မြန်မာတွေ ကမ္ဘာပတ်ရမဲ့အချိန်

phone_kyawApril 15, 20121min23711

သိမ်ငယ်သည့်စိတ်ကို လူတိုင်းခံစားဘူးလားတော့မသိဘူး။ ကျနော်တော့ ယနေ ့အထိခံစားဘူးတယ်။ ခံစားနေရတုန်း။ ဂျပန်တွေနဲ ့စကားပြောရင် သိမ်ငယ်တယ်။ အင်္ဂလိပ်တွေနဲ ့စကားပြောရင်လည်း ဒီစိတ်က မပျောက်ဘူး။ ရုတ်စွအဆုံး အိမ်နီးချင်း သူငယ်ချင်းထိုင်းတွေနဲ ့စကားပြောရင်လည်း ဒီစိတ်ကမပျောက်ဘူး။ ဘာ့ကြောင့်ဒီလိုဖြစ်တာလဲလို ့ကျနော် အထပ်ထပ်အခါခါ သုံးသပ်နေမိတယ်။

၁၉၈၀-ပတ်ဝန်းကျင်လောက်မှာ ဂျပန်တွေလျှမ်းလျှမ်းတောက် အောင်မြင်ကျော်ကြားပြီး ကမ္ဘာတောင်ပတ်နေကြပြီ။ သူတို ့ဒီလို ပတ်နေတဲ့အချိန်မှာ ဩစတျေးလျတွေဟာ ရုန်းကန်ကာစအခြေအနေပဲရှိသေးတယ်။ တရုတ်တွေဆိုရင် ခေါက်ဆွဲပြုတ်နဲ ့နှပါးသွားနေတဲ့ကာလတောင် မကျော်နိုင်သေးပါဘူး။

ယနေ ့မှာတော့ ဩစတျေးလျတွေ တောက်တောက်လျှမ်း လျှမ်းလျှမ်းတောက်ဖြစ်လာနေပြီ။ အရင်တုန်းက ခေါက်ဆွဲပြုတ်စားပြီး သိုင်းကနေတဲ့ တရုတ်တွေ ကမ္ဘာပတ်ပြီး ကာစီနိုကစားနေပြီ။ တွေ ့တဲ့မိန်းမတွေကို ပိုက်ဆံနဲ ့ပေါက်ပြီး ဗြွတ်ဗြွတ် လုပ်နေကြပြီ။

သူတို ့အပြင် တချိန်က ဘတ်တိုက်ကျပ်တိုက်လို ့ဖြစ်နေတဲ့ထိုင်းတွေ မြန်မာတွေကို ခိုင်းစားနေပြီ။ အရင်တုန်းက ထိုင်းတွေဟာ ဗမာပြည်မှာတောင်လာပြီးအလုပ်လုပ်ဘူးတယ်လို ့ပြောတာ ကြားဘူးတယ်။ အခုတော့ ကျနော်တို ့ဘယ်အနေအထားကို ရောက်နေပြီလဲဆိုတော အားလုံးသိပါတယ်။

မလေးရှား၊ စင်္ကာပူတောင်မြန်မာနိုင်ငံကို အတုခိုးခဲ့သေးတာပဲမဟုတ်ဘူးလား။

အခုတော့ ကျနော်တို ့ရဲ  ့တိုင်းပြည်နဲ ့လူမျိူး သူတို ့နဲ ့ယှဉ်ရင် စုတ်ပြတ်နေတာကို ကျနော်ရှက်တယ်။ ဒါ့ကြောင့် သူတို ့နဲ ့တွေ ့တိုင်း စိတ်က အလိုလို သိမ်ငယ်လာပါတယ်။ ဒီစိတ် မဖြစ်အောင်ဘာနဲ ့ဖျောက်လဲဆိုတော့ မခံချင်စိတ်နဲ ့ဖျောက်ပြစ်ပါတယ်။

