မျက်စိရောဂါ အတွက် စည်းဆေး

htet wayApril 16, 20121min25010

သင်္ကြန်တွင်း၌ အိမ်တွင်းအောင်းပြီး ကျွန်ပ်သည် ရှင်နာဂသိန်မဟာထေရ်၏အကြောပြင် အတတ်ပညာစာအုပ်မှ ရုပ်ပုံကားချပ်များကို လေ့လာနေစဉ် အသက်(၆၀)ခန့် ဥပတိရုပ် ကောင်းမွန်သောအဖိုးအိုတစ်ယောက်
အိမ်ရှေ့၌ရပ်ကာ ကျွန်ပ်၏ဆိုင်းဘုတ်ကိုကြည့်ပြီး “ဆရာထက်ကို တွေ့ချင်လို့ပါ”ဟုဆိုလာ၏။ကျွန်ပ်လည်းဝင်ခဲ့ပါဟု လောကဝတ်ပြုမိလသည်။ပုဂိ္ဂုလ်ကြီးက ယောဂီရောင်ဆင်တူဝတ်ထားသည်။
လက်ကတောင်ဝှေးတစ်ချောင်းကိုင်ထား၏
နံဘေးမှလည်းလွယ်အိတ်ဘကီးတစ်လုံးလွယ်လျက်ရှိသည်။မျက်လုံးများသည် စူးရှလွန်းသည်။
လူကြီးက တည်ငြိမ်စွာဖြင့် ဧည့်ခန်း၌ ထိုင်လေ၏။ ကျွန်ပ်နှင့် ကျွန်ပ်ဧည့်ခန်းကို စူးစမ်းသလို တစ်ချက်ကြည့်ပြီး “ ဆရာထက်ကိုတွေ့ချင်လို့ကွဲ့ ”ဟု ဆိုပြန်သည်။ကျွန်ပ်လည်း အမိန့်ရှိပါ အဘဟုရိုသေစွာ ပြန်ပြောရာ
ပုဂ္ဂိုုလ်ကြီးက အဓိပါယ်ပါသောမျက်လုံးဖြင့်တစ်ချက်စူးစူးရဲရဲကြည့်ကာ “မြောင်းမြက နှင်းဝေလွင်ရဲ့ ဇက်ကျီးပေါင်းရောဂါကို ပျောက်အောင်ကုပေးတဲ့ ဆရာထက်ကိုတွေ့ချင်တာပါကွယ်ဟု ခပ်လေးလေးပြန်ပြောပြန်သည်။
ဟုတ်ကဲ့ အမိန့်ရှိပါအဘ ဟု ကျွန်ပ် ကဆိုသော်လည်း ကျွန်ပ်ကိုသာ စိုက်ကြည့်ပြီးနုတ်ဆိတ်နေလေ၏။
အဘအနေနဲ့ ကျွန်တော်ကို ဆရာထက်လို့ မထင်တာလား သံသယရှိတာလား။ဟုမေးရာ ယောဂီဝတ် အဘက “ အိမ်း အင်္ဂဝဇ္ဇာ ပညာအရတော့ သောကြာတိုင်ကွဲ့ အရူး ၊ စကား လို့ ဖွင့်ဆိုတယ်။သောကြာက အချာနေရာရောက်နေတော့ ..အင်း..ဟု စကားကိုရပ်ထားရာ ကျွန်ပ်လည်းဒေါသထွက်မိလေ၏။ကျွန်ပ်မှာ ဥပဓိရုပ်ကြောင့် မကြာခဏခံရလေရာ မထူးဆန်းသော်လည်း ယခုအခါ၌ စိတ်ဆိုးချင်မိသည်ကိုတော့ ဝန်ခံရပေမည်။
ဤသို့ မကြာခဏ ဥပဓိရုပ်အားနည်းမူကြောင့် ဆရာထက်ပါဟူ၍ပြောသော်လည်း ဆရာထက်ဟု မထင်ဘဲ ဆရာကိုခေါ်ပေးပါဆိုသူတွေ့တွေ့ဖူးကြုံဖူးပေါင်းများခဲ့ပေသော်လည်း ယခုတစ်ကြိမ်တွင် တော့ အမှန်ပင်စိတ်ပျက်မိချေပြီ။
ယောဂီဝတ်ပုဂိ္ဂုလ်ကြီးက ကျွန်ပ်အား တစ်ချက်ကြည့်ကာ မောင်ရင်က ဆရာထက်ဆ်ိုရင် ယောက်ကျားတွေ အသက်၄ဝကျော်ရင်ဘယ်ဓါတ်တွေအားနည်းနေသလဲ အဘကိုတိုင်းရင်းဆေးရှု့ထောင့်ကဖြေပါ
ပုဂိ္ဂုလ်ကြီးက ကလေးကို စာစစ်သလိုမေးလေသည်။ ကျွန်ပ်ကလည်း မတတ်သာပြီမို့ ဒေါသကိုမြိုသိပ်ပြီး “ခက်မာပထဝီ ဖွဲ့စည်း အာပေါ သီတတေဇောဓါတ်တွေ ဆုတ်ယုတ်လာတယ်အဘ။ဥဏှတေဇော ဝါယော ၊နူးညံ့
