မြန်မာပြည်ထဲက ငတုံးများနှင့် မနာလိုသူများအတွက်
ကြွားတယ်ဆိုတဲ့စကားလုံးကို မြန်မာလူမျိုးတွေက မကြိုက်ဘူး။ တစ်ခုခု မမြင်ဘူး မတွေ ့ဘူးတာပြောရင် ကြွားတယ်လို ့ပြောကြတယ်။ တချို ့သောရှိတဲ့လူတွေကတော့ ကြွားတာကို မနာလိုကြဘူး။ ရှိတဲ့သူအချင်းချင်းကြတော့ ကြွားဖို ့မလိုပါဘူး။
ကြွားတာက ကောင်းလားမကောင်းဘူးလားဆိုရင်တော့ကောင်းပါတယ်။
ဆရာဝန်တွေရဲ ့အရှေ ့မှာ ဒေါက်တာလို ့ထည့်တာ ကြွားတာပါ။ နောက်ပြီး ကိုယ့်ရရှိတဲ့ ဘွဲ ့တွေကိုဖော်ပြတာကလည်း ကြွားတာပါပဲ။ ဒါကိုကြတော့ ကြွားပြန်ပြီလို ့ဘယ်သူမှမပြောပါဘူး။
လူတွေဟာများများကြွားဖို ့လိုတယ်။ ကိုယ့်မှာရှိတဲ့ပညာ၊ ပစ္စည်းဥစ္စာတွေ ဘယ်လောက်ရှိကြောင်းကြွားဖို ့လိုသလို၊ ကိုယ့်အရည်အချင်းကိုလည်း ကြွားဖို ့လိုတယ်။ ဒါမှ ပွင့်လင်းတဲ့လူ ့အဖွဲ ့အစည်းဖြစ်လာနိုင်တယ်။
တိုင်းပြည်တွေမှာ စစ်လက်နက်တွေ နည်းပညာတွေကို တခန်းတနားဖော်ပြပြီး လူတွေကို ကြည့်ရှုစေတယ်။ ဒါကိုလည်း ကြွားတယ်လို ့ခေါ်တယ်။ ဒါမှ သူတို ့အင်အားဘယ်လောက်ရှိလဲဆိုတာကို လူတွေသိလာနိုင်တယ်။ ဖြုန်လာနိုင်တယ်။
ဘာသာရေးမှာလည်းကြွားတယ်။ ဘာေတွေ ဘယ်လောက်တောင် ဘယ်နှစ်ကျမ်းအောင်ပြီပြီလဲဆိုတာကို ကြွားတယ်။
ကိုယ့်မှာရှိတဲ့ အရှိကို အရှိအတိုင်း တင်ပြတာကို ကြွားတယ်လို ့ ဗမာတွေက ပြောကြတယ်။ အထူးသဖြင့် မြန်မာပြည်က ပညာမဲ့တဲ့လူ၊ မတွေ ့ဘူး မမြင်ဘူးတဲ့လူတွေက မနာလိုစိတ်များပြီး ကြွားတယ်လို ့အပြစ်တင်သံကို ကြားရတယ်။ အထူသဖြင့်ဒီရွာထဲက တချိူ ့သော မရှိဆင်းရဲသား ပညာမဲ့တွေဟာ သူများရှိတာကို မနာလိုတော့ ကြွားတယ်ဆိုပြီး မစားရဝခန်းပြောတယ်။ သူတို ့သာရှိရင် ပိုလို ့တောင်ကြွားအုံးမလားမသိဘူး။
မနာလိုစိတ်ဟာ မပြည့်စုံလို ့ပေါ်လာတာပါ။ အထူးသဖြင့်အမျိူးသမီးတွေမှာ မနာလိုစိတ်ပိုများတယ်။ ရွာထဲက မပြည့်စုံတဲ့လူတွေ သတိထားဖို ့တင်ပြနေခြင်းပါ။ အရွယ်ရောက်ပြီး အသိညဏ်မရှိရင် ဒီလူတွေဟာ တိရဆန်နဲ ့မကွာဘူး။ ဆင်ချင်ကြဖို ့ပါ။ အထူးသဖြင့် မြန်မာနိုင်ငံထဲက အလုပ်မရှိအကိုင်မရှိ အားအားရှိရှိ အင်တာနက်ပေါ်မှာ ဖွန်ကြောင်နေတဲ့ လူတွေ တွေးတောနိုင်ကြပါစေ။
