“NLD နှင့် USDP”

yama nyaApril 11, 20121min1064

(10-04-2012) ရက်စွဲနဲ ့ဒီလင့် http://natmike.blogspot.com/2012_04_09_archive.html  မှာ “ပြည်ခိုင်ဖြိုးခေါင်းဆောင်များကို ပန်ကြားလိုတာက” ဆိုတဲ့ ခေါင်းစဉ်နဲ ့ဖော်ပြထားတဲ့ ဆောင်းပါးရှင် Aung Myo Naing (8888) ရဲ  ့ထင်မြင်သုံးသပ်ချက်တွေထဲက ကျနော်နဲ ့နီးစပ်တဲ့ အချက်တွေကို ပြန်လည်ဝေငှချင်ပါ တယ်။ ဒီနေရာမှာ ကျနော့အနေနဲ ့ ကြိုပြောထားချင်တာက ကျနော်ဟာ USDP လည်း မဟုတ်ဘူး NLD လည်း မဟုတ် ဘူး ။ လူထုရဲ  ့အကျိုးစီးပွားကို အကာအကွယ်ပေးမယ့် မည်သည့် အစိုးရကိုမဆို လက်ခံတယ် ။

သူရဲ ့ဆောင်းပါးမှာ “လာမဲ့ ၂၀၁၂ ဧပြီ ၂၃ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့လွှတ်တော်ဝင်မဲ့ ကိစ္စဟာ သာမန်ကိစ္စ မဟုတ်ပါဘူး” လို ့အစချီထားတယ် ။ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော်ထဲရောက် လာဖို ့ နှစ်ပေါင်းဘယ်လောက်စောင့်ခဲ့ရလဲ ။ ဘယ်လောက်ထိ ပေးဆပ်ခဲ့ရသလဲဆိုတာ ကျနော်တို ့ သိထားပြီး သားပါပဲ ။  “ခင်ဗျားတို့ , ကျွန်တော်တို့ အတူတကွနေထိုင်တဲ့ မြန်မာပြည်ကြီး နိုင်ငံတကာမှာ မျက်နှာ ငယ်ငယ် နဲ့နေနေခဲ့ရတဲ့ နေ့ရက်တွေအဆုံးသတ်ဖို့ အားလုံးညီတူ , ညီမျှ တိုးတက်ကြွယ်ဝချမ်းသာဖို့ အလွန်အရေးပါတဲ့ တိုင်းပြည်ရဲ့ ခြေလှမ်းတစ်ရပ်ဖြစ်တယ်ဆိုတာ အောက်ပါအချက်များကို အလေးအနက်ထားပြီး စဉ်းစားစေလိုပါ တယ်’’ ဆိုပြီး သူ ့ရဲ ့ ဝေဖန်သုံးသပ်ချက်တွေကို ပွင့်ပွင့်လင်းလင်း ရေးသားထားပါတယ် ။

        “ ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ခင်ဗျားတို့ မယုံနိုင် အဆန်းတကျယ်ဖြစ်လောက်အောင် အပိုင် တွက်ထားတဲ့ ကိုယ့်ပါတီဝင်မဲတွေ , အမိန့်ပေးထားတဲ့ တပ်မတော်သားမဲတွေ , အကြပ်ကိုင်ထားတဲ့ ဝန်ထမ်း မဲတွေဟာ NLD ကိုရောက်ရှိသွားတာကြည့်ရင် လွတ်လွတ်လပ်လပ်ဖော်ထုတ်ခွင့်ရချိန်မှာ ပြည်သူ့သဘောထား ဟာအမှန်တရားကိုဘဲ မြတ်နိုးတယ်ဆိုတာသိဖို့လိုအပ်ပါတယ်’’ တဲ့ ။ မှန်ပါတယ် ။ အလွှာပေါင်းစုံ ပါဝင်တဲ့ လူထု ကြီးဟာ အပြောင်းအလဲကို အရမ်းတောင့်တနေပါပြီး ။ ထိုင်း ၊ စကာင်္ပူ ၊ ကိုးရီးယားတို ့မှာ ဆင်းရဲ ပင်ပန်းစွာ အလုပ်သွားလုပ်နေရတဲ့ ကိုယ့်နိုင်ငံသားတွေကို မြင်ရတိုင်း ယူကြုံးမရဖြစ်မိတယ် ။ စီမံခန် ့ခွဲမှု လွဲမှားမှုကြောင့် နောက်ဆက်တွဲ အကျိုးဆက်တွေဟာ မျိုးဆက် ဘယ်နှစ်ဆက်တိုင် ထပ်ပြီး ခံစားရအုံးမှာလဲ ။ ဦးနေဝင်းသာ အာဏာမသိမ်းခဲ့ရင် ၊ ၁၉၉ဝ ရွေးကောက်ပွဲမှာသာ အာဏာလွဲပေးခဲ့ရင် ဒီနေ ့ ကျနော်တို ့ နိုင်ငံဟာ ဘယ် အဆင့်ကို ရောက်နေမှာလဲ ။

