တာရာမင်းဝေနဲ ့..ကျွန်တော်………………..

alinsettApril 18, 20121min33411


တော်တော် ပျင်းစရာကောင်းတဲ့ ပန်းချီကား..၊ ရပ်၊ ရပ်။ ယတြာချေပစ်ရမယ်..။

ကျွန်တော်သာ ” အရောင်..”ဆိုရင် သူ့ ကိုမမြင်ရအောင် ” မှောင် “ပစ်လိုက်မယ်.။ စိတ်ဆိုးတယ် ..။ လျှာကို ပတ်တီးစည်းပြိး..စကားလာ မပြောနဲ့ ။

နား ကလစ်လစ် ဖြစ်တယ် ။

ချိန်ခွင်နဲ ့ချိန်စမ်းပါ ။ ထုံးစံအတိုင်း..အားမနာပါးမနာပေါ့ ။ လူမကြီးသေးလို ့ အချိန်မစီးရသေးတဲ့ ယောကျာ်းလေးပါ ။ ဝံပုလွေလို မအူတာပဲ.ရှိတယ် ။

လေးဖက်ထောက်လိုက်ရင် အတော်တူတယ်။ “” ပန်းတွေအားလုံး.စပယ် ဖြစ်လိုက်ပါတော့.””.လို ့ညည်းဖူးတယ် ။

ဘယ်ကလာ..အမေရယ်..ကျွန်တော့်မှာ အဖြူတွေ..ဒေါင်လိုက်ကြီး..။ ကျွန်တော့် ဇာတာရော.ရှိသေးလား။ ကိုယ့်ကိုယ်ကိုယ် အချိုးမပြေကြောင်း..

မနေ ့က သိလိုက်တယ် ။ ကျွန်တော့်ကို မီးပူတိုက်ပေးပါ ။

ဟိုး..ဟိုး…အမေ…။ ဒီ ဘက်က “လူ”တွေ..၊ ဟိုဘက်က “လောက.”..။မေမေ ပလက်ပေါက် မှားနေတယ် ။ အိမ်ရှေ့က အဲဒီ တရားဟောဆရာ..။

တစ်နေ ့တခြား..”ငါးမန်းစွယ်ရုပ်” ပေါက်လာတယ် ။ မေမေရယ်.”.သူကြီး “က ထောင်လွှားမောက်မာတယ် ။

ဘာလို ့များ..သူ ့ကိုယ်သူ အလွှာလိုက်ဖြစ်ချင်ရလဲ..မသိဘူး။။ ရပါတယ် ။ ကျွန်တော်ကို ကြက်သွန်က “မွှန် “စေရမယ် ။စောင့်ကြည့်ပါဦး.။

ခွေးခြေပေါ်မှာ ထိုင်နေတဲ့ လူက ခွေးကို ခြေထောက် ကန်ဖို ့ပြင်နေတယ် ။ဒါပေမယ် နှာခေါင်းအောက်မှာ ” ဆင်ဆာ “မိသွားတယ် ။

သူ…ကိုယ် ဟန် ပြတယ် ..၊ ပြတယ် ..။ ပြတယ် ။ တော်တော်လှပါတယ် ။ ဒါပေမယ့်.နောက်ဆုံးမှာ..သူ ့ကိုယ်သူရေးလောင်း ချမသွားဘူး။ အားလုံး..

