နွေစိန်ပန်း……………………အမှတ်တစ်

1 အာရုံတက်မှာ မြင်ရတဲ့ စိန်ပန်းနီနီ
2 နံနက်ခင်းကောင်းကင်ပြာကိုနောက်ခံထားပြီးမြင်ရတဲ့ စိန်ပန်း ပွင့် နီစိုလွင်
3 အရွက်မကျန်အောင်ပွင့်တဲ့စိန်ပန်းပင်
4 ကောင်းကင်က အပြာ အလင်းရောင်လာ စနေရာက ခပ်ညိုညို စိန်ပန်းကနီရဲစိုလွင် မတူတဲ့အရောင်နဲ့လှနေလိုက်ပုံများ
5 ဒါကတော့အနီးကပ် စိန်ပန်းပွင့် စိုရဲရဲ
6 မြင်ရတာလှပလွန်းတဲ့ စိန်ပန်းနီနီ

7 တွဲလွဲခိုတဲ့ အလှလေးပေါ့
8 စိန်ပန်းနီနီ ပန်းနီနီ အဆုပ်အခဲ
9 စိန်ပန်းပွင့် အနီးကပ်အလှ အစိမ်းအနီဆန့်ကျင့်ဘက်အလှ
10 အဆုပ်ဆုပ်အခဲခဲ စိန်ပန်းနီရဲရဲ
11 အစိမ်းမှာအဝါနှော အနီတောမှာ ရောင်စုံခြယ် လှပါဘိကွယ်
12 ပင်စည်ကြားက မြင်ရတဲ့ စိန်ပန်းပွင့်ရဲရဲ
13 လှပသော မြင်ကွင်းလေးလို့ထင်မိပါတယ်
14 အဖျားမှာပွင့်နေတဲ့ အနီရဲရဲစိန်ပန်းပွင့်လေးတွေ အရွက်ကအစိမ်းကောင်းကင်က အပြာ
15 တပွင့်စီ တစ်နေရာစီ စုစည်းလိုက်တော့လှပါသည်
16 တစ်ပင်လုံးအပွင့်တွေဝေနေတဲ့ စိန်ပန်းပင်
17 တိမ်ပြာပြာ ထဲမှာ တိမ်ဖြူတစ် စ အောက်မှာတော့ အစိမ်းအနီရောနေတဲ့ စိန်ပန်း လှသဗျာ
18 ဒီစိန်ပန်းပင်လေးငယ်ငယ်က အလွန်လှပသောပုံလေးတစ်ပုံရခဲ့ပါတယ် အခုတော့သူလဲအရွယ်ရောက်သွားပြီနော်
           “နွေစိန်ပန်းနီနီ……………..အမှတ်တစ်”

 

သင်္ကြန်ရက်မတိုင်ခင်ကတည်းက မနက်မနက်လမ်းလျှောက်မထွက်တာကြာပေါ့။

သင်္ကြန်တွင်း တစ်တွင်းလုံး လည်းမလျောက်ဖြစ်။

ဒီနေ့နှစ်ဆန်းတစ်ရက်တော့ လမ်းလျောက်ထွက်ဖြစ်အောင်ထွက်မယ်လိုု့ဆုုးံဖြတ်ထားတဲ့အတိုင်း

အပျင်းစိတ်တွေကို တွန်းလှန် လို့ မနက်ငါးနာရီကျော်ကျော်မှာ အိမ်ကထွက်လို်က်ပါတယ်။

လှပသော မနက်ခင်းလေးများနဲ့ဝေးတာကြာလို့လားမသိ  မြင်သမျှ သာယာလှပါတယ်။

လျောက်လာရင်းက ဘေးဘက်ကိုမော့်ကြည့်လိုက်တော့ လှလိုက်တဲ့စိန်ပန်းနီနီတွေ။

ဒီစိန်ပန်းနီနီတွေက ကျနော်ငယ်စဉ်ကလေးဘဝကတည်းက ရင်းနှီးခဲ့ရတာပါ။

ကျနော်တို့ငယ်ငယ်ကနေတဲ့ အိမ်25လမ်းက အခုအော်တိုဖုန်းရုံး ဆက်သွယ်ရေးရုံးလို့ခေါ်တဲ့ဝင်းကြီး