“ အကျိုးပြုလုပ်ငန်းတွေကို ပြည်ခိုင်ဖြိုး ဘဲလုပ်နိုင်တယ် ။ အစိုးရပိုက်ဆံမသုံးဘဲ ပါတီရဲ့ ကိုယ်ပိုင် ပိုက် ဆံနဲ့ဘဲ ဆောင်ရွက်တယ် ။ ပြည်သူတွေဟာ စိတ်ခံစားမှုနောက်ကိုဘဲလိုက်ပြီး တစ်ဖက် ပါတီကို မဲပေးတယ် စတဲ့ လူကြီး မဆန်တဲ့ အပြောအဆိုတွေ အတွေးအခေါ်တွေဟာ ပြည်သူတွေရဲ့ အသိဉာဏ် ဉာဏ်ရည်ကို စော် ကားတာမိုလို့ ရိုးသားတဲ့ ခင်ဗျားတို့ လှည့်ဖျားလို့ရမယ်ထင်တဲ့ တောင်သူလယ်သမားလူတန်းစားတောင် မှ ခင်ဗျားတို့ ပြောနေတာတွေ လုပ်ရပ်တွေဟာ အမှားတွေဆိုတာ သိရှိနေပါတယ် ။ ဒီလိုစိတ်ဓါတ် အပြောအဆို ဆောင်ရွက်ချက်တွေရှိနေသရွေ့ ခင်ဗျားတို့ လုပ်ရပ်တွေဟာ သဲထဲရေသွန်တာကမှ အရာထင်ပါလိမ့်မယ် ”
ပြည်ခိုင်ဖြိုးလူကြီးတွေပြောနေတာ ခဏ ခဏ ကြားနေရတယ် ။ သူတို ့သုံးနေတဲ့ ပိုက်ဆံဟာ သူတို ့ ပါတီပိုင် ပိုက်ဆံဆိုပြီးတော့ ။ ဒါပေမဲ့ သူတို ့ဒီပိုက်ဆံတွေကို ဘယ်ကရလဲ ၊ ဘယ်လိုနည်းနဲ ့ရခဲ့လဲဆိုတာ လူထုက သိပြီးသားပါပဲ ။ ပြီးတော့ ကြားဖြတ်မှာ NLD ကို ခွက်ခွက်လန်အောင် ရှုံးတော့ ဦးဋ္ဌေးဦးတို ့ ဦးအောင်သိန်းလင်း တို ့ရဲ  ့အရှုံးကို လက်မခံနိုင်တဲ့ ရင့်ကျက်မှုမရှိတဲ့ လေသံတွေဟာ လူထုအကျိုးပြုလုပ်ငန်းတွေကို လုပ်ပေးနေ လျက်နဲ ့တောင် နေရာအားလုံးနီးပါးရှုံးသွားရှာတယ်ဆိုပြီး မြန်မာတို ့ရဲ ့ စိတ်ထားနဲ ့ဂရုဏာသက်ရမယ့်အစား ပိုပြီးအမြင်ကပ်လာကြတယ် ။ ဘာတဲ့ “ကြော်ငြာကောင်းတိုင် ပစ္စည်းမကောင်းပါဘူး” တဲ့ ။ ဝင်းသူဇာက ပစ္စည်း တွေကိုပြောတာ ဖြစ်မှာပေါ့ ။ လူထုကတော့ ကြော်ငြာကောင်းလို ့ သုံးတာမဟုတ်ဘူး ။ ပစ္စည်းကောင်း လို ့ကို သုံးနေတာ ဆိုတာကို ဦးဋ္ဌေးဦးတစ်ယောက်မသိဘဲ ကိုယ့်ပစ္စည်းကိုတော့ အမွန်းတင် သူများပစ္စည်းကိုတော့ မကောင်းဘူ ပြောနေသမျှတော့ ၂၀၁၅ မှာ ဈေးကွက်ဝေစုရနိုင်မှာ မဟုတ်ဘူး ။ ဒါကြောင့်  ပြည်ခိုင်ဖြိုးအနေနဲ ့ ဝင်းသူဇာအဆင့်ကနေ တက်ဖို ့တော့လိုနေပြီး ။ ဈေးကွက်မှာ ပါဝင် ယှဉ်ပြိုင်နိုင်ဖို ့ဆိုရင် သူတစ်ပါးကို အပုပ် မချဘဲ နည်းစနစ်တွေပြုပြင်ပြီး အရည်အသွေးကို မြှင့်တင်ပါလို ့ တိုက်တွန်းချင်တယ် ။

