မန်းသင်္ကြန်နဲ့နှစ်ပေါင်းများစွာဝေးနေတဲ့သံချပ်နဲ့အတူ လူရွှင်တော်ပါပါလေးလာပြီနော်။

1 ပါပါလေးအဖွဲ့သံချပ် ဖျော်ဖြေနေပုံ
2 ပျော်ရွှင်တက်ကြွနေသော လူရွှင်တော်ကြီးပါပါလေး
3 ကားအောက်မှာလဲသံချပ်တိုင်..................စုစည်းညီညာ
4 ကားပေါ်က သံချပ်တိုင်သူကလဲအားရပါးရ
5 လာရောက်အားပေးတဲ့ ပရိတ်သတ် (84လမ်းပေါ် ဒီနေ့မနက်10နာရီ)
7 ဘေးဘက်က မြင်ရတဲ့မြင်ကွင်း
8 ပါပါလေး ရှဲု့ 2012 ဆောင်ပုဒ်
9 ပါပါလေးရဲ့ဆောင်ပုဒ်
10 သံချပ်တိုင်နေကြတာ အားရပါးရ အချိုးညီညီ
 

1 ပါပါလေးရဲ့ အဖွဲ့သား
 မန်းလေးသင်္ကြန်

သံချပ်သံနဲ့ဝေး နှစ်များစွာကြာပေါ့။

မန်းလေးသား ပါပါလေး

မန်းသူမန်းသားရင်ခွင်နဲ့ဝေတာလဲ ကြာခဲ့ပေါ့။

2012 မြန်မာပြည်ရဲ့ခေတ်သစ်

အားလုံးအသစ်ဖြစ်ဘို့အခွင့်ကြုံ

ပါပါလေးလဲ မန်းမြို့ရင်ငွေ့ကိုပြန်လှုံ။

ကဲအားလုံးဆုံလို့ သံချပ်တိုင်လိုက်မယ်

“ညီစေနော်……………..ညီစေ”

 

ကိုပေါက်လမ်းသလားရင်းလက်ဆော့တော့ရလာတဲ့အတွေးပါးပါး

(11-4-2012)

မနက်11း00နာရီ

14 comments

  • အားလုံးနှစ်သက်မယ်ထင်ပါတယ်။
    မန်းလေးနဲ့ဝေးနေတဲ့သံချပ်ရော ပါပါလေးပါ ပြန်တွေ့ရလို့။

    • Khaing Khaing

      April 11, 2012 at 2:34 pm

      လေးပေါက် ………. တစ်ကယ့်ကို ချီးကျူးတယ်လေးပေါက်ရယ် လေးပေါက်ရဲ့ ဂျီတော့မှာတင်သလိုပဲ ပိုက်ဆံမရ အချိန်ကုန်လူပန်း အိပ်ရေးပျက်တဲ့အလုပ်တွေကို မီးတို့ သတင်းဦးသတင်းထူးတွေဖတ်ရေအောင် အားကြိုးမာန်တက်လုပ်ပေးတာ ဂုဏ်ယူတယ်ရှင် … မနေ့ကတောင် ရို့စ်ကပြောတယ် မခိုင် ရန်ကုန်မဏ္ဍပ်တွေလိုက်ရိုက်ပြီး လေးပေါက်လိုတင်ပါလားတဲ့ ……… ပြောလိုက်ပါတယ်ရို့စ်ကို ငါလေးပေါက်လောက်တော့ မလုပ် နိုင်ဘူးဟာလို့ ရန်ကုန်မှာက သွားရလာရတာ မလွယ်ဘူးလေးပေါက်ရယ် ဆိုင်ကယ်နဲ့လဲမရ စက်ဘီးဆိုလည်း ကန့်သတ်နယ်မြေတွေရှိတယ် ……..နေပူမှာကိုလည်းကြောက်တယ်ချင့် … ကိုယ့်မလုပ်နိုင်တဲ့အလုပ်ကို သူများလုပ်နိုင်တာ ရင်ထဲကကို ချီးကျူးဂုဏ်ယူပါတယ် ….

      လေးပေါက်ဖရဲမကို ပြောမနေနဲ့ အဲကောင်မက အလကားနေ အာဖို့ပဲသိတယ် လူကြီးဘာလုပ်နေလဲ နားလည်တာမဟုတ်ဘူး အရူးဖြဲမ …. ထိုင်ဝမ်ဖြဲမ ………. ဒီနေ့တောင် သူငတ်နေတယ်လေ ……….

