“ကျေးဇူးတင်ပါတယ် ကိုဇော်ရီ”

yama nyaApril 14, 20121min1551

           ကျွန်တော့်ရဲ  ့ “ညီနောင်သားရင်း သွေးချင်းနီးစေ” ဆို ့တဲ့ ပိုစ့်အောက်မှာ ကိုဇော်ရီက ကျွန်တော်နဲ ့ ထပ်တူ မကျတဲ့ အမြင့်အချို ့ကို Comment မှာ ပြန်လည် ဆွေးနွေးထားတာကို ဖတ်ရပါတယ် ။ ဒီအတွက် ကျွန်တော် ကိုဇော်ရီကို ကျေးဇူးတင်ပါတယ်လို ့ပြောချင်ပါတယ် ။ ကျွန်တော် MG မှာ စာတွေ ဝင်ရေးနေတာ ဟာ အခုလို မတူညီတဲ့ အမြင်တွေကို ဆွေးနွေးဖလှယ်ချင်လို ့ပါပဲ ။ ကျနော် ဒီအကြောင်းကို ကျနော့်ရဲ ့ ပထမ ဆုံး ပိုစ့်မှာလည်းပြောခဲ့ပြီးပါပြီး ။ လူတစ်ဦးချင်းစီရဲ ့အတွေးအခေါ် ၊ အယူအဆ ၊ ထင်မြင်သုံးသပ်ချက်တွေဟာ တစ်ယောက်နဲ ့ တစ်ယောက် ထပ်တူမကျနိုင်ပါဘူး ။ ဒီလို ထပ်တူမကျနိုင်တဲ့ အတွေးအခေါ် ၊ အယူအဆ ၊ ထင်မြင်သုံးသပ်ချက်တွေကိုစုပေါင်းပြီးမှ အနီးစပ်ဆုံးတူညီမှုတစ်ခုကို ရှာဖွေနိုင်မယ်မဟုတ်လား ။ ကျနော်တို ့ “မတူညီတာတွေကို ဘေးဖယ် ၊ တူညီတာတွေကို ရွေးချယ်” ကြတာပေါ့ ။

ကိုဇော်ရီ ရဲ  ့ Comment ကို ဖတ်ကြည့်တော့ ကိုဇော်ရီဟာ ရခိုင်လူမျိုး တစ်ယောက်ဖြစ်လိမ့်မယ်လို ့ ထင်ပါတယ် ။ ကျနော်တို ့ရဲ ့ ဆွေးနွေးချက်တွေဟာ လူမျိုးရေးအမုန်းတရားတွေ ကင်းစင်ပြီး ပကတိတည်ရှိနေ တဲ့ အနေအထားတစ်ရပ်ကို ရိုးရိုးသားသားနဲ ့ ပြန်လည်ဆွေးနွေးခွင့်ရလို ့ ကျွန်တော် ကိုဇော်ရီကို ကျေးဇူးတင်ပါ တယ်လို ့ထပ်ပြောချင်ပါတယ် ။

