ဦးသန့်ရဲ့မွေးနေ့ကိုမေ့နေကြပြီလား

DaveJanuary 23, 20101min1673

ဇန်နဝါရီ ၂၂ရက်နေ့သည် မြန်မာ့ဂုဏ်ဆောင် တတိယမြောက်ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဦးသန့်၏ မွေးနေ့ ဖြစ်သည်။ထိုနေ့တွင် မြန်မာနိုင်ငံတွင်သာမက နိုင်ငံတကာရောက်မြန်မာအသိုက်အဝန်းတွင်လည်း ဦးသန့်မွေးနေ့ အထိမ်းအမှတ်အစီအစဉ်များပြုလုပ်ခဲ့သည်ကို မကြားသိခဲ့ရပါ။

ဦးသန့်သည် ၁၉၀၉ခုနှစ် ဇန်နဝါရီ ၂၂ရက်နေ့တွင် မြန်မာနိုင်ငံ ၊ပန်းတနော်မြို့ နေ မိဘနှစ်ဦးဖြစ်သည့် ဦးဖိုးနှစ်နှင့်ဒေါ်နန်းသောင်တို့၏မိသားစုမှ ပေါက်ဖွားလာသူဖြစ်သည်။ရန်ကုန်တက္ကသိုလ်မှ သမိုင်းဘာသာရပ် ဖြင့် ဝိဇ္ဖာဘွဲ့ရခဲ့ပြီးနောက် အမျိုးသားကျောင်းဆရာလုပ်ရန် ပန်းတနော်မြို့ သို့ ပြန်လာခဲ့သည်။သီလဝဟူသော ကလောင်အမည်ဖြင့် သတင်းစာနှင့် မဂ္ဂဇင်းများတွင် ပင်တိုင်ဆောင်းပါးများရေးသားခဲ့သည်။ပန်းတနော် အမျိုးသားကျောင်းအုပ်ဘဝမှ မအူပင်မြို့ တွင် ပညာအုပ်အဆင့်သို့ တိုးမြင့်ရောက်ရှိလာခဲ့သည်။ထို့နောက် ဦးနုနှင့်သိကျွမ်းခွင့်ရခဲ့ပြီး ၎င်းဝန်ကြီးချုပ်ဖြစ်လာသောအခါ ၁၉၄၈ခုနှစ်၌ ဦးနု၏ခေါ်ယူမှုကြောင့် ရန်ကုန်သို့ ရောက်ရှိကာ အသံလွှင့်ဌာနညွှန်ကြားရေးမှူးဖြစ်လာခဲ့သည်။ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာန အတွင်း ရေးမှူးတာဝန်ကို ဆက်လက်ထမ်းဆောင်ရသည်။နောက်ပိုင်းတွင် ဦးနုနှင့် မသင့်မမြတ်ဖြစ်ရာမှ ၁၉၅ရခုနှစ် တွင် ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီးအဖြစ်တာဝန်ထမ်းဆောင်ရန် အမေရိကန်ပြည်ထောင်စု၊နယူး ယောက်မြို့သို့ စေလွှတ်ခြင်းခံရသည်။

ဦးသန့်သည် ၁၉၆၁တွင် ကုလသမဂ္ဂယာယီအထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံရကာ ကွယ်လွန်သူ အထွေထွေအတွင်းရေးမှူးချုပ် ဒက်ဟမ်းမားရှိုး၏ မပြီးပြတ်သေးသော သက်တမ်းရှိ တာဝန်များကို ထမ်းဆောင်ရသည်။၁၉၆၂ နိုဝင်ဘာ၃ဝရက်နေ့တွင် အထွေထွေညီလာခံဆုံဖြတ်ချက်အရ ၁၉၆၆ နိုဝင်ဘာ၃ရက်အထိ တတိယမြောက် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် တာဝန်ထမ်းဆောင် ခဲ့ရသည်။၁၉၆၆ ဒီဇင်ဘာ၂ရက်က လုံခြုံရေးကောင်စီ၏ တညီတညွတ်တည်းထောက်ခံမှုအရ ဒုတိယသက် တမ်းကို ၁၉၇၁ ဒီဇင်ဘာ၃၁ရက် ၎င်း အငြိမ်းစားယူမည့်နေ့အထိ ဆက်လက်တာဝန်ယူ ဆောင်ရွက်ခဲ့သည်။

