အားလုံးပျော်တဲ့သင်္ကြန်………………..2012

1 ကဲလာ မဏ္ဍပ်ရှေ့လာ..........................ကမ်းမွန်.................
2 မရှိမဖြစ်မျက်မှန်ဆိုင်(သင်္ကြန်မှာမျက်မှန်မပါရင်အဆင်မပြေဘူး တစ်လက် 1500)

3ခွက်စောင်းနဲ့ခုတ်မယ်
4 စက်ဘီးနဲ့လာသူကိုလဲအမိအရ ဆော်မယ်
5သူတလှည့်ကိုယ်တလှည့်ရေလောင်းမယ်
6 ရေပက်ဘို့ဒီလို ဒီလို လုပ်ကြရတာနော်
7 မင်းဘယ်ပြေးမလဲ .....................
8 တစ်ကိုယ်တော်လေလွင့်ခြင်း
9 လောင်းမယ် ပက်မယ် ကမယ်ပျော်မယ်
10အားပါးတရကြီးကိုလည်မယ်နော်
11 ပျော်စရာကြီးနော်
12 ကဲလာ တူတူကကြမယ်...............
13 ခေါင်းမဖော်နိုင်အောင်ပက်ဟေ့
14 အားလုံးပျော်တဲ့မန်းသင်္ကြန်
15 လောင်းမယ် လည်မယ်
16 နှစ်သစ်ကူးလက်ဆောင် ပိတောက်ရွှေဝါ

 

;a           “အားလုံးပျော်တဲ့မန်းသင်္ကြန်”

 

ခါတိုင်းနှစ်ဆို သင်္ကြန်ဆိုတာနဲ့မဏ္ဍပ်ပေါ်ရောက်နေတာများပါတယ်။

ဒီနှစ်ကတော့ တာဝန်မရှိတော့အိမ်မှာဘဲ နေလိုက်ပါတယ်။

ဒါပေမယ့် သင်္ကြန်ဓါတ်ပုံတွေတင်ပေးပါဆိုတဲ့ရွာထဲကမိတ်ဆွေများကိုလဲသတိရမိပါတယ်။

ခက်တာက ကိုယ်ကိုင်တာက ကင်မရာအသေးလေး.။

ရေစိုမှာလည်းစိုးပါတယ်။

သင်္ကြန်ပုံလေးတွေလဲလက်ဆော့ချင်မိပါတယ်။၏

အဲတော့ ဝေးဝေးလံလံမသွားဘဲ မုန့်စားထွက်ရင်း အနီးအနားမှာ

တွေ့သမျှလေးကို လက်ဆော့မိပါတယ်။

လှတော့လဲမလှ သေလဲမသေသပ်ပါဘူး။

ဒါပေမယ့် မန်းသင်္ကြန်ဆိုတာ အားလုံးကိုအလိုလို ပျော်ရွှင်စေပါသတဲ့။

နှစ်သစ်မှာအားလုံးပျော်ရွှင်ကြပါစေ……………

 

 

ကိုပေါက်လမ်းသလားရင်းလက်ဆော့လို့ရလာတဲ့အတွေးပါးပါး

(15-4-2012)

 

16 comments

  • ဆူး

    April 15, 2012 at 7:50 pm

    ကလေး ပိစိလေးကို ဆိုင်ကယ်မှာ တင်ပြီးတော့ လည်နေကြတယ် အန္တရာယ်များလိုက်တာ..

  • ကိုရင်မောင်

    April 15, 2012 at 9:17 pm

    ကိုပေါက်ရေ သင်္ကြန်ပုံလေးတွေတွေ့ရနေတာကိုဘဲ
    ကျေးဇူးတင်ပါတယ် အလွမ်းပြေပေါ့….

  • ကျနော်ဒီထက်အများကြီးတင်ချင်ပါတယ် ဒါပေမယ့် အပြင်ထွက်ရမှာလန့်တယ်ဗျ။
    ကိုယ်ကလဲဆိုင်ကယ်ဘဲရှိတာ.။
    ဗျူးဗျဲကောင်တွေလန့်နေရတာ သူတို့က ပြဲနေတာလေ။
    ကို်ယ်ဝင်ဖြဲသွားမှာကြောက်တယ်။