အခု ကျနော် ကိုဇော်ရီ ရဲ  ့အမြင်နဲ ့ ကျနော့်ရဲ ့အမြင်ကို နှိုင်းယှဉ်ပါရစေ ။ ကျနော်တို ့နိုင်ငံအတွက် လူမျိုးစုတွေနဲ ့ ဖွဲ ့စည်းတည်ထောင်ထားတဲ့ လူမျိုးစုအားလုံးကို ကိုယ်စားပြုတဲ့ ပါတီတစ်ရပ်လိုအပ်တယ်လို ့ ပြောခဲ့ပါတယ် ။ ကိုဇော်ရီ ရဲ  ့အမြင်ကျတော့ NLD ပါတီဟာ လူမျိုးစုုံ ပါဝင်တဲ့ ဒီမိုုကရေစီပါတီဖြစ်တဲ့ အတွက် လောလောဆယ်ဆယ်မှာ နောက်ထပ်ပါတီတစ်ရပ် မလိုအပ်သေးဘူးလို ့ ဆိုပါတယ် ။ မှန်ပါတယ် ။ NLD ပါတီဟာ လူမျိုးစုုံ ပါဝင်တဲ့ ဒီမိုုကရေစီပါတီဆိုတာ ကျနော်လက်ခံပါတယ် ။ ဒါပေမယ့် ဦးဆောင်သူတွေဟာ အများအားဖြင့် ဗမာတွေဖြစ်နေတဲ့အခါကြတော့ အများရဲ ့ အမြင်မှာ ဗမာပါတီလို ဖြစ်နေတယ် ။ ဒီလိုအမြင် တွေမဖြစ်အောင် လူမျိုးစုုံ ပါဝင်တဲ့ ဒီမိုုကရေစီပါတီဆိုတာဖြစ်ဖို ့ ပါတီအတွင်းမှာ အခြားလူမျိုးတွေကိုလည်း သူတို ့ရဲ ့ အရည်အချင်းအလိုက် နေရာတွေပေးရမယ် ။ လူမျိုးစုုံ ပါဝင်တဲ့ ဒီမိုုကရေစီပါတီဆိုတာကိုလည်း လူထုသိအောင် လုပ်ရမယ် ။ ပါတီ ဦးဆောင်သူတွေကိုလည်း အရည်အချင်းကို ကြည့်ပြီး ရွေးချယ်ရမယ် ။ ဘယ်လူမျိုး ၊ ဘယ်ဘာသာဆိုတာ မရှိရဘူး ။ အဲဒီလိုမှ မဟုတ်ရင် အများရဲ ့ အမြင်မှာ ဗမာပါတီလို  ့ပဲမြင်နေ မယ် ။ ဘာကြောင့်လဲဆိုရင် မွန်လူမျိုးနာမည်ခံထားတဲ့ ပါတီကနေ အရွေးချယ်ခံတဲ့ မွန်တစ်ယောက်နဲ ့ အခြား ပါတီကနေ အရွေးချယ်ခံတဲ့ မွန်တစ်ယောက်ဟာ မွန်လူမျိုးချင်းတူတာတောင်မှ မွန်လူမျိုးနာမည်ခံထားတဲ့ ပါတီ ကနေ အရွေးချယ်ခံတဲ့ မွန်မှပဲ မွန်လူမျိုးတွေရဲ ့ အကျိုးစီးပွားကို အကာအကွယ်ပေးနိုင်တဲ့ ပုံစံမျိုး ပြောဆိုနေကြ လို ့ပါပဲ ။ မိမိပါတီက မိမိလူမျိုးမဟုတ်ရင် လူမျိုးချင်းတူရင်တောင် အခြားပါတီက ဖြစ်နေရင် မိမိလူမျိုးကို ကိုယ်စားမပြုဘူးဆို ့တဲ့ အစွဲတွေ မြင်နေရလို ့ ဘယ်လူမျိုးကိုမှ ကိုယ်စားမပြုဘဲ လူမျိုးစုအားလုံးကို ကိုယ်စားပြု တယ်ဆိုတဲ့ အမြင့်ရှိနိုင်တဲ့ ပါတီတစ်ရပ် ထူထောင်သင့်တယ်လို ့ ဆွေးနွေးခဲ့တာပါ ။ ယနေ ့ကျနော်တို ့ နိုင်ငံရဲ ့ နိုင်ငံရေးပါတီတွေကိုကြည့်ရင် တိုင်းရင်းသားပါတီ ၊ အတိုက်အခံပါတီလို ့ ဖော်ညွှန်းနေတဲ့ ဒီမိုကရက်တစ်ပါတီ နဲ ့ စစ်တပ်ကျောထောက်နောက်ခံ ပြုထားတဲ့ပါတီ ဆိုပြီး (၃) မျိုး တွေ ့ရတယ် ။ တိုင်းရင်းသားပါတီက တိုင်း ရင်းသားလူမျိုး တစ်မျိုးမျိုးကို ကိုယ်စားပြုထားပြီး  ၊ ကျန်တဲ့ပါတီတွေကိုတော့ လူမျိုးစုံ ပါဝင်ခဲ့ရင်တောင် ဗမာ ပါတီလို ့ပဲ အမြင်တွေရှိကြတယ် ။ ဒါကြောင့် လူမျိုးစုံပါတီလို ့ အမည်ခံရင် လူမျိုးစုံပါဝင်တဲ့ အခင်းအကျင်းတွေ နဲ ့ လူထုကြားမှာ အသိတွေဝင်အောင်လုပ်ရမယ် ။ ငါ့လူမျိုးအမည်ခံထားတဲ့ ပါတီမှ ငါ့လူမျိုးအတွက် လုပ်ပေး တာ မဟုတ်ဘူး ဒီပါတီဟာ ငါလူမျိုးအပြင် လူမျိုးအားလုံးကောင်းစားရေးအတွက် လုပ်ပေးနေတယ်ဆိုတာကို သိအောင်လုပ်ရမယ် ။ NLD အနေနဲ ့ ငါတို ့ဟာ ဗမာပါတီမဟုတ်ဘူး လူမျိုးစုံပါတီဆိုတာကို ကျယ်ကျယ်ပြန် ့ ပြန် ့လုပ်ရမယ် ။ အခုချိန်မှာ ပါတီခေါင်းဆောင်ဟာ ဒေါ်အောင်ဆန်းစုကြည်ဖြစ်ပေမယ့် တစ်ချိန်ကြရင် ဒီပါတီရဲ ့ ခေါင်းဆောင်ဟာ အရည်အချင်းကို လိုက်ပြီး ကရင်လူမျိုးလည်း ဖြစ်နိုင်တယ် ။ ရှမ်း ၊ ချင်း ၊ ရခိုင် ၊ မွန် စသဖြင့် ဘယ်လူမျိုးမဆို ပါတီခေါင်းဆောင် ဖြစ်နိုင်ရမယ် ။ ဒါမှ အားလုံး ကိုယ်စားပြုကြောင်း ထင်ရှားမယ် ။

