စိတ်အလင်းဆောင်တဲ့ပိတ်ခြင်းမြောင်လှိုဏ်ဂူတော်အတွင်းသို့…………..အဝင်












“စိတ်အလင်းဆောင်တဲ့ ပိတ်ချင်းမြောင်လှိုဏ်ဂူတော်အတွင်း…………….. ”
လှိုဏ်ဂူထဲကို ဝင်တာနဲ့ ရေကျသံတွေ ကြားနေရပါတယ်။
အထဲမှာ မှောင်မနေအောင်လျှပ်စစ်မီးတွေသွယ်တန်းလို့ထားပေးပါတယ်။
အထဲမှာတော့ ခေါင်မိုးက ကျနေတဲ့ ကျောက်စက်ရေတွေက တစ်တောက်တောက်။
မြင်မြင်သမျှ ကို လက်ဆော့နေတော့ ကင်မရာပေါ်ရေကျလာမှာလဲ အတော်ကြောက်။
အထဲမှာရေတွေရှိနေတော့ ခပ်ဝဝကျနော် ချော်လဲမှာလဲ ဂရုစိုက်ရ ပုံတွေရိုက်ရနဲ့တကယ်
ကို မအားရတာပါ။
အထဲမှာမီးထွန်းပေမယ့် နည်းနည်းလေးမှောင်တော့ပုံရိုက်ရတာခက်ပါတယ်။
ထူးဆန်းတာကတော့ အမြဲတမ်းကျောက်စက်ရေတွေနဲ့ထိနေတဲ့ကျောက်တုံးတွေက
ကျောက်စိမ်းရောင်ထနေ။
အပေါ်မော့ကြည်တော့ကျောက်ပန်းဆွဲ။
ဘေးပါတ်ဝန်းကျင်မှာတော့ ဘုရားဆင်းတုတော်တွေ။
အောက်မှာတော့စမ်းချောင်းလေးတွေ။
အထဲကိုတော်တော်လေးဝင်မိတော့ အသက်ရှုကျပ်လာပါတယ်။
နောက်တစ်ဆင့်ထပ်တက်စရာ တစ်နေရာတွေ့တော့ မဒမ်ပေါက်ကတော့
ပြန်လှည့်သွားပါတယ်။
ကျနော်ကတော့ ထပ်ပြီးဆက်တက်သွားပါတယ်။
အပေါ်တက်ရတာ လှေခါးက နည်းနည်းတော့မတ်တဲ့အပြင်ကျဉ်းလာတော့မောပါတယ်။
ဒါပေမယ့် အတွင်းထဲမှာ စေတီပုထိုးတွေ ကို ခက်ခက်ခဲခဲ့တည်ထားတာမြင်ရတော့
ကြည်လင်တဲ့စိတ်အလင်းကို ရလိုက်သလို့ပါဘဲ။
အပေါ်ကနေအောက်ပြန်ဆင်းလာရင်း လက်ဆော့လို့ပုံတွေနှက်။.
ဂူထဲက ပြန်ထွက်လာခဲ့ပါတယ်။
ကိုပေါက်လမ်းသလားရင်းလက်ဆော့တော့ရလာတဲ့စနက်ရှော့
(24-4-2012)
17 comments
water-melon
April 27, 2012 at 9:37 am
အဲလိုမျိုးဆို အူယားစရာကြီး မှောင်မှောင်မဲမဲကြီးဆိုတော့
အောက်ကလည်းရေတွေကြောက်တယ်
သများကိုဘယ်သူတွဲပြီးလျှှောက်မလဲ 😀
Khaing Khaing
April 27, 2012 at 11:40 am
အော်သများဖရဲလေးရယ် မခိုင်တွဲမှာပေ့ါ …. ကြောက်နဲ့တိလား …… ဂျောက်နားမရောက်ရင် တွန်းမချဘူး လှေကားနားရောက်မှာ တွန်းချမယ် …. အဟိနောက်တာ
လေးပေါက်ရေ အဝင်နေရာက တစ်ကယ်ပျော်စရာကောင်းတယ်နော် ……. ရေများရင် လမ်းလျှောက်တဲ့နေရာအထိကိုရေတွေကစီးနေတာ ချော်လဲမှာတေ့ာသတိထားရတယ်လေး ပေါက်ရေ …… ရွှေဘုရား ငွေဘုရားနားထိပဲသွားရဲခဲ့တာ ကြောက်လို့ပြန်လှည့်လာတယ် ဘယ်လို မှ မနေရဲ့တော့ဘူး ……… လေးပေါက်တို့ကတော့ ရောက်ရာနေရာကနေပြီး သတင်းပို့နေတော့ တာပဲ …….
