ရွာကိုပြန်တဲ့ဖလိုက်
ကော်နရှင် စုတ်တဲ့ ဒဏ်ကို မောင်ဂီ့ အလူးအလဲ ခံနေရပါသည်..
သည်ရောက် တုန်းလေး တခုခု အမှတ်တရဖြစ်အောင်
ရေးမည် ဆိုတော့လည်း ဘာရေးရမှန်းမသိ. …
ဘဘဘလက်ကတော့ Red Ocean Strategy အကြောင်းရေးတဲ့ …
ရည်ညွှန်းကိုးကား အလွန် အရှာပျင်းသော မောင်ဂီ့ တယောက်
ကော် မကောင်းတာ လေး အကြောင်းပြပြီး ပေကပ်ကပ် လုပ်နေမိပါသည်…။
ဒါ့ပုံတင် ဖို့ ကျပြန်တော့လည်း ..သိတဲ့အတိုင်း …
(ဆာကူရာတွေ ရိုက်လာပြီး မိုးတွင်းလောက်ကျမှ တင်နိုင်တော့လည်း မုဒ် က ဘယ်လိုမှ မကောင်း)
ဟီး .. ဘာလုပ်ရမှန်း မသိ မရေးဘဲလည်း မနေနိုင် သည်တော့ … နည်းနည်း လွဲတယ်ထင်တာလေး
ရေးကြည့် သေးသပေါ့ဗျာ…
ဂလိုပါ … အဂ္ဂမဟာ သုဝဏဘုမ္မိ လေဆိပ် ကြီးမှာ …ထွမ်ဇစ် စီးခဲ့တုန်းက ပေါ့…
(အရင့်အရင် အခေါက်တွေတုန်းကလည်း ထူးမခြားနား ကြုံခဲ့ပါသေးတယ်..)
ဒါပေမယ့် သတိမထားဖြစ်ခဲ့ .အမှုအမှတ်မဲ့ နေခဲ့ဖြစ်ပါတယ်…
ခုကတော့ သိတယ်မလား ..သဂျီးမင်း ကြပ်ပေးထားတဲ့ CJ ပိုးလေးကဝင်နေလေတော့..
ဘာလေးပဲဖြစ်ဖြစ် …စောင့်ကြည့် မှတ်တမ်းတင် ပြီးသကာလ ဖွ …အဲ့ လေ…
ရေးသား ဖြစ်တယ်ပေါ့ဗျာ…
တီဂျီ ဖလိုက်နဲ့ ဘန်ဂေါက် တူ ရန်ကုန် အစီးမှာ ခည …
သများတို့ အမျိုးတွေ အများစု ပါတဲ့အဲယာဘက်စ် ကြီးပေါ်မှာပေါ့..
သများနား ထိုင်တဲ့ အမျိုးသား တယောက်ခည …လဝက ဖောင်ကို
လေယာဉ်အတက်မှာ စားပွဲလေး ခင်းပြီး ဖြည့်ပါသတဲ့…
လှေယာဉ်မယ်..(တိန်. .အဲ့လာ ..တိုကိယိုမှာ ကျန်ခဲ့ဘီ) အဲ့လေ ..
လေယာဉ်မယ်လေးက လေယာဉ်အတက်မို့ ခုံတွေ မတ်မတ်ထားပြီး စားပွဲမခင်းထားဖို့
မပီကလာ ပီကလာ အင်းဂလိလို လာပြောလေရဲ့…
ဒါကို
ကိုယ့်ဆြာသမားက သူ့ကို မောင်ဂီ့တို့ရှေ့မှာ သူ့ကို လေယာဉ်မစီးဘူးတဲ့ တောသား ဆိုတဲ့ စတိုင်မျိုးရင့်တယ် ခံစား
သွားသလား မသိ …
အလွန် အင်မတန် စိတ်ထိခိယက်သွားပြီးသကာလ ..
ရဒယ်လေ ..ဆိုတဲ့ ဗမာစာဂျီးကို ပီသကြည်မြစွာ ရွတ်ဖတ်ပြီးသကာလ..
သူ့ ဘောင်းဘီပေါ်စာအုပ် ၃-၄အုပ်ခံပြီး ဆက်ရေးပါသတဲ့ ….