နောက်တစ်ချက်က လူမျိုးနာမည်ခံ ပါတီ (သို ့) လူမျိုးကိုယ်စားပြုပါတီတွေ မရှိသင့်ဘူးလို ့တော့ ကျ နော်မဆိုလိုပါဘူး ။ ကျနော်ပြောခဲ့သလိုပဲ ယနေ ့ကျနော်တို ့နိုင်ငံဟာ လူမျိုးပေါင်းစုံ စုစည်းနေထိုင်ကြတဲ့ အတွက် လူမျိုးနာမည်ခံ ပါတီ (သို ့) လူမျိုးကိုယ်စားပြုပါတီတွေဟာ လူမျိုးတူတွေအားလုံး ပါဝင်နေတယ် ဆိုပေမယ့် လူမျိုးတစ်မျိုးတည်းကိုပဲ ကိုယ်စားပြုနေသလို ဖြစ်နေတဲ့အတွက်  မိမိဒေသတွင်းမှာတောင် အားနည်းနိုင်တယ်လို ့ ပြောတာပါ ။ အားလုံးပါဝင်တယ်ဆိုတဲ့ ဒီမိုကရက်တစ်ပါတီတွေတောင် ဗမာပါတီလို ့ အခေါ်ခံနေရသေးလို ့ပါ ။ ဥပမာ မွန်ပြည်နယ်မှာ မွန်လူမျိုးဖွံ ့ဖြိုတိုးတက်ရေးပါတီ”  ဆိုရင် အားလုံးပါဝင်နိုင် တယ် ဆိုပေမယ့် အမည်ကြောင့်ရော ၊ ဦးဆောင်သူတွေဟာ မွန်လူမျိုးတွေချည်းပဲဆိုရင် တစ်ပြည်နယ်လုံး မလွှမ်းခြုံဘူး ။ ဘာကြောင့်လဲ ဆိုရင် မွန်ပြည်နယ်လူဦးရေရဲ ့ ထက်ဝက်လောက်ဟာ ဗမာ ၊ ကရင် ၊ ပအို ့လူမျိုး တွေဖြစ်နေလို ့ပါပဲ ။ ဒါကြောင့် မွန်လူမျိုး ဖွံ ့ဖြိုတိုးတက်ရေးပါတီ”  ဆိုတဲ့ အမည်ထက် မွန်ပြည်သူ ့ပါတီ”  ပဲ ဖြစ်ဖြစ် ၊ မွန်လူထု ဖွံ ့ဖြို တိုးတက်ရေးပါတီ”  စသဖြင့် အမည်မှည့်ပြီး ပြည်နယ်အတွင်းနေထိုင်တဲ့ တိုင်းရင်းသား အားလုံးပါဝင်တဲ့ ပါတီကို ထူထောင်လိုက်ရင် ပါတီအရေအတွက်လည်း နည်းသွားသလို ့ ကိုယ့်ပြည်နယ် အတွင်းမှာ အခြား ပါတီတွေကိုလည်း ရင်ဆိုင်ရတာ လွယ်တာပေါ့ ။ ကိုယ့်လူမျိုးနဲ ့ သက်ဆိုင်တဲ့ ဘာသာ ၊ စာပေ ၊ ယဉ်ကျေးမှု စတာ တွေကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ဖို ့ကတော့  သက်ဆိုင်ရာလူမျိုးစုတွေရဲ ့ သမိုင်းပေးတာဝန်ပေါ့ ။ မည်မျှပင်ကွဲလွဲစေကာမှု ပါတီများစွာကွဲပြားမှုမရှိဘဲ ပါတီတစ်ရပ်အောက်မှာ ညီညွှတ်စွာ စုစည်းပြီး မိမိတို ့ နေထိုင်ရာဒေသရဲ  ့ ကိုယ်စားလှယ်ကို မိမိလူမျိုးထဲကနေ ရွေးချယ်လို ့ရတာပဲ ။ ဒါဆိုရင် လူမျိုးအမည်မခံထား ပေမယ့်လည်း မိမိလူမျိုး ၊ မိမိဒေသလူထုနဲ ့သက်ဆိုင်တာတွေမှန်သမျှ လုပ်ဆောင်လို ့ ရပြီးပေါ့ ။ ပြောတာ ပြောရတာပါ ။ ထင်သလောက်တော့ မလွယ်လှဘူးဆိုတာ နားလည်ပါတယ် ။ အခုတောင် ၁၉၉ဝ ကနေ မွေးဖွားလာတဲ့ မွန် ၊ ရှမ်း ၊ ရခိုင် ပါတီနဲ ့ ၂၀၁ဝ မှာ ပေါက်ဖွားလာတဲ့ မွန် ၊ ရှမ်း ၊ ရခိုင် ပါတီအချင်းချင်းတောင် မပေါင်းစည်းနိုင်ကြသေးဘူး မဟုတ်လား ။ ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ ။ တစ်မိုးအောက်မှာ အတူတူ မစုစည်းနိုင်ရင် တောင်မှ အဖွဲ ့ချုပ်ပုံစံမျိုး ၊ မဟာမိတ်ပုံစံမျိုးတော့ လက်တွဲထားရမယ် ။

