သူခိုးက လူပြန်ဟစ်လို ့ရတယ်ပေါ့
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူမ၏ ပါတီထက် ပြည်သူအတွက် အလုပ်လုပ်သင့်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ပြောကြားချက်ကို ကိုးကားပြီ Jiji သတင်းတစ်ပုဒ်တွင် ဖေါ်ပြထားပါသည်။
ဆက်ပြီးတော့ —-
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ကတိသစ္စာပြုချက်တွင် ပါဝင်သော စာသားကို ပြောင်းလဲပြင်ဆင်ရန် အစီအစဉ်မရှိကြောင်း ယနေ့ ဧပြီလ ၂၃ရက်နေ့က ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ပြောကြားခဲ့သည်ကို ကိုကားပြီး AFP သတင်းတွင် ဖေါ်ပြထားပါသည်။
လက်ရှိအချိန်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဂျပန်နိုင်ငံသို့ (၅)ရက်ကြာ ချစ်ကြည်ရေးခရီး ရောက်ရှိနေခြင်းဖြစ်သည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မိမိအနေဖြင့် နိုဗယ်ငြိမ်းချမ်းရေး ဆုရှင်အား လွှတ်တော်တွင် ကြိုဆိုချင်ပါကြောင်း သို့ရာတွင် လွှတ်တော်သို့ တက်ရောက်ခြင်း မတက်ရောက်ခြင်းမှာ သူမနှင့်သာ သက်ဆိုင်ပါကြောင်း သတင်းထောက်များအား တိုကျိုမြို့တွင် ပြောကြားခဲ့သည်ဟု အဆိုပါသတင်းတွင် ဖေါ်ပြထားပါသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် ဧပြီလ ၁ ရက်နေ့တွင် ကျင်းပခဲ့သော ကြားဖြတ်ရွေးကောက်ပွဲတွင် ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှ အနိုင်ရရှိခဲ့သည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ဖြစ်ထွန်းရေး အကောင်အထည် ဖေါ်မှုနှင့် ပတ်သက်၍ နောက်ကြောင်းပြန်လည့်မည် မဟုတ်ကြောင်း၊ ပြည်သူများ၏ အကျိုးစီးပွားအတွက် တူညီသောလမ်းကို လျှောက်လှမ်းရန် ဒေါ်အောင်ဆန်းစုကြည်နှင့် ပူးပေါင်းဆောင်ရွက်လိုပါကြောင်းလည်း သတင်းထောက်များအား ပြောကြားခဲ့သည်။
အော်ဦးသိန်းစိန်—-ဦးသိန်းစိန်——
ကြာတော့လဲမေ့ပီပေါ့ဗျာ။လေးနှစ်ဘဲရှိပါသေးသဗျ။အဲဒီ constitution ကကိုယ်လိုရာကို ဆွဲရေး၊ကန် ့ကွက်မဲတွေ
ထောက်ခံမဲ ဖြစ် ကသောကမျော ကြီးမဟုတ်လား။
အဲဒီတော့ ခင်များတို ့ပြင်ပေးမယ်၊မပြင်ပေးဘူး ပြောချင်သလိုပြော—–ခင်များတို ့သိထားရမှာက
(၁)အမေစု ဆိုတာ စစ်ခွေးတွေနဲ ့တနေရာတည်းအတူထိုင်၊ခေါင်းချင်းဆိုင် ဆွေးနွေးရမယ့် သူတော့မဟုတ်ဘူး။
(၂)လက်ရှိ လွှတ်တော်ထဲကို မဲခိုးပြီးရောက်နေတဲ့ သူတောင်းစားတွေနဲ ့သာဆက်သွား နောင်နှစ်(၁၀၀)ကြာလဲ
မပြောင်းလဲတော့ဘူး။
———————————————————————-
Eleven Media Group Facebook စာမျက်နှာမှ
12 comments
etone
April 23, 2012 at 2:35 pm
စိတ်ဝင်စားစရာတော့ကောင်းလာပြီ …. ဒီယုန်မြင်လို့ ဒီခြုံထွင်တယ်လို့ပြောလို့ရတယ် … ။
ဆန်ရှင်တွေ လျော့ပေးလိုက်တာ စောများ သွားသလားလို့တောင် …. တွေးတောမိပါတယ် ။
kyeemite
April 23, 2012 at 4:12 pm
Eleven Media Group မှာအဲဒီသတင်းအတွက် ကွန်မန့်တွေပေးထားတာတော်တော်ကောင်းတယ်ဗျို့
ဒီကော်မန့်လေးဖတ်ကြည့်ပါဗျာ..
