ဒီပုံစံလေးတွေလဲ ရှိကြပါတယ်

ရွာထဲမှာ ဒီနှစ်သင်္ကြန်ရဲ့ အဝတ်အစားကိစ္စ တော်တော်လေး အငြင်းအခုန်ဖြစ်နေကြတာ ဖတ်ရပါတယ်။ဘာမှတော့ မဝေဖန်ရဲပါဘူး။ကိုယ်တိုင်လည်း ကိလေသာ မကုန်တော့ အများရှေ့တော့ မကောင်းဘူးပေါ့ ပြီးမှ တံတွေးကို ဂလုကနဲ မြိုချရတော့တယ်။ကျွန်တော့်လိုလူတွေကလဲ အများသားဗျ……။ လူငယ်တွေဘက်ကလဲ မသိတာတော့ မဟုတ်ဘူးဗျ သူတို့ကလည်း ဒီအချိန်ရောက်မှ ဒီလိုလုပ်ကြရတာတဲ့လေ။အခုခေတ်မှာက အင်တာနက်ထဲ နင့်ပြွန်တို့၊ စာအုပ်မျက်နှာတို့ ရှိနေတော့ လူကအိမ်ပြန်မရောက်သေးဘူး ဒါ့ပုံက ရောက်နေပီ။ဒီတော့ ခွေးနှစ်ကောင်ကိုက်တာ ရပ်ကွက်လူကြီး သွားခေါ်ဖို့မလိုဘူး မလာလို့လဲ ဆဲဖို့မလိုဘူး နီးစပ်တဲ့သူက   ရေနဲ့ဖြန်းပေးလိုက်ပါ နည်းနည်းတော့ ရှဲသွားလိမ့်မယ်။အခုကိစ္စက အဲလောက်တော့မလွယ်ဘူး သို့ပေမဲ့ဒါကို နိူင်ငံက ပညာရေး အဆင့်အတန်းနိမ့်လို့၊ အစိုးရမကောင်းလို့ ဘာဖြစ်လို့ ညာဖြစ်လို့ ဆိုတဲ့ ခေါင်းစဉ်အကြီးတွေတပ်ပြီး ကိုယ်တွေက စပေးလိုက်ရင် နောက်ကလူငယ်တွေကလဲ အဲဒီနှပ်ကြောင်း အတိုင်း သံယောင်လိုက်လာလိမ့်မယ်။နောက်ပြီး ကျွန်တော်တို့လဲ လူငယ်ဘဝဖြတ်သန်းခဲ့ကြတော့ ခုလောက် မဆိုးခဲ့ပေမဲ့ သူ့ခေတ်သူ့အခါအရ ပြန်ကြည့်ရင် သိပ်တော့ မကွာပါဘူး။ဒီတော့ နီးစပ်တဲ့သူအချင်းချင်း ဖြည်းဖြည်းခြင်း ရေနဲ့တောက်ပေးဖို့ အကြံပြုချင်ပါတယ်………ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်က သင်္ကြန်ပုံရိပ်လေးတွေနဲ့ နှစ်ဟောင်းကို နှုတ်ဆက်ခဲ့ပါတယ်။

စကားချပ်။ သူငယ်ချင်းအပြောအရတော့ တရုတ်နယ်စပ်မှာတောင် ရန်ကုန်တို့ မန်းလေးတို့လောက် အဝတ်အစားမရိုင်းပါဘူးတဲ့။ဓာတ်ပုံတွေက သူ့ဖုန်းနဲ့ရိုက်ပီး ပို့ပေးတာမို့ သိပ်တော့မကောင်းပါဘူး။ရင်တော့ အေးပါတယ်။

2 comments

  • Khaing Khaing

    April 19, 2012 at 3:04 pm

    ကိုရဲစည်ရေ ထောက်ခံပါတယ် ……… သင်္ကြန်ကျမှ ဝတ်ရဲစားရဲတဲ့လူတွေရှိတယ်ဗျ …… တစ်ချို့လူကြီးပိုင်းတွေဆိုရင် အခြားအချိန်တွေမှာ ရိုးရိုးဝတ်ခဲ့ပေမယ့် သင်္ကြန်ရောက်ရင် ဘောင်းဘီတွေဘာတွေဝတ်ကြတာမျိုးတွေ အရင်တုန်းကမျက်မှန်မတပ်ရဲပေမယ့် သင်္ကြန်ရောက်မှ မျက်မှန်တပ်ကြတာတွေ ဒါကိုယဉ်ကျေးမှုမရှိဘူးလို့တော့ပြောလို့မရဘူးဗျ ကျွန်မကိုယ်တိုင်ကလည်း အရင်အချိန်ကမဝတ်ဖူးတဲ့ဟော့ရှော့တွေ သင်္ကြန်ဆိုဝတ်ရဲလာတယ် အဲဒီအချိန်ဝတ်ရင်လည်း စိတ်ထဲဘယ်လိုမှမနေဘူး လိုက်ဖက်တယ်လို့ထင်မိတယ် ရေကလည်းစိုနေတော့ ကိုယ့်ရဲ့အဝတ်အစားလေးတွေနဲ့ သဟာဇတဖြစ်တယ်လို့တောင်ထင်မိသေး ……… ရိုးရာကို မထိန်းသိမ်းတာ ဖျက်တာတော့မဟုတ်ပါဘူး ပျော်ချင်လှချင်စိတ်လေးရှိယုံသက်သက်သာရှိခဲ့တာပါ ……….

    ကိုရဲစည်ရေ နှစ်သစ်မှာ ပျော်ရွင်ပါစေဗျာ ……. အဖော်မွန်လိုချင်ခဲ့တယ်ဆိုရင်တော့ ကောင်းတဲ့ဘဝလက်တွဲ ဖော်နဲ့တွေ့ပါစေ …….. ဇရပ်မှာနောက်တာကို စိတ်ဇိုးနဲ့နော် …… ခွေးလွှတ် … အဟိ ဒါပဲ ရွာထုံးစံမို့လေ ….

    ခင်မင်ရင်းနှီးစွာဖြင့်
    Khaing Khaing

  • စော်ဘွားလေး မောင်မာန်ခ

    April 19, 2012 at 3:12 pm

    အန်ဘာပုံမှလဲမြင်ရဝူး…..ကိုရဲစည်ရဲ့…….ဒေါ်တာပဲပြန်ခုတ်နေတော့မယ်….တွားဘီ……..

Leave a Reply