ရန်ကုန်သားတွေမှာ ရောဂါတစ်ခုရှိတယ်။ ကိုယ့်မှာ မရှိပေမဲ့ ရှိတဲ့ဟာကို ထုတ်ကြွားတာက သူတို ့ရဲ ့အမှုအကျင့်ပဲ။ နောက်ပြီး ရန်ကုန်သားတွေမှာ အထူးသဖြင့် ဗမာတွေမှာ မနာလိုစိတ်တအားများတယ်။ ဒီစိတ်လည်း ရှိသင့်တယ်။ ဒါ့ကြောင့် နိုင်ငံရေးလုပ်ကြတာပေါ့။ ဥပမာ ဗိုလ်ချုပ်ကြီးတွေ အရမ်းချမ်းသာတာ မတရားတာကို မနာလိုရင် အခုလောက်ထိအောင် ဖြစ်နေမှာမဟုတ်ဘူး။ သူတို ့ရှိတာပဲ၊ သူတို ့ကုသိုလ်ကံကြောင့်ဒီလိုဖြစ်တာဆိုပြီး ကြံဖန်ပြီး တွေးနိုင် ရန်ဘယ်တော့မှမဖြစ်ဘူးပေါ့။
10 comments
အိမ်လွမ်းသူ
April 23, 2012 at 1:17 pm
ကဲ ရွာသူ/သားအပေါင်းတို့ရေ အခုချိန်ကစ၍ ဆရာ ဦးလဖုန်းကျော် ( ဪဆီမိုင်းတွင်း ) ၏ ရင်တွင်းခံစားချက်စစ်စစ်ဖြစ်သော ” ကြွားနည်းကတစ်ရာနစ်ရာ လဖုန်းကျော်က တစ်ကောင်တဲ ။ အဆဲအဆိုခံလို လဖုန်းကျော် အံကိုခဲ ချီးပန်းလျှက်ပဲ” အခန်းဆက် ဝတု္တရှည်ကြီး ကိုစတင်ဆက်တော့မှာဖြစ်တဲ့ အတွက် ဝိုင်း ဆဲ အဲလေ အားပေးကြပါ အုံးလို။ နှောင်.. ဗေ… နှောင်…. နှောင်.. ဗေ… နှောင်…. ဟိ..ဟိ နောက်တာနော်စိတ်ဆိုးရဘူး.. လူဆိုး..
မိုက်ကယ်ဂျော်နီအောင်ပု
April 23, 2012 at 2:22 pm
မောင်ဖုန်းကျော်ပြောတာကတော့ ဟုတ်တုတ်တုတ်ဘဲကွ
တော်တော်တွေးတတ်တာဘဲ
ထောက်ခံတယ်ဟေ့ထောက်ခံတယ်
ကဲကျုပ်လည်းကျုပ်မှာရှိတာကျုပ်ကြွားမယ်ဗျို့
…………………
ငါ့ -ီး ဘဲဟေ့ ငါ့ -ီး ဘဲ
ဟုတ်တယ်ကွ
မောင်ဘုန်းကျော်ပြောတာထောက်ခံတယ်
ကျုပ်ကသူများလို ကားတွေဘာတွေမရှိတော့ ကျုပ်ရှိတာကျုပ်ကြွားပြီး
နည်းနည်းတောင် မာနကြီးခြင်လာပြီ
ဗိုက်ကလေး
April 24, 2012 at 11:07 am
အူးလေးကလဲ အရမ်းကြွားဒါဘဲ..ဟာဗျဲ..ဟာဗျဲ
etone
April 23, 2012 at 2:31 pm
အင်း … ခက်တော့ ခက်ပြန်ပြီ .. ဟိဟိ …. 😆
ကြွားတာမှာ နှစ်မျိုး ယေဘုယျခွဲပါမယ် … လူကြားကောင်းအောင် ကြွားခြင်းနဲ့ လူကြားမကောင်းအောင် ချဲ့ကားကြွားခြင်းဆိုပြီးပေါ့ ..