ကျူးဘားဒုံးပျံပြဿနာနှင့် ကွန်ဂိုပြည်တွင်းစစ်ပြီးဆုံးရန် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သော ဦးသန့်သည် ၁၉၇၄ နိုဝင်ဘာ၂၅ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု၊နယူးယောက်မြို့ ၌ အဆုတ်ကင်ဆာရောဂါဖြင့် ကွယ်လွန် ခဲ့သည်။သူ၏နောက်ဆုံးဆန္ဒအရ သူ၏ရုပ်အလောင်းကို မြန်မာနိုင်ငံသို့သယ်ဆောင်ကာ ရန်ကုန်၌သဂြိ င်္ုလ် ရန် စီစဉ်ခဲ့ရာ ဦးနေဝင်းအစိုးရက အသိအမှတ်မပြုခဲ့သဖြင့် ၁၉၇၅ ဒီဇင်ဘာ၅ရက်က ရန်ကုန်မြို့ ၊ ကျိုက္ကဆံ ကွင်းအတွင်း မသဂြိ င်္ုလ်မီ နာရီပိုင်းအလို၌ ရန်ကုန်တက္ကသိုလ်ကျောင်းသားများက အလောင်းကိုလုယူကာ ၁၉၆၂ ဇူလိုင်၈ရက်၌ ဒိုင်းနမိုက်ဖြင့် ဖောက်ခွဲဖျက်ဆီးခြင်းခံခဲ့ရသော ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဆောက်အဦးဝင်းအတွင်း သဂြိ င်္ုလ်ခဲ့သည်။ကျောင်းသားများက ၁၉၇၄ ဒီဇင်ဘာ၅ရက်မှ ၁၁ရက်နေ့ အတွင်း ဦးသန့်အထိမ်းအမှတ်ဗိမာန်ဆောက်လုပ်ခဲ့ကြသည်။ဦးနေဝင်းအမိန့်ပေးစေလွှတ်သော လက်နက် ကိုင်တပ်ဖွဲ့များက ဒီဇင်ဘာ ၁၁ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်အတွင်းသို့ အင်အားသုံးဝင်ရောက်ကာ ကျောင်းသားများကို မညှာမတာပစ်ခတ်သတ်ဖြတ်ခဲ့ကြသည်။မြန်မာခေတ်ပေါ်သမိုင်းကို သွေးစွန်းစေခဲ့ပြီး အပြစ်မဲ့ကျောင်းသားများကို လက်နက်အားကိုးဖြင့် အနိုင်ကျင့်ခဲ့သော ထိုအရေးကို ဦးသန့်အရေးဟု ခေါ်ဆို ခဲ့ကြသည်။ဦးသန့်၏ ရုပ်အလောင်းကို မြန်မာတစ်နိုင်ငံလုံး အထွတ်အမြတ်ထားရာ ရွှေတိဂုံဘုရားခြေတော် ရင်းသို့ နေရာသတ်မှတ်ရွှေ့ပြောင်းပေးပြီးမှသာ ထိုအရေးအခင်းပြန်လည်ငြိမ်သက်သွားခဲ့သည်။

မြန်မာနိုင်ငံအတွက်သာမက ကုလသမဂ္ဂအဖွဲ့ ကြီးအတွက်လည်း ဂုဏ်ယူစရာကောင်းသော ဦးသန့်၏ မွေးနေ့တွင် အောက်မေ့ဖွယ်အခမ်းအနားများ အကျယ်တဝင့်မလုပ်ကြသည်မှာ စိတ်မကောင်းစရာပင် ဖြစ်ကြောင်း ခံစားမိပါသည်။

3 comments

  • kai

    January 24, 2010 at 12:44 pm

    တကယ်ကို မေ့နေကြပုံရပါတယ်။ အင်တာနက်တခွင် လိုက်နှိုက်ကြည့်နေတာ..ဘယ်နေရာမှာမှ အထိမ်းအမှတ်လုပ်နေတာ မတွေ့ရလို့လေ။
    စိတ်မကောင်းပါ။ မြေးတဦးဖြစ်တဲ့ ဦးသန့်မြင့်ဦး ကလည်း ဘာမှ လှုံဆော်တာ မတွေ့ရတာကိုး..။