ပထမတော့… အင်န်အယ်လ်ဒီကို…အားမလိုအားမရဖြစ်ခဲ့ပါတယ်…ဝန်ခံပါတယ်..
ဒါပေမဲ့…
ဒီနေ့၂၃-၄-၂၀၁၂သတင်းစာတွေမှာတပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်ဗိုလ်မှုးဗို်လ်ကြီးနေရာတွေမှာဗိုလ်မှုးချုပ်၊ဗိုလ်မှုးကြီးအဆင့်တွေအစားထိုးလဲလှယ်လိုက်တာကိုတွေ့လိုက်ရပါပြီ….
.အဲဒီလို..လုပ်နေလို့ရနေတာကိုက………?????
အခု လွှတ်တော်မစမီ လဲလှယ်လိုက်တဲ့ တပ်မတော်သားကိုယ်စားလှယ် အရာရှိကြီးတွေဟာ အုပ်ချုပ်မှုပို်င်း/ဥပဒေပိုင်းနဲ့စီမံခန့်ခွဲမှုပိုင်းတွေမှာယခင်အရာရှိငယ်တွေထက်ကော..အင်န်အယ်ဒီလွှတ်တော်ကိုယ်စားလှယ်အများစုထက်ပါ….အတွေ့အကြုံပိုင်းအရ…အစစအရာရာ သာတယ်လို့ ယူဆမိပါတယ်..။ အရင်တုန်းကတပ်မတော်သားတွေကလက်အောက်ငယ်သားအဆင့်ပါ..။ အခုလဲလှယ်လိုက်တာက Leader အဆင့်တွေဖြစ်တာကြောင့် လွှတ်တော်မှာ အခြေအနေအားလုံးကိုတကယ်လက်တန်းဝင်ရောက်ဆွေးနွေးနိုင်စွမ်း ရှိလာနိုင်မှာပါ။
ဒါဟာ ကာချုပ်ကြီးမင်းအောင်လှိုင် မိန့်ခွန်းအရ အခြေခံဥပဒေကို ကာကွယ်ဖို့အတွက် အမာခံတွေရောက်ရှိလာတယ်လို့လည်း ယူဆနိုင်ပါတယ်..။
ဒါ့အပြင်.ကြိုတင်ပြင်ဆင်ခင်းကျင်းနေရာချ.တဲ့သဘောတွေပါ..
လွှတ်တော်ထဲမှာ အဲဒီအရာရှိကြီးတွေနဲ့ NLD နဲ့ ထိပ်တိုက် တွေ့လာနိုင်ပါတယ်..။
ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD တို့က စကားတစ်လုံးအပေါ် ဘာ့ကြောင့်ဒီလောက်အထိအလေးအနက်ထားနေသလဲဆိုတာကိုလည်း သဘောပေါက်လာမိပါတယ်..။
အခုလို တပ်မတော်ဘက်ကက စနစ်တကျ ကြိုတင်ပြင်ဆင်မှုတွေလုပ်လာတဲ့အတွက်အမေစုပြောတဲ့“လွှတ်တော်ကို မသွားဘူးလို့ မပြောဘူး။ လွှတ်တော်ကို သွားနိုင်မယ့်အချိန်ကို စောင့်နေတာ” ဆိုတဲ့အတိုင်း စကားလုံးပြောင်းလဲမှုကို စောင့်ဆိုင်းခြင်းက ကောင်းမည်ဆိုတာကိုအခုသဘောပေါက်လာပါပြီ….
kyeemite
April 23, 2012 at 4:16 pm
NLD လွှတ်တော်ထဲဝင်တော့မယ်ဆိုတော့ NLD (အဓိကကဒေါ်စု)နဲ့ယှဉ်ဘို့
သဘာရှိတဲ့လူတွေနဲ့ အချိန်မှီလဲလှယ်လိုက်တာသိသာပါတယ်..