ပထဝီ ယိုစီးအာပေါဓါတ်တွေ လွန်ကဲလာတတ်ပါတယ် ဟူ၍ ကလေးက ဆရာရှေ့ စာဆိုပြသလို ဆိုပြလိုက်ရသည်။
ထိုအခါမှ အဘက မျက်နာရွှင်ပြလာကာ “ စိတ်မရှိပါနဲ့ ဆရာရယ် ကျုပ်ကလည်း ဆရာထက် အစစ်လားအတုလား စူးစမ်းရသေးတာပေါ့။
ထိုသို့ပြောပြီး ခေတ္တငြိမ်သက်နေစဉ် ကျွန်ပ်လည်းဧည့်သည်အား ဧည့်ဝတ်ပြုရန် သတိရလာ၍ တပည့်မောင်ဘစိုးအား တခုခုစီစဉ်ရန်ခေါ်ယူစေခိုင်းလိုက်ရသည်။
အဘလာရင်းကိစ္စလေးသိပါရစေ
ကျွန်ပ်က ယောဂီအဘအား စကားလမ်းကြောင်းလိုက်လေရာ အဘက “ ကျုပ်က မီးရထားဆိုတဲ့ ပင်ပယ်ပိုင်းရွာလေးတစ်ရွာမှာနေပါတယ်။ယာယီပါ ခု လှေကြီးတက်ဆိုတဲ့ သာပေါင်းဘက်ကိုသွားမလို့ ပါကွယ်။
မောင်ရင့်ဆီ ဝင်လာတာကတော့ အဘ မျက်စိနဲ့ ပတ်သက်တဲ့ဆေးနည်းတစ်ခုပေးချင်လို့ပါ ဟူ၍ပြေန်ပြောလေ၏။
ကျွန်ပ်လည်းဆေးနည်းဆိုက စိတ်ဝင်စားလေရာ အဆိုပါ ယောဂီ အဘ၏မျက်စိဆေးကို နာယူချင်စိတ်စောမိသည်ကို ဝန်ခံရပေမည်။ယောဂီအဘက တပည့်မောင်ဘစိုးချပေးသော လက်ဖက်ရည်ကို တစ်ငုံသောက်ပြီးအိမ်း ငယ်ငယ်က ငရုတ်သီးထောင်းရင်း မျက်စိထဲဝင်ရင် ခြေမရေလောင်းချရတယ်မလား ၊ဟုတ်ကြားဖူးပါတယ် အဘ။
အေး…မျက်စိနဲ့ပတ်သက်တာတွေ ကို သုံးရမယ့်ဆေးကွဲ့ ။နွေရာသီရောက်ရင် အပူကြောင့် မျက်စိပူတာ ကျိန်းတာ မျက်ရည်ယိုတာ ၊မျက်သားတက်တာ အလင်းရောင်မကြည့်နိုင်တာတွေ ဖြစ်တတ်တယ် ဒီအပူနာ
လို ရောဂါသာမက ဘယ်အချိန်မှာပဲဖြစ်ဖြစ် မျက်စိပူတာ မျက်ရည်ကျတာ မျက်သားတက်တာ မျက်စိနီတာတွေကို ခြေမမှာဆေးကို အုံပြီး အဝတ်နဲ့ စည်း ထား၊ ရေလောင်းပေးရတယ်။၂၄နာရီ ကြာအောင်စည်းထားကွဲ့
တခါနဲ့ မသက်သာရင် ၂ခါ၊ ၃ခါပဲ။ မျက်စိနာက အစကောင်းတယ်။ရေတော့ မပြတ်လောင်းပေးရတယ် အစိုဓါတ်ပေါ့ကွယ်။
အဘက စကားခေတ္တ ဖြတ်ကာ လွယ်အိတ်ထဲမှ ကွမ်းယာထုတ်ကို ထုတ်ပြီးဖြေကာ ပါးစပ်ထဲထည့်လေ၏။ကျွန်ပ်လည်း ထွေးခံပေးရန် မောင်ဘစိုးကိုခေါ်ရပြန်လေသည်။ ကဲ..ဆရာထက်ဆိုတဲ့ အရိုးကျီးပေါင်း ကုဆရာလေးရေ
ဆေးနည်းကိုလိုက်မှတ်ပေတော့ အဘလည်းခရီးဆက်ရအုံးမယ်ဟုဆိုကာ ဆေးနည်းကိုရွတ်ပြရာ ကျွန်ပ်လည်း အောက်ပါအတိုင်းလိုက်လံရေးမှတ်ရလေတော့သည်။
၁။မဖေါက်ထုံး ၂။သစ်ဂျပိုး ၃။ဇီယာ၄။ဂန့်ကော်ဝစ္ဆံ ၅။ကရဝေးရွက် ၆။ပန်းနု၇။ပန်းမ၈။ဥပသကာ၉။ကတြသချေင်္၁၀။ဆောင်းမေးခါး၁၁။ကြဇု၁၂။ဖာလာ၁၃။စူလာနဖာ၁၄။ကြပ်ခိုး၁၅။လေးညှင်း၁၆။ပိတ်ချင်း ၁၇။ချင်းခြောက်
၁၈။ငြုတ်ကောင်း ၁၉။ဇာသီး ၂၀။+၂၄ စမုံမျိုး၅ပါး။ (၁ကျပ်သားစီ)