ရဲ့မြောက်ဘက်။

အရင်ကတော့ကြေးနန်းဝင်းလို့ခေါ်ပါတယ်။

အဲဒီဝင်းကြီးထဲမှာ ဘန်ဒါပင်တွေ စိန်ပန်းပင်တွေအများကြီးရှိနေပါတယ်။

ကျနော်တို့ကလေးဘဝ ကျောင်းပိတ်ရက်ဆိုရင် အဲဒီဝင်းကြီးထဲမှာသွားဆော့ကြပါတယ်။

စိန်ပန်းပွင့်တွေကို ခူး။

အရိုးတံကို ယူ။

သားရေကွင်းကို ဘတ်ခွလုပ်လို့ တစ်ယောက်နဲ့တစ်ယောက်ပစ်ပြီး စစ်တိုက်တန်းကစားကြပါတယ်။

မတော်တဆနဲ့များ မျက်လုံးကိုတည့်တည့်မှန်လို့မျက်လုံးတွေယောင်လာရင် လူကြီးတွေမသိအောင်ကျပ်ထုပ်ထိုးလို့ ဒေါက်တာရမ်းကုတွေလုပ်ကြပါတယ်။

 

မှည့်နေတဲ့ စိန်ပန်းသီး ဝါဝါလေးကိုထက်ခြမ်းခွဲ။

သူ့အထဲမှာ ပါတဲ့ ဝတ်ဆံကွေးကွေးလေးကို ခွာယူ။

ထိပ်က ကောက်ကောက်လေးဖြစ်နေတဲ့ ဘုလုံးလေးကို တစ်ခုနဲ့တစ်ခုချိတ်ပြီး

အရင်ကြွေတဲ့လူက အရှုံးသတ်မှတ်လို့ကစားတတ်ကြပါသေးတယ်။

စိန်ပန်းပွင့်က မွှေးလဲမမွှေး၊

စားလို့လဲမရ ပန်လို့လဲမဖြစ်။

ဒါပေမယ့်ရဲရဲတောက်နေတဲ့စိန်ပန်းတွေမြင်တိုင်းငယ်ဘဝလေးကို သတိရမိပါရဲ့။.

 

 

ကိုပေါက်လက်ဆောင် အတွေးပါးပါးလေး။

(17-4-2012)

 

 

 

 

12 comments

  • water-melon

    April 19, 2012 at 8:12 am

    ဒီချိန်ကျောင်းတော်ကြီးရဲ့ အလယ်ထဲမှာ စိန်ပန်းပင်တွေလည်း ပွင့်နေပြီကွာ

    သတိရအောင် လုပ်ပြန်ပြီ ဟွန့်
    ငိုချင်နေပါတယ်ဆိုမှာ

  • TTNU

    April 19, 2012 at 10:19 am

    ကိုပေါက်ရေ..
    “ဘုလုံးလေးကို တစ်ခုနဲ့တစ်ခုချိတ်ပြီးအရင်ကြွေတဲ့လူက
    အရှုံးသတ်မှတ်လို့ကစားတတ်ကြပါသေးတယ်။”
    ငါတို့လည်း ဒီအတိုင်းကစားဖူးပါတယ်ကွ။

    အပေါ်ကဖရဲ မန့်ထားသလိုပဲ
    ငါတို့လည်း လွမ်းဖူးပါတယ်ကွ။ 😛

  • mandalarthu

    April 19, 2012 at 10:46 am

    ဦးပေါက်ေ၇…
    စိန်ပန်းတွေရဲ ့လှချက်ကတော ့….ထောင့်စုံဘဲနော်….သူတို ့ရဲ ့အလှ ပေါ်လွင်အောင် အမျိုးမျိုးရိုက်ပြနိုင်တဲ ့
    ဦးပေါက်ရဲ ့လက်ရာက ပိုမိုက်ပါတယ်…ကျွန်မအကြိုက် ဆုံးကတော ့…
    ပုံ(၅)။(၉)နဲ ့(၁၃)ပါဘဲ…။ကျေးဇူးပါနော်။