ကြောင်ကြီး
April 23, 2012 at 6:15 pm
ပိုအဆင့်မြင့်တဲ့ စစ်ဗိုလ်တွေနဲ့ အစားထိုးလိုက်တဲ့သဘောဟာ အန်အယ်လ်ဒီ တောင်းဆိုချက်ကို လက်ခံတော့မယ်ဆိုတဲ့ အချက်ပြချက်ဖြစ်နိုင်တယ်..။ အရင်က ဗိုလ်ကြီး ဗိုလ်မှူး ငချွတ်အဆင့်ဂလေးနဲ့ လွှတ်တော်ကို ပမာမခန့်ပြုထားတာလေ…။ ဒါကိုပဲ အန်အယ်လ်ဒီမျက်နှာနဲ့ ထိုင်ခုံတနေရာရလို့ မာန်တက်နေတဲ့ အတိုက်အခံ လွှတ်တော်ငမတ် ဆိုသူတွေက အဟုတ်ထင်နေတာ.. အခုမင်းတို့ နေရင်းထိုင်ရင်း ရာထူးတက်အောင် ဒေါ်စုလုပ်ပေးလိုက်တာ ကျေးဇူးမကန်းဂျနဲ့..။
Swal Taw Ywet
April 23, 2012 at 10:19 pm
Totally Correct,
Bravo Brother ကြောင်ကြီး .
( by the way, Can I call You Ba Ba ကြောင်ကြီး ??
Because your experiences and foreseeing are excellent.)
I do respect you.
With respect,
Swal Taw Ywet.
seahorse
April 23, 2012 at 6:39 pm
ကိုယ့်ညီကိုတို ့ရေ7Day News Journalမှာတော့ဒီလိုလေး….
ကျမ်းသစ္စာကျိန်ဆိုမှုနှင့်ပတ်သက်၍ သမ္မတ၏
မှတ်ချက် သတင်းမှားကို ကျိုဒိုသတင်းပြန်လည်ပြင်ဆင်မည်
တိုကျို၊ ဧပြီ – ၂၃
မြန်မာသမ္မတဦးသိန်းစိန်နှင့် ဂျပန် သတင်းဌာန ကျိုဒိုသတင်းအေ ဂျင်စီတို့သည် ဂျပန်တွင် ယနေ့ ညနေ၌ တွေ့ဆုံဆွေးနွေးကာ မြန် မာနိုင်ငံတွင်း၌ ကျိုဒိုသတင်းဌာန ၏ ဌာနခွဲတစ်ခု ထားရှိရေးဖြစ် နိုင်ခြေများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
တွေ့ဆုံဆွေးနွေးမှုအတွင်း ကျိုဒိုသတင်းဌာန၏ ဥက္ကဋ္ဌ အီရှီ ကာဝါဆာတိုရှီနှင့် တွေ့ဆုံရာတွင် သမ္မတဦးသိန်းစိန်က ဒေါ်အောင် ဆန်းစုကြည်နှင့် အင်န်အယ်လ်ဒီ ပါတီ၏ လွှတ်တော်မတက်ရန် ဆုံးဖြတ်ခဲ့မှုနှင့်ပတ်သက်၍ ၎င်းင်း၏ မှတ်ချက်တွင် ဒေါ်အောင်ဆန်းစု ကြည်အား ပါလီမန်ကို သတိတ် မှောက်ရန် ဖြစ်စေခဲ့သော ကျမ်း သစ္စာကျိန်ဆိုမှုကို ပြောင်းလဲရန် ၎င်းအနေဖြင့် အစီအစဉ်မရှိပါ ကြောင်း ကျိုဒိုသတင်းကဖော်ပြခဲ့ ပါသည်။
