသွားမှာဖြစ်ကြောင်း…
ယခင့် ယခင်အခါများက ဓါတ်ပုံများ ဝတ်စုံများဖြင့် စကားပြောခဲ့ သလို…
ယနေ့လဲ သံတမန်ဝတ်စုံ..ဝတ်ဆင်စကားပြောခဲ့ သည်ကို အမေချစ်သော သားတစ်ယောက်မှ အမေစုကိုယ်စား လေးစားစွာ တင်ပြအပ်ပါတယ်…

Aung Myo Naing (8888)

နောက်ပီး အရေးကြီးသတင်းတပုဒ်ကတော့ ဒေါ်အောင်ဆန်းစုကြည်က အနောက်နိုင်ငံများ၏ မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုများ ရုတ်သိမ်းပေးရန် ပထမဆုံးအကြိမ် တောင်းဆိုလိုက်ပါတယ်လို့ သတင်းရရှိပါတယ်..

သိသူများ ဒီသတင်းအပေါ် ကို အတည်ပြုပေးကြစေလိုပါကြောင်း ။

12 comments

  • yama nya

    April 14, 2012 at 10:36 am

    ကျွန်တော် သတင်းတွေမှာ ဖတ်ရတာကတော့ ဗြိတိန်ဝန်ကြီးချုပ်က မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် ပိတ်ဆို့မှုတွေကို “ဆိုင်းငံ့ထား”သင့်ကြောင်းပြောကြားချက်ကို သဘောတူထောက်ခံကြောင်း ပြောတယ်လို ့ သိရပါတယ် ။ သဘောကတော့ နောက်ကြောင်းပြန်လှည့်သွားရင် အချိန်မရွေး ပြန်လည် ရင်ဆိုင်ရမယ် ဆိုတဲ့ သဘောပေါ့ ။ ကို Aung Myo Naing (8888) ကြားသလို “အနောက်နိုင်ငံများ၏ မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုများ ရုတ်သိမ်းပေးရန် ပထမဆုံးအကြိမ် တောင်းဆိုလိုက်တယ်” ဆိုရင်တော့ ကောင်းတာပေါ့ ။ စီးပွားရေးပိတ်ဆို့မှုဟာ ကျွန်တော်တို ့ နိုင်ငံရဲ ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုကို တွန်းအား ဖြစ်စေကောင်း ဖြစ်စေနိုင်ပေမယ့် တကယ်တမ်းကြတော့ ပြုပြင်ပြောင်းလဲနိုင်တဲ့ အခွင့်အာဏာ ရှိသူရဲ ့ ပြုပြင်ပြောင်းလဲလို စိတ်ပဲ ။ အနောက်နိုင်ငံတွေ အနေလည်း မိမိတို ့ရဲ ့ စကားကို တည်ဖို ့တော့ လိုတယ်ထင်တယ် ။ ဘာလေးလုပ်ပေးပြီးရင် ဘာလုပ်ပေးမယ် ။ လုပ်ပေးပြီးပြန်တော့လည်း ဘာလေး လုပ်ပေးပြီးမှ ဆိုပြီးတော့ တစ်ရစ်ချင်း ရစ်မနေသင့်ဘူး ။ ဘယ်သူတွေ ဘာပဲပြောပြော နိုင်ငံအတွင်း လက်ရှိနေထိုင်တဲ့ လူထုတွေရဲ ့ ဆန္ဒကို စစ်တမ်းကောက်ကြည့်ပါ ။ စီးပွားရေးပိတ်ဆို့ထားတာကို ကြိုက်လားလို ့ ။ လက်တွေ ့ခံစားရတာက ပြည်သူပဲ ။ နိုင်ငံရေး လုပ်သူတွေကလည်း ဒါကို လက်နက်တစ်ခု အဖြစ် မသုံးသင့်ဘူး ။

  • ကြောင်ကြီး

    April 14, 2012 at 10:53 am

    တရုတ်မြန်မာ
    ချစ်ကြည်ရေး
    ဦးကြောင်အားပေး
    ဒို့အရေး
    အမေကမွေး
    တရုတ်မဖွေး
    ရအာင်ယူစို့လေး။။။