မြန်မာတွေဟာ  စောက်ရှုးတွေမဟုတ်ဘူး။ ငတုံးတွေမဟုတ်ဘူး။ မြန်မာပြည်ဟာ သူတို ့ထက်ပိုပြီးသယံဇာတ များတယ်။ မြန်မာတွေဟာ သမိုင်းမှာ သူများတွေကို ဖင်တောင်ချခဲ့ဘူးတဲ့လူမျိုး။ ဘာလို ့ငါတို ့သူတို ့လို တနေ ့ကြရင် မဖြစ်ရမှာလဲဆိုပြီး မခံချင်စိတ်ထားပါတယ်။
ဂျပန်တွေကောင်စားတဲ့အချိန်ရှိသလို တရုတ်တွေလည်း ရှိနေပါပြီ။ ဒါဆိုရင် ဘာ့ကြောင့် ငါတို ့အချိန်မရှိရမှာလဲ။ တနေ ့တော့ရှိမှာသေချာပါတယ်။ ကမ္ဘာကြီးဟာ လည်နေတာပါ။ တချိန်ကြရင် ငါတို ့လည်း နေဝင်တဲ့အချိန်ကို တွေ ့သလို နေထွက်တာကိုလည်း အလှည့်ကြ တွေ ့ရမှာသေချာပါကြောင်း ပြောချင်ပါတယ်ဗျာ။

၂၀၃၀-လောက်ကြရင် လမ်းဘေးမှာ တောင်းစားနေတဲ့ မြန်မာတွေ ကမ္ဘာပတ်နိုင်တဲ့အခြေအနေ ဖြစ်မလာဘူးလို ့ဘယ်သူပြောမလဲ။

ကဲ…ဒီတော့ ဦးသိန်းနဲ ့ဒေါ်စုတို ့ရေ….အီစီကလီတော့ မလုပ်ကြပါနဲ ့ဗျာ။

Thanks for sending!!!
Phone Kyaw

 

11 comments

  • အိမ်လွမ်းသူ

    April 15, 2012 at 6:21 pm

    ရေးချက်တွေက ( 12 )တွဲလောက်ရှိတယ်။ ( 9 ) နိုင်းလောက်တော့လုပ်ပါ ဆရာရဲ့။ ငဘုန်းကျော် တို့လုပ်လိုက်လျင် ဂျွတ်တွေကြီးပဲ။ ဘာရယ်မဟုတ်ပါဘူး ခေတ်စကား လေးတွေပြောကြည်တာ။ ဟိ..ဟိ

    • tunlinaung

      April 16, 2012 at 11:17 am

      ဘုန်းကျော်
      ကုန်းကုန်းပြီးအော်မနေနဲ.၊။ လူကြီးမင်းသိသလောက်တော့ဒီက( အမိမြေတွင်း)လူတွေသိတာပေါ့။ ခုဟာကတိုင်းပြည်တစ်ပြည်ကိစ္စကွယ့်။ လူကြီးမင်းတို.
      တစ်မျိုးလုံးအရင်လူလိုသူလိုနေနိုင်အောင်လုပ်ပေးဖို.ကြိုးစားကြည့်ပါလား။
      ဘယ်အပေါက်ကနေနိုင်ငံခြားကိုထွက်သွားရတယ်ဆိုတာမေ့နေသလားကွယ့်၊။
      ကုန်းကုန်းအော်မနေနဲ.ဘုန်းကျော်……………..

  • စော်ဘွားလေး မောင်မာန်ခ

    April 15, 2012 at 6:50 pm

    တီလုပ်လိုအားပေးချီးမြောက်သွားပါတယ် ယောက္ခီမကြီး….. တကယ်ပဲလှီးစားပါတယ်….
    နောက်ထပ်နှစ်ဆယ့်ရှစ်နှစ်မဟုတ်ဘူး……နောက်ရှစ်နှစ်အတွင်းမှာမြန်မာတွေကိုလူတကာအတုယူစရာဖြစ်
    လာမယ်ဆိုဦးဖုန်းကျော်ဩဇီက …. မြန်မာနိုင်ငံပြန်လာချင်တယ်ဆိုပြီးဖင်ကုန်းပြီးအော်မလား…..
    အမေစုတက်လာမယ်…..ယခုလက်ရှိသမ္မတကြီးနဲ့လက်တွဲလုပ်ဆောင်ပြီးနောက်ရှစ်နှစ်အတွင်း
    မြန်မာနိုင်ငံကြီးတိုးတက်လာမယ်ဆိုရင်…..ဦးဖုန်းကျော်ကြီးရဲ့သမီးလေးတွေကိုကျွန်တော်နဲ့ပေးစား….
    ကျွန်တော်ရှူံးရင်ဦးဖုန်းကျော်သမက်လုပ်ပေးမယ်…….