ကိုယ့်ဆြာရယ် …၁နာရီလောက်ကြီး အမြင့်ပေ၃သောင်းရထောင်ပေါ်မှာ
အားယားနေမယ့်ဥစ္စာ …အဲ့မှာ ဖြည့်ပါလားဗျာ…
ဆေ့းဖတီး ဖာစ့် ဆိုတာလေးရယ်…. တာဝန်အရ ပြောရတာ ဆိုတဲ့
ပရော်ဖက်ရှင်နယ်လဇင် လေးရယ်.. စည်းကမ်း ဆိုတဲ့ .. ကီးဝါ့ဒ် လေးရယ်ကို
တွေးသင့်တယ် ထင်တာပဲ ….
အင်းလေ ထားပါတော့ … တလွဲဆံပင်ကောင်းတာလေး..
ဂလိုနဲ့ လေမြန်ဂျီး တက်သွားပြီးသကာလ….
ယပက်လက် စလုံး တခွင် ပြဲပြဲစင် လှည့်လည် အပန်းဖြေပြီးသကာလ
ပြန်လာကြတယ် ယူဆရတဲ့ အဖွဲ့ထဲက လူဂျီးတယောက် ..မိုးဒိုးမတ်တတ် နဲ့ ..
လေယာဉ်ရှေ့နဲ့ နောက် ကူးလာခေါက်တုန့် နေပါသတဲ့…
ဟင်. …..
ကိုယ့်ဆြာတို့ …ဘတ်စ်စကား တိုးစီး မတ်တပ်စီးကြတော့ …ကိုယ့်ဆြာတို့ပဲ
ဟို တိုင်ကြီး ၄လုံးကို မိုးမွှန်အောင် ဆဲကြပြီးတော့ … ဂုတော့ …
ပကျွတ်. ..လှေယာဉ် (တယ် စွဲနေသကိုး) လေယာဉ်ကို လေယာဉ်လို စီးပါလား ကိုယ့်ဆြာတို့ …
ဂလိုနဲ့ ..ထမင်းဗူးလေးတွေ ဝေတဲ့အချိန် ရောက်ပါလေရော..
ညနေ၅နာရီခွဲလောက်ဆိုတော့ ..ဆာတယ်လဲမဟုတ် ..မဆာဘူးလည်း မဆိုနိုင်တဲ့
အချိန်လောက်ကိုး ဗျ…
ရွာကအမျိုးတွေ ဇာတိပြပါတော့တယ်… ဆစ်လခ် အဲ က ဘယ်လို … အဲအေးရှားက ဘယ်ညာ..
တီဂျီက တော့ ခိုကြောင်း… အရသာမကောင်းကြောင်း … စသဖြင့် …နိုင်ဂျံဂါး လေကြောင်းလိုင်းတွေ
ကို နှိုင်းယှဉ် ခွဲခြမ်း ပြောဆိုသံတွေ ..မိုးမွှန်ပါတော့တယ်..
အသက် ၅ဝအရွယ် (အော်ဇီ)လို့မှတ်ရတဲ့ စုံတွဲ၂တွဲကတော့ …စားစရာရှိတာစားရင်း အေးဆေးပါပဲ ….
ကျုပ်ကတော့ စားစရာရှိ စားပစ်လိုက် တာပါပဲ ….
သားစိမ်းငါးစိမ်းတောင် ကျလိန်းလာခဲ့မှတော့ …
အရသာ ဆိုတာ ..စဉ်းတောင် မစဉ်းစားမိပါဝူးဗျာ…
ဟုတ် အမြင့်ပေ ၃သောင်းရထောင်မှာ … အီတာလီယာ ရွက်စရွန့်လေး
ဖရန်စစ် စတန်းဒင်းဘားလေး မှ မပါဘဲဗျ….
လက်တလော ဗိုက်ဆာမှုကို ဖြေရှင်းပေးတဲ့ အာဟာရ အတွက်တော့ …
တီဂျီကို ကျေးကျေးပါ… (ဝန်ဆောင်မှုမကောင်းရင် နောင် ရွေးချယ်စရာပေါလာတဲ့အခါ…
သူ့သဘောသူ ဆောင်မှာမို့ ..မဝေဖန်လိုပါ…) သည်းမခံနိုင်ရင် ကန်ပနီကို စာပို့ပါ…
ကောင်းမွန်စွာ ဝန်ဆောင်မှုပေးနေတဲ့ ဝန်ထမ်းတွေအပေါ်မှာ
မဲ့ပြတာ ..နားမလည်ပေမယ့် မကောင်းပြောတာမှန်း ခံစားမိနိုင်မယ့် တုန့်ပြန်မှုမျိုးလုပ်တာတော့
ရိုင်းရာကျမယ် ထင်ပါကြောင်းဗျာ…
ဂလိုနဲ့ …ဟို မဏ္ဍပ်ကြီး ..အဲ့လေ.. လေဆိပ်ကြီး ကို ဆိုက်ရောက်ပါတော့တယ.်.