အမှန်အားဖြင့် သတင်းမှား တစ်ရပ်သာဖြစ်ပြီး ခိုင်မာသော ယုံကြည်မှုတစ်ရပ်တည်ဆောက် ရန်ကြိုးပမ်းနေသော သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ယုံ ကြည်မှုလွဲမှားခြင်းကို ဖြစ်ပေါ်စေ နိုင်ပါသည်။ ထို့ကြောင့် သမ္မတဦး သိန်းစိန်က ကျိုဒိုသတင်းအေဂျင်စီ အကြီးအကဲ မစ္စတာဆာတိုရှီအား ၎င်းင်းတို့ တွေ့ဆုံမှု၌ သတင်းမှန်ပြန် လည်ဖော်ပြပေးရန် တောင်းဆိုခဲ့ ပါသည်။
ထို့ကြောင့် မစ္စတာဆာတိုရှီ သည် သမ္မတရှေ့မှောက်၌ပင် ၎င်းင်း ၏သတင်းဌာနမှ သတင်းကို ဂရု တစိုက်ပြန်လည်စစ်ဆေးဖတ်ရှု ကာ မကြာမီ သတင်းကို အမှား ပြင်ဆင်ချက် ပြန်လည်ပြုလုပ်ပေး မည်ဖြစ်ကြောင်း အာမခံပြော ကြားခဲ့ကြောင်း ဂျပန်ခရီးစဉ်တွင် လိုက်ပါနေသော အစိုးရတာဝန်ရှိ သူတစ်ဦးကပြောသည်။
ရွာစားကျော်
April 23, 2012 at 10:01 pm
နောက်ဆုံးရရှိတဲ့ သတင်းကတော့
လိပ်ခဲတည်းလည်း ဖြစ်နေတဲ့ အဖွဲ့ချုပ် လွှတ်တော်အမတ်များ ကျမ်းသစ္စာ ကျိန်ဆိုရန်အတွက် စာသားပြင်ဆင်ပေးရန် ကိစ္စအဆင်ပြေဖို့ များကြောင်းသိရှိရသည်…။ ယခု လတ်တလော ရက်သတ္တပတ် (၂)ပတ်ခန့်ကျင်းပမည့် လွှတ်တော်အစည်းအဝေး အတွင်း တက်ရောက်နိုင်ရန် အချိန်မှီကောင်း မှီနိုင်ကြောင်းလည်း သိရှိရပါသည်။
ဒီမိုဝေယံဖေ့စ်ဘွတ်မှာ ဖတ်လိုက်ရပါတယ်…
ရခိုင့်သွီးချေ
April 23, 2012 at 10:42 pm
ကျနော်ကတော့ ပြောလို ့ရာကို လူကြီးပီသစွာ လိမ္မာပါးနပ်စွာ
ပြောဆို စေချင်မိတယ်။အားလုံးသော စစ်သားတွေလဲ ခွေးနဲ ့
နှိုင်းရလောက်အောင်ထိ မရိုင်းနိုင်သလားလို ့ပါ။မိတ်ဆွေ
ကိုနာဂက အမုန်းကြီးမုန်းနေသလာလို ့။လျှော့ပေါ့ ပြောစေလို
ပါတယ်။စိတ်ရင်း စေတနာ မှန်နဲ ့ပါဗျာ။
Mလုလင်
April 24, 2012 at 2:12 am
အားလုံး သောစစ်သား မရိုင်းဘူး ဆိုတာကို လက်ခံ နိုင်ပါတယ်။ စစ်သားအားလုံး မရိုင်းဘူးဆိုတာကိုတော့ လက်မခံ နိုင်ပါဘူး။ စစ်တပ် မှာ ကျင့်သုံး နေတာက Team Work ပါ .. အဲ့ဒီတော့ ငခုံးမ တစ်ကောင်ကြောင့် တစ်လှေလုံးပုပ် ဆိုသလို ပေါ့ …… ဝက်ဖြစ်မှ တော့ မစဉ် ကြောက်နေလို့ ဘယ်ရပါ့မလဲ ဗျာ နော့ …..