  • sonnykwynn

    January 24, 2010 at 8:39 pm

    သေသောသူကြာလျင်မေ့ဆိုတဲ့စကားအတိုင်း ဦးသန့်ကိုကျွန်တောိတို့အားလုံးမေ့နေကြယုံမက ခေတ်လူငယ်တွေဆိုရင်သိတောင်မသိကြတော့ပါဘူး။ မြန်မာကိုမသိကြတဲ့အထဲမှာ ကိုယ့် Asian အိမ်နီးချင်းတွေလဲပါပါတယ်။ ကျှန်တော်ဒီမှာအလုပ်ဝင်စက interview လုပ်တဲ့မန်နနေဂျာက ဘယ်နိုငံကလဲမေးတော့ ‘မြန်မာ’ ဆိုတာကိုဇဝေဇဝါဖြစ်နေပါတယ်။ သတိရလို့ ဦးသန့် (‘ယူတန့်’) ဆိုတော့မှ..ဟာ..သိတာပေါ့ဆိုပြီး ဇာတ်ရေလည်သွားတယ်။ THANK YOU, MR THANT! မြန်မာကိူကမ္ဘာကသိတာ၊ မြန်မာတွေကိုအထင်ကြီးရတာ၊ သူ့ကြောင့်ဆိုရင်မမှားပါဘူး။ သူ့ကြောင့် မြန်မာသာမက Asian နိုင်ငံတွေပါနိုင်ငံတကာအသိုင်းအဝိုင်းမှာ နေရာရခဲ့ပါတယ်။ သခင်နုအစိုးရလက်ထက်မကုန်ခင်က မြန်မာနိုင်ငံက ကုလသမဂ္ဂမှာ အလှည့်ကျဥက္ကဌတာဝန်ယူစဉ်က ကျွန်တော့်အဖေ ကုလသမဂ္ဂမှာတစ်နှစ်တိတိအာဝန်ထမ်းရပါတယ်။ သူ့ရဲ့ထူးချွန်ထက်မြက်တဲ့အရေအသွေးနဲ့စွမ်းဆောင်မှုတွေကိုအနီးကပ်မြင်တွေ့ခဲ့ရလို့၊ ကွှန်တော်တို့ကိုပြန်ဖေါက်သယ်ချတာကိုသတိရမိပါတယ်။
    ဦးသန့်ရဲ့ညီတစ်ဦးဖြစ်တဲ့ပဲခူးတိုင်းမင်းကြီးဘဝနဲ့ပင်စင်ယူသွားတဲ့ ဦးတင်မောင်အဆိုအရ သခင်နုနဲ့ ဦးသန့်တို့အကြားပုဂ္ဂိုလ်ရေးအာဃာတတော့ရှိပုံမရပါဘူး။ တကယ့်အဃာတက ဗို့လ်နေဝင်းနဲ့ပါ။ တော်လှန်ရေးကောင်စီက ၁၉၆၂ အာဏာသိမ်းစဉ်က ခေတ္တထိမ်းသိမ်းခံခဲ့၇ရှာတဲ့ သခင်နုဟာ သူကိုဗိုလ်နေဝင်းကလာကယ်ထုတ်မှာဘဲဆိုပြီးမျှောိလင့်ခဲ့ပါတယ်။ နောက်ကြာမှသူ့ကိုထောင်ထဲထဲ့ဘို့အမိန့်ပေးတာ ဗိုလ်နေဝ်ငးဆိုတာသိလိုက်ရတော့မယုံနိုင်အောင်အံ့ဩောခဲ့ရပုံကို SATURDAY SON မှာ ဖွင့်ချသွားပါတယ်။ ဒီကိစ္စတွေကိုသိတဲ့ဦးသန့်ဟာဗိုလ်နေဝင်းအပေါ် ရင်းရင်းနှီးနှီးမဆက်ဆံတာမထူးဆန်းပါဘူး။ သူနယူးယောက်ကိုသွားလည်စဉ်က အခြားနိုင်ငံတကာခေါင်းဆောင်တွေနဲ့တန်းတူဘဲထားဆက်ဆံတယ်လို့ အမြင်ရှိသွားပုံရပါတယ်။ တော်လှန်ရေးကောင်စီဥက္ကဌဗိုလ်နေဝင်းသတိမထားလိုက်တဲ့ကိစ္စက သူဟာအရွေးချယ်ခံထားရတဲ့တရားဝင်အစိုးရမဟုတ်ဘူးဆိုတာပါဘဲ။ နောက်သူ့ရဲ့အဆက်ဆက်သောမြန်မာအမြဲတန်းကိုယ်စားလှယ်တွေဆီကလဲ ရင်နှီးတဲ့တုန့်ပြန်မှုတွေမရခဲ့ဘူးလို့ဗိုလ်နေဝင်းကထင်ပုံရပါတယ်။ နောက်ဆုံးသူရဲ့ကိုယ်စားလှယ်တဦးဖြစ်တဲ့ ဦးလွင် (နှုတ်ခမ်းမွှေး…နောင်အမျိုးသားထောက်လှမ်းရေးမှူးချုပ်) လက်ထက်မှာ ရာဇသံပေးကြောင်းကြားခဲ့ရပါတယ်။ မနာလိုဝန်တိုမှုမှာအမြဲဗိုလ်စွဲလေ့ရှိတဲ့ ဗိုလ်နေဝင်းမှအစအဆက်ဆက်သောဗိုလ်ချုပ်ကြီးတွေရဲ့မကုန်နိုင်တဲ့ ဒီအာဃာတတွေကိုကွှန်တော်တို့ပြည်သူသန်း (၆၀) က ဒီနေ့ထိကျောကော့အောင်ခံစားနေကြရဆဲပါ။

  • မန်း ရိပ်

    August 16, 2010 at 9:26 am

    ဦးသန့် မွေးနေ့မပြောပါနဲ့ ဇူလိုင်၁၉ အာဇာနည်နေ့ကိုရော ဘာတွေအခမ်းအနားလုပ်လို့လဲ

Leave a Reply