“ကဗျာသစ် မျှော်သူ”
စာမျက်နှာထက်မှာ
ခံစားချက် ပေါက်ကွဲကဗျာတစ်ပုဒ်
ခင်ဗျား…တောကြိုက်ပဲ ရေးနေတုန်းပဲလား။
ထွင်လော့…ကဗျာ
ခုထွင်လော့…ကဗျာ
ခုချက်ချင်းထွင်လော့…ကဗျာ
ကျွန်တော် အသစ်တွေ မျှော်နေရတာကြာပြီ။
(ဖြစ်+ပျက်)နမိတ်ပုံများ
(ရှိ+မဲ့)အသံများ
(ပညတ်+ပရမတ်)ပါဒများ
(ပျောက်+ထင်ရှား)သင်္ကေတများ
(စောင့်ထိန်း+ဖောက်ဖျက်)စည်းဘောင်များ
(ရိုး+ဆန်း)စကားလုံးများ
(မှန်+မှား)ဝါကျများ
(သွင်း+ထုတ်)ပုဒ်ဖြတ်များ
တစ်ခုခုတော့ ခင်ဗျား…လှုပ်လိုက်ပါ။
ဤနိုင်ငံ ကဗျာစက်ရုံမှ
မွဲပြာပုဆိုးတွေ ရိုးအီနေလို့…
ပါကင်လှတဲ့ ကဗျာအသစ်ပဲ မြင်ချင်တယ်။ ။
စေပိုင်ထွဋ်(ပုသိမ်)
(လွတ်ထွက်သွားတဲ့ အတွေးတွေမို့ ကဗျာမှာ မာန်ပါသွားနိုင်ကြောင်း ကြိုတင် အသိပေးအပ်ပါတယ်)
သင်္ချာပုံသေနည်းကို ကဗျာစာသားထည့်ပြီး တချို့ဟာတွေ ထွင်ထားကြောင်း ဝန်ခံအပ်ပါတယ်။
7 comments
alinsett
April 18, 2012 at 10:26 am
ဆန်းသစ်တဲ ့ကဗျာ အရေးအသားတွေကို အားကျ စွာ..ဖတ်မိနေကြောင်းပါ..ကိုစေပိုင်..။
ကိုစေပိုင်ရဲ ့ကဗျာတွေကို ကျွန်တော် အတော်လေး..ကြိုက်မိတယ် ။
ကျွန်တော်ကလည်း ကဗျာဆိုရင် ကာရန်..ဆိုတဲ့ ဘောင်..ကြီးထဲကနေ.ရုန်းမထွက်ရင်..အားမရတဲ့ သူ..။
အသစ်….အသစ်သော..အယူအဆတွေ..ကြားမှာ..အနုပညာသစ်ရဲ့ ့ခေါ်သံတွေ.ကိုလည်း..ကြားချင်မိပါတယ် ။
လေးစားလျက်…
စေပိုင်ထွဋ် (ပုသိမ်)
April 18, 2012 at 5:00 pm
အသစ်ဆိုတာ နောင်တစ်ချိန်မှာ အဟောင်းဖြစ်သွားကြတာချည်းပါပဲ
ဒါကြောင့်
အသစ်ကို ကြိုသလို
အဟောင်းကိုလည်း ကျွန်တော် မရှုံချပါဘူး။
ကိုယ့် လမ်းကိုယ် ဖောက်ကြတာမျိုးကို ကျွန်တော် ပိုလိုချင်တယ် သူငယ်ချင်းရ
ကိုယ့်လမ်းမှာ ကန့်လန့် ခံနေရင်သာ…..
တုံ့ပြန်မှုတော့ လူပီပီ လုပ်မိမှာပဲ။
နေဝန်းနီ
April 18, 2012 at 11:17 am
ကဗျာ အသစ်တွေ ထွင်ဖို့ဆိုတာက ကဗျာစက်ရုံတွေကလည်း မော်ဒယ်မြင့်ဖို့လိုပါလိမ့်မယ်…..။
ဗိုက်ကလေး
April 18, 2012 at 11:24 am
များအတွက်တော့ ဘီအီး မှန်မှန်သောက်ရင် လုံလောက်ပါတယ် 😀
စေပိုင်ထွဋ် (ပုသိမ်)
April 18, 2012 at 5:03 pm
အဲ့ဒါကတော့ ကျွန်းကိုင်းမှီ ကိုင်ကျွန်းမှီပေါ့ဗျာ
ကဗျာအသစ်ထွင်ဖို့ ကဗျာစက်ရုံ မော်ဒယ်မြင့်ဖို့ လိုသလို
မော်ဒယ်မြင့်တဲ့ ကဗျာစက်ရုံကလည်း ကဗျာသစ်ထုတ်လုပ်ပေးဖို့ လိုပါတယ်..။
alinsett
April 18, 2012 at 7:02 pm
ဟုတ်တာပေါ့..ကိုစေပိုင်..။
လူငယ်တွေ..ဘာလို ့ ကာရန်ကို မုန်းသလဲ..ဆိုတဲ့မေးခွန်းကို ဆရာဒဂုန်တာရောမေးဖူးတယ်.နော် ။
ကျွန်တော်တို ့ကာရန်ကိူ မမုန်းပါဘူး။
ဂန္ထဝင် အနုပညာ..ကို သမိုင်းဆိုင်ရာ.တန်ဖိုးတွေ..အဖြစ်..သဘောထားပြီး..မြတ်နိုးလို ့ရပါတယ် ။
အဟောင်းနဲ ့အသစ်..ကို ပေတံတွေ နဲ ့လိုက်တိုင်းတာ..ပြီး.( အသစ်ကို အဟောင်း စံနဲ ့ တိုင်းတာပြီး.)
ပြဿနာ လိုက်လုပ်နေတာကိုပဲ ..မုန်းတာပါ ။
အနုပညာ မှာ..အဟောင်းရယ် အသစ်ရယ်.ဆိုပြီး…ခွဲခြားနေတာ ထက်..ကိုယ် ယုံကြည်ရာကို ကိုယ် ဆက်လုပ်ကြတာ ပိုကောင်းတာပေါ့နော် ။
ကျွန်တော့်ဆရာ..တာရာမင်းဝေ.ပြောဖူးသလိုပေါ့။ လောကမှာ..ဓါးတွေ.အမျိုးအစားတွေ.အများကြီး ကွဲပြားပေမယ့်….ဓါး..ဆိုတဲ ့သဘောကတော့..အတူတူပါပဲ။
အဲဒီလိုပါပဲ.. အနုပညာမှာ..မော်ဒန်ရယ် ဂန္ထဝင်ရယ်..ကွဲပြားနေပေမယ့်..အနုပညာဆိုတာ အနုပညာပါပဲ..။
ခင်မင်လေးစားစွာ…
Khaing Khaing
April 18, 2012 at 9:21 pm
မောင်လေး စေပိုင်ထွဋ်ရေ ကဗျာလေးတွေကို ကြိုက်ပါတယ်ကွယ် …. မောင်လေးတို့ရေးတဲ့ကဗျာတွေက မြင့်သားလား …… ဒါပေမယ့် ဖန်တီးမှုအနုပညာဖြစ်တဲ့အတွက် အားပေးလျှက်ပါပဲ ………