မှတ်ချက်။ ။ ပရဆေးဆိုင်များတွင် လွယ်ကူစွာဝယ်ယူရရှိနိုင်ပြီး အဖိုးနုန်းမများပါ။စိတ်ဝင်စားသူများ မရှင်းလင်းသည်များရှိက ဆရာထက် ဖုန်း 0973234101သို့ မေးမြန်းနိုင်ပါသည်ခင်ဗျား။

10 comments

  • ဦးဦးပါလေရာ

    April 16, 2012 at 10:46 pm

    ဆေးစည်းပြီး ရေလောင်းထားရမှာဆိုတော့ စိုနေမှာပေါ့။
    ၂၄ နာရီဒီအတိုင်းထားရရင် အိမ်မှာပဲ ထိုင်နေမှရမယ့် ကိစ္စဗျ…။
    မျက်စိလဲကောင်းသွားမယ်၊ လူလဲ တော်တော်အနားရသွားမှာပဲ….။

    ဆရာထက်ရေ – ဆရာထက်ကို ဆေးဆရာလို့မထင်တာ ဥပဓိရုပ်ကြောင့်မဟုတ်ပါဘူးဗျာ…
    ငယ်ပုံပေါက်နေလို့ ဖြစ်မှာပါ။
    မြန်မာသမားတော်ဆိုရင် ခေါင်းဖြူဖြူအဘိုးကြီးတွေ ပြေးမြင်ကြတာကိုး…။

  • htet way

    April 17, 2012 at 9:15 am

    ဟုတ်ပ ဆရာရေ
    ကျွန်တော်မှာလည်း ဆရာလို့မထင်ကြတော့ မကြာခဏ ဆရာထက်ကိုခေါ်ပေးပါ
    မနောက်ပါနဲ့ ဗျာ အရေးကြီးလို့ပါတွေချည်းကြုံနေရပါတယ်။
    ဒါနဲ့ ဆရာရေ ….မျက်စိစည်းဆေးကတော့ စမ်းသတ်ပြီးပါပြီ
    ကောင်းပါတယ် ခြေမကို ဆေးမှုန့်အုံပြီး အဝတ်စည်း ရေလောင်းထားပေါ့
    သွားလို့လည်းရပါတယ်။ခြောက်ရင် ထပ်လောင်းပေါ့။
    ဆရာဦးဦးကျန်းမာပျော်ရွှင်ပါစေဗျား။

    • သမိန်ဂီ့

      April 17, 2012 at 10:21 am

      အသက်ငယ်သေးလို့….ဆြာရုပ် မထွက်တဲ့အပေါ်
      စိထိခိယက်နေတဲ့ ဆြာထက်ရေ…
      သည်လို အကြံပေးကြည့်မယ် ဗျာ..

