ရန်ကုန်ကော်နက်ရှင်ကမကောင်းပါ။ အစက 15ပုံတင်မယ်စိတ်ကူးပေမယ့် အပိုင်းခွဲပြီးဘဲတင်ပါတော့မယ်။ ပုံနည်းသွားတာကိုခွင့်လွတ်ပါ။   ကိုပေါက်လမ်းသလားရင်းလက်ဆော့တော့ရလာတဲ့စနက်ရှော့။ (28-4-2012)


               “စိတ်အလင်းဆောင်တဲ့ ပိတ်ချင်းမြောင်လှိုဏ်ဂူတော်အတွင်း…………….. ”   လှိုဏ်ဂူထဲကို ဝင်တာနဲ့ ရေကျသံတွေ ကြားနေရပါတယ်။ အထဲမှာ မှောင်မနေအောင်လျှပ်စစ်မီးတွေသွယ်တန်းလို့ထားပေးပါတယ်။ အထဲမှာတော့ ခေါင်မိုးက ကျနေတဲ့ ကျောက်စက်ရေတွေက တစ်တောက်တောက်။ မြင်မြင်သမျှ ကို လက်ဆော့နေတော့ ကင်မရာပေါ်ရေကျလာမှာလဲ အတော်ကြောက်။ အထဲမှာရေတွေရှိနေတော့ ခပ်ဝဝကျနော် ချော်လဲမှာလဲ ဂရုစိုက်ရ ပုံတွေရိုက်ရနဲ့တကယ် ကို မအားရတာပါ။ အထဲမှာမီးထွန်းပေမယ့် နည်းနည်းလေးမှောင်တော့ပုံရိုက်ရတာခက်ပါတယ်။ ထူးဆန်းတာကတော့ အမြဲတမ်းကျောက်စက်ရေတွေနဲ့ထိနေတဲ့ကျောက်တုံးတွေက ကျောက်စိမ်းရောင်ထနေ။ အပေါ်မော့ကြည်တော့ကျောက်ပန်းဆွဲ။ ဘေးပါတ်ဝန်းကျင်မှာတော့ ဘုရားဆင်းတုတော်တွေ။ အောက်မှာတော့စမ်းချောင်းလေးတွေ။ အထဲကိုတော်တော်လေးဝင်မိတော့ အသက်ရှုကျပ်လာပါတယ်။ နောက်တစ်ဆင့်ထပ်တက်စရာ တစ်နေရာတွေ့တော့ မဒမ်ပေါက်ကတော့ ပြန်လှည့်သွားပါတယ်။ ကျနော်ကတော့ ထပ်ပြီးဆက်တက်သွားပါတယ်။ အပေါ်တက်ရတာ လှေခါးက နည်းနည်းတော့မတ်တဲ့အပြင်ကျဉ်းလာတော့မောပါတယ်။ ဒါပေမယ့် အတွင်းထဲမှာ စေတီပုထိုးတွေ ကို ခက်ခက်ခဲခဲ့တည်ထားတာမြင်ရတော့ […]


  ဒါကတော့အတက်နေ့ညနေပိုင်းက ပုံရိပ်ကလေးတွေ. ထပ်တင်စရာတွေကျန်ပါသေး၏။ ကိုပေါက်လမ်းသလားရင်းလက်ဆော့တော့ရလာတဲ့စနက်ရှော့ (16-4-2012 ညနေပိုင်း ပုံရိပ်များ)      


   မန်းလေးသင်္ကြန် သံချပ်သံနဲ့ဝေး နှစ်များစွာကြာပေါ့။ မန်းလေးသား ပါပါလေး မန်းသူမန်းသားရင်ခွင်နဲ့ဝေတာလဲ ကြာခဲ့ပေါ့။ 2012 မြန်မာပြည်ရဲ့ခေတ်သစ် အားလုံးအသစ်ဖြစ်ဘို့အခွင့်ကြုံ ပါပါလေးလဲ မန်းမြို့ရင်ငွေ့ကိုပြန်လှုံ။ ကဲအားလုံးဆုံလို့ သံချပ်တိုင်လိုက်မယ် “ညီစေနော်……………..ညီစေ”   ကိုပေါက်လမ်းသလားရင်းလက်ဆော့တော့ရလာတဲ့အတွေးပါးပါး (11-4-2012) မနက်11း00နာရီ


