Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ၏အဆိုအမိန့်များ(၁)

khinmintatthuJune 12, 20105min1880

ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ၏အဆိုအမိန့်များ(၁)
The aphorisms of The Venerable Ashin Janakabhivumsa

သိမ်ငယ်တဲ့စိတ်ထား
ဘာသာရေးသမားများဟာ ကိုယ့်ဘာသာမဟုတ်ရင် ဂရုမစိုက်ကြဘူး။ ဒါတွေဟာ သိမ်ငယ်တဲ့ စိတ်သဘောထားတွေပဲ
Base and mean
some religionists have a contempt for other’s religion. This base and mean.
………………………………………………….
တစ်ဘဝ ငါမဟုတ်ပါ
တစ်ဘဝ တစ်ခဏ၏ ငါအဖြစ်ကို မကြည့်ပါနဲ့၊ တစ်သံသရာလုံးက ငါအဖြစ်ကိုသာ ကြည့်ကြပါ။
Transitory Life
Don’t look only to your sutuation in this transitory life; look to the series of existences you have gone through.
………………………………………………….
အထင်မကြီးကြနဲ့
လူတွေဟာ ကိုယ့်ရဲ့ အဆင့်အတန်းကို မတင်းတိမ်တတ်ကြဘဲ မရနိုင်တဲ့ အဆင့်အတန်းကိုပဲ အထင်ကြီး မျှော်မန်းနေကြတယ်.
Don’t Aim too High
People are not satisfied with their own position in life and are always aiming too high.
………………………………………………….
မွေးနေ့ကုသိုလ်
မွေးနေ့ကုသိုလ်ပြုရင် အချိန်ရှိတိုင်း ပြုရမယ်။ တရားသဘောအရ အချိန်ရှိတိုင်း (ဖြစ်ပျက်မှု) မွေး၊ သေနေကြတာပဲ မဟုတ်လား..
Charity for birthday
If you want to do some meritorious deed for your birthday you should be doing is always. For you are born and you die every moment.
………………………………………………….
ဒုက္ခကိုမြင်အောင်ကြည့်ပါ။
ခုဘဝရဲ့ အဖြစ်အပျက် ဒုက္ခကို မြင်မှ နောင်ဘဝ မလိုချင်မှာ..
Misery
If you can see the mistry of the present existence yu will want no more existences.
………………………………………………….
သေလျှင်ပြီးစတမ်းပါတဲ့
သေလျှင်ပြီးစတမ်းဝါဒ ထွန်းကားနေသမျှ ကမာ္ဘကြီးမှာ စာရိတ္တခြစားမှု မပပျောက်နိုင်ပါဘူး..။
Nihilism
It is owing to the doctrine that death is the ultimate and that Immorality flourishes in the world.
………………………………………………….
လူတိုင်းထဲက လွတ်ချင်ရင်
လူတိုင်းထဲက လွတ်ချင်ရင် လူတိုင်းလုပ်တဲ့ အလုပ် ၊ အပြောမျိုး မလုပ်ကြနဲ့။
Outstanding
If you want to stand out from the common people, don’t what they are doing.
………………………………………………….
သံသရာမရှိ
ဘဝတစ်ခုထဲက အဝိဇ္ဇာနဲ့ တဏှာကိုသာ နုတ်လိုက်ပါ။ သံသရာဆိုတာ မရှိတော့ပါဘူး။
Sainsara
From an existence (or life) sbtract avijja(ignorance) and tahna(desire); then there will be no samsara (cycle of existences).
………………………………………………….
အကောင်းဆုံးဘဝ
လူ့ဘဝဟာ ဘဝပဒေသာပင်ကြီးပဲ.. လူနတ်ချမ်းသာနဲ့ မဂ်ဖိုလ်နိဗ္ဗာန်အထိ ကျင့်ကြံနိုင်တယ်..။
Key Position
Human existence is the key position; you can work for moral purity to achieve celestial existence and even nibbana.
………………………………………………….
ဘုရားကို အာရုံပြုခြင်း
ဘုရားကို အာရုံပြုနေခြင်းဟာ ဘုရားနဲ့အတူနေခြင်းမည်ပါတယ်…။
Adoration
Concentrate your attention upon the Buddha; it is the like living with the Buddha.
………………………………………………….
