မေးစရာတွေလဲ အများကြီးရှိလို့ပါ။

AneissaApril 24, 20121min513

အနိတ်စတို့ရောက်တော့လာပြီ၊ ဒါပေမဲ့ဘယ်ကစရေးမှန်း မသိတာထက် ဘယ်ထဲဝင်လို့ဘာကိုနှိပ်ရမှန်းမသိဘူး၊ အခုမှအင်တာနက်ကိုစလေ့လာမိတာဆိုတော့ နဲနဲသဲညည်းခံပေးကြပါ ။မေးစရာတွေလဲ အများကြီးရှိလို့ပါ။
ဒီအောက်ကအကွက်ကလဲ ဘာအတွက်ပေးထားတာလဲ။ စနစ်တကျမရိုက်တတ်သေးလို့ဆောရီးပါ။ မသီတာလေးရှိလို့လိုက်မေး

တော့လဲ၁ဝယောက်မေးယင်အဖြေကဆယ်မျိုးပြောကြတယ်။ မသိယင်လဲမသိဘူးမပြောကြတော့ အတော်ပင်ပန်းရတယ်။

 

3 comments

  • Mလုလင်

    April 24, 2012 at 9:46 pm

    ပိုစ့် ပိုင်ရှင် ရေ … ဒီလို မေးတာတွေက Forum မှာ ရေးတာ ပိုသင့်တော် မယ် ထင်ပါတယ်။ ကိုယ့် ရဲ့ ပိုစ့် လေးတွေ ပထမ စာမျက်နှာ မှာ ပေါ်နေတာကို မြင်ချင်ကြတာ က … ပိုစ့် တစ်ခုကို ကိုယ်ပိုင် အားစိုက်ထုတ် ပြီးရေး တဲ့ သူတိုင်း ရဲ့ အဖြူရောင် တပ်မက် မှု တစ်ခု ပါ။ အဲဒါကြောင့်လဲ တစ်ရက် ကို ၂ ပိုစ့် အထက် မတင် သင့်ပါလို့ စည်းမျဉ်း တစ်ခု သတ်မှတ်ခဲ့ပါတယ်။ ပိုစ့်ပိုင်ရှင် ရေ .. How To Write a post…. ဖတ်ပါ၊..မှတ်ပါ၊..ပြီးမှတင်ပါ..။
    1. Writing Guidelines

    2. Learn-how-to-do-1

    3. Learn-how-to-do-2

    နောက် ညာဘက် ကော်လံ မှာ ရှိတဲ့ Do & Don’t ကို လဲ ဖတ်ကြည့်စေချင်ပါတယ် နော့။

    ခင်မင်စွာဖြင့်
    Mလုလင်

  • water-melon

    April 25, 2012 at 6:54 am

    မောင်တော်လုလင်ပြောပြီးပြီဆိုတော့
    သများပြောစရာမလိုတော့ဘူး 😛

  • Khaing Khaing

    April 25, 2012 at 11:38 am

    မှားဖြေမိရင်လည်း အပြောခံရဦးမယ် မပြောတော့ပါဘူး ကိုလုလင်တို့က ပိုကျွမ်းကျင်တယ် သူပြောသလိုသာ လုပ်ကြည့်လိုက်ပါနော် …….

Leave a Reply