နေဝန်းနီ…. ပါဆယ်ဆွဲတယ် -၃

naywoon niApril 20, 20121min923

ဆေးခန်းသွားမယ်ဆိုတော့ ဆေးရုံဆေးခန်းနဲ့ အထိအတွေ့နည်းတဲ့ နေဝန်းနီ ဘယ်ကိုသွားရမယ်မသိဘူး….။ တစ်ညလုံး အိပ်ရေးပျက်ထားတာကြောင့် ဘယ်သူနဲ့မှလည်းမတွေ့ချင် စကားလည်းမပြောချင်လောက်အောင်နှုံးချိနေတယ်…။ နေဝန်းနီ သိထားသလောက်ဆေးခန်းတွေအကြောင်းကတော့ နေပြည်တော် ဆေးရုံကြီးကအထူးကုတွေလာထိုင်တဲ့ အထူးကုဆေးခန်းကြီး က နေရာသုံးခုခွဲပြီး ရှိနေပါတယ်…။ မိန်းလမ်းပေါ်မှာပဲ မြို့တောင်စမှာတစ်ခု မြို့လယ်ခေါင်မှာတစ်ခု မြောက်ဘက်ပိုင်းမှာတစ်ခု ဆေးခန်းပိုင်ရှင်ကတော့ တစ်ဦးထဲပါ…။ လူနာတွေ သွားရလာရလွယ်ကူအောင်နေရာ တွေ ခွဲပေးထားတယ်နဲ့တူရဲ့…။ ဆေးေတွေကလည်း ပါရဂူ ကိုင်တဲ့ဆေးတွေဆိုတော့ ပြင်းလည်းပြင်း ဈေးလည်းကြီးပါတယ်…။ အထူးပြောစရာကတော့ စမ်းသပ်ခပါပဲ…။ သူတို့ဆီကတောင်းတဲ့စမ်းသပ်ခက သာမာန် အထွေထွေ ရောဂါကု ဆေးခန်းမှာဆိုရင် ထိုးဆေးကောသောက်ဆေးကောအတွက် ပြီးပါတယ်….။ ဆိုတော့ကာ ကိုယ်တတ်နိုင်ရာကိုပဲ ကိုယ်သွားရပေမပေါ့….။ ဒီတော့ ဘယ်ဆေးခန်းသွားမလဲ…။ ဒါမှမဟုတ် တိုင်းရင်းဆေးခန်းပဲသွားပြမလား ….။ နေဝန်းနီနဲ့ အတော်ရင်းနှီးနေတဲ့ တိုင်းရင်းဆေးခန်းတစ်ခုရှိတယ်…။ နေဝန်းနီ ပြန်လာကာစက ငှက်ဖျားရောဂါကို အကင်းသေအောင်ကုပေးခဲ့သူပါ….။ မက်ဖရိုကွင်း သောက်ရတဲ့ အဆင့်ထိရောက်ခဲ့ညပြီး ခဏခဏ ပြန်ပြန်ထနေတဲ့ ငှက်ဖျားကို ခုချိန်ထိ ဆယ်နှစ်လောက်ပြန်မဖျားတော့ဘူးဆိုတော့ အကင်းသေတယ်ပဲပြောရမှာပေါ့…..။ ဒါနဲ့ အဲဒိဆေးခန်းဘက် စက်ဘီးလှည့်စီးဖြစ်ခဲ့တယ်….။ ဖြစ်ချင်တော့ ဆေးခန်းကပိတ်ထားတယ် ….။ ဒါနဲ့ တစ်ချိန်တုန်းကဆေးရုံ ဆရာဝန်ဖြစ်တဲ့ ခုတော့ အငြိမ်းစားယူသွားပြီးဖြစ်တဲ့ ဆရာဝန်ဆီကို လှည့်ဝင်ခဲ့တယ်…။ သူကအပြင်မှာအရင်ကတည်းကဆေးခန်းဖွင့်ထားတာကိုး …..။ ဒီဘက်ကို မရောက်တာကြာလို့လားမသိဘူးတော်တော် ပြောင်းလဲနေတာတွေ့ရတယ်…။ ဆေးခန်းနဲ့ တွဲပြီး ဓါန်မှန်ခန်းနဲ့ ဓါတ်ခွဲခန်း လည်းရှိတယ် ….