အဲ့သည့်မှာ ဇာတ်လမ်းကစတော့တာပါပဲ …
ရွာကိုပြန်တဲ့ လက်ဆောင်တွေကို ဟန်းကယ်ရီတွေနဲ့ တနင့်တပိုးဝယ်ယူလာကြတဲ့
ကိုယ့်ဆြာသမားများ ..လေယာဉ်ပေါ်မှာ ဟို လူ့ခေါင်းပေါ်က အံဆွဲ လွတ် ဟိုလူ့ခေါင်းပေါ်တင်
သည်လူ့ခေါင်းပေါ်က အံဆွဲလွတ် သည်လူ့ခေါင်းပေါ်တင်… လက်ဆင့်တွေ ကမ်းကြ …ပြုတ်ကျကြ..
ကောက်ထည့် …ပျံ့ကျဲ … ဟော ..ကျုပ်ခေါင်းပေါ် လက်တွေဝဲ..
တိန်….သေပဟ …
အဲ့သည်လိုလေးဒွေ ရှိပါကြောင်း ….
ဒါတောင် ..တန်းမစီတာ စုပြုံတိုးတာတွေက …
သိပြီးသားမို့ …သီးခြား မရေးချင်တော့ တာက တကြောင်း…ရယ်မို့
အချုပ်ပြောရရင်တော့ ..ကျုပ်တို့ ရိုင်းသေးရဲ့ဗျာ….
ပြင်ကြပါစို့ ….
တော်သေးဘီ…
ခင်တဲ့
ဂီ
24 comments
kai
April 25, 2012 at 1:43 am
ရွာမောင်နှမ၂ယောက် ရန်တိုက်ပေးဦးမှ… 😆
pazflor
April 25, 2012 at 3:01 am
သူဂျီး ပထမဆုံး လေယာဉ် စ စီးတုန်းက အဲလို ပဲတဲ့။ (အလကားနောက်တာ) 😛
marblecommet
April 25, 2012 at 4:02 am
ဟေ့လူ
ခင်ဗယား
တမြန်နေ့ညက
အကြောင်း
မရေးလို့ကတော့
ကွိုင်ရှာမှာနော်
ခင်ဗျားဗလာစီယာ
ကျုပ်ဆီမှာ
ဒါပဲ….
ဟီဟီ
blackchaw
April 25, 2012 at 8:27 am
မြန်မာပြည်မှာ ရေးတဲ့ပို့စ်အဖြစ် မှတ်တမ်းဝင်သွားတာပေါ့ကွယ်…။
Red Ocean ကတော့ ဂျာပွန် ပြန်ရောက်မှ ရေးပါဗျာ…။
မေ့မှာစိုးလို့ ကွန်းမန့်မတက်ခင် လက်မအရင်ထောင်ပစ်ခဲ့တယ်ဗျာ။
Ma Ei
April 25, 2012 at 9:26 am
ရိုက်လာတဲ့ ဆာကူရာလေးတွေ ကြည့်ချင်ပါဘိကွယ်…
ကြောင်ကြီး
April 25, 2012 at 9:29 am
မြန်မာပြည်မှာ အဲယားကွန်းဘတ်စ် စပြေးဂါဇ (အအေးဓာတ်အပြည့်ပေး၊ ဈေးကြီးလို့ လူစီးနဲချိန်ဂိုပြောဒါ) ကားထဲမှာ ဆေးလိပ်သောက်လိုသောက်၊ ပြတင်းပေါက်ဖွင့်လိုဖွင့်၊ ဆိုဖာခုံပေါ် ဒူးပေါ်ပေါင်ပေါ်ထိုင်လိုထိုင် ( ယောက်ျားရင့်မာဂျီးတွေဂိုပြောဒါ၊ ကောင်မလေးဆိုရင်တော့ ပေါ်လေကောင်းလေ)၊ ရန်ကုန် မန်းလေး ရထားလည်း အဲယားကွန်းပေးဂါဇ အဲလိုပဲ..