ကြောင်လေး
April 24, 2012 at 6:46 am
NLD လွှတ်တော် တက်ဖို့ ပြေလည်မှု မရသေး
မြန်မာ သမ္မတ ဦးသိန်းစိန်
ပြည်သူလူထု နဲ့ တိုင်းပြည်အတွက် အကျိုးရှိမယ်ဆိုရင် အခြေခံဥပဒေပြင်ဆင်ရေးကိစ္စကို လွှတ်တော်မှာ ဆွေးနွေး ဖို့ ဖြစ်နိုင်ခြေရှိပါတယ်လို့ သမ္မတဦးသိန်းစိန်က ပြောလိုက်ပါတယ်။ ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ သတင်းထောက်တွေနဲ့ ဒီကနေ့ တွေ့ဆုံတဲ့အချိန် မြန်မာသမ္မတက အဲဒီလိုပြောခဲ့တာပါ။ အခုဖြစ်ပေါ်နေတဲ့ ကျမ်းသစ္စာကျိန်ဆိုတာမှာ စာသားပြောင်းလဲပေးဖို့ ကိစ္စဟာ အသစ်တခုမဟုတ်ဘဲ လုပ်ပေးဖို့အတွက် အခက်အခဲမရှိနိုင်ဘူးလို့ ယူဆတဲ့အကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD တာဝန်ရှိသူတဦးကလည်း ပြောပါတယ်။
ဂျပန်နိုင်ငံမှာရောက်နေတဲ့ သမ္မတဦးသိန်းစိန်က ဒီကနေ့ ဂျပန်မီဒီယာတွေနဲ့ တွေ့ဆုံရာမှာ NLD ပါတီဘက် ကတင်ပြထားတဲ့ ကျမ်းသစ္စာ ကျိန်ဆိုတာမှာ စကားလုံး ပြင်ပေးဖို့ဆိုတာ နဲ့ပတ်သက်ပြီး သတင်းသမားတွေ မေးတာကို တိုက်ရိုက် မဖြေခဲ့ပါဘူး။ ဒါပေမဲ့လည်း လွှတ်တော်တက်ရေးကိစ္စဟာ NLD ပါတီကိုယ်တိုင်က ဆုံးဖြတ်ရမယ့် ကိစ္စဖြစ်ပြီး အခြေခံဥပဒေပြင်ဆင်ရေးကတော့ လွှတ်တော်မှာ ဆွေးနွေးဖို့ ဖြစ်နိုင်ခြေ ရှိတယ်လို့ ဖြေဆိုခဲ့တာပါ။ ဒီသတင်းတွေကို စောင့်ကြည့်လေ့လာပြီး ဖတ်ရှုထားတဲ့ ဂျပန်နိုင်ငံသား ဝါရင့် သတင်းစာဆရာကြီး ဟိဆအို့ တနဘဲ့ (Hisao Tanabe) ခေါ် ဦးရွှေဘက ဗွီအိုအေကို အခုလိုပြောပါတယ်။
“အဲဒီ ကိစ္စ အန်အယ်ဒီ ကိစ္စနဲ့ ပတ်သက် ပြီးတော့ အန်အယ်ဒီ အနေနဲ့ တောင်းဆိုနေတဲ့ ၂၀၀၈ အခြေခံ ဥပဒေ ပြင်ဖို့ ဘာညာ နဲ့ ပတ်သက်ပြီးတော့ သူက ဘာမှ မပြောဘူး။ မပြောပေမဲ့ ခုနက လွှတ်တော် ကို တက်မတက် ဆိုတာက ဒေါ်စု ကိုယ်တိုင် က ဆုံးဖြတ်ဖို့ ဖြစ်တယ် လို့ဘဲ ဖြေလိုက်တယ်။ နောက်ထပ် constitution အခြေခံ ဥပဒေနဲ့ ပတ်သက်ပြီးတော့ generally speaking ဆိုတဲ့ သဘောနဲ့ သူပြောတာက ပြည်သူ ပြည်သားတွေ အကျိုးရှိစေဖို့၊ တိုင်းပြည်အတွက် အကျိုးရှိစေဖို့ ဆိုရင် အခြေခံ ဥပဒေကို ပြင်ဆင် ဖို့ဟာ ဖြစ်နိုင်ပါတယ်။ လွှတ်တော်မှာ ဆွေးနွေးမှာ ဖြစ်ပါကြောင်း ဖြေလိုက်တယ် တဲ့။”
လွှတ်တော်ကိုယ်စားလှယ်အသစ်တွေ ကျမ်းသစ္စာကျိန်ဆိုတာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ် စောင့်ရှောက် ပါမည်ဆိုတဲ့ စာသားအစား လေးစား လိုက်နာပါမည်ဆိုတဲ့ စာသားနဲ့ ပြောင်းလဲ ပြင်ဆင်ပေးဖို့ NLD ပါတီဘက်က ကြိုးစားနေတာဖြစ်ပါတယ်။ ဒီကနေ့စပြီးကျင်းပတဲ့ လွှတ်တော်အစည်းအဝေးတွေအမီ မပြီးပြတ် ခဲ့တဲ့အတွက်လည်း ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD ပါတီက ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်တွေ လွှတ်တော် မတက်ဖြစ်ခဲ့ကြပါဘူး။ ဘယ်တော့လောက် ပြေလည်မယ် ဆိုတာကို အတိအကျ မပြောနိုင်ပေမဲ့ ပြေလည်ဖို့အတွက်ကိုတော့ NLD တာဝန်ရှိသူတွေက ယုံကြည်နေဆဲပါ။