      ကျွဲကော်ကိုင်း မျက်မှန်ထူထူတပ်ပြီး
      နှုတ်ခမ်းမွှေး (ကိုရင်ရှုံး စကားနဲ့ဆို တခမ်းမွှေး)
      သာအရှည်ထားကြည့်ပါတော့ဗျို့ ….

      ခင်တဲ့
      ဂီ့

  • htet way

    April 17, 2012 at 5:39 pm

    ဒီလောက်လည်း မလုပ်ရပါဘူး ဆရာဂီရယ်
    တကယ်တော့ ဆရာလို့မထင်တာလည်း သူတို့ မှန်ကြပါတယ်။
    ကျုပ်ပုံက မင်းသားပုံပေါက်နေတာကိုး
    (လူကြမ်းမင်းသား)

  • Khaing Khaing

    April 17, 2012 at 11:56 pm

    ဆရာထက်ရေ ခြေမနှစ်ဖက်လုံးကိုစည်းမရမှာလား အဲလိုစည်းထားတဲ့နေ့ဆို အပြင်ထွက်လို့မရဘူးတော့လား ရေကိုအဆက်မပြတ်လောင်းပေးရမယ်ဆိုတော့……….အဟိ
    ညအိပ်ချိန်ဆိုဘယ်လုပ်လို့ရမလဲနော် ရေကိုထထလောင်းပေးနေရမှာပေ့ါ …….. ဆရာထက်နေ နောက်တစ်ခုက ရေကိုလောင်းတာ ခြေမကိုပဲလား တစ်ခြားခြေထောက်တွေစိုရင် ခေါင်းတွေဘာတွေများ ထပ်ကိုက်သွားမလားမသိဘူးနော် ……… ဆရာထက်ရေ စိတ်မဇိုးနဲ့နော် ညီမတို့လို ကွန်ပျူတာသမားတွေ က ဒီနည်းလိုတယ်လေ သိချင်တာလေးကို အပျော်သဘောလေးပါအောင်ရေးလိုက်တာပါနော် …….. ဆေးဆရာချောချောလေးဆို အိမ်တိုင်လာရောက်ကိုလာကုချင်တာ အဟိ ……….

  • htet way

    April 18, 2012 at 9:42 am

    ဆရာမ ခိုင်ခိုင်ခင်ဗျား
    ခုလို ခင်ခင်မင်မင် မန့်လိုက်တာ ဝမ်းသာမိပါတယ်
    ရေ ကို အဆက်မပြတ်လောင်းစရာမလိုပါဘူး တခါလောင်းထားရင်စိုပါတယ်
    ဆေးမှုန့်တွေကို ရေနဲ့ နှယ်လိုက်တော့ အုံလို့ရရောပေါ့။ပြီးတော့
    အဝတ်စည်း အဝတ်စလေးကို ဟပြီးရေလောင်းထား ခြေမပဲစိုမှာမို့ ခေါင်းမကိုက်ပါ
    ညဘက်စည်း မနက်မိုးလင်းဖြေလိုက်ပေါ့။
    ကွန်ပျူတာသမားဆိုတော့ ဇက်ရိုး(လည်ဆစ်ရိုး)ကို သတိထားပါ။
    ကျီးပေါင်းရန်ကဝေးအောင် လေ့ကျင့်ခန်းလုပ်တာတို့ ရေနွေးအိတ်ကပ်တာတို့
    လုပ်ပေးသင့်ပါတယ်။ရံဖန်ရံခါ အပူဆေးလေးတွေလိမ်းပေးသင့်ပါတယ်။
    ခုလိုဆွေးနွေးပေးတာကျေးဇူးပါ။စာရေးပါအုံး ဖတ်ဖို့စောင်မျှော့်နေပါတယ်။ပရိသတ်အဖြစ်တောင်းဆိုလိုက်ပါတယ်