               “အလှတွေစုနေတဲ့ နံနက်ခင်းလေးကို ခံစားကြည့်ခြင်း”   အခုတစ်လော ကျနော်အပျင်းထူနေတဲ့ရက်များတော့ မနက်လမ်းလျှောက်မထွက်ဖြစ်ပါဘူး။ ဟိုးဆောင်းတွင်းတစ်တွင်းလုံး လမ်းလျောက်ရက်ပျက်မရှိသလောက်ကနေ နွေရောက်မှ မလျှောက်ဖြစ်တဲ့ရက်များလာပါတယ်။ ကျနော်တို့တိုက်ခန်းတွေက ညဆယ်တစ်နာရီကျော်မှ ရေတစ်စက်ခြင်းလာနေတာကိုစောင့်ပြီး ရေခံနေရတော့ အိပ်ရေးပျက်ပါတယ်။ ဒီတော့လဲမနက်လမ်းမလျောက်ဖြစ်။ ဇွတ်အတင်းကိုလူးလဲထပြီးလမ်းလျောက်တဲ့ရက်မှာတော့ လှပသောနံနက်ခင်းလေးများကိုပြန် ထိတွေ့ရတော့ စိတ်ထဲမှာကြည်နူးမိပါတယ်။ အခုရက်မှာကုက္ကိုပင်တွေကလဲ ပန်းရောင် အသွေးတွေနဲ့လှပ။ ရွက်ဟောင်းခြွေထားတဲ့ သစ်ပင်တွေကလဲ ရွက်သစ်ဝေလို့ ဆန်းသစ်လှပ။ နွေစိန်ပန်းနီနီလေးတွေကလဲ လောကကိုအလှဆင်ဘို့အတွက် အင်နဲ့အားနဲ့ထွက်လာ။   အရှေ့ဘက်ကောင်းကင်ကိုကြည့်လိုက်တော့ပေါ်ထွက်စနေရောင်က အနှီနဲ့ပန်းရောင် အကြား ။ နေနည်းနေတဲ့ကန်တော်ကြီးမှာလည်း မြက်ခင်းစိမ်းစိမ်းလေးတွေကလဲ အမြန်ဆန်းသောမြင်ကွင်း။ ကန်တော်ကြီးထဲမှာ အပျော်စီးလှေကလေးတွေကလဲ ရေမရှိတော့ ကုန်းခေါင်ခေါင်မှာသနားစရာ။ အထူးအဆန်းရယ်လိုတော့ မဟုတ်ပေမယ်လည်း ကျနော်ကြည့်ရင်းမြင်ခဲ့ရတဲ့ကြည်နူးစရာလေး တွေမို့လို့……………………………   ကိုပေါက်လမ်းသလားရင်းလက်ဆော့တော့ရလာတဲ့စနက်ရှော့ (8-4-2012)  


  ဒီတစ်ခါတော့ ရွာသူများနောက်ကလိုက်ခဲ့ပါပြီ။ ရိုက်ခဲ့ဘူးသမျှ  ပန်းတွေထဲကနေလှရာရာ ရွေးချယ်လို့ တင်ပေးလိုက်ပါတယ်။ တင်ဘူးလို့ မြင်ဘူးရင်လဲ မမြင်ဘူးသူအတွက်သာ သတ်မှတ်လိုက်ပါလို့ ပြောလိုက်ပါသနော်။     ကိုပေါက်လမ်းသလားရင်းလက်ဆော့ တော့ ရလာတဲ့ စနက်ရှော့။ (25-3-2012)  


