Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကိုယ်လုပ်တော်

DEPARKO DEPARKOApril 20, 20121min52813

သက်ဦးဆံပိုင် ရှင်ဘုရင်စနစ်ဟာ ကိုလိုနီနယ်ချဲ့လက်အောက်မှာတော့ ချုပ်ငြိမ်းခဲ့ရပြီး ကျွန်သဘောက်ဘဝနဲ့ လူမျိုးခြားကို ဘူရားထူး နင်းပြားဘဝနဲ့နေခဲ့ရတဲ့ မြန်မာလူမျိုးတွေဟာ မျိုးချစ်စိတ်ကို သခင်အခေါ်ခံပြီး မြှင့်တင်ခဲ့ရာက လွတ်လပ်ရေးရပြီး မြန်မာနိုင်ငံမှာ သခင်အရသာတွေ့ အခွင့်ထူးခံ လူတန်းစားတစ်ရပ်ဟာ ခေတ်အဆက်ဆက် အာဏာပိုင်လူတန်းစားတစ်ရပ်ပေါ်ထွန်းလာခဲ့ပါတယ်။
ကြီးမားတဲ့ရာထူးယူထားတဲ့သူတွေအတွက် ကိုယ်ရေးအရာရှိ၊ ရာထူးငယ်တဲ့အရာရှိတွေအတွက် best man လို့ခေါ်တဲ့ ကိုယ်လုပ်တော် လူတန်းစားတစ်ရပ်ဖြစ်ထွန်းလာခဲ့ပါတယ်။ အဓိကကတော့ တပ်မတော်(ရေ)မှာပါ ဗိုလ်ကြီးနဲ့အထက် အရာရှိတွေဟာ ကိုယ်ရေးကိုယ်တာ ကိစ္စတွေမှာအသုံးပြုစေခိုင်းဘို့ ရဲဘော်ထဲက မိမိစကားနားထောင်မည့် စိတ်ချရတဲ့ စစ်သည်တွေကို သွားလေရာခေါ် အိမ်မှုကိစ္စ ကိုယ်ရေးကိုယ်တာကိစ္စတွေမှာအသုံးပြု စည်းစိမ်ခံဘို့အသုံးပြုနေတာ ကျွန်တော်တို့ တပ်မတော်မှာ တော်တော်ကို အရုပ်ဆိုးအကြည့်တန်လွန်းလှပါတယ်။
အဲဒီရဲဘော်တွေဟာ အဝတ်လျှော် ဖိနပ်တိုက် အနှိပ်အနင်း အစားအသောက်စီစဉ်တာကအစ အောက်ခြေသိမ်းဆောင်ရွက်ရပါတယ်။နောက်ပြီး အခြားရဲဘော်တွေရဲ့ အပြစ် မဟုတ်တာလုပ်သမျှ အတွင်းလူအဖြစ် သံတော်ဦးတင်တဲ့အလုပ်ပါ ပါနေလေတော့ ရဲဘော်အများစုရဲ့ ချဉ်ဖတ် အော့ကြောလန် အဖြစ်တာဝန်ယူရတယ် အဲဒီအရာရှိလဲ အပြောင်းအရွေ့နဲ့ ပြောင်းရရော အဆိုပါရဲဘော်ကို သူတို့အဆင့်နဲ့ ခေါ်ထုတ်မသွားနိုင်လေတော့ အဲဒီရဲဘော်ကို အားလုံးရဲ့ဝိုင်းညှိုးပညာပေးတာခံရပြီး စစ်သည်ခမျာ ဘဝပျက် စစ်ပြေးဖြစ် ဒုက္ခရောက်ကြရတာ ဒုနဲ့ဒေးပါ။
အရာရှိဆိုတဲ့ဘဝဟာ ရဲဘော်တွေကို ကိုယ်ရေးကိုယ်တာတွေကိုအသုံးပြုခွင့်တရားဝင်ရထားသလိုပါဘဲ ဒီထက်ဆိုးတာက အဆင့်အတန်းခွဲခြားပြီး သူတို့သာလျှင်အသိဆုံး အတတ်ဆုံး ဆရာကြီးတွေ အသက်အရွယ် ကြီးသူတွေကို (ရေတပ်ပညာသည်အုပ်စု က မှန်သမျှ အနည်းဆုံး ဆယ်တန်းအောင် ဘွဲ့ရတွေချည်းဘဲတောင်) တောင် နင်ပဲငဆနဲ့ သူတို့ကိုယ်သူတို့ မိုးကျရွှေကိုယ်တွေလို ဖြစ်နေတာ အားလုံးအသိပါ တပ်မတော်ကြည်း မှာလို တိုက်ပွဲတွေလည်းမရှိတော့(နောက်ကြောကျည်ဆံမကြောက်ရတော့)သူတို့စိတ်ထင်တိုင်းကြဲခွင့် လုပ်ပိုင်ခွင့် ပေးထားသလိုပါဘဲ ပြောင်းလဲသင့်တာတွေကိုရင်ဖွင့်လိုက်ရပါတယ်
ဒီပါကို