“ဒီ ကိစ္စက ပြဿနာ အသစ်အဆန်း မဟုတ်ဘဲကိုး။ ကျနော်တို့ ပါတီ ရွေးကောက်ပွဲ ဝင်ဖို့ ကိစ္စ၊ ရွေးကောက်ပွဲ ဝင်ဖို့ ကိစ္စ ဖြစ်ပေါ်လာအောင် လိုအပ်သလို ပြုပြင်ပေးတဲ့ အတွက်ကြောင့် မို့လို့ အဲဒီလို ပြုပြင်ပေးတဲ့ ဟာမှာ ပေါ်မှာ မူတည်ပြီး မှတ်ပုံတင်တယ်။ ရွေးကောက်ပွဲ ဝင်တယ်။ ပြုပြင်ပြီးတဲ့ ကိစ္စ နောက်ပိုင်းမှာ ဆက်ပြုပြင်ဖို့ဆိုတာ သူတို့မှာ အခက်အခဲ ရှိစရာ အကြောင်း မရှိဘူးလို့ ယူဆပါတယ်။”
NLD ပါတီရဲ့ ဗဟို ကော်မတီဝင်နဲ့ မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ် ကနေ ရွေးကောက် တင်မြှောက်ခံ ထားရတဲ့ လွှတ်တော် ကိုယ်စားလှယ်တဦးဖြစ်သူ ဦးဝင်းထိန်ပါ။
ဂျပန်မှာရှိနေဆဲ သမ္မတ ဦးသိန်းစိန်က မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲရေးဟာ နောက်ကြောင်း ပြန်မလှည့်တော့ ပါဘူးဆိုပြီး ပြောတယ်လို့လည်း ဂျပန်သတင်းမီဒီယာတွေက ဖော်ပြကြပါတယ်။
ဒါပေမဲ့လည်း အခုပေါ်ပေါက်နေတဲ့ ကျမ်းသစ္စာ ကျိ်န်ဆိုရေး၊ ဒေါ်အောင်ဆန်း စုကြည် အပါအဝင် NLD ကိုယ်စားလှယ် တွေ လွှတ်တော် တက်ရောက်နိုင်ရေးကိစ္စဟာ ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို ပြင်ဆင်ရမယ့် အခြေအနေထိ ဖြစ်နေတာကြောင့် သိပ်မကြာခင်မှာ ပြီးပြတ်မယ့်အခြေအနေမျိုး ခုချိန်ထိတော့ မတွေ့ရသေး ကြောင်းပါ။
By ကျော်ကျော်သိန်း(ဗွီအိုအေ-မြန်မာပိုင်း)
သစ်ထူးလွင် 4/24/2012 04:19:00 AM
Labels: မြန်မာ့သတင်း
မောင်သန်းထွဋ်ဦး /အတိသဉ္ဖာ နာဂရချစ်သူ
April 24, 2012 at 11:39 am
အားလုံးသော အကိုမောင်ရင်းနှမတို ့၏ ထင်မြင်ချက်၊အကြံပြုချက်၊ဆွေးနွေးချက်များအပေါ်
များစွာ ကျေးဇူးတင်ပါကြောင်း
R Ga
April 24, 2012 at 4:33 pm
Venus News Weekly ,24 April 2012 — သမ္မတ စစ်ရေးအမြင်ရှိရမည် ၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်ပြဌာန်ချက်များနှင့် ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်ရေး NLD အမတ်များညှိနှိုင်းစည်းဝေး
မြန်မာနိုင်ငံ၏သမိုင်းဝင်အပြောင်းကြီးတစ်ခုဖြစ်သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် လွှတ်တော်အမတ် ၄၃ နေရာအနိုင်ရရှိခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ဖွဲ့စည်းပုံအခြေခံဥပဒေပါရှိသည့် သမ္မတ စစ်ရေးအမြင်ရှိရမည်။ လွှတ်တော်တွင် ၂၅ ရာခိုင်နှုန်းသောတပ်မတော်သားကိုယ်စားလှယ် ပြဌာန်းချက်အပါအဝင် ဒီ်မိုကရေစီနှင့် မလျော်ကန်သော ပြဌာန်းချက်ပြင်ဆင်ရန်ဆွေးနွေးညှိနှိုင်းနေပြီဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှ စုံစမ်းသိရှိရသည်။