။ တိုးတက်လာပြီပေါ့ …။ ဟိုမှာ အထူးကုဆေးခန်းကြီးက သုံးနေရာတောင်ခွဲဖွင့်ထားတာဆိုတော့ သူလည်း တတ်နိုင်ရာ လုပ်ထားတယ်ထင်ပါ့…။ ဆေးခန်းထဲဝင်သွားတော့ သိပ်မစောင့်ရပါဘူး…။ နှစ်ယောက်ပဲစောင့်ရတယ်…။ နေဝန်းနီ အလှည့်ရောက်တော့ ဘာဖြစ်လဲပေါ့…။ နေဝန်းနီက လည်း ဆီးအောင့်တယ်…။ ဆီးသွားတိုင်းကျင်ချောင်းထိပ်က နာတယ်ပေါ့…။ ဆရာဝန်က ဆီးလမ်းကြောင်းမှာကျောက်ခံနေတာလို့ ပြောပြီး ခန်းစီးတွေဆွဲပိတ်ပါတယ်…။ နေဝန်းနီကြားဖူးသလိုများလုပ်မလားလို့ …..။ နေဝန်းနီကြားဖူးတာက ဆီးလမ်းကြောင်းမှာ ကျောက်ပိတ်နေတယ်ဆိုရင် ကျင်ချောင်းထဲကို သံချောင်းထိုးထည့်ပြီး မွှေလိုက်တာတဲ့လေ….။ လူလည်း ပူထူပြီး တုန်သွားပါတယ်…။ မှန်း ပြတဲ့ ပြောပြီး လက်အိတ်သွားစွပ်ပါတယ်…။ နေဝန်းနီဘက် လက်အိတ်စွတ်ရင်းလှည့်လာပါတယ်…။ ကြောက်ပါတယ်ဆိုမှ ….။ ဗိုက်အောင့်တာဘယ်နေရာကလည်းမေးပါတယ်…။ ညက အောင့်ခဲ့တဲ့နေရာလက်ညှိုးနဲ့ထောက်ပြတော့ ကျောက်ကပ် တဲ့လေ…။ အင်းပေါ့ ဆီးလည်းအောင့်နေတာပဲဟာ …။ အနာသက်သာအောင်ဆိုပြီး ဆေးထိုးပေးလိုက်ပါတယ်…။ ဆေးကပ်တစ်ခုဆွဲယူပြီး နာရင် တစ်လုံးစားလို့မှာပါတယ်…။ ပြီးတော့ အခြားဆေးကဒ်တစ်ခု ထုတ်ပေးပြီး ဆေးခန်းအကုကောင်မလေးနဲ့ လိုက်သွားဖို့မှာပါတယ်..။ အကူကောင်မလေးက ကောင်တာကို ဦးဆောင်ခေါ်သွားပြီးတော့ သုံးထောင့်ငါးရာ ကျပါတယ်လို့ ပြောပါတယ်…။ အံမယ်…။ ဒီဆရာဝန်က ဘုန်းကြီးတွေလိုပါလား ငွေမကိုင်ဘူးပေါ့လေ…။ အဟင်း …။ ကောင်းပါလေ့…။ နေဝန်းနီ ပိုက်ဆံရှင်းပြီးတော့ ဆရာဝန်ထွက်လာတာနဲ့တိုးပါတယ်..။ မသက်သာရင်ပြန်လာခဲ့လေ…။ မနက်ဖြန်ကျရင် တော့ ခင်ဗျားကို ကျွန်တော် တီဗွီ ဓါတ်မှန်ရိုက်ကြည့်ချင်တယ်…။ ခုလောလောဆယ် အရက်တော့ မသောက်နဲ့ဦး လို့ ပြောပါတယ်…။ အင်း ဒီဆရာဝန်လည်း ဆေးရုံမှာမလုပ်တော့မှ အပြောအဆိုတော်တော် ညင်သာလာတယ်…။ ဆေးရုံမှာတုန်းကတော့ ဒါမျိုးဆို ဓါတ်မှန်ရိုက်ရမယ် ဘယ်နေ့ပြန်လာခဲ့ သေချာလာခဲ့နော် ပေါ့မနေနဲ့ ဒါမျိုးက သေတတ်တယ်…။ အဲဒိလို အပေါက်သိုးသိုးနဲ့ လေသံဆိုးဆိုးပြောတတ်သူပါ…။ ကောင်မလေးတွေဆိုရင်တော့ နည်းနည်းညင်သာတတ်တယ်လို့ ကြားဖူးတာပဲ….။ ခုတော့ မနက်ဖြန်ကျရင်ဓါတ်မှန်ရိုက်ကြည့်ချင်သတဲ့ ခွင့်တောင်းတဲ့သဘောပါတယ်….။ မရိုက်မနေရ ရိုက်ရမယ်လို့ မဆိုလိုဘူး…။ မသက်သာရင် အချိန်မရွေးပြန်လာခဲ့တဲ့…။ ( အို………ပြောရင်းပြောရင်း သူများအတင်း လိုက်ဖွနေမိပြန်ပါပြီ…။ တော်မှ )