လူကြားကောင်းအောင် ကြွာခြင်းမျိုးက .. ပညာသားပီပီ တွေးခေါ်တတ်သူမျိုး ၊ စကားပြောကျွမ်းကျင်သူမျိုးတွေကြွားတတ်ပါတယ် … ။ သဘာဝနဲ့ အနီးစပ်ဆုံးပြောဆိုပြူမူ ကြွားတာ ဖြစ်ပေမယ့် .. သူကြွားတာကို ဘယ်သူကမှ သံသယ မဝင်ပဲ ပညာသားပါပါ ကြွားတယ်လို့ မမြင်ပါပဲ …. တစ်ဖက်သားကို ကြွားပြသွားသူမျိုးပါ … ။
လူကြားမကောင်းအောင် ချဲ ့ကားကြွားခြင်းဆိုတာကတော့ ….. ကြွားချင်စိတ်သာ ထက်သန်ပြီး အကျိုးကြောင်းဆီလျှော်ကိုက်ညီမှုမရှိပါဘူး …ပြောရလျှင် ကြွားမှန်း သိသိသာသာကြီးပေါ်လွင်နေပြီး … မဟုတ်တာကို အဟုတ်လုပ်ပြောသလို … လိပ်ကို ကြမ်းပိုးဖြစ်အောင် ပြောတာမျိုးမို့ … လက်တွေ့ဘဝနဲ့ ကိုက်ညီမှုမရှိတာကြောင် ့ … လူအမြင်ကတ်ခံရ တတ်ပါတယ် … ။ လူတွေနဲ့ အံဝင်ခွင်ကြမဖြစ်ပဲ … လူ့ချဉ်ဖတ်လည်းဖြစ်ရတတ်တယ် … ။ ကိုယ့်ထမင်းကိုယ်စားပြီး လူမုန်းခံချင်တဲ့ လူတွေက ဒီလို ကြွားနည်းမျိုးသုံးတတ်ကြတယ် 😛
R Ga
April 23, 2012 at 5:17 pm
ဘုန်းကျော်သည် ဩစတျေးလျနိုင်ငံတွင်နေသည်။ ၁၉၇၉-ခုနှစ်တွင် အင်းစိန်မြို ့တွင်မွေးပြီး မင်္ဂလာဒုံမြို ့နယ်ရှိ စစ်တပ်ထဲတွင် ကြီးပြင်းလာခဲ့သည်။ အဖေဖြစ်သူသည် တကြပ်ကြီးတဦးဖြစ်သည်။ ၁၉၉၉-ခုနှစ်တွင် ဘုန်းကျော်တောခိုခဲ့သည်။ နယ်စပ်ကလူ ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီတွင် ၁၉၉၉-၂ဝဝ၅ ထိ တာဝန်ထမ်းသည်။ လက်ရှိအလုပ်အကိုင်သည် ဩစတျေးလျနိုင်ငံရှိ ရွှေတူးဖော်ရေးမိုင်းတခုမှ ဝန်ထမ်းတစ်ဦးဖြစ်သည်။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကျောင်းသားတဦးလည်းဖြစ်သည်။ ခလေးသုံးယောက်ရှိသည့် အိမ်ထောင်သည်ဖြစ်သော်လည်း စော်ချောချောမြင်လျှင် ငန်းတက်သည်။
ဒါလည်း ကြွားနည်းတစ်မျိုးလားမသိ….ဘူးနော်…။
shwe kyi
April 23, 2012 at 6:56 pm
ဝေဖန်ခံနိုင်ပြီး အမြင်ကျယ်လွန်းတဲ့ ပညာရှိကြီးရှင့်။
အမြင်မတော်သည်များကို ဆက်လက်မြွက်ကြားပါရှင်။
မြန်မာပြည်မှာနေတဲ့ ရွှေကြည်တို့လို ပညာမွဲ၊ အသိပညာမဲ့ ဆင်းရဲသားငတုံးကောင်များကိုဆက်လက်ဆုံးမပါဦးရှင်။
ကိုဘုန်းကျော်လို ဘက်စုံကကြည့်တတ် မြင်တတ်တဲ့ သူမျိုးဟာလောကကြီးကောင်းဖို့ တော်တော်လေး
လိုအပ်ပါတယ်။ ကိုဘုန်းကျော် သက်တော်ရာကျော်ရှည်ပါစေ ရှင်။
မဟားတရားကို လေးစားလျှက်…….