      ခင်မင်စွာဖြင့်
      ခိုင်ခိုင်

      • water-melon

        April 12, 2012 at 6:11 am

        အမလေး နာများ အရူးမတဲ့တော်
        သူသာယဉ်ယဉ်လေးနဲ့ဂေါက်နေတာ
        သူကိုယ်သူ ရူးမှန်းမသိနေတာ

  • char too lan

    April 11, 2012 at 11:54 am

    ကျနော်လဲရန်ကုန်မှာမြင်ချင်တယ် ….. 🙁
    ရန်ကုန်က တအားဘောင်ကျဉ်းတယ် လူတကာစုံတော့ အသံစုံထွက်တယ်
    အသံမစဲပဌာန်းပွဲအတွက်တောင် ဘေးအိမ်တွေတောင်းတောင်းပန်ပန်နဲ့ လော်စပီကာဆင်ရတယ်
    အခုပိတ်လိုက်ပီ စည်းကမ်းက လော်မသုံးရဘူးတဲ့ ဆောင်းဘောက်နဲ့ပဲဖွင့်ရမယ်တဲ့ ပဌာန်းကို ညဘက်လူခြေတိတ်မှ သဲ့သဲ့လေးကြားရတယ် အဲ့ဒါတာမွေမြို့နယ်နော် …
    တာမွေမှာတရားသံရှားတယ် တကယ်ပြောတာ ဘာသံကြားလဲ သိလား ????

  • water-melon

    April 11, 2012 at 12:36 pm

    ဒီနေ့မအားတဲ့ အကြောင်းရင်းကိုသိပြီ လေးပေါက်
    တယ်လက်သွယ်လှချိလား ဆရာလေးပေါက်
    ၈၄ လမ်းပေါ်ဆိုတော့ ကျွန်တော်လဲအသံမကြားမိဘူး

  • ဆူး

    April 11, 2012 at 12:53 pm

    သတင်းက တော်တော်မြန်တာပဲ..

  • ဖရဲမရေ စိတ်တော့မဆိုးနဲ့ မင်းလှမ်းခေါ်တဲ့အချိန် ဒီပိုစ်ကို အမြန်ဆုံးအက်ဒစ်လုပ်ပြီးတင်နေလို့ပါ။
    မန်းလေးဂေဇက်က သတင်ဦးသတင်းဖျားတင်နိုင်အောင်လို့ပါ.
    ဖေစ်ဘုတ်မှလဲလေးပေါက်အရင်ဆုံးစတင်နိုင်ပါတယ်။
    ဒါမှ သူကြီး ကလေးပေါက်ကို CJပေးအောင်လို့။

  • mg mg

    April 11, 2012 at 1:54 pm

    ကိုပေါက်ရေ၊
    ဆေးရိုးသည်ဖြစ်သွားလျင် တောင်းပန်ပါတယ်၊
    “5 လာရောက်အားပေးတဲ့ ပရိတ်သတ် (84လမ်းပေါ် ဒီနေ့မနက်10နာရီ)”
    အဲလိုနေရာလေးတွေမှာ မှတ်တမ်းမှတ်ရာသဘောလည်းဖြစ်အောင်
    ရက်စွဲလေးတွေပါထည့်ပေးလျင် ပိုကောင်းမလားလို့ပါ။
    သံချပ်အကြောင်းလေးတွေလည်း မျှပေးပါဦး၊
    အားပေးလျက်။

  • Thel Nu Aye

    April 11, 2012 at 4:10 pm

    ဝမ်းသာစရာပါပဲ။ ဒီလိုသံချပ်ထိုးခွင့်ရတယ်ဆိုတာနဲတဲ့ဆုလာဘ်မဟုတ်ပါလား။ ရန်ကုန်မှာပါမစ်မရလို့ သံချပ်ထိုးမဲ့နေ့မှပါမစ်ပိတ်သွားလို့ ဗေလုဝတို့တွေရင်ထုမနာဖြစ်သွားကြရရှာတယ်

  • ဗိုက်ကလေး

    April 11, 2012 at 6:03 pm

    အူးလေး..အူးလေး..
    လူရွှင်တော ပါပါလေးက အူးပေနဲ ့တူတယ်နော်
    😀

  • TTNU

    April 11, 2012 at 9:57 pm

    ကိုပေါက်ရေ…
    ဒီဟာကိုတော့ မမန်းတတ်ဘူးတော့။
    မင်းတော်တာသွက်တာကိုတော့ မချီးမွမ်းဘဲ မနေနှိုင်ပါတော်။

  • မာမီရေ ကျနော်ကလဲအလုပ်ကိစ္စနဲ့အသွား သူတို့ကလဲ84လမ်း 36လမ်းအရောက် ကင်မရာလဲပါလာတော့ အမြန်ဆော်ထဲ့လိုက်တာ ဖေစ်ဘုတ်မှာပါ ကျနော့်ပုံတွေအရင်တက်သွားတာ။
    ကျေနပ်ပါ၏။
    ကိုမောင်မောင်ပြောတာမှန်ပါတယ် နောက်နေ့ကော်နက်ရှင်ကောင်းရင်ပြင်ပေးပါမယ်။
    ကျနော်ကလဲ တင်ချင်ဇောနဲ့မို့မသေမသပ်ဖြစ်သွားတာပါဗျာ။

Leave a Reply