အားကိုးရာအစစ်
လောကမှာ နာမည်ကြီး၊ ပစ္စည်းပေါတယ်ဆိုတာ အလကားပါ။ သေတော့ ကိုယ့်ရဲ့ သီလ၊ သမာဓိ၊ ပညာကိုပဲ အားကိုးရမှာ..။
Fame and Wealth
Fame and wealth are after all nothing. When you die you have to depend on sila(precept), smadhi(stability) and panna(wisdom).
………………………………………………….
သေရဦးမယ် သတိထား
ဒီကမာ္ဘလောကကြီးထဲမှာ ငရဲရှိတယ်၊ တိရိစာ္ဆန်ရှိတယ်၊ ပြိတ္တာရှိတယ်၊ လူမွဲလူနုံ လူဆင်းရဲလေးတွေရှိတယ်။ သေရဦးမယ် သတိထား..။
All will die
In this world world there is ahell an animal kingdom, ghosts, stupid and poor people. All will die one day. Be careful.
………………………………………………….
စိတ်ကြီးဝင်ကြစမ်းပါ
စိတ်ကြီးဝင်ကြဆိုလို့ မျက်နှာထား တင်းပြီးတော့ ဟိုလူငေါက်ချ၊ ဒီလူ့ငေါက်ချလုပ်တယ်..။ တစ်ချို့ ပိုက်ဆံပေးလို့ အာဏာရှိ လို့ စိတ်ကြီးဝင်တယ်လို့ ပြောကြတယ်.။ အဲဒါ စိတ်ကြီးဝင်တာ မဟုတ်ဘူး။ ဘဝသံသရာအောက်ကျဖို့ စိတ်ကလေးဝင်တာ။ (မင်းတို့လည်း စိတ်ကလေး မဝင်ကြနဲ့)။
………………………………………………….
လူတော်လူကောင်းလေးတွေ ဖြစ်အောင်
သားသမီးလေးတွေ ဖျင်းလာတာဟာ မိခင်တွေ အလုပ်များလာလို့ပဲ၊ အနာဂတ် သားသမီးတွေဟာ လူတော်လူကောင်းများဖြစ်ဖို့ မိခင်လောင်း အမျိုးသမီးတွေဟာ အလုပ်ကို ယောကျာ်းများရဲ့ တစ်ဝက်လောက်သာ လုပ်သင့် တယ်.။
Good & Clever
Children remain idle becaues parents are busy. It they want to make future children good and clever, would-be mothers should work at least half as hard as their men.
………………………………………………….
လူလေးမျိုး
အမှောင်ကလာပြီး အမှောင်သွားမယ့်လူ၊
အလင်းကလာပြီး အမှောင်သွားမယ့်လူ
အမှောင်ကလာပြီး အလင်းသွားမယ့်လူ
အလင်းကလာပြီး အလင်းသွားမယ့်လူ
အလင်းကလာပြီး အလင်းသွားနိုင်မယ့်လူဖြစ်အောင် ကြိုးစားကြပါ။
Light and Darkness
One who comes out of the dark and is going into darkness,
One who comes out of the light and is going into darkness,
One who comes out of the darkness and is going into light and
One who comes out of the light and is going into light; these are the four kinda of men.
Try to become the man who comes from light and goes into light.
………………………………………………….
အမှုမဲ့ မနေကြနဲ့
အမှတ်မဲ့နေသူရဲ့စိတ်ဟာ အကုသိုလ်ဘက် သွားနေသလို… အကုသိုလ်ကံ အကျိုးပေးခွင့်ကလည်း သူ့မှာ အမြဲ ရှိနေတယ်
Carelessness
Anyone who lives his life carelessly will have his mind leaning toward evil, and he will always be exposed to ill fate.
………………………………………………….
သုခရချင်ရင်
သုခတစ်ခုမှ သုခတစ်ခုကို ရရိုးမရှိ၊ ဒုက္ခနဲ့ ရင်ဆိုင်မှ သုခကို ရတယ်.ံ။
Happiness
Sukha(happiness) does not beget another sukha. It can be achieved only by facing up to dukkha(unhappiness).
………………………………………………….
အများအကျိုးဆောင်ပါ
သူတစ်ပါးအကျိုးမသယ်ပိုးက ကိုယ်ကျိုးမရှိနိုင်။
Work for Others
If you don’t work for other’s interests, you won’t have any benefit for yourself.
………………………………………………….
လူသေရင် လူဖြစ်အောင်…..