ကျနော့်အနေနဲ ့လူမျိုးရေးခွဲခြားမှုတွေ ၊ လူမျိုးရေးအမုန်းတရားတွေကို လုံးဝမကြိုက်ဘူး ။ လက်မခံဘူး ။ တစ်ချိန်တုန်းက အဖိနှိပ်ခံ လူတန်းစားကနေ မွေးဖွားခဲ့တဲ့ အိုးဘားမားတောင် လူဖြူအများစုနေထိုင်တဲ့ အမေ ရိကရဲ ့သမ္မတဖြစ်နေပြီးပဲ ။ အဓိကတော့ အရည်အချင်းပါပဲ ။ အရည်အတွက်နဲ ့ ကွဲပြားခြားနားမှုတွေ မဟုတ် ပါဘူး ။ အတိတ်ကအဖြစ်အပျက်တွေကို အနာဂတ်ကိုသယ် ဆောင်မလာကြပါနဲ ့တော့ ။ ပစ္စုပ္ပန်မှာ အတိတ်က အမှားတွေကို သင်ခန်းစာယူကြတာပေါ့ ။  ကျနော့်ရဲ  ့ စာ တွေဟာ ကျနော်တို ့ နိုင်ငံရဲ ့ဘယ်လူမျိုးစုကိုမှ မထိ ခိုက်စေချင်ဘူး ။ လူမျိုးနာမည်ခံတဲ့ ပါတီတွေဟာ သူတို ့လူမျိုးအရေးကိုပဲ ရှေ ့တန်းတင်တယ် ။ အရောင် တင်တယ်လိုလည်း့ ကျနော်မဆိုလိုပါဘူး ။ ဘာကြောင့် လည်းဆိုရင် RNDP ဥက္ကဌ ဒေါက်တာအေးမောင် လွှတ်တော်မှာ စစ်တပ်အရာရှိတွေကို အရပ်ဘက် ဝန်ထမ်း အဖွဲ ့အစည်းတွေဆီ ပို ့နေတဲ့ ကိစ္စ အဆိုတင်တော့ ကျွန်တော် တော်တော်လေးစားမိတယ် ။ သူဟာ ရခိုင်ပါတီ ကဆိုပေမယ့် သူတင်တဲ့ အဆိုဟာ ရခိုင်ပြည်နယ် အရေး ၊ ရခိုင်လူမျိုးအရေးမဟုတ်ဘူး ။ ဒီနှစ်သီးစား ကိစ္စ ၊ အခွင့်ထူးခံလူတန်းစားကိစ္စ ၊ ဒီမိုးကျရွေကိုယ်တွေ ကိစ္စဟာ ကျွန်တော်တို ့ ဝန်ထမ်းတွေအရေး ၊ ပြည်ထောင် စုအရေးပါပဲ ။ ဒါတင်မကဘူး တိုင်းရင်းသားရေးရာ ဝန်ကြီးကိစ္စတွေမှာလည်း သူ ့ရဲ ့ ကြိုးစားမှုကို တွေ ့နိုင်ပါ တယ် ။ ကျနော့်အနေနဲ ့ လူမျိုးနာမည်ခံထားတဲ့ ပါတီ တွေကို ဆန် ့ကျင်တာ မဟုတ်ပါဘူး ။ ပါတီတစ်ရပ် ဟာ ထောက်ခံသူတွေ အရမ်းများရင် အာဏာရှင် ဆန်လာ မှာ စိုးတယ် ။ အထူးသဖြင့် ဦးဆောင်သူတွေကို ကြည့်ပြီး လူမျိုးရေး အမြင်မကြည်လင်မှုတွေ ဖြစ်ပေါ် လာမှာစိုးတယ် ။ NLD အာဏာရခဲ့ရင်တောင် ဥပမာ ရခိုင် ပြည်နယ်ရဲ ့လိုအပ်ချက်တစ်ခု (သို ့)  မွန်ပြည် နယ်ရဲ ့လိုအပ်ချက်တစ်ခု တောင်းဆိုတဲ့အခါ မရခဲ့ရင် ဗမာတွေ က မပေးဘူး ။ တို ့ကို နှိပ်ကွပ်နေတုန်းဆိုပြီး ဖြစ်လာနိုင်လို ့ပဲ ။ ဒါကြောင့် လူမျိုးအားလုံး ကိုယ်စားပြုတဲ့ ပါတီလို ့ အားလုံးက လက်ခံနိုင်တဲ့ ပါတီတစ်ရပ် လိုအပ်တယ်လို ့ ပြောတာပါ ။