Khaing Khaing
April 27, 2012 at 11:42 am
ကျန်သေးတယ် ပြောဖို့ အဟိ ….. မီးတို့သွားတုန်းက အထဲကစေတီက အုတ်မြစ်ချခါစပဲရှိသေးတယ် …… အဲနားကနေအရှေ့နားနည်းနည်းပဲရောက်တယ် ပြန်လှည့်လာ ခဲ့တာလေ ….
kaung kin pyar
April 27, 2012 at 10:09 am
ကိုပေါက် စ ဝင်နေပြီပဲ…။ ဒါကြောင့်ထင်တယ်..။ အဝင်စမ်းချောင်းပုံတွေနဲ့တော့ မပြီးလောက်သေးဘူးလို့…။ ကိုယ်တိုင်မရောက်နိုင်ပေမယ့် ဒီလိုကိုပေါက်ပုံလေးတွေ ကြည့်ပြီး စိတ်အပန်းဖြေရတာပါပဲ….။ မဖြဲရေ…၊ ကြောက်ပါနဲ့အေ…။ ကိုဘုန်းကျော်ကြီးတွဲမယ်တဲ့…။
windtalker
April 27, 2012 at 10:15 am
ပိတ်ချင်းမြောင် ရဲ ့အလှက ထန်ဆန်းဂူလောက်မလှဘူး လို ့၊ ဟိုပုံးဘက်က လူတွေ က ပြောကြတယ် ။ ဘယ်ဟာက ပိုလှလဲဆိုတာ ၊ တိတိကျကျ ပြောစေကြပါလိုတယ် လို ့။
jujuma
April 27, 2012 at 11:32 am
ပိတ်ချင်းမြောင်က ပိုလှတယ်ဗျ..
ထန်ဆန်းဂူကလှဘူး ( ရောက်မှမရောက်ဘူးတာ..ဟိ)
သဘောကျလို့ နှစ်ခေါက်တောင် ဝင်ဖြစ်တယ်ဗျ…
Moe Z
April 27, 2012 at 1:04 pm
ကိုထူးဆန်းပြောလို့ ထမ့်ဆန်းဂူကိုရောက်အောင်သွားခဲ့တယ် ..
ပိတ်ချင်းမြောင်ထက်တော့ ဂူကပိုကျယ်တယ်
လေကောင်းလေသန့်ရတယ် အထဲမှာ ရေတွေနဲ့စိုစွတ်မနေဘူး
လျှပ်စစ်မီးအလှဆင်ဖို့တော့ လိုသေးတယ် ထင်တယ် …
thet pying phyo
April 27, 2012 at 11:16 am
Dear Ko Pauk, i’m so proud of your photos. I hope may you send more photos in next .
kyeemite
April 27, 2012 at 11:42 am
ဆက်လက်အားပေးသွားပါသည်ခင်ဗျား..