ပေါလောမျောနေတယ် ။ အဲဒါ ခက်တာပေါ့ ။ ဘယ်ကို.. ရောက်မယ် မှန်မသိဘဲ..လှေကါးဆိုရင်…ကိုယ်က တက်တက်သွားချင်တယ် ။

တစ်ခါ တစ်ခါ မာနက “ညိုမြ “လုပ်လို ့..။” ဇစ် “ပိတ်ထားစမ်း..။

ဝါးသေနတ်က “တဒက်ဒက် “ပစ်သလိုပဲ…ဓါတ်ပုံရိုက်ထားတဲ့ ဓါတ်ပုံကိုမှ ဓါတ်ပုံ ထပ် ရိုက်ရတယ် ။ အနုပညာ ဆိုတာ တော်တော်ပွါး..ယူရတဲ့

“ကော်ပီ” လား..။နဖူးစာ..လာမရေးပါနဲ့ ။ တကယ်ဆိုရင် ရင် ဘက် မှာ ရေးပါ…။ ပြန် ငုံ ့ ဖတ်ပြိး..ပယ်ပယ်နယ်နယ် ဖူးပွင့် ချင်တာပေါ့ ။

စိတ်မရှည်တဲ့နေ ့ဆိုတာ ရှိကြမှာပါ ။ ကျွန်တော်..စိတ်မရှည်ခဲ့ဘူး ။ စိတ်မရှည်လို ့ စိတ်မရှည်ကြောင်းကို..စိတ်မရှည်စွာ.ကျွန်တော်ပြောရင်

ခင်ဗျားက စိတ်ရှည်ပါ ။ ဟိုလူ….။ အားနာတယ် ။အားနာတယ် ။အားနာတယ် ။ ရိုင်းတာက ကျွန်တော်ပါ ။

ဖူးပြိး ပွင့်တဲ့ ပန်း..လို ့ပြောတာပဲ.။ ပြောတာပဲ..။ ပြောကြတာပဲ.လေ..။ ဘာမှ မလုပ်ရသေးဘူး ။ နွမ်းဖို ့လိုင်စင်ကြို..ယူတယ် ။

“တယော “ကိုင်ပြိး..လာ မကြည့်နဲ့ ။ ကျွန်တော့်ကိုယ် ကျွန်တော် ကြိုးတပ် တီးခတ်နေတာ..” မိုးဇက်ရာသီ” ( ၆ဝ ) ရှိပြီ ။ စူးရှ ။စူးရှ ။

ရပါတယ်..ကောင်မလေးရယ်…။ လက်ပိုက်ရပ် ရတာ..ငါ့အတွက် ရိုးနေပါပြီ။ အပန်းမကြီးပါဘူး။ ကိုယ့် လက် ကိုယ် ပိုက်ရပ်ရတာ.သပ်သပ်ရပ်ရပ်ရှိပါတယ် ။

နင့် မာမီရဲ ့နှလုံးရောဂါကို.ငါ ခွင့်လွတ်တယ် ။ ကောက်တိကောက်ကွေး…။ ကိုဒတ္ထ ရေ…. အဲဒီ ကကြီး ခကွေးကလေး…အိမ်ကို ပြေးပါစေတော့။

အရပ်ရှစ်မျက်နျာ မလှည့်ချင်ပါနဲ့ဗျာ..။ ဘာကိစ္စ “လေညွှန်တံ “လုပ်ချင်ရတာလဲ.။ ကျွန်တော် ဟာ ဘုန်းတော်ကြီး..ဆိုပါစို့……..

……………………………………………………………………………..

………………………………………………………………………………

________________________________________________________________

စာသားတွေက မဆုံးသေးပါဘူး။

ကျွန်တော် လေးစား မြတ်နိုးရတဲ ့ ကျွန်တော့်ရဲ ့ ကျေးဇူးရှင် ဆရာ တာရာမင်းဝေ..ရေးတဲ ့စာသားတွေပါ ဆရာတာရာမင်းဝေ..ရဲ ့

..အာလာဒင်မသိလိုက်တဲ့မီးခွက်..ဆိုတဲ့ စာအုပ်..စာမျက်နှာ..117 ၊118 မှာ ပါဝင်နေတဲ ့စာသားတွေပါ ။

ကျွန်တော်..ဆရာတာရာမင်းဝေရဲ ့ စာပေ အနုပညာကို လေးစားစွာ..အားကျ အတုယူပါတယ် ။ မရှက်ပါဘူး။