6 ဦးပိန်ကို တောင်ဘက်ကနေ ဆော်ထည့်လိုက်တာ                  “တောင်သမန်က အလွမ်းမင်းသားကြီး”   တောင်သမန်မှာဓါတ်ပုံရိုက်မယ်ဆိုရင် ဟိုးရှေးကတည်းကရှိတဲ့ သစ်ခြောက်ပင်ကြီးက မပါမဖြစ်။ အဲဒီသစ်ပင်နဲ့ဓါတ်ပုံတွဲရိုက်ထားတဲ့သူတွေလဲများမှများ.။ ကျနော်ကိုယ်တိုင်လဲဒီအပင်ကြီးကို သဘောကျ။ အရင်က တော့ ဟိုးအဝေးမှာရှိတဲ့ဘုရားက။ တံတားပေါ်က၊ တံတားအောက်က ပုံစံအမျိုးမျုးိနဲ့မှတ်တမ်းတင်ခဲ့ဘူးပါတယ်။ ဒီတစ်ခါတော့ အနီးကပ် သစ်ပင်ကြီးအောက်ထိရောက်ခဲ့ပါတယ်.။ အရင်ကအဲဒီနားသွားမယ်ကြံရင် လူတွေအမြဲပြည့်နေတော့ မသွားဖြစ်ပါဘူး။ ရက်ဆက်ပြီးတောင်သမန်ပါတ်ဝန်းကျင်ပုံတွေတင်တယ်ဆိုတော့ ပုံတွေထပ်ချင်ထပ်သွားနိုင်ပါတယ်။ ဒါပေမယ့် တစ်ပုံနဲ့တစ်ပုံ အမြင်နည်းနည်းလေးစီကွာပါတယ်။. ကြည့်လို့ ကြည်နူးတယ်ဆိုရင်တော့ ကျေနပ်ပါတယ်လို့ပြောရင် က က က ပေါ့နော်။     ကိုပေါက်လမ်းသလားရင်းလက်ဆော့ တော့ရလာတဲ့ အတွေးပါးပါးလေး (12-3-2012)  


    “မင်းကွန်းမြေမှ အပြန်လမ်း”   ဓါတ်ပုံရိုက်ပြီး ပြန်လာတော့ ညနေသုံးနာရီခွဲ။ တိနိရုံးထဲကိုဝင် သော့တို့လုတို့ထားခဲ့တဲ့ပစ္စည်းတွေကိုဝင်ယူ။ လူအိုုရုံအလှူငွေ ထည့်ကြ။ ပြီးတော့ လှေဆိပ်ကိုဆင်းလာကြပါတယ်။ နောက်တော့ အချိန်ရတာနဲ့လှေဆိပ်ကဆိုင်မှာ လက်ဖက်သုတ်စား ကော်ဖီသောက်။ မင်းသားသုံးယောက်ဓါတ်ပုံရိုက်။ (ခုထိ မကြည့်ရသေးဘူးနော်) လေးနာရီထိုးတော့လှေပေါ်တက်။ အစက ဆိုင်ကယ်နဲ့လာတဲ့အတွဲက ဆိုင်ကယ်ကိုစက်လှေပေါ်တင်ပြီးပြန်။ လှေအပြည့်လူအပြည့်။ ခဏနေတော့ တိနိဆိပ်ကမ်းဝင်လူတင်။ ကျနော်ကလဲမြင်သမျှလက်ဆော့။ ကမ္ဘာပေါ်ရဲ့ ဘယ်နေရာမှာမှ မရှိတဲ့ စက်ကရိယာကို မင်းကွန်းကစက်လှေပေါ်မှာလာတွေ့ရပါတယ်။ ခြေထောက်နဲ့ဂီယာထိန်းထားပြီးမောင်းလာတာပါ။   သွားနေရင်းခဏတော့ စက်လှေက ရေလည်မှာ ဖုတ်ဖုတ်ဆိုပြီးရပ်။ လှေစက်ပျက်ပြီတဲ့။ အဲဒီမှာအားလုံးရေလည်ခေါင်မှာပြာတောက်။ သော့သော့ ဖုန်းနဲ့ကမ်းကိုဆက်လှေတစ်စင်းထပ်မှာ။ ဆိုင်ကယ်ကို လမ်းအပ်ထားခဲ့တော့ ကျနော်လဲဆိုင်ကယ်ကိစ္စကိုဖုန်းနဲ့စီစဉ်။ မိုးချုပ်ရင်တော့ လှေပေါ်လိုက်လာတဲ့ ဆိုင်ကယ်နဲ့အတွဲဘယ်လိုများဖြေရှင်းမလဲလို့တွေးရင်းရီရ.။ ကျနော်ကတော့ရသမျှ ဓါတ်ပုံရိုက်လိုက်လေပေါလိုက်။ လှေက ရေစီးနဲ့မျောပြီး အနောက်ဘက်ကမ်းဆီကို […]