´´ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပါတဲ့ ပြဌာန်းချက်တွေကို ပြင်ဆင်ဖို့ ဥပဒေပညာရှင်ဦးဝင်းမြင်က အမတ်တွေကို သင်တန်းပေးတယ်။ အဲဒီက ပြင်ဆင်ရမှာက ၁၂ချက်ပေါ့။ အဲဒီအချက်တွေကလည်း ၂၀၀၈ ခုနှစ် မတ်လ ၃ဝ ရက်ကတည်းက ထုတ်ပြန်ပြီးသားအချက်တွေပါ၊ ဒိအချက်တွေက ဒီမိုကရေစီနဲ့ မကိုက်ညီဘူး၊ ကျွန်တော်တို့ နဂိုကတည်းက ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်မယ်လို့ပြောထားပြီးသားပါ´´ဟု အမျိုးသားဒီမိုက်ရေစီအဖွဲချုပ်မှ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းကြိုင်က ပြောကြားသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပတ်သက်ပြီး အမျိုးသားဒီမိုက်ရေစိအဖွဲ့ချုုပ်က ၂၀၀၈ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် အထူးကြေညာချက် ၄/၀၃/၀၈ ဖြင့် ထုတ်ပြန်ခဲ့ပြီး ယင်းကြေငြာချက်တွင် ဒီမိုကရေစီနှင့် မကိုက်ညီသောဥပဒေပြဌာန်းချက်ပါဝင်နေကြောင်း အဆိုပါထုတ်ပြန်ချက်အရ သိရှိရသည်။
ယင်းကြေညာချက်မှ ထုတ်ပြန်ချက်အချို့ကို ပြန်လည်ကောက်နုတ်ဖော်ပြအပ်ပါသည်။
အမျိုးသားအာဇာနည်ခေါင်းဆောင်ကြီး လွတ်လပ်ရေးဗိသုကာကြီး၊ တပ်မတော်၏ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက ဒီမိုကရေစီနှင့် စပ်လျဉ်း၍ –
´´……. လူတွေက တင်မြှောက်ပြီး လူတွေရဲ့ အကျိုးကို လုပ်တဲ့လူတွေရဲ့ အစိုးရသာလျှင် ဒီမိုကရေစီဖြစ်နိုင်မယ်။ အခြားဟာတွေ ဒီမိုကရေစီအစစ်မဖြစ်နိုင်ဘူး။ အတုသာဖြစ်တယ်။´´
´´ဒီမိုက်ရေစီသစ်အရ လုပ်မယ့် ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေမျိုးဟာ ဘယ်လိုဖြစ်ရမလဲဆိုရင် တိုင်းသူပြည်သားလူအများစုတွေ အာဏာပိုင်အဖြစ် အုုပ်ချုပ်နိုင်အောင် သူတို့ရွေးကောက်တဲ့ ကိုယ်စားလှယ်တွေဟာ အောက်ကနေ အထက်အထိ တိုင်းပြည်အုပ်ချုပ်ရေး တုိုင်းပြည်အစိုးရအာဏာကို ကိုင်ထားရမယ်။ ……´´ဟု ၁၉၄ရခုနှစ် မေလ ၁၉ ရက်နေ့တွင် ဖဆပလ ပဏာမပြင်ဆင်မှုညီလာခံ၌ မိန့်ကြားခဲ့ပါသည်။
၂၀၀၈ခုနှစ်မေလတွင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပမည့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ(မူကြမ်း)ကို လေ့လာကြည့်လျှင်-
(၁) နိုင်ငံတော်၏ အခြေခံမူများ၌ ´နိုင်ငံတော်၏အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက်ဦးတည်သည်´ဟု ချမျတ်ထားခြင်း။
(၂) နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတ အရည်အချင်းများတွင် ´စစ်ရေးအမြင်ရှိရမည်´ဟူသောအချက်ကိုထည့်သွင်းထားခြင်း။
(၃) ဥပဒေပြုရေးနှင့်စပ်လျဉ်း၍ ပြည်ထောင်လွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်များတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုုပ်က အမည်စာရင်းတင်သွင်းမည့် တပ်မတော်သား ၂၅ ရာခိုင်နှုန်းပါဝင်နေခြင်း။