  • ဗိုက်ကလေး

    April 19, 2012 at 11:14 am

    ဘာပဲပြောပြော လှတယ်ဂျ အူး၄ပေါက်ရ

  • မတော်တရော်တွေတင်မဟုတ်ပါဘူး။
    လူမပါ အပူမပါဘဲလဲ လှအောင်ရိုက်လို့ရတယ်ဆိုတာကို သက်သေပြတာပါနော်.။
    နောက်ရက်မှာတော့ ပြင်ဦးလွင်က စိန်ပန်းပြာလာမယ်နော်………….

  • aye.kk

    April 19, 2012 at 3:59 pm

    နွေစိန်ပန်းနီ..
    ပန်းချီတွေလား..
    ရိုက်ချက်များက..
    တအားလှပါ့လေးပေါက်ရေ..။။

  • Thel Nu Aye

    April 19, 2012 at 4:48 pm

    လှလိုက်တာလေးပေါက်ရယ်။ ကောင်းကင်ပြာပြာ စိန်ပန်းနီနီ အရွက်စိမ်းစိမ်းနဲ့ ဘယ်လိုလှမှန်းမသိဘူး။ ရင်ထဲအေးသွားတာပဲ။ ကျေးဇူးပါ။

  • နေဝန်းနီ

    April 19, 2012 at 10:04 pm

    ကိုပေါက်ရေ့……. စိန်ပန်းတွေ မြင်တော့ ဘယ်သူ့ကို သတိရသလဲ သိလား ?
    အဆိုတော် မေဆွိ ကိုဗျာ…။ ခင်ဗျားကကော စိန်ပန်းတွေ မြင်မြင်ချင်း ဘယ်သူ့ကို သတိရသလဲ….?။
    ဟားဟား မဒန်ပေါက်ကိုလား ယုံပူး ယုံပူး

  • marblecommet

    April 20, 2012 at 6:33 am

    ကျောင်းဖွင့်ချိန် ××စိန်ပန်းတွေလည်း မြေမှာကျဲပြန့်နေ××ကံ့တော်ပန်းတွေနဲ့အတူ ××
    သူနဲ့တွေ့ရာနယ်မြေ××××တက္ကသိုလ် (သို့မဟုတ်)မြကျွန်းသာ အင်းယားကန်မှာလေ
    တန့် ဒန့်ဒန့် တန့်ဒန် ဒန့်ဒန့်ဒန်……..
    လူဇိုးကြီး လူဂိုသိပ်လွမ်းအောင်လုပ်တာပဲ
    ဝတ်လည်ပါစေတော်……ဝှစ် ဝှစ် ဝှစ်…..

  • ရောင်ခြည်ခ

    April 20, 2012 at 9:07 am

    စိန်ပန်းပွင့်တွေက လှလိုက်တာနော်… ဓါတ်ပုံရိုက်ချက်ကလည်း လှတယ်..

  • ပြင်ဦးလွင်မှာလဲ စိန်ပန်းအနီတွေ တွေ့ခဲ့တယ်။
    ဒါပေမယ့် အဲဒီအချိန် စိတ်ထဲမှာ မန်းလေးမှာမရှိတဲ့ စိန်ပန်းပြာကိုဘဲ ညိနေတာလေ။
    တစ်ပုံတော့ရိုက်ခဲ့တယ် လှလွန်းလို့ ။
    ဝက်ဝံနားက ကျောင်းထဲမှာ

  • kaung kg16

    April 20, 2012 at 5:14 pm

    စိန့်ပန်းနီနီ ပွင့်တံချည် …
    လေးပေါက်ရိုက်ချက် ကတော့…
    ကောင်းလွန်းလို့ share သွားပါတယ်ခင်ဗျ

Leave a Reply