          “ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ရွေးကောက်တင်မြောက်လိုက်တဲ့ ကိုယ်စားလှယ် အားလုံးဟာ ပြည်သူက အစစ်အမှန်ရွေးကောက်လိုက်တဲ့ ကိုယ်စားလှယ်တွေဖြစ်လို့သူတို့ကို အပြုသဘောနဲ့ ကြိုဆိုတာ ဟာ ပြည်သူကို အပြုသဘောနဲ့ ကြိုဆိုတာပါဘဲ ။ အပေါ်စီးကနေ ငါတို့ ဆင်ထားတဲ့ လမ်းပြမြေပုံထဲ နောက် ဆုံးတော့ တိုးဝင်လာခဲ့ရတာဘဲလို့ တွေးပြီး ထင်သလိုလုပ်မယ်ဆိုရင်တော့ မှားသွားပါလိမ့်မယ် ။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ လျင်မြန်ထက်မြက်တဲ့ အချိန်အခါအလိုက်လိုက်လျောညီထွေ ပြုလွယ်ပြောင်းလွယ် ရှိတဲ့ တွေးခေါ်ဆုံးဖြတ်မူတွေကြားမှာ ခင်ဗျားတို့လဲ အရေးမလှ..အားလုံးတူညီတဲ့ ပန်းတိုင်သွားဖို့လဲ နှောင့် နှေးနဲ့တိုးတက်ရေးဆိုတာလဲ ဝေးမြဲဝေးနေပါလိမ့်မယ် ။ ခုဆို ရွေးကောက်ပွဲကြီး ပြီးခဲ့တာ ၂ နှစ်ပြည့်တော့မယ် သုံးသပ်လို့ရပါတယ် ။ ပြည်ခိုင်ဖြိုး..ခေါင်းဆောင်ပိုင်းဟာ အခုအချိန်အထိ ရွေးကောက်ပွဲမှာ တစ်ဖက်ပါတီရဲ့ အောင်မြင်မှုကို အပြုသဘောနဲ့ လက်ခံမပြောသလို မိမိတို့ ပါတီရူံးနိမ့်မူ့ကိုလည်း  လူကြီးလူကောင်းပီသစွာ ဝန်ခံမှုမရှိသေးတာတွေ့ရပါတယ်”  
ဒီအချက်ကိုလည်း ကျနော် နည်းနည်းပြောချင် ပါတယ် ။ ဒေါ်အောင်ဆန်းစုကြည်ဟာ သူတို ့ခင်းထားတဲ့ လမ်းထဲဝင်လာတဲ့ အတွက် ကြိုဆိုပါတယ် ဆိုတဲ့ အဓိပ္ပါယ် ဆောင်တဲ့ စကားမျိုးကို အင်တာဗျူးတွေမှာ ဦးဋ္ဌေးဦး ပြောခဲ့တာ ကျနော်မှတ်မိပါတယ် ။ သူတို ့ခင်းထားတဲ့ လမ်းထဲဝင်လာဖို ့အတွက် ဒေါ်အောင်ဆန်းစုကြည်အတွက် ဘာတွေ လိုက်လျောပေးခဲ့ရလဲဆိုတာကို ဦးဋ္ဌေးဦး တစ်ယောက်သိမှာပါ ။ သူတို ့ရဲ  ့လမ်းဟာ ကောင်းလို ့ နောက်ဆုံး ဒေါ်အောင်ဆန်းစုကြည်ကပဲ လက်ခံလိုက် ရသလိုလို ပြောနေတာ  ပြည်ခိုင်ဖြိုးကို ဗီလိန်ဖြစ်စေလိမ့်မယ် ။ NLD ခွဲထွက်တွေကလည်း TV မှာတောင် ဒီကိစ္စကို ရှေ  ့တန်းတင် ဦးစားပေးပြောနေတာတွေ ့ရတယ် ။ သူတို ့ခွဲထွက်တဲ့ကိစ္စကို မှန်ကန်ကြောင်း ပြသချင်နေတာထင်ပါတယ် ။ ဒါပေမဲ ့လူထုက နားလည်ထားတာက NLD ခွဲထွက်တွေ ရွေးကောက်ပွဲ ဝင်ခဲ့တဲ့ အနေအထားနဲ ့ ယခု NLD ရွေးကောက်ပွဲ ဝင်တဲ့ အနေအထားဟာ မတူညီဘူးဆိုတာကို သိနေတယ် ။ သေချာတာက ၂၀၁၀  မှသာ NLD ရွေးကောက်ပွဲ ဝင်လိုက်ရင် အခု နိုင်ငံတကာမှာ မြန်မာနိုင်ငံအတွက် ရေပန်းစားနေတဲ့ Change ဆိုတဲ့ စကားလုံးဟာ အခုလောက် အသံကျယ်လိမ့်မှာ မဟုတ်ဘူး ။ NLD ရွေး ကောက်ပွဲ ဝင်လိုက်တာကို အမြတ်ထုတ်ပြီး ကိုယ့်ပါတီကို အရောင်တင်ချင်တဲ့ ဝါဒဖြန် ့မှုတွေဟာ ကျရှုံး ပါလိမ့်မယ် ။ NLD ရွေးကောက်ပွဲမှာ လူထုကို ဘာလုပ်ပေးမယ် ၊ ညာလုပ်ပေးမယ်ဆိုပြီး ဘာကတိကဝတ်တွေမှ မပေးခဲ့တာကိုလည်း လက်ညှိုးထိုးချင်ကြသေးတယ် ။ NLD ရွေးကောက်ပွဲ ဝင်လိုက်လို ့ ကျနော်တို ့နိုင်ငံရဲ ့ တိုးတက်မှုကို မကြာခင်မှာ မျက်ဝါးထင်ထင်မြင်ရတော့မှာပါ ။
တစ်ပုဒ်လုံး ဖတ်ချင်ရင်တော့ ကျွန်တော် ပေးထားတဲ့ လင့်မှာ သွားဖတ်ပါ ။ ကို Aung Myo Naing (8888) ရဲ  ့ထင်မြင်သုံးသပ်ချက်တွေဟာ ကျွန်တော်နဲ ့တော့ သိပ်ကွဲလွဲစရာ မရှိပါဘူး ။ ကျွန်တော်ဟာ အပေါ်မှာ ပြောခဲ့သလိုပဲ NLD ထောက်ခံသူမဟုတ်သလို  ပြည်ခိုင်ဖြိုး ဆန် ့ကျင်သူလည်း မဟုတ်ပါဘူး ။ လွပ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ရှိသလို ၊ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့်ရှိပါတယ် ။ ငါနဲ ့မတူ ငါ့ရန်သူဆိုတဲ့ အယူအဆတွေဟာ မရှိသင့်တော့ဘူး ။ ကျွန်တော်အနေနဲ ့တော့ ကျွန်တော့်အမြင်တွေကို ထပ်ဆင့် တင်ပြတာပဲရှိပါတယ် ။  ကျွန်တော်တို ့နိုင်ငံကြီးကို သွေးစည်းညီညွတ်စွာနဲ ့ ဖွံ ့ဖြိုးတိုးတက်အောင် ကြံဆောင်နိုင်ကြပါစေ ။