အစကတော့ ကျနော် ဒီစာကို ကိုဇော်ရီ ရဲ  ့ Comment အောက်မှာပဲ တင်မလို ့ပါ ။ ဒါပေမယ့် ကျနော် ရဲ ့ အမြင်တွေကို မတူညီတဲ့ ရှုထောင့်တစ်ခုကနေ မတူညီတဲ့ အမြင်တစ်မျိုးနဲ ့ ပြန်လည်ဆွေးနွေးပေးတဲ့  ကိုဇော်ရီ ဂုဏ်ပြုချင်လို ့ ပိုစ့် တစ်ခုအနေနဲ ့ပဲ တင်လိုက်ပါတယ် ။ ဝေဖန်ဆွေးနွေး ပေးကြပါအုံး ။ လွတ်လပ်စွာ ကွဲလွဲနိုင်ပါတယ် ။

One comment

  • ဇော်ရီ

    April 14, 2012 at 9:37 pm

    တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် နားလည်မူ့ရှိခြင်းဟာ မင်္ဂလာ တပါးပါပဲ… ကျတော်တို့ မြန်မာပြည်ကိုလဲ မင်္ဂလာ ရှိသော တိုင်းပြည်ကြီး ဖြစ်စေချင်ပါတယ်… လူလူချင်း နားလည်ကြသလို လူမျိုးအချင်းချင်းလည်း နားလည်ပေးလိုက်ကြမယ်ဆိုရင် တကယ်ကို မင်္ဂလာ ရှိတဲ့ တိုင်းပြည်ကြီးပါ… မင်္ဂလာရှိရာ မင်္ဂလာဆိုသလို တိုင်းပြည် ငြိမ်းချမ်း ကောင်းစားရေးဟာလဲ အမှန်စင်စစ် ဖြစ်လာနိုင်မှာပါ… အုပ်ချုပ်သူနဲ့ ပြည်သူတွေကြားထဲလဲ နားလည်မူ့တွေ ရရှိပြီး အားရှမှာ အမြဲ လက္မထောင်နိုင်တဲ့ နိုင်ငံ ဖြစ်ပါစေကြောင်း ဆုတောင်းပေးပါတယ်..

Leave a Reply