    • Khaing Khaing

      April 18, 2012 at 2:06 pm

      အခုလို စိတ်ရှည်လက်ရှည်ရှင်းပြပေးတာ ကျေးဇူးပါပဲ ဆရာထက် ….. ဆရာမ လို့တော့မခေါ်ပါ နဲ့နော် မတန်မရာတွေဖြစ်နေမလားလို့ပါ ……. အာပလာမဆိုပိုမှန်ပါလိမ့်မယ် အလွန်ညံ့တဲ့ စာအရေးအသားကိုချီးကျူးတဲ့ ဆရာထက်ကိုလည်း ကျေးဇူးတင်ပါတယ် ……. ရင်ထဲက ခံစားချက်တွေကိုစုစည်းနေပါတယ် အခိုင့်စာတွေက အခိုင့်ဘဝတစ်စိတ်တစ်ပိုင်းပါ ….. ဒီဘဝ တစ်စိတ်တပိုင်းခံစားချက်လေးတွေကို အားပေးဖတ်ရူခဲ့တဲ့ ဆရာထက်တို့လို လူမျိုးတွေကို ချီးကျူး လေးစားလျှက်ပါနော် …….

      ခင်မင်စွာဖြင့်
      Khaing Khaing

  • etone

    April 18, 2012 at 11:53 am

    ဆရာထက်ရေ ဒါက ပါရမီပါလာလို့ပဲဖြစ်မယ် .. တိုက်တိုက်ဆိုင်ဆိုင် အိမ်ထိရောက်ပြီးဆေးနည်းပေးတယ်ဆိုတော့လေ … ။

    ဆရာထက်ရဲ့ ဆေးနည်းလေး စောစောသာသိလျှင် ကျွန်မသင်္ကြန် အပြီကဲလို့ ရမှာ … မျက်စိနည်းနည်းနာနေတာနဲ့ ..ဖီလင်သိပ်မပါလို့ .. သင်္ကြန်တစ်ရက်မှ ထွက်မကဲဖြစ်ဘူး … 😀

  • htet way

    April 19, 2012 at 10:50 am

    etone
    ဆရာမ ကျွန်တော်တော့မျက်စိဆေးကို လက်တွေ့လုပ်ပြီးပြီ ကောင်းတယ် ဆရာမ ။
    ဆီးဝမ်းမှန်အောင်နေရင် အပူနာပေါ့ဆရာမ ..မဖြစ်နိုင်ပါဘူး။
    ရာသီက ပူတော့ အပူခံတာများရင် မျက်စိနာတာဖြစ်တတ်ပါတယ်။
    စက္ခုပါလ ဆေး ညအိပ်ရာဝင်၅ပြားသောက် မနက်ကို ရေတဝသောက်ရင် ရပါတယ်
    မျက်ကွင်းဆေး ဝယ်လို့ရတယ် ကွင်း လိုက်။ နောက် ရှားဇောင်းလက်ပတ်အုံပေးပါ။
    ဆရာမက ဝမ်းလွယ်ရင်တော့ စက္ခုပါလ ၃ပြားရေအေးနဲ့သောက်ပါ။
    တကယ်လို့ အဆင်ပြေရင် မျက်စိအတွက် စည်းဆေးကို စည်းထားနိုင်ရင်ကောင်းပါတယ်
    ကျွန်တော်သိသလောက်ပြောတာပါဆရာမ။ရာသီဖျားဖြစ်ရင် ဆရာမက ပူစရာမလိုပါဘူး
    ဟိုသီချင်းလိုပေါ့ “ချစ်တဲ့သူဒေါက်တာပဲ ..ဆေးပေးကာကူညီပါအုံး” ဆိုတာလေ။
    ဒေါက်တာရှိတာပဲ ..။
    ဆရာမ ပျော်ရွှင်ချမ်းမြေ့ပါစေ။စာကောင်းတွေရေးနိုင်ပါစေဗျား

  • htet way

    April 19, 2012 at 10:55 am

    Khaing Khaing
    အရေးအသားကောင်းပါတယ်
    ဘဝ သရုပ်ကို စာအဖြစ်ထုတ်ကြတာပဲလေ။ကျွန်တော်အားပေးပါတယ် ။
    ဆရာမလို့ မခေါ်ရရင်လည်း ခင်မင်မူ သဘောနဲ့ နောက်တခါပြောင်းခေါ်ပါ့မယ်
    ကျွန်တော်က စာပေသမားတွေကို ကျွန်တော်ညီကိုမောင်နှမတွေလိုလေးစားခင်မင်ပါတယ်။

Leave a Reply