ဗိုလ်ချုပ်မှူးကြီးများသို့

ဖိုးထောင်April 25, 20121min25713

ဒီလှိုင်းဂျာနယ်(ဒီအပါတ်ထုတ်)မှာ တွေ့လို့ တိုင်းပြည်နဲ့ လူမျိုးအပေါ်ချစ်လှစွာသောကျနော်တို့၏ ဗိုလ်ချုပ်မှူးကြီး (ငြိမ်း) အပါအဝင် အားလုံးသော မဟားဒရားချမ်းသာလှစွာသော အရာရှိကြီးများအား လက်ဆောင်ပေးအပ်လိုက်ပါသည်ခင်ဗျာ (စိတ်ဓါတ်ချင်းလေးတွေအရမ်းတူနေလို့)
စစ်ဘေးဒဏ္ဍ်ကြောင့် ပြည်သူလုထုတစ်ရပ်လုံး စားဝတ်နေရေးကြပ်တည်းပြီး ဆင်းရဲဒုက္ခရောက်တဲ့အချိန်မှာ ပဲပြုတ်ကိုဆီရွှဲရွှဲနဲ့စားရမှာ ငါ့ကိုငါ့ လိပ်ပြာမလုံဘူး
(ဗိုလ်ချုပ်အောင်ဆန်း)

13 comments

  • ပေစိ

    April 25, 2012 at 12:40 am

    မမဖြဲ အခုမှအားလို့ တင်လိုက်ပြီနော် အားပေးတဲ့အတွက် ကျေးကျေး

    • water-melon

      April 25, 2012 at 6:47 am

      ကျေးကျေး
      အသရေညှိတဲ့ ပေစိ

  • Gipsy

    April 25, 2012 at 1:07 am

    ဗေထိ
    ပဟေဋ္ဌိ
    ပေစိ….။

  • kyeemite

    April 25, 2012 at 11:00 am

    တင်ပြပေးတာကျေးကျေးပါ..နံ့သာဆီနဲ့အီးလောက်ကွာပါသဗျာ..

  • Khaing Khaing

    April 25, 2012 at 11:54 am

    လူဖြစ်တာချင်းတူပေမယ့် ခံယူချက်နဲ့စိတ်ဓာတ်ချင်းကတော့မတူဘူး ကိုပေစိရေ …… အမေစုကိုသာကြည့် သူဝတ်တဲ့အဝတ်အစားတွေကမြန်မာဆန်ဆန်သာဝတ်တာပါ တန်ဖိုးကြီးတွေမပါဘူး သူများတွေလို တမီတကွင်း သိန်းနဲ့ချီတာတွေကို အမေစုမဝတ်ဘူး အမေစုမှာ လက်ကနာရီလေးလည် နားမှာနားကပ်လေး ရယ်ဒါလေးနဲ့အမြဲတွေ့ရတယ် အဲခေါင်းပေါ်မှာတော့ စံပယ်ပန်းနှင်းဆီပန်းလေးတွေတော့ တွေ့ရတတ်သေး တယ်ဗျ …. ဗိုလ်ချုပ်လိုသာ လိပ်မပြာမလုံတဲ့စိတ်ကလေး ဒီခေတ် အဘတွေမှာသာရှိမယ်ဆို ကျွန်မတို့ အခုလိုဆင်းရဲမှာမဟုတ်ဘူးဗျ ……..