လူသေပြီး လူပြန်ဖြစ်သူက နည်းတယ်..။ ဖြစ်ပြန်တော့လည်း ဗုဒ္ဓတရား (သာသနာ)နဲ့ တွေ့ဖို့ ခဲယဉ်းတယ်။ တွေ့ပြန်တော့ လည်း ဘာသာဝင်စစ် တကယ့် သဒါ္ဓတရား ဖြစ်ဖို့က ကြဲတယ်..။
Few people are reborn as human beings. Even as human beings, few have come into the scope of the Buddha’s teachings. Even if one is a Buddhist, one can hardly become a convinced Buddhist.
………………………………………………….
ဖြစ်ရင် ပျက်ရမှာပဲ
ဘယ်ကိစ္စမဆို အဆန်းမဟုတ်တော့ပါ။ မိုးအောင်မှာ မဖြစ်ဖူးတာ မရှိခဲ့ပါဘူး။ ဖြစ်လာသမျှဟာ ဖြစ်ပြီးသားချည်းပါပဲ။
Existence and Death
There is nothing strange. Everything under the sun comes into existence and everything dies.
………………………………………………….
ချစ်စရာဟာ ဒုက္ခ
လောကမှာ အချစ်ဆုံးအရာဟာ ဒုက္ခအပေးဆုံး၊ ချစ်စရာ တစ်ခုသာရှိရင် ဒုက္ခတစ်ခု၊ ချစ်စရာ များရင် ဒုက္ခလည်းများ၊ ချစ်စရာမရှိရင် ဒုက္ခလည်း မရှိတော့ဟူ၍မှတ်။
Love and Trouble
What one loves best gives one worst trouble. For every love-object there is trouble. Many love-objects, many troubles. No love-objects, no trouble.
………………………………………………….
သေခါနီးသတိ
လောကမှာ ဘယ်လောက်ကြီးကျယ်ကြီးကျယ် သေခါနီးမှ မျက်ရည်လည်ရရင် မတော်ပေဘူး။
Tears on Dealth-Bed
However great one may be,it is not good for him to shed tears on death-bed.
………………………………………………….
သူများကို ချစ်တယ်ဆိုတာ
သူများကို ချစ်တယ်ဆိုတာ ကိုယ့်ကိုယ်ကို ချစ်နေသေးတာပါပဲ..။
Love
Loving other is in fact loving your self.
………………………………………………….
မကောင်းတဲ့လက္ခဏာ
တရားရုံးများ၊ ပွဲလမ်းသဘင် ၊ အရက်ဆိုင်တွေမှာ လူရှုပ်တာဟာ မကောင်းတဲ့ လက္ခဏာဘဲ။
A Bad Sign
Courts, entertainment places and liquor shop being crowded is a bad sign of the time.
………………………………………………….
အလယ်အလတ်
ပျော့လွန်းရင် အစော်ကားခံရတတ်တယ်..။ မာလွန်းရင် ရန်များတတ်တယ်။ ဒါကြောင့် မလျော့မတင်း နေတတ်ကြပါ။
Moderation
If you are too soft, you may be insulted. If you are too tough, you may make many enemies. It is better to behave moderately.
………………………………………………….
အထင်ကြီးမှု
ကိုယ့်ကိုယ်ကို အထင်ကြီးစိတ်ဝင်နေရင် သူတစ်ပါးကို အထင်သေးတာ သဘာဝပဲ။
Self-canceit
If you are self-conceited you will be earning others’ contempt.
………………………………………………….
အရသာတန်ဖိုး
အစားအသောက်ရဲ့ အရသာတန်ဖိုးဟာ ကျန်းမာရေးမှာ ဆုံးပါတယ်.။
Health
The end of food and nutrition lies in good health.
………………………………………………….
ကြီးပွားတယ်ဆိုတာ…..
လောကမှာ ကြီးပွားတယ်ဆိုတာ ထီပေါက်မှ၊ စီးပွားရေးကောင်းမှလို့ ထင်နေကြတယ်.။ ဟုတ်မှန်တဲ့ သဘာဝဓမ္မများကို လေ့လာပွားများနေရင် စိတ်နေစိတ်ထားကြီးပွားတာပဲ။
Getting On
People think that one gets on well only when one wins a lottery ticket or has good business. However, if one can contemplate upon the natural phenomena and purify one’s mind, one gets on very well indeed.