ကျွန်တော် လေးစား အားကျရတဲ ့ ဆရာ့ စာပေအနုပညာ ဖန်တီးမှု တွေထဲ.မှာာ.. အားကျရဆုံး အရေးအသားတွေက တော့ အခုလို..စာသားတွေပါ ။

သိစိတ်အလျှင်ရေးနည်း…လို ့ လူသိများမယ် ထင်ပါတယ် ။ စိတ်အစဉ်..ကို လွတ်ချလိုက်ပြိး…. တွေး သမျှကို ချရေး..ရင် ရမယ် ထင်ပါတယ် ။

လွယ် တယ်..လို ့ ထင်ကြမှာပါ ။ ဒါပေမယ့် မလွယ်..ပါဘူး။ မော..မောသွားရတဲ ့အရေးအသားပါ ။ ရေးတတ်ရင် ရေးတတ်သလောက် အရမ်းကောင်းနိုင်ပါတယ် ။

ကျွန်တော်…ဆရာတာရာမင်းဝေ ရဲ ့အဲဒီ အရေးအသားကို အားကျပြိး…ကျွန်တော်လည်း..လိုက်ရေးထားတာလေးတွေ.ရှိပါတယ် ။

ကျွန်တော်ရေးတာတွေကတော့…ကိုယ် ့လက် ကို ကိုယ် ခုတ်ဖြတ်ချင်လောက်အောင် ညံ့ပါတယ် ။ ရေးပြိးတာနဲ ့

စာရွက်တွေ…ထပ်ပြီး..ချောင်ထိုးထားလိုက်တာ..များပါတယ် ။

လူတွေ.အများကြီး.ရှေ ့မှာ..ချပြဖို ့ဆိုတာတော့ ဝေးရောပေါ့နော် ။

ကျွန်တော်..ဆရာတာရာမင်းဝေ..ရဲ ့ကဗျာတွေ..စာတွေ နဲ ့..လူလားမြောက်ခဲ့ပါတယ် ။ ကျွန်တော့်နဲ ့ဆရာ..အပြင်မှာ တစ်ခါ…သို ့မဟုတ် နှစ်ခါ..ပဲ.တွေ ့ခဲ့ဖူးပါတယ် ။

ပထမ တစ်ခါ..က ဆရာနဲ ့အတူ…လက်ဖက်ရည်ဆိုင်အိုကလေးတစ်ခုမှာ..စာအကြောင်းပေအကြောင်းတွေ..ထိုင်ပြောခွင့်ရခဲ့ပါတယ် ။

ဆရာက သူ ယုံကြည်ရာ အနုပညာကို ပြောပြတယ် ။ ကျွန်တော်…ဘာကို ယုံကြည်လဲ..မေးတယ် ။ အနုပညာသစ်..ဆိုတဲ ့ခေါ်သံတွေ.နောက်..လိုက်ပါသွားဖို ့..

ပြောပါတယ် ။ သူ..ယုံကြည်ရာ..အနုပညာလမ်းရဲ ့ကြမ်းရှမှုတွေ..ကို ပြောပြတော့ ကျွန်တော်..စိတ်တွေ..တက်လိုက် ကျလိုက်..။

ဒါပေမယ့်..ဆရာ….တာရာမင်းဝေ..ကို…ကတိတစ်ခုပေးလိုက်ပါတယ် ။

အနုပညာ….. စာပေအနုပညာ..ကို ကျွန်တော် ့ အသက်တမျှ…ချစ်သွားမယ် ။

ကျွန်တော်..ရယ်လို ့ ရှိနေသ၍ ..ကျွန်တော်..ချစ်တဲ ့အနုပညာ..ရှိနေဦးမယ် ။ ခက်ခဲပါစေ…ကြမ်းတမ်းပါစေ… ဆရာ ..ချန်ခဲ့မယ့်

အနုပညာလမ်းကြောင်းပေါ်..ကနေ..