  • အာကြီး

    April 14, 2012 at 11:11 am

    ရအောင်ယူမယ်
    ဖြူအောင်ရယ်
    ဒို့အရေးပါကွယ်

  • etone

    April 14, 2012 at 12:05 pm

    အမ် … ဘယ်နှယ့် မြန်မာဝတ်စုံထဲက လည်ထောင် ရင်ဖုံးဒီဆိုင်းက တရုတ်ကို အသံတိတ်ပြောတဲ့သံတမန်ဝတ်စုံဖြစ်သွားရတာလဲ …. ။ မြန်မာ့ဟန် … မြန်မာဒီဇိုင်းပါ … လိုရာဆွဲမပြောကြပါနဲ့ …. ။ အမေစုက တိုင်းရင်းသားဝတ်စုံနဲ့… မြန်မာဝတ်စုံနှစ်မျိုးတည်းကိုပဲ …. သူ့ရဲ့ဖက်ရှင်အနေနဲ့ ရွေးဝတ်ပြီး စံနမူနာ ပြခဲ့တာ …ကမာ္ဘနဲ ့အဝှမ်းသိတယ် … ။

    အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေးအဆင်ပြေဖို့ သူမလုပ်ဆောင်မှာပါ … ဒါက ကဏ္ဍ သပ်သပ်ပါ… ။ ဝတ်စုံဝတ်တာကိုတော့ .. ဟိုလိုလို ဒီလိုလိုရောထွေးမနေစေချင်ပါ … ။ 🙄

  • အာကြီး

    April 14, 2012 at 1:47 pm

    ဂျာနယ် တစ်ခုမှ လုပ်အားပေးနေတဲ့ သံတွဲသားပါ. ဟုတ်ပါတယ် .
    ရန်ကုန်မှာ နေတာတော့ ၁ဝနှစ်ရှိနေပါပြီ ။
    တော်တော်စပ်စုတဲ့ ကိုနာဂရ ပါပဲလား ။

    • ဟုတ်ပါပီ အကိုရေ။ဝမ်းသာပါတယ်ဗျာ။ဒါနဲ ့ဗျာ —
      သံတွဲသားဆိုတော့ သံတွဲအကြောင်းလေးတွေ ဆက်ရေးပါအုံး။
      ဂျာနယ်ဆိုတော့ဗျာ. လက်ရှိစစ်အစိုးရရဲ ့လက်ကျန်အာဏာရူးဝန်ထမ်းပျက်
      တွေအကြောင်းကို ထိမိအောင်ရေးပြစေချင်မိတယ်။

  • မိုးချမ်းမြေ့

    April 14, 2012 at 3:35 pm

    ဒေါ်စုကတော်တော်
    အာကြီးကကဲကဲ
    ကြောင်ကြီးကပွဲထုတ်တော့
    အိတုံကဆွဲဖြဲ
    နာဂဟတ်တက်ကွဲ ဟဲ ဟဲ ဟဲ။

  • ရွာစားကျော်

    April 14, 2012 at 6:11 pm

    လွတ်လပ်စွာ ကွဲလွဲခွင့်တော့ရှိသပေါ့လေ.

  • Gipsy

    April 14, 2012 at 7:51 pm

    မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုများ ရုတ်သိမ်းပေးရန် ပထမဆုံးအကြိမ်
    တောင်းဆိုတဲ့ သတင်းကို သိသူများ ဆက်လက်လက် ဝေမျှကြပါကုန်…။
    အကျွနုပ် သည် ကား ဘာဆို ဘာမှ မသိပါသဖြင့်….။

  • cobra

    April 14, 2012 at 8:45 pm

    ဘယ်လိုပဲကြည့်ကြည့်ယဉ်တဲ့သူရယ်….
    ယဉ်တဲ့သူရယ်…….

  • Don Juan Ronald

    April 15, 2012 at 8:17 am

    ဝတ်စုံဆိုသာရောနှောနေတာချည်းပါဘဲ။
    ကျနော်ကြားဘူးတာကတော့၊
    ဗမာဝတ်စုံထဲမှာ တိုက်ပုံရယ်၊ရင်ဖုံးရယ်က တရုတ်ကြီး ဆီကနေဆင်းတက်လာတယ်။
    လုံချည်နှင့် ပုဆိုး က၊ကုလားကြီး ဆီကနေဆင်းတက်လာတယ်။
    ခေါင်းပေါင်းက ရှမ်းဆီကလာတယ်။
    တရုတ်ကြီးတွေ အရင်တုံးကဝတ်တဲ့ မော်စီတုံး ဝတ်စုံလည်း ရုရှ ဆီကနေလာတာပါ။
    ယခုခေတ်မှာတော့ တရုတ်ကြီးတွေလည်း အားလုံ အနောက်တိုင်း ဝတ်စုံ နဲ့ချည်းပါဘဲ။
    တဦးတည်း၊ပြည်သူတွေကရွေးချယ်ခဲ့ပြီးတရားဝင်သော ဝန်းကြီးချုပ်ဟောင်း ဦးနု ကတော့ ဘယ်နိုင်ငံသွားသွား ဗမာ ဝတ်စုံ တည်းသာဝတ်လေ့ရှိပါသည်။

Leave a Reply