  • အိမ်လွမ်းသူ

    April 25, 2012 at 1:25 pm

    အလွန်လေးစား ဖို့ကောင်းတဲ့ ငါတို့ ဗိုလ်ချုပ်ပါလား။ ဟို ကြက်သတုံးလူကြီးတွေနဲ့ကတော့ ကိုကြီးမိုက်ပြောသလိုပါပဲ။ ဗိုလ်ချုပ်ရဲ့ ဓာတ်ပုံတွေကြည့်လိုက်ရင် တိုင်းပြည်အတွက်ဘယ်လောက်တောင် အလုပ်လုပ် သလဲမသိ အမြဲတန်း ပါးစောင်နားစောင် တွေကြလို့။ တိုင်းပြည်အတွက် ဒီလောက်အလုပ်လုပ်ပြီး ဒီလောက်အစားအသောက် တော့စားသင့်တာပေါ့ ဗိုလ်ချုပ်ရယ်။ သူခမြာ ဒီပဲပြုပ်ဆီစမ်း ကိုကောင်းလှပြီထင်နေလား မသိပါဘူး။ ဒီ ခေတ် ဟိုလူကြီး ဒီလူကြီး ဆိုသူတွေနဲ့ များကွာ ပကွာ။ ဘယ်လောက် အစားကောင်းကြိုက်လဲ ရုတ်တွေသာကြည် ဗိုက်ရွှဲရွှဲ နဲ့ ပါစောင်ကြီးတွေက ဖောင်းကားနေတာ အဆီရစ်နေတဲ့ ဖားပြုက်ကြီးတွေ ကြနေတာပဲ။ ဒါနဲ့ စကားမဆက် ဗိုလ်ချုပ်က အညာသားမှို့လား မသိ ပဲတော့ကြိုက်ပုံ ရတယ်။

  • kaung kin pyar

    April 25, 2012 at 1:45 pm

    အို…ဗိုလ်ချုပ်ရေ……..ထ ကြည့်ပါဦးတော့လား….။
    မကြည့်ပါနဲ့ ယောင်လို့…။ (ပြန်သေချင်စိတ်ပေါက်သွားဦးမယ်….)

  • ကောင်းမြတ်သူ

    April 25, 2012 at 3:03 pm

    ဗိုလ်ဂျုတ်မူး အပေါင်းနှင့်အရာရှိမင်းများခင်ဗျာ… ဒီစကားလုံးကို ပါးစပ်ကထွက်အောင်ပဲ အရင်စမ်းပြောကြည့် စမ်းပါ။ စိတ်ထဲမပါလဲ လက်ခံတယ်…။ တစ်နေ့ (၁၀)ကြိမ်ပြည်သူကြားအောင် ရွတ်ပေးစမ်းပါ… မသေခင်လေးကြားဖူးချင်စမ်းရဲ့ကွယ်

  • etone

    April 25, 2012 at 3:11 pm

    ဗိုလ်ချုပ်ကတော့ …. သူ့ရဲ့ အရိုးခံ စိတ်ဓါတ်ကြောင့် ဒီလို စားဖို့ လိပ်ပြာမလုံပေမယ့် ….
    ဘယ်သူ ဘာဖြစ်ဖြစ် အဆီတစ်ရစ် အသားတစ်ရစ် ကိုယ့်ကုသိုလ်နဲ့ကိုယ်လို့ ပြောပြီး …စားသောက်ရက်သူတွေကတော့ …. အပင်းစို့နေတာတောင် …. အန်မထွက်နိုင်သေးဘူးပဲ … မုန်းထှာအေ .. ဖွီးးးးးးးးးးးး 😡

  • zaw min

    April 25, 2012 at 5:32 pm

    သူတို့က တရုတ်ပြည်မှာ အမေရိကန် ၁ ဘီလံကျော်အိမ်လေးပဲပိုင်တာပါအေ….ဗိုလ်ချုပ်လို ဆီစမ်းပြီးတောင်မစားပါဘူးတဲ့။ရေပဲစမ်းစားတာပါတဲ့၊ဘိုးဘွားပိုင်လေးတွေကိုစုထားတာပါတဲ့…မဆိုသလောက်လေးပိုင်တာပါအေ…

  • aye.kk

    April 25, 2012 at 8:37 pm

    ဗိုလ်ချုပ်ကိုတစ်တိုင်းပြည်လုံးချစ်တယ်။
    ရွှေရွှေကလည်း တစ်တိုင်းပြည်လုံး…
    အမွေပေးခဲ့လို ့အချစ်ဆုံးတဲ့။

  • koko

    April 26, 2012 at 9:17 am

    အားကျပါတယ် ဗိုလ်ချူပ် က်ို။ ဗို်လ်ချူပ်အောင်ဆန်း ရဲ့ စ်ိ်တ်ဓါတ် မျိူး ဘယ်လောက်ထိ ငါ့မှာရော ဘယ်လောက် ရာနှူန်းလောက်ရှိလဲလို့ စဉ်းစားမိတယ်။ ရွာသူ ရွာသားများရော၊

Leave a Reply