လောက ကို လင်းချင်း လှပ..စေဖို ့..ဆက်လျှောက်နေဦးမယ်.။ ဆရာရေ………ကျွန်တော့်ကို…စိတ်ချပါ .။

ကျွန်တော်….မလျှော့ ချင်သေးဘူး။ ဘယ်တော့မှ..မလျှော့ ဘူး….။

___________________________________________

ဆရာတာရာမင်းဝေနဲ ့နောက်တစ်ကြိမ်တွေ ့ရတာကတော့..တွေ ့ခွင် ့မမည်တဲ ့တွေ ့ဆုံမှုပါ..။

ဘာလို ့လဲ..ဆိုတော့..ကျွန်တော် ဆရာတာရာမင်းဝေ..ရဲ ့” ရုပ်အလောင်း”ကိုပဲ..တွေ ့ခွင့်ရလိုက်လို ့ပါ ။

အဲဒီတွေ ့ခွင့်မရခင်..ည က ကျွန်တော်..အိမ်မှာ.ရေဒီယို နားထောင်နေခဲ့ပါတယ် ။

voa..တို bbc တို ့ကို ကျွန်တော်..နေ ့တိုင်း နားထောင်ပါတယ် ။

အဲဒီ VOA သတင်း ဋ္ဌာနကနေ… ဆရာတာရာမင်းဝေ…ကွယ်လွန်သွားပြီ..ဖြစ်ကြောင်း…ကြေငြာသံကို မထင်မှတ်ပဲ..ကြားလိုက်ရပါတယ် ။

လုံးဝ မထင် ထားပါဘူး ။ ကျွန်တော်……..ထိတ်လန် ့ အံဩ…..နာကျင်စွာ……..

လက်ထဲမှာ..ကိုင်ထားတဲ ့ဘောလ်ပင်..လေး လွတ်..ကျ……

အဲဒီည.က ကျွန်တော်….မျက်ရည်ကျ…ခဲ့ပါတယ် ။ ကျွန်တော်..ငို….ပါတယ် ။ ရူးလောက်အောင် ဝမ်းနည်းလို ့.ငိုပါတယ် ။

အစားထိုးမရတဲ ့ ဆုံးရှုံးမှု တစ်ခု အတွက်..ကျွန်တော်..ဖြေမဆည်နိုင်လောက်အောင်..ဝမ်းနည်းခဲ့တယ် ။ နာကျင်စွာ…ခံစားရင်း….

သွားပြီ………..သွားပါပြီ….လို ့ အော်ဟစ်နေမိပါတယ် ။

____________________________________

ကျွန်တော် လေးစားရတဲ ့ဆရာတာရာမင်းဝေ….မရှိတော့တဲ့နောက်မှာ… ဆရာ ဖန်တီးခဲ့တဲ ့စာပေအနုပညာ လက်ရာတွေ.ကို ကျွန်တော် ပိုပြီး..မြတ်နိုး လာတယ် ။

ပိုပြီးတော့ တန်ဖိုး ထားနေပါတယ် ။

ကျွန်တော့် ရဲ ့ အနုပညာ…အာရုံဝင်စားမှုတိုင်းမှာ..ဆရာ ရဲ ့..အသက်ရှုသံတွေ..ပါပါတယ် ။

ကျွန်တော်..ရေးသမျှ ကဗျာတွေ..တိုင်းကို ဆရာ……လာကြည့်နေတယ်..လို ့ခံစားရပါတယ် ။

ဆရာ.မသေပါဘူး။ ကျွန်တော် ့ရင် ထဲက ဘယ်သူမှ မမြင်နိုင်တဲ ့တစ်နေရာမှာ..ဆရာရှိနေပါတယ် ။

ကျွန်တော့် အနုပညာ..နှလုံးသားမှာ..ဆရာတာရာမင်းဝေရဲ ့….တစ်စုံတစ်ရာ..ကပ်လျက်..ပါနေတယ်..လို ့ခံစားနေရဆဲ..ပါ ။

မရှက်ပါဘူး။ ကျွန်တော်..ဆရာ့ကို အားကျတယ် ။ ဆရာ ့အနုပညာ လက်ရာတွေ.ကို ခံစားရင်း.. ဆရာ ့လို အနုပညာ ဖန်တီးမှုတွေကို အားကျရင်း..