Thel Nu Aye
April 23, 2012 at 7:02 pm
အသုံးမတဲ့ပဲ အကျိုးမရှိ လူအမြင်ကတ်တဲ့ပိုစ့်တွေများများရေး။ Comment တွေများများရအောင်လုပ်ပြီးသဂျီးဆီကပိုက်ဆံညာယူနေခြင်းဖြစ်ပါတယ်။
yuiio
April 23, 2012 at 8:29 pm
မတရားတာကို မတရားဘူးပြောတာ မနာလိုဖြစ်တာမှ မဟုတ်တာ။ ပေါက်တတ်ကရတွေ လျှောက်ပြောမနေပါနဲ့။ မင်းပြောနေတာက အထက်စီးကနေ အထင်သေးနေတဲ့ အမြင်နဲ့ရေးထားတာ။ စာဖတ်သူကို စော်ကားနေသလိုပဲ။ မကောင်းတာတွေကို ပြင်စေချင်ရင် အပြုသဘောပြောပါ။ အပျက်သဘောနဲ့ ဘာကိုမှ မရေးပါနဲ့။ ဒီစာကို ဖတ်လိုက်ရင် ခင်ဗျားရဲ့ စိတ်နေစိတ်ထားဘယ်လိုဆိုတာ သိတယ်။ မိမိကိုယ်ကိုယ် မိမိ နှိမ့်ချခြင်းက မင်္ဂလာတစ်ပါးပါ။ အဲ့ဒါဆိုရင် ကြွားဝါခြင်းက အမင်္ဂလာလိုမဆိုနိုင်ပေမဲ့ ….. မင်္ဂလာတစ်ပါး မဟုတ်တာတော့ သေချာပါတယ်။ မနာလိုတဲ့စိတ်ကြောင့် ကြွားဝါမှုက အပြစ်ဖြစ်ရတာမဟုတ်ပါဘူး။ ကြွားဝါလို့ ကြွားဝါတယ် ပြောတာကို မနာလိုလို့ပြောတာပါလို့ အသိဉာဏ်သေးနုတ်စွာ မပြောပါနဲ့။ ကိုယ့်မှာရှိတာကို ရှိတယ်လို့ပြောတာက နည်းလမ်းမကျရင် ကြွားဝါခြင်းဖြစ်သွားတတ်ပါတယ်။ ကိုယ်မှာရှိလို့ ရှိတယ်ပြောတာတိုင်းက ကြွားဝါခြင်းမဟုတ်ပါဘူး။ ကိုယ်က ဆရာဝန်ဖြစ်လို့ ဆရာဝန်ပါလို့ ပြောတာက ကြွားတာမဟုတ်ပါဘူး။ ဆရာဝန်က ဆရာဝန်ပါလို့ မပြောရင် ဘယ်လိုပြောမလဲ။ လူတိုင်း မသိစိတ်သဘောနဲ့ ခွဲခြားနိုင်တဲ့ ကြွားဝါခြင်းနဲ့ ကြွားဝါခြင်းမဟုတ်တဲ့ပြောဆိုခြင်းကို မခွဲခြားနိုင်အောင် အသိဉာဏ်နည်းတာကိုတော့ အံဩမိပါတယ်။
Ever Golli
April 24, 2012 at 10:21 am
ဟီးဟီး..
ကဘုန်းကျော်နဲ့ကဂျော်နီအောင်ဘု..ကို..အဲ့သာတွေ..ကြိုက်တာ..ဟီးဟီး
ကိုဂီ..ကျန်သေးတယ်..ဘယ်ရောက်နေလဲ..မတိဘူး..၁၉လမ်းထဲမှာ..
ဘီဘီ.သောက်နေတယ်..ထင်ပါ့.. 😉
လူ ဟား
April 24, 2012 at 12:12 pm
” ရန်ကုန်သားတွေမှာ ရောဂါတစ်ခုရှိတယ်။ ကိုယ့်မှာ မရှိပေမဲ့ ရှိတဲ့ဟာကို ထုတ်ကြွားတာက သူတို ့ရဲ ့အမှုအကျင့်ပဲ။” အဲဒါ မှားတယ် အင်းစိန်သားကြီးခင်ဗျ…
အကျွန်ုပ် မောင်လူဟား တွေ့ခဲ့သမျှမှာတော့ဖြင့် “ရန်ကုန်သူ/သား တွေက မရှိပေမဲ့ ရှိဟန်ဆောင်ပြီးကြွားတတ်တာပါ..”