13 comments

  • Gipsy

    April 20, 2012 at 9:13 pm

    ကိုယ်လုပ်တော် ဆိုပြီး ဟိုးဘုရင်ခေတ်က အကြောင်းတွေများလား ထင်မိတာ…
    သွားလူဆိုး …ဒီက အကောင်းမှတ်လို့….။

  • Kaung Myat Htut

    April 20, 2012 at 9:31 pm

    အေးလေ။ ခေါင်းစဉ်ကြည့်ပြီး စိတ်ဝင်စားလို့ဝင်လာတဲ့ဟာကို။ 😀

  • စော်ဘွားလေး မောင်မာန်ခ

    April 20, 2012 at 10:28 pm

    ဟုတ်ပ့ါ…….လူဇိုး…… 😛

  • ငပွကြီး

    April 20, 2012 at 11:58 pm

    ဟေဟေ့….ငါတစ်ယောက်ထဲလားလို့….သူတို့လဲ ငါ့လိုဘဲ ခံလိုက်ရတာပါလား…:D

  • ကြောင်ကြီး

    April 21, 2012 at 7:09 am

    အေးလကွာ..ငါလည်း နိပ်ပဟဆိုပြီး ထရံပေါက်က ဝင်ချောင်းတာ တုတ်ချောင်းကြီးတွေ့ရဒယ် 🙁 နောက်တာပါဗျာ… အခုလိုမျိုး စစ်တပ်ပြုပြင်ပြောင်းလဲရေး သတင်းတွေ ကြိုဆိုပါဒယ်…။ နေ့သစ်အွန်လိုင်းမှာတော့ ရေတပ်တပ်ကြပ်ကြီးဟောင်း ဆရာနေမင်းသူရေးဒဲ ရေတပ်အကြောင်းစာတွေ ဖတ်ရဒယ်..။ ဆက်ပါဦး..

  • kyeemite

    April 21, 2012 at 9:26 am

    အမြင်မတော်တာမှန်သမျှ များများတင်ပြကြပါဗျို့..
    ဒါတွေဖတ်မိရင် အနည်းအကျဉ်းတော့ဆင်ခြင်လာကြပါလိမ့်မယ်(မျှော်လင့်မိတာ)..

  • kyeemite

    April 21, 2012 at 9:27 am

    အော်မေ့လို့ဗျို့..လက်မတစ်ချောင်းထောင်သွားတယ်ဆိုတာပြောမလို့..

  • MTY

    April 21, 2012 at 2:02 pm

    အားလုံးလိုဘဲခံလိုက်ရ

  • sugar sugar

    April 21, 2012 at 2:21 pm

    ကိုယ်လုပ်တော်ဆိုလို့ ဘာများလဲလို့

  • manawphyulay

    April 21, 2012 at 3:03 pm

    ခေါင်းစဉ်ကို စိတ်ဝင်စားလို့ ဇာတ်လမ်းကျောရုံးအရှည်ကြီးနဲ့ ဖတ်ရပြီဆိုပြီး ဝင်လာတာ ရှေးဘုရင် ကိုယ်လုပ်တော်ဘယ်နှယောက်ရဲ့အကြောင်းများလဲလို့… 🙁

  • Foreign Resident

    April 22, 2012 at 6:59 am

    ကို DEPARKO DEPARKO ရဲ့
    ကျနော် Best man ကိစ္စ တစ်ခုပဲပြောမယ်နော် ။

    ကျနော်ကတော့ “လူတွင်ပါလို့ နွားကျားကိုက်တယ်” လို့ပဲမြင်ပါတယ် ။
    ရဲဘော် ( Best man ) ကိုယ်တိုင်ကလည်း အဲဒီ ဗိုလ်ကြီးကို သွားဖားခဲ့လို့
    ဗိုလ်ကြီး က Best man ခန့်လိုက်တာပါ ။
    ဘယ် ဗိုလ်ကြီးကမှလည်း သူ့ကို မကြည်ဖြူ ၊ မဖားတဲ့ ရဲဘော်ကို Best man မခန့်ပါဘူး ။

  • DEPARKO DEPARKO

    April 26, 2012 at 6:20 pm

    ဒီမိုကရေစီ ဆိုတဲ့စကားလုံးတွေ တွင်တွင်သုံး လူအထင်ကြီးအောင်ပြောနေမဲ့အစား စနစ်တွေခေတ်တွေပြောင်းဘို့ဆိုတာ လူတွေရဲ့စိတ်ဓါတ် အထူးသဖြင့် ရာထူးရယူထားသူတွေရဲ့ တာဝန်သိမှု (ကိုယ်ရေးကိုယ်တာကိစ္စတွေတောင် ကိုယ်တိုင်မလုပ်နိုင်ရတော့လောက်အောင်)မရှိတဲ့ သူတစ်ချို့အတွက်ပါ
    အားလုံးကိုကျေးဇူးတင်ပါတယ်

Leave a Reply