အတုယူ..ဖန်တီးရင်း……. ကျွန်တော်… စာပေအနုပညာနဲ ့အတူ…မဆုံးတဲ ့ခရီး တစ်ခု ကို သွားနေပါတယ် ။ (ဒါပေမယ့် ကျွန်တော် ဖန်တီးခဲ့သမျှအနုပညာ

လက်ရာလေးတွေထဲမှာ.ဆရာ့ရဲ ့အနုပညာ ဖန်တီးမှုကို ခိုးယူ သုံးစွဲခြင်းမရှိကြောင်းတော့..အာမခံနို်င်ပါတယ် ။ ဆရာ့ လက်ရာကို

အားကျပြီး..ကျွန်တော့်လက်ရာ.အနေနဲ့ပဲ.အသစ်ကို ဖန်တီးယူပါတယ် ။)

မြင်နိုင်မယ်..ဆိုရင်တော့..ဆရာ…ဝမ်းသာမှာပါ ။

သူ ့မှာတမ်းတွေ..ကို…. မမေ ့တဲ ့…ကောင်လေးတစ်ယောက်..၊ အနုပညာသစ်ကို ချစ်တဲ ့လူငယ်တစ်ယောက် ကဗျာတွေ..စာတွေ.ကို ချစ်တဲ့

လူငယ်လေးတစ်ယောက်.. ..ရဲ ့ အနုပညာဖန်တီးမှုတွေကို ဆရာ… “အားရ”သည်..မဟုတ်တောင်

“အားလျော့” မှာတော့မဟုတ်ပါဘူးနော် ။

_____________________________________________

ဆရာတာရာမင်းဝေကို ကျွန်တော် အချိန်တိုင်း လွမ်းနေပါတယ် ။ လွမ်းတဲ ့အတွက်..ဒီ ပို ့စ်လေးကို ရေးမိပါတယ် ။

ဆရာတာရာမင်းဝေရဲ ့..စာသားတွေ ထဲမှာ..”မေမေရေ..သူကြီးက ထောင်လွှားမောက်မာတယ်..”ဆိုတဲ့ စာကြောင်းလေး ပါနေပါတယ် ။

အဲဒီစာကြောင်းထဲက..သူကြီးဆိုတာ..” ဂေဇက်က သူကြီး “မဟုတ်ပါဘူးနော် ။ သူ ့ရဲ ့စာထဲမှာကိုက…ပါနေတာပါ ။

စာမျက်နှာ..117 ။ အာလာဒင်မသိလိုက်တဲ့မီးခွက်…မှာ..ပါ ပါတယ်။ ဂေဇက်က သူကြီးက..သဘောကောင်းပါတယ် ။
_____________________________________________________

စာဖတ်သူများ အားလုံးကို ခင်မင်လေးစားစွာဖြင့်…

အလင်းဆက်

18 . 4 . 2012 . 09 :30 .am

alinsett.art@gmail.com

11 comments

  • သမိန်ဂီ့

    April 18, 2012 at 9:46 am

    အပေါ်မှာ အကောင်းရေးလာပြီးမှ..
    အောက်ကျမှ ..ဘယ့်နှယ့် ….
    သဂျီးက သဘောကောင်းပါတယ်တဲ့ ….
    😛
    😀
    သဘောတော့ မသိဘူး ..အငြင်းတော့ သန်တယ်ထင့်…
    အာဟိ..ဒက်ဂလောက်..