အဲဒါနဲ့ပဲ နေဝန်းနီလည်း စက်ဘီးစီးပြီး အိပ်ဘက်ပြန်လာခဲ့တယ်….။ သောက်နေကျ လ္ဘက်ရည်ဆိုင်ရှေ့ရောက်တော့ ခံတွင်းက ချဉ်လာတယ်…။ လ္ဘက်ရည်ဆိုင်ထဲ ဝင်ခဲ့မိတယ်…။ ဆိုင်ထဲရောက်တော့ သူငယ်ချင်းတစ်ယောက်နဲ့ တွေ့တာနဲ့ သူနဲ့ဝင်ထိုင်ဖြစ်တယ်…။ သူငယ်ချင်းသာပြောတာပါ အသက်က နေဝန်းနီထက်ငယ်ပါတယ်…။ ဒါပေမယ့် အတွေးအခေါ် အယူအဆချင်းကျတော့ နီးစပ်တော့ သူတော်ချင်းချင်း သတင်းလွေ့လွေ့ပေါ့လေ……….။
လ္ဘက်ရည်ဆိုင်မှာ သူငယ်ချင်းနဲ့တွေ့တော့ စကားပြောရင်းနောက်သလိုလို ပြောင်သလိုလိုနဲ့ ……
“ ဒေါက်တာမောင်မောင်တို့ သဘောကောင်းလိုက်ချက်ကတော့ ဆီးအောင့်လို့နာတယ်ဆိုတာနဲ့ ဆေးနှစ်လုံးထိုးပေးလိုက်တယ်…။ ဆေးကတ်နှစ်ကတ်လည်းပေးလိုက်သေးတယ်…။ သုံးထောင့်ငါးရာပဲကျတယ်…။ မင်းတို့ အထူးကုဆေးခန်းမှာဆို စမ်းသပ်ခပဲရှိသးတယ်…။ ဆေးဖိုးမပါသေးဘူး…။ သိလား ပြီးတော့ မသက်သာရင်ပြန်လာခဲ့လို့လည်းမှာလိုက်သေးတယ်…။”
လို့ပြောတော့
“ကိုနေရေ့….။ အဲဒါ ချူတာဗျ….။ မှတ်ထား နောက်တစ်ခေါက်ပြန်သွားရင် တစ်သောင်းလောက်မကုန်တော့ ပြောချင်တိုင်းပြော

3 comments

  • ဗိုက်ကလေး

    April 20, 2012 at 8:08 pm

    ဟာ..
    ကိုနေကြီးကျောက် တန်ဘိုးဘယ်လောက်တန်လဲ စောင့်ဖတ်ရဦးမပေါ့
    တော်တော်ပေရှည်တဲ့ ကဗျာဆရာဂျီးဗျာ..
    မြန်မြန်ရေးစမ်းဘာ..
    တန်းလန်း..တန်းလန်းနဲ ့..ဖတ်ရတာ…ဖီးလ် အောင့်တယ်

  • windtalker

    April 20, 2012 at 8:42 pm

    အဲဒါ ကျောက်အောင်တယ် လို ့ပြောတဲ့ဟာဘဲပေါ့ဗျာ ။ ဘိုနေကြီး ကုသိုလ်ထူးတယ် ။ 🙂

    • နေဝန်းနီ

      April 21, 2012 at 8:35 pm

      ကိုပေါက်ဖော်ရေ့……. အချိန်အကြာကြီးလည်းမထိုင်နိုင်ဘူးဗျ…။ ဆီးအောင့်တဲ့ အကြောင်းဖတ်ရင်း ဖီးလ် အောင့်နေပြီလား …။ ဟားဟား ကာရံတော်လိုက်သား …….. ဆီး = ဖီးလ်
      ကိုပေရေ…။ ကုသိုလ်ထူးတယ်ဆိုရင်တော့ အဲဒိကျောက်ကို နင်ထွက်အောင်ရောင်းပေပေတော့ နင့်မှာ ဝယ်လက်ရှိတယ်မဟုတ်လား …။ ဟားဟား

Leave a Reply