Ma Ei
April 27, 2012 at 12:57 pm
တစ်ကယ်ကိုအေးချမ်းလှပတဲ့ နေရာလေးပါ…
နောက်ထပ်ပုံလေးတွေ မျှော်နေမယ်နော်…
ဆူး
April 27, 2012 at 2:47 pm
ပိတ်ချင်းမြှောင် ကို ရောက်တုန်းက ခဏခဏ ရောက်နေကျမို့.. သိပ်အာရုံမထားမိဘူး။
ပုံထဲမှာ ကြည့်မှ အစိမ်းတွေ နေရာ တော်တော် များတယ်နော်။ ရေညှိတွေနဲ့ တူတယ်။
ကိုပေါက်(မန္တလေး)
April 27, 2012 at 3:30 pm
ထန်းဆန်းဂူက တော့မရောက်ဘူးလို့မသိပါဘူးဗျာ။
အခု တောင်ကြီးရောက်နေပေမယ့် အဲဒီကို မရောက်နိုင်ပါဘူး။
ဒီနေ့အောင်ပန်းကနေကလောအသွားမှာ အလုပ်တွေအားလုံးပြီးတော့
် လွိုင်ကော်ဘက်ကို သွားတဲ့လမ်းအတိုင်းကလောလမ်းခွဲကနေ လေးမိုင်ဝင်သွားရင်ရောက်တဲ့ မြင်းမထိလှိုဏ်ဂူကိုရောက်ခဲ့ပါတယ်။
နောက်ရက်တင်ပေးပါမယ်။
ယှဉ်ပြောရရင်တော့ သူ့အလှနဲ့သူပါဘဲ။။.
ကိုယ်ဘာသာကိုယ်ဆိုင်ကယ်နဲ့သွားတာဆိုတော့ ပုံတော်တော်များများ စိတ်တိုင်းကျရခဲ့ပါတယ်။
Novy
April 27, 2012 at 3:44 pm
ကိုပေါက်ရေ.
ဝင်ရောက် ဖူးမျော်အားပေးသွားပါတယ်
မနိုတို့ သွားတုံးကဆို သစ်သားလှေကားလေးနဲ့ တက်ရတာ
အခုတော့ အုတ်လှေကားလေးဖြစ်သွားပြီနော်
TTNU
April 27, 2012 at 9:37 pm
ကိုပေါက်ရေ..
အခေါက်ခေါက်ရောက်ဖူးပေမဲ့
ပုံတွေကြည့်ရပြန်တော့ ဆန်းသစ်နေပါရော။
သွားချင်ပြန်ရော၊ ကျေးဇူးတင်ပါတယ်။
ကုသိုလ်တွေရပါစေ။
Khin Latt
April 27, 2012 at 9:47 pm
ကိုပေါက်ရေ
မရောက်ဘူး တဲ့ နေရာ ကို ပုံလေးတွေ နဲ့ ခေါ်သွားလို့ ကျေးဇူးပါဗျား။
လှိုဏ်ဂူ ထဲမှာ အောက်ဆီဂျင် နဲ လို့ အသက်ရှုကြပ်လာမှာ အသေအချာဘဲ။
တစ်ချိန်ချိန်မှာ တိုးရစ်တွေ အတွက် သွားစရာ နေရာကောင်းမို့ အဲလို မဖြစ်အောင် တစ်ခုခု ပြင်ဆင်ပေးထားသင့်တယ်။
တွေးကြည့်တာ။ 😀
MaMa
April 28, 2012 at 7:38 am
ကျမတို့ ရောက်တုန်းက လှေကားမှာ နဂါးရုပ်ထုထားတာ မရှိသေးဘူး။ ပိတ်ချင်းမြှောင်လှိုဏ်ဂူထဲမှာ ဘာများထူးခြားတာ တွေ့ခဲ့သေးလဲ ကိုပေါက်။ (ကြပ်ပေးတာ)
ကိုပေါက်(မန္တလေး)
April 28, 2012 at 1:56 pm
မရောက် တာ ဆယ်နှစ်လောက်အကြာမှာမှတစ်ခါထပ်ရောက်တာ.
လှိုင်ဂူမှာထူးခြားတာက အခုလိုနွေဆိုရင်ရေနည်းတော့ ပိုက်လုံးတွေဆင်ပြီးရေကျအောင်လုပ်ရတာရယ်
ဈေးတန်းထိပ်က တို့ဟူးသုပ် အရမ်းစားကောင်းတယ်ဆိုတာပါဘဲ။
မကြပ်နဲ့မမရေ အရစ်ပြုံးနေပြီ အကျပ်ခံရတာများလို့။
ကိုလတ်ရေ ကပ်လွဲဆိုတာ သဘောပေါက်သွားပြီ။
မာမီရေ ပန်းလက်ဆောင်ပို့လိုက်မယ်နော်.