အလောင်းတော် ကဿပ ခရီးစဉ် ၇
သဘာဝ ကျောက်ဆစ်တွေကြားထဲက ထွက်လာတဲ့ ရေတွေကို သောက်ရေ အတွက် ခံယူနေတာဖြစ်ပါတယ်။
ရေတွေ တသွင်သွင် စီးနေလို့ ကွပ်ပစ်လေး ရိုက်ပေးထားလို့ အဆင်ပြေပြေ ဆင်းလို့ ရခဲ့ပါတယ်။အတွင်း လှိုင်ဂူ ဆီ သွားတဲ့ လမ်း အနေအထားပါ။
ချောက်ကြီးထဲမှာ ဒီကလေးမလေး ဘာထိုင်လုပ်နေတာလဲ.. အမြင်မမှားဘူးဆိုရင် စောင့်စောင့် ထိုင်ပြီး တခုခုကို မျှော်နေသလိုပဲနော်။
တောင်ဆင်းလမ်းဖြစ်ပါတယ်။ သစ်ရိပ်ဝါးရိပ်တွေနဲ့ သိပ်တော့ မပူလှပါဘူး။ ချွေးကလေး တစို့စို့နဲ့ အဆင်ပြေပါတယ်။ အသွားလမ်း ဆင်စီးတာ မိနစ် ၃ဝ ကြာခဲ့ပေမဲ့ အပြန်လမ်း လမ်းလျှောက်တာ ၅၅မိနစ် ပဲ ကြာခဲ့ပါတယ်။
တောင်ခြေက လမ်းခရီးပြ မြေပုံ ဖြစ်ပါတယ်။
တောင်ခြေက ဈေးဆိုင်တန်းတွေ ဖြစ်ပါတယ်။
ဈေးဆိုင်တန်းတွေရှေ့က ဆင်စခန်း နေရာ ဖြစ်ပါတယ်။
6 comments
Diamond Key
April 24, 2012 at 3:35 pm
မရောက်ဖုူးသေးပါ။ ရောက်ဖူးချင်ပါသည်။ လောလောဆယ် ဆူးပုံများနဲ့ ရောက်ခဲ့ပါ၏။ 😀
နွေဦး
April 24, 2012 at 3:39 pm
“ချောက်ကြီးထဲမှာ ဒီကလေးမလေး ဘာထိုင်လုပ်နေတာလဲ.. အမြင်မမှားဘူးဆိုရင် စောင့်စောင့် ထိုင်ပြီး တခုခုကို မျှော်နေသလိုပဲနော်။”
ဆောင့်ကျောက်ထိုင်ပီး ရှောက်ရှောက် ပူ နေတယ် ထင်ပါ့..။
kai
April 24, 2012 at 3:40 pm
ရှေးတုံးကကျိုက်ထီးရိုးအစားထိုးလို့.. ခံစားမိတယ်..
ဟုတ်မဟုတ်တော့မသိ..
ကြာရင်ကားလမ်းပေါက်သွားပြီး.. သဘာဝပုံစံပျက်သွားနိုင်မဲ့ပုံပဲ.. 😕
Moe Z
April 24, 2012 at 4:44 pm
ဘုရားဖူးဆိုတော့ ဘောင်းဘီရှည်တွေ အတိုတွေမဝတ်ချင်တာနဲ့
စကဒ်ရှည်ကြီးဝတ်သွားတာ ကံကောင်းလို့ အဲဒီရက်ကလူသိပ်မကျပ်ဘူး
မဟုတ်ရင် သူများတက်နင်းတာနဲ့ တောင်အောက်ကို လမ်းမလျှောက်ရပဲရောက်သွားနိုင်တယ်
Inz@ghi
April 24, 2012 at 4:50 pm
စိုးတယ် ..စိုးမိတယ်… စိုးထိတ်မိတော့တယ်….
😛
အာဟိ…
😀
ဒက်ဂလောက်…
ရောင်ခြည်ခ
April 24, 2012 at 4:53 pm
ဆူးရေ.. ပုံလေးတွေအတွက် ကျေးဇူးပါနော်၊ မရောက်ဘူးသေးတော့ ပုံလေးတွေကြည့်ပြီး အရမ်းကိုသွားချင်မိတယ်… 🙂