ညရဲ့ဆွဲဆောင်မှုအောက်က မျှော်လင့်ချက်

ko thuApril 22, 20121min613

ခပ်ပါးပါးညလေးပါပဲ…။

ညက..ငြိမ်သက်ရိုးရှင်းလွန်းတယ်…။

ညရဲ့ ဆွဲဆောင်မှုအောက်က အလွမ်းပုံထဲမှာ

မင်းကို ရှာနေမိတယ်…။

 

မင်းနဲ့ ဝေးတဲ့တစ်ခဏ…

အထီးကျန်မှုတွေ ငါ့ဘေးနားမှာ ဝဲနေတယ်…။

ဒါပေမယ့်..သိစိတ်တွေမှာတော့..

မင်းက ငါ့ဘေးနားမှာ တစ်ဝဲလည်လည်ပေါ့..။

 

တစ်ကယ်တော့…

ဒါဟာ ရူးသွပ်မှုတစ်ခု မဟုတ်ဘူး ဆိုတာ ငါသိတယ်..။

ချစ်ခြင်းတရားတွေက ငါ့ကို ပြန်ဆေးချယ်…

မင်းကို ရိုးရိုးလေး ချစ်ချင်ခဲ့တာလေ…။

ဘာဖုံးကွယ်မှုမှ မရှိတဲ့ ငါ့အချစ်တွေအတွက်

ကျေးဇူးပြုပြီး…ငါ့မျှော်လင့်ချက်တွေကို ရှင်သန်ခွင့်ပေးပါ…။

 

 

3 comments

  • Onyx

    April 22, 2012 at 6:13 pm

    ချစ်သူက အဝေးတစ်နေရာ ရောက်နေတာလား။ဟုတ်ပေသည် ကိုယ်တိုင်ခံစားမှု ကို ကိုယ်ချင်းစာစိတ်နှင့် အားပေးသွားပါသည်။အဟင့် သူပြောမှနာလဲ သတိရလာပြီ။

  • shwe kyi

    April 22, 2012 at 11:58 pm

    ငိုချင်လောက်အောင်ကောင်းပါတယ်။
    အားပေးသွားပါတယ်။

  • mandalarthu

    April 23, 2012 at 10:46 am

    ရိုးရိုး ရှင်းရှင်းလေးနဲ ့ခံစားချက်ိကို ပေါ်လွင် ထိမိအောင်ရေးနိုင်ပါတယ်။
    အရမ်းကောင်းတယ်။

Leave a Reply