  • Gipsy

    April 15, 2012 at 7:18 pm

    ဒါပျော့စ်…ဒါပျော့စ် .. သူကလဲ ဇွတ် ဆိုမှ ဇွတ်ကြီးပဲ….၊
    ကဖုန်းကျော် နာမည်ပျောက်… ကဇွတ်ကျော် နာမည်ရောက်….။

  • ချစ်ရင်ထူးနှစ်

    April 15, 2012 at 11:58 pm

    ကိုဖုန်းကျော် ပြောတာက ဟုတ်တော့ဟုတ်ပါတယ် ..
    ဒါပေသိ စကားလုံး အသုံးအနှုံန်းက နဲနဲ ရိုင်းနေတာပါ ..
    သည်းခံပြီးနားထောင်ရင်တော့ ရနိုင်ကောင်းပါရဲ့ ..
    မြန်မာတွေ ကြိုးစားဖို့ လိုနေပြီ ဆိုတာ ကျွန်တော်လည်း သိပါတယ် ဒါပေမယ့် ကိုဖုန်းကျော်နဲ့ ကျွန်တော် နဲ့ နှစ်ယောက်တည်း လုပ်လို့ ဖြစ်တာမျိုးမဟုတ်ဘူးလေ .. တစ်မျိုးသားလုံးက လုပ်မှ ရမှာလေ .. တစ်မျိုးသားလုံးမှာ အသိစိတ်နိုးကြားလာအောင် အရင်ဆုံးလုပ်ရမယ် .. ဆယ်စုနှစ် ဘယ်နှစ်ခုလောက်ကြာမလဲ တော့ မပြောနိုင်သေးပါဘူး ..
    စကားလုံး လေး ပြင်ပြီးတော့ ရေးစေချင်ပါတယ် ..
    ချစ်ရင်ထူး

  • kai

    April 16, 2012 at 2:32 pm

    တိုင်းပြည်ဂျီဒီပီလည်း ကြည့်သင့်တာပေါ့..
    မြန်မာ့ တနှစ်ဂျီဒီပီက.. ဩဇီရွှေတူးကုပ္ပဏီကြီးတခုရဲ့..တနှစ်စာလောက်တောင်ရှိပါ့မလားမသိ…
    GDP (nominal) 2011 estimate
    – Total $1.507 trillion[7] (13th)
    – Per capita $66,984[7] (5th)
    =
    GDP (nominal) 2010 estimate
    – Total $42.953 billion[2] (76th)
    – Per capita $702[2] (155th)
    ဆိုတော့…
    ဒီအတိုင်းသွားရင်.. လက်ဆယ်ချောင်း၃ခါထောင်ပြချင်တယ်..
    နည်းနည်း(နည်းနည်း) မြန်ချင်ရင်. အခုတွေးနေကြတဲ့.. လုပ်နေကြတဲ့.. ပုံစံအတွေးအခေါ်တွေ.. ဂငယ်ကွေ့ကွေ့မှ ရလိ်မ့်မယ်…
    ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့သလို အလုပ်လုပ်ကြမှ(အလုပ်လုပ်ကြမှ) ရလိမ့်မယ်..
    နောင်ဘဝအတွက်ရည်ရွယ်လုပ်ကြဖို့မဟုတ်..
    အခု(အခု) လုပ်ကြရလိမ့်မယ်…။
    ( .ဘုန်းကြီးတွေက. ပရဟိတအလုပ်လုပ်နေတဲ့လူတွေကို ဘယ်လိုဆုံးမတရားပြနေသလည်း.. .အောက်ကမန့်ထားတာမှာ ဆက်ဖတ်ပါ.. )

    ဒါတောင်.. ၁ဝနှစ်….(မြန်လွန်းနေသလား) :mrgreen:

  • kai

    April 16, 2012 at 2:36 pm

    သုဝဏ္ဏဘူမိ ခေမာရာမစာသင်တိုက်သို့ရောက်ရှိစဉ် ကျွန်တော်အတွေးတစ်ခုပေါ်လာခဲ့သည်။ နာရေးကူညီမှုအသင်း (ရန်ကုန်) တွင် အများ ပြည်သူတို့အတွက် ပေးဆပ်မှုများ ကျွန်တော်လုပ်ဆောင်နေစဉ်ကာလအတွင်း ကျွန်တော်နှင့်တွေ့ကြုံခဲ့ရသော ဆရာတော်၊ သံဃာတော်ကြီး များနှင့် တရားပြလူပုဂ္ဂိုလ်အချို့သည် ကျွန်တော့်အား “ဒကာကြီး ဦးကျော်သူ၊ အများအတွက်ကြီးဘဲဇောက်ချပြီးလုပ်မနေနဲ့ဦး၊ ကိုယ့်အတွက် ပါအောင်လည်းလုပ်ဦး” ဟု စေတနာထားကာပြောဆိုမိန့်ကြားခဲ့ဖူးသည်။ သို့သော် ကျွန်တော်နာရေးကူညီမှုအသင်း (ရန်ကုန်) တွင် ဝင် ရောက်ပေးဆပ်မှုများ လုပ်ကိုင်ခဲ့သည့် (၁၂) နှစ်နီးပါးအချိန်ကာလအတွင်း သာသနာ့ဘောင်အတွင်းသို့ ရဟန်းဘဝဖြင့် သုံးကြိမ်တိုင်တိုင်ဝင် ရောက်ခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် ကျွန်တော်၏ဘဝတွင် အများအကျိုးကိုသာပေးဆောင်ခွင့်တည်းဟူသော ကံတရား၏ပို့ဆောင်ချက်ကို သာပိုင်ဆိုင်ခွင့်ရရှိသော်လည်း မိမိ၏အချိန်အားဖဲ့ထွင်ကာ နေ့စဉ်နေ့တိုင်းတရားအားထုတ်ခြင်း၊ အဓိဌာန်ဝင်ခြင်းတို့ဖြင့်သာ ဆရာတော်ကြီး များမိန့်ကြားထားသော “ကိုယ့်အတွက်ပါအောင်လုပ်” ဟူသောဆုံးမစကားအား အကောင်အထည်ဖော်ကာ ကျင့်ကြံအားထုတ်လျှက် ရှိပါ သည်။ ယခုကဲ့သို့ အများအတွက် ဖေးမကူညီပေးဆပ်မှုများ လုပ်ဆောင်ရင်းဖြင့်မိမိ၏ ဝန်ထမ်းများ၊ အသင်း၏ အသင်းသားအသင်းသူ များအား ယခုလို နေ့ထူးနေ့မြတ်ကြီးအတွင်း သာသနာ့ဘောင်အတွင်းသို့ သွတ်သွင်းခွင့်ရခြင်းအား များစွာပီတိဖြစ်ကာ ကျေနပ်မိပါတော့သည်။

    ကျော်သူဖေ့စ်ဘုတ်မှ…”သာသနာ့ဘောင်အတွင်းသို့” မှ ကောက်နှုတ်ချက်..။

  • alinsett

    April 16, 2012 at 8:04 pm

    စကားလူံးတွေ.ကတော့..ရှယ်ပဲ.။

  • Gipsy

    April 16, 2012 at 10:23 pm

    ရှုုယ်မှာပေါ့…သူက အားလုံးရဲ့ အပေါ်က ဂိုဏ်းချုပ်ကြီး ပဲလေ…
    သိလို့ တတ်နေတာ…တတ်လို့လဲ ချုပ်ချုပ်ကြီး ဖြစ်နေတာပေါ့….။

  • Bartholomew Sawyer

    April 17, 2012 at 1:37 am

    ကျန်တာတွေတော့ မကြိုက်ဘူး ”မခံချင်စိတ်” ဆိုတာလေးတော့ ကြိုက်တယ် 🙂

  • pazflor

    April 17, 2012 at 3:21 am

    သူကြီးပြောတာနဲ ့ဆက်စပ်ပီးတွေးမိပါတယ်…အခု ဝန်ကြီးဝန်လေးတွေကိုဖြုတ်ပီး Cooperates တွေက CEO တွေ၊ Executives တွေ လစားကောင်းကောင်းပေးပြီး မြန်မာပြည်ကို manage လုပ်ခိုင်းမှဘဲ…
    😛

Leave a Reply