  • alinsett

    April 18, 2012 at 10:03 am

    အဲ…သူကြီးက အငြင်းသန်သလား။ ကျွန်တော်..လည်း တစ်ခါလောက် တော့ သူကြိးနဲ ့ငြင်းကြည့်ဦးမယ။်

    အာဗတာကာတာအစ်ညှိ..ဆိုတာ ဘာအဓိပ္မါယ်ရှိသလဲ.
    ပြးီတော့..ကြက်မ နဲ ့ကြက်ဥ ဘယ်ဟာက အရင် စ ဖြစ်လာတာလဲ..စသဖြင့်ပေါ့လေ..

    သူကြီး.ရေ.. ချစ်လို ့စတာနော် ။ အဟဲ.။

    သူကြီး.သဘောကောင်းတာ ကို သိပါတယ် ။ ဒါကြောင့် ပို့စ်ထဲမျာကို ထည့်ရေး ပစ်လိုက်တာ.။

  • ဗိုက်ကလေး

    April 18, 2012 at 11:13 am

    ကျနော်တောင် ဖတ်ချင်စိတ်ပေါက်လာပြီဗျာ..
    ဆက်ကြိုးစားပါဗျာ..
    သဂျီးက သဘောကောင်းပါတယ်ဗျာ

  • alinsett

    April 18, 2012 at 1:42 pm

    ကို ဗိုက်ရေ..ကျေးဇူးပါပဲ.။
    သူကြီးက သဘောကောင်းတာ သေချာပါတယ် ။ ရွာသားတွေ.ဘာတွေ.ရေးရေး..ဘာတွေ.ပြောပြော..ခွင့်လွတ်ထားတာသာကြည့် ။ ပြိးတော့..
    ရယ်စရာမေစရာလေးတွေလည်း.ပြောတတ်သေးတယ် ။

    တစ်နေ ့တော့.သူကြီး.သဘောကောင်းတာကိုပဲ..ပို့စ်တစ်ခု ဖြစ်အောင် ရေးကြည့်ဦးမယ်။.

    ခင်မင်လေးစားလျက်ပါ..။

  • စေပိုင်ထွဋ် (ပုသိမ်)

    April 18, 2012 at 5:27 pm

    ကျွန်တော်လည်း ဆရာတာရာမင်းဝေကို ကြိုက်ပါတယ်
    ဆရာရဲ့ စာတွေ ကဗျာတွေ အားလုံး ကျွန်တော် ခံစားလို့ရတယ်။
    ဆရာဟာ သေဆုံးခြင်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရုပ်က တိမ်မည်းအဖုံးခံလိုက်ရပေမဲ့
    ဆရာ့ရဲ့ အနုပညာကတော့ ဓူဝံကြယ်လို ထွန်းလင်းနေတုန်းပါပဲ
    ဦးညွှတ်မိပါတယ်…ဆရာရယ်
    ဆရာ ခြေဖျားကိုမှီဖို့တောင် ဒီကောင်ကတော့ အနိုင်နိုင် ကြိုးစားနေကြည့်တုန်းပဲ…
    ပိုစ့်တင်ပေးတဲ့ သူငယ်ချင်းကိုလည်း ကျေးဇူးတင်ပါတယ်..

  • aungmyintmyat

    April 18, 2012 at 5:55 pm

    ကျွန်တော်လည်း တာယာမင်းဝေနဲ့ တက္ကသိုလ် တက်ဖူးပါတယ်။ တမျိုးမထင်ပါနဲ့ ကျောင်းသားဘဝကတည်းက ကြိုက်လွန်းလို့ လွယ်အိတ်ထဲ ဆောင်ထားတာလို့ ပြောတာပါ။ ဆရာ ကွယ်လွန်သွားလို့ ဆရာ့ အရေးအသား ပျောက်ဆုံးသွားတယ်ဆိုရင် မသင်ဘူးထင်တယ်။ ကြိုးစားဗျာ ဘယ်နှခွေ ကုန်ကုန်။ ဟဲဟဲ အားပေးဖို့ စောင့်မျှော်ရင်း…………………………….အောင်မြင့်မြတ်

