Los Angeles မှာ တနင်္ဂနွေ(4/15/12) တရက်ထဲ သင်္ကြန်ကျမယ်…

kaiApril 15, 20121min1846

ဟုတ်ပါတယ်…Los Angeles မှာ တနင်္ဂနွေ(4/15/12) တရက်ထဲ သင်္ကြန်ကျပါမယ်…

အဲဒီသင်္ကြန်ပွဲမှာ…

(၁) ဈေးဆိုင်တန်း ၂ဝလောက်ရှိမယ်..။ တဆိုင်ကို မြန်မာမုန့်ထမင်းအမယ် ၂ခုမက ဖွင့်ကြ ရောင်းကြမှာမို့ မုန့်ထမင်းအမယ် ၅ဝလောက်တော့ ရွေးချယ်စားသောက်နိုင်ပါလိမ့်မယ်..

(၂) စင်မြင့်ပေါ်မှာ မြန်မာဆိုင်းဝိုင်း မြန်မာတူရိယာတွေ ခန့်ခန့်ညားညားနဲ့ မြန်မာ တိုင်းရင်းသားတို့ရဲ့.. ယိမ်းအက ကလေးငယ်လူရွယ်လူရွယ်တို့ရဲ့ဖျော်ဖြေမှုတွေကို တီးဝိုင်းနဲ့လည်း ခံစားကြည့်နိုင်မယ်..

(၃) ၁ဒေါ်လာတန် မဲဖောက်(Raffle)ကနေ..အောက်က ဆုတွေ ရနိုင်မယ်..

1. Ipad 3 “The New Ipad”

2. Airline Ticket to any Asia Country

3. $50 amazon gift card

(၄) Live Stream / Video လွှင့်ပါမယ်..။

http://www.ustream.tv/channel/southern-california-burmese-association

(၅) မန္တလေးဂေဇက်က… ဒီနေ့ထွက်တဲ့ သတင်းစာကိုဝေပါမယ်..။ဒီလကထူးထူးခြားခြား… စာမျက်နှာ ၄ဝ ဖြစ်ပါတယ်..။ ပြီးတော့…

စတုဒီသာကြွေးမှာပါ..။ ဈေးရောင်းနေသူများ အနှောက်အယှက်မဖြစ်ရအောင် ၂နာရီလောက်မှာမှ.. ထမင်းသုတ်နဲ့ဟင်းခါး စတုဒီသာ လုပ်မှာဖြစ်ပါကြောင်း..။

၁၃၇၄ … နှစ်သစ်မင်္ဂလာ.. မင်္ဂလာနှစ်သစ်.. မြန်မာတို့အတွက်ဖြစ်ပါစေ….

6 comments

  • kai

    April 15, 2012 at 1:07 pm

    ကျန်ခဲ့လို့..
    နေရာက.. မနှစ်ကနေရာမဟုတ်ပါဘူး..
    ဘယ်နှစ်ကမှမလုပ်ဖူးတဲ့နေရာအသစ်ပါ…

    Date: April 15th, 2012
    Location: Mark Keppel High School
    Time: 9am – 4pm

  • htoosan

    April 15, 2012 at 4:40 pm

    စကား အတင်းစပ် သူကြီးရေ ..
    ဒီ ဆိုဒ်တွေ့လို့ ..
    http://cjmyanmar.com/
    သူကြီး သိမသိတော့ မသိ။

    • kai

      April 16, 2012 at 1:52 pm

      စာအုပ်တွေအများကြီးဝယ်ထားလိုက်တယ်..
      အခုလောလောဆယ်တော့.. ဗီဒီယိုပဲအဓိကရိုက်ပြီး ပြန်လာပါရဲ့..
      အင်တာဗျူးလုပ်လို့ရတဲ့.. ပိစိညှောက်တောက်လေးတွေပါ ဝယ်ထားတယ်လေ…

      အယ်လ်အေသင်္ကြန်ကရိုက်ထားတာတွေပါ….
      တင်ပေးဦးမယ်..။
      =
      စီဂျေကတော့.. လုပ်ကြပါစေလေ…
      ကျုပ်တို့ စီဂျေနဲ့တော့ မတူလာနိုင်ပါဘူး..
      အဲဒီအတွက်.. အဆက်အသွယ်တချို့ရယူနေ ရှာနေပါတယ်..။

      ဘာပဲဖြစ်ဖြစ်..
      စီဂျေများလာရင်… တိုင်းပြည်ကောင်းသွားမှာပါ…
      ထစ်ဆို.. တိမ်ပေါ်ရောက်လာမှာကိုး…. 😆

      • သမိန်ဂီ့

        April 16, 2012 at 2:04 pm

        http://www.amazon.com/Shoulder-Support-Camcorder-Cameras-DSR-PD198p/dp/B005NJCF7E/ref=sr_1_1?ie=UTF8&qid=1334561614&sr=8-1

        ဟောဒါလေး ဝယ်လိုက်ရင် ဗီဒို ရိုက်လို့ တယ်ကောင်း …
        ဟုတ်ပါတယ် သဂျီးရေ… D-SLR ဆိုတာ ဘတ်ဂျက် ဗီဒိုကင်မလာ အနေနဲ့ သုံးနိုင်ပါရဲ့ဗျာ..
        ဘီဘီစီတော့ခ်ရှိုးတခုဆို ..ဖိုက်ဒီမာ့ခ်တူး နဲ့ ရိုက်တာလို့ ဖတ်ဖူးလေရဲ့…

        သများ အခမဲ့ရှိဂျူဟချိ တခိ က ပြန်လာတယ်ချင့်.. …
        ပြင်ပြီးတဲ့အခါကျရင် တင်ပါဦးမယ်ချင့်..

        အာဟိ ဒက်ဂလောက်..

Leave a Reply