4 comments

  • တီတီရေငုံနှုတ်ပိတ်

    April 11, 2012 at 10:19 pm

    အဟင်း..ဟင်း…
    မြန်မာစကားပုံ ကျွဲပါးစောင်းတီး ဆိုတဲ့စကားဟာ
    အလကားထားတာမှတ်လို့….။။

  • ကြောင်ကြီး

    April 12, 2012 at 7:52 am

    ဟုတ်ဖူး.. မိုက်ကယ်အောင်ပုကို ဂျော်နီဝေါလ်ကား ဘလူးလေဘယ်လ် တိုက်သလို ဖြစ်နေဒါ…။

  • ကောင်းမြတ်သူ

    April 12, 2012 at 11:05 am

    Yama Nya ရဲ့ “ဈေးကွက်မှာ ပါဝင် ယှဉ်ပြိုင်နိုင်ဖို ့ဆိုရင် သူတစ်ပါးကို အပုပ် မချဘဲ နည်းစနစ်တွေပြုပြင်ပြီး အရည်အသွေးကို မြှင့်တင်ပါလို ့ တိုက်တွန်းချင်တယ်” ဆိုတဲ့စာသားကိုအတော်ကြိုက်ပါတယ်။ မလုပ်တဲ့ရင်တော့ ကိုယ့်ကြော်ငြာက သူများအတွက်ဖြစ်သွားမှာပဲ။ ဒါတွေကို ပါတီတိုင်းဂရုစိုက်သင့်တယ်။ ၂၀၁၅ ကို စေတနာအမှန်နဲ့ ပါတီအဖြစ် တက်လှမ်းနိုင်ကြပါစေဗျာ…

Leave a Reply