(၄) လွှတ်တော် ကိုယ်စားလှယ်များသည် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးများအဖြစ်ခန့်အပ်တာဝန်ပေးခြင်းခံရပါက လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ နုတ်ထွက်ပြီးဖြစ်သည်ဟု သတ်မှတ်ထားပြီး ကာကွယ်ရေး၊ ပြည်ထဲရေး၊နယ်စပ်ရေးရာဝန်ကြီးဌာနများအတွက်ခန့်အပ်ထားသော တပ်မတော်သားကိုယ်စားလှယ်များကိုမူ အငြိမ်းစားယူရန် သို့မဟုတ် နုတ်ထွက်ရန်မလိုဟု သတ်မှတ်ထားခြင်း။
(၅) ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများခန့်အပ်တာဝန်ပေးခြင်းနှင့် စပ်လျဉ်း၍ ကာကွယ်ရေး၊ ပြည်ထဲရေး၊နယ်စပ်ရေးရာဝန်ကြီးဌာနများအတွက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ထံမှ သင့်လျော်သည့် တပ်မတော်သားများ၏ အမည်စာရင်းကို နိုင်ငံတော်သမ္မက ရယူရခြင်း။
(၆) ရာထူးမှ နုတ်ထွက်ရမည့် အထက်ပါ တပ်မတော်သားဝန်ကြီး၊ဒုတိယဝန်ကြီးတို့နှင့်ပတ်သက်လျှင် နိုင်ငံတော်သမ္မတသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ခြင်း။
(၇) အုပ်ချုပ်ရေးနှင့် စပ်လျဉ်း၍ ပြည်ထောင်စု၊ တိုင်းဒေသကြီးပြည်နယ်၊ ပြည်ထောင်စုနယ်မြေနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုတို့တွင်လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းမည့် တပ်မတော်သားများပါဝင်နေခြင်း။
(၈) အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို ၁၁ ဦးဖြင့်ဖွဲ့စည်းထားရာ ဒုတိယသမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာနဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးဌာနဝန်ကြီး စုစုပေါင်း ၆ ဦးတို့ဖြင့် အများစုမဲ(Majority Vote)ကို တစ်ပါတည်း ရယူထားခြင်း။
(၉) တပ်မတော်သည် တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်အားလုံးကို လွတ်လပ်စွာစီမံခန့်ခွဲစီရင် ဆောင်ရွက်ပိုင်ခွင့်ရှိခြင်း။
(၁၀) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် လက်နက်ကိုင်တပ်ဖွဲ့ဝင်အားလုံး၏ အကြီးအကဲဖြစ်သည်။ နိုင်ငံတော်အတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးသည် တပ်မတော်၏ ကွပ်ကဲမှုအောက်တွင် ရှိရမည်ဟုထည့်သွင်းထားခြင်း။
(၁၁) အရေးပေါ်အခြေအနေပေါ်ပေါက်လျှင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် နိုင်ငံတော်အာဏာကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်ပြဌာန်ချက်များနှင့် အညီ ရယူသုံးစွဲခွင့်ရှိခြင်း။
(၁၂) ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပရမည်ဟု … မည်သို့မျှ ပြင်ဆင်ခွင့်မရနိုင်အောင်သတ်မှတ်ထားခြင်းစသည်တို့ဖြင့်´´အချုပ်အခြာအာဏာသည် ပြည်သူလူထုထံမှ ဆင်းသက်ရမည်´´ဟူသော ဒီမိုကရေစီမူများနှင့် ညီညွှတ်ခြင်းမရှိဘဲ ရေးဆွဲထားသည်ကို တွေ့ရှိရပါသည်။
သာလွန်ဇောင်းထက်