  • alinsett

    April 18, 2012 at 6:46 pm

    ကိုစေပိုင်..ရေ..ကိုစေပိုင်..ရဲ ့ကဗျာတွေ.လည်း အရမ်းကောင်းပါတယ် ။ ကျွန်တော်..သေချာပြောရဲပါတယ် ။ ကိုစေပိုင်..လည်း ဆရာတာရာမင်းဝေ..လို အနုပညာသမားတစ်ယောက် ဖြစ်လာမယ် ထင်တယ်..။

    ကိုအောင်မြင့်မြတ်..ရေ.. ကျေးဇူးပါပဲ.ဗျာ။ အဲဒီလို အားပေးစကားလေးတွေကြောင့်..ကျွန်တော်..စာရေးချင်စိတ်တွေ..ထပ် ထပ် ဖြစ်လာတာပါ ။

    အားလုံးကို ကျေးဇူးပါနော် ။

  • Khaing Khaing

    April 18, 2012 at 9:30 pm

    ကိုအလင်းစက်ရေ ပန်ချီပုံလေးက ဘယ်ကရလဲဟင် စာသားလေးနဲ့ ပန်ချီကအရမ်းကိုလိုက်ဖတ်တယ်နော် … ကိုအလင်းစက်ရဲ့ ရင်တွင်းခံစားချက်တွေကို အနားမှာလာပြောသလိုကို ခံစားလိုက်ရတယ်ရှင် ….. တို့သကြီးကသဘောကောင်းတာမှန်ပ ……… ပြီးတော့ သူကငြင်းတာမဟုတ်ဘူး ဝေဖန်တာပါ ဖြစ်သင့်တာကို သူကြီးရဲ့ဝေဖန်ချက်တွေကို ကြားကဝင်မပြောခဲ့ပေမယ့် ရင်ထဲကတော့ထောက်ခံခဲ့ပါတယ် ….

  • ကြောင်ကြီး

    April 19, 2012 at 9:47 am

    အလင်းဆက်ဆိုတာ
    ဝင်းလက်သလိုပါ
    သီချင်းစပ်ဆိုရာ
    ရှင်းပြတ်အပိုမပါ
    ထမင်းချက်ဖိုမှာ
    ဒညင်းဝက်မျိုကာ
    ဟင်းဖတ်တကိုယ်စာ
    မင်းအတွက်တိုတာ..။ :mrgreen:

    • windtalker

      April 19, 2012 at 11:50 am

      ဘာလဲဗျာ… မင်းအတွက် တိုတာ ဆိုတာကြီးက
      ကိုကြောင်ကြီး ၊ ဇါတ်ကမလို ့လား ဟင်… ဟီဟိ

  • alinsett

    April 19, 2012 at 6:10 pm

    ကိုပေ..ရေ..ကယ်ပါဦး.ဗျာ။ ဦးကြောင်က ဘာလို ့.မင်းအတွက် တိုတာ.လို ့ပြောတာလဲ.။

    ကျွန်တော်..ဖြင့်.ဦးကြောင်.ရဲ ့ကဗျာကို ဖတ်ရတာ.ကြက်သီးတောင် ထတယ်.ဗျ ။
    ______________________

    khaing khaing..ရေ.. ကျွန်တော် ပုံတွေကို အင်တာနက်က ပဲ.ရှာတာပါ ။ ကိုယ် ရေးတဲ ့စာနဲ ့လိုက်ဖက်မယ့် ပုံလေးတွေ.ကိုတော့ အတော် လေး ရွေးရပါတယ် ။ အခုလို အားပေးစကားလေး ပြောလို ့ကျေးဇူးပါပဲ.ဗျာ.။
    ___________________
    ဥိးကြောင်.ေ.ရ..ကဗျာလေး အတွက်.ကျေးဇူးနော် ။

Leave a Reply