  • Kaung Thant

    April 16, 2012 at 2:09 pm

    ကိုပေါက် ပုံလေးတွေကတော့မိုက်တယ်ဗျာ။ ကျေးဇူးပါပဲ။ သင်္ကြန်အလွမ်းပြေပေါ့။

  • AKKO

    April 16, 2012 at 5:42 pm

    ကိုပေါက်တို ့ မြိ ု ့တော်ဝန်မဏ္ဍပ်က တော်တော်လန်းတယ်။ အဆိုတော်တွေလည်းစုံတယ်။ နန်းဆုဆိုနေရင် နောက်ကကြည့်နေတဲ့သူတွေ တော်တော်ကြိုက်ကြမှာ။ ဒီနေ ့ပုံဆိုပိုလန်းတယ်။ အဲဒီမှာသွားလက်ဆော့။ ဒါမှ ကိုပေါက်နာမည်ပိုကြီးမှာ။

  • ပေစိ

    April 17, 2012 at 2:24 am

    ဦးပေါက် တစ်ကိုယ်တော်လေလွင့်ခြင်းလေး ကူးသွားပါရစေ ဂျီတော့မှာသုံးချင်လို့

  • ဗိုက်ကလေး

    April 17, 2012 at 12:03 pm

    များလဲ တစ်ကိုယ်တော်လေလွင့်ခြင်းကို ရေလည်ခိုက်တယ်ဗျာ

  • အဲဒီပုံတင်သင့် မတင်သင့် အတော်စဥ်းစားလိုက်ရတာ။
    နောက်တော့မှ တင်ဘို့ဆုံးဖြတ်လိုက်တာ…………….

  • alinsett

    April 18, 2012 at 10:23 am

    အပျော်တွေ..ကူးစက်ပါတယ် ။
    ဒါပေမယ့်..ရေပက်ရင် နာကျင်အောင် ပက်မှ အားရတတ်သူတွေကို လည်း..သတ်ိရသွားပါတယ် ။

    ရေပက်တာတွေကတော့တော်တော် ဆိုးနေတယ်နော် ။ တချို ့ဆို…ရေ တင်မဟုတ်..ပဲ..ခွက်တွေ..ပါ..ပါလာတယ် ။
    နာအောင်ကို တမင် ပက်ကြတာတော ့မကောင်းဘူးနော် ။

    ဒီ နှစ် သင်္ကြန်မှာလည်း..ကျွန်တော်..ဘယ်မှ မထွက်..။

  • Khaing Khaing

    April 18, 2012 at 2:06 pm

    အားလုံးပျော်ပေမယ့် ဒီကအခိုင်တစ်ယောက်မပျော်ခဲ့ရဘူး ချစ်ပေါက်ကြီးရယ် ………. အဟီး ….
    သူများပျော်တာကြည့်ပြီး မုဒိတာပွားလိုက်ပါတယ်နော် …… လာထားနောက်လမှ အပြန်ကဲမယ် ….. တစ်ရွာ လုံးအမြင်ကပ်အောင်ကိုကဲပလိုက်မယ် ………

    ချစ်ပေါက်ကြီးနှစ်သစ်မှာပျော်ရွှင်ပါစေ ကျန်းမာပါစေလို့ ဆုတောင်းမေတ္တာပို့လိုက်ပါတယ်နော်
    ချစ်သမီးလေး Khaing Khaing

  • Onyx

    April 18, 2012 at 2:23 pm

    လေးပေါက် ပုံလေးတွေကနေ ပြီး အပျော်တွေကူး ဆက်ပြီး ပျော်ရွှင်မိပါတယ် ။ဒါပေမဲ့လေ
    ဘာလို့ 2012 သင်္ကြန်လို့ ပြောတာလဲ ဟင်၁၃၇၃ ဟုတ်ဘူးလား မြန်မာနှစ်ကူးကို အဲလို ကြီး ဖတ်ရတော့ တစ်မျိုးကြီးပဲ

  • Mလုလင်

    April 20, 2012 at 2:45 pm

    တကိုယ်တော် လေလွင့်ခြင်း ကတော့ ရှယ်ပဲဗျို ့ … ဟီး ..

  • အရင့်ရောင်

    April 20, 2012 at 4:59 pm

    မစ္စတာ ကျွှီးလက် တို့က
    အက္ခရာ နဲ့တောင် မဟုတ်တော့ဘူး
    ကိတ်ဂဏန်ဒတွေနဲ့လုပ်လာပီ
    စိတ်ညစ်တယ်
    သွားးးးးးးး
    လူဆိုး
    အဲလေ
    မစ္စတာ ကျွှီးလက်

Leave a Reply