။ ကပေတို့လို တောသားတွေ အထက်တန်းတွဲ တက်စီးပြီး ပေါက်ကရလျောက်လုပ်ကြရော။ ပုဂ္ဂလိက လွတ်လပ်ခွင့်နဲ့ အများပြည်သူ လိုက်နာရမည့်စည်းကမ်း မခွဲတတ်ကြဘူး။ အခုရော ဘာထူးလဲ သဂျီးအမျိုးတွေ ရန်ကုန်မှာ ပရိုက်ဗိတ်စီဆိုပြီး ဖင်လှန်ခေါင်းလှန်နဲ့ သင်္ကြန်ဆိုပြီး မူးရူးပျော်ပါးကြတယ်…။ တိုင်းပြည်အတွက် အလုပ်လုပ်ကြ၊ ရိုးသားကြိုးစာဂျဟေ့ဆိုတော့ တယောက်မှ ပေါ်မလာဘူး။ ဘယ်လို လူဂျီးနားကပ် ဂွင်ရိုက်ဖို့ စပွန်ဆာရှာဖို့ပဲလုပ်တော့တယ်။ တချို့ကြတော့လည်း ပြည်တော်ပြန်ပြီး ဇိမ်ခန်းသွား အကြွေးအားပေးတယ်။ ဟိုဂ မရှိလို့လုပ်စားတယ်ဆိုမှ ဘယ်ကိုလိုက်တောင်းရမလဲမသိ..တော်ကြာနေ ဂေဇက်မှာ ဓာ့ပုံဂျီးနဲ့ အကြွေးတောင်းခံနေရမှဖြင့်.. 🙄
Khaing Khaing
April 25, 2012 at 9:35 am
မြန်မာပြည်မှာ ဝန်ဆောင်မှုကောင်းတာဆိုရင် TG ပါမယ်လို့ထင်တာပဲ …. ငွေလေကြောင်းလိုင်း ကတော့အကောင်းဆုံးလို့ ထင်တာပဲဗျာ ……. လေထဲကအာရှနိုင်ငံတို့လိုလေယာဉ်တွေတို့ အမေအိုင်တို့ကို ကိုဂီမစီးခဲ့ရတာပဲ ကျေးဇူးတင်အုံး ယပလက်ကနေ မြန်မာနိုင်ငံတော်ကိုရောက်တာက အဲဒီလေယာဉ်တွေပဲချိတာချင့် ကိုဂီစီးခဲ့ ရတဲ့လေယာဉ်က အကောင်းဆုံးနော် …..
လေယာဉ်ပေါ်မှာလူတွေအခုလိုဖြစ်တာတစ်မျိုးမထင်နဲ့ဗျ သူတို့တွေက ခရီးတွေသွားနေကျ ဒီလိုပဲ ခရီးသွားလိုင်းကားတွေပေါ်ဆိုလည်းလုပ်နေကျဗျ အကျင့်ပါနေတာလေ …. လေယာဉ်စီးရလို့လည်း ဘယ်သူမှာ ဂရုစိုက်စရာမလိုဘူး မြန်မာပြည်မြန်တဲ့ မြန်မာနိုင်ငံသားအများစုပါတာပဲ လေ မြန်မာအချင်းချင်းအားမနာလို့လုပ်မိတာပါ ခွေးလွှတ်နော် အဟိ ……
သူရဇော်
April 25, 2012 at 9:58 am
မိဂီမရယ် လေယာဉ်ပေါ်မှာ ဆောင့်ကြောင့်ထိုင်လိုက်တဲ့လူလေးဘာလေးများပါဘူးလားလေကွယ်……. နောက်ပီး အရမ်းချမ်းလို့ဆိုပီး အိတ်ထဲအသင့်ဆောင်လာတဲ့ အညာဆောင်ကြီးတွေ ထုတ်ပီး ခြုံတာမျိုးကော တွေ့မိလားဟင်…….. ပီးတော့ လေယာဉ်ပေါ်ဝန်ဆောင်မှုပေးတဲ့ ဘီယာတို့ ဝီလကီပုလင်း ပေါက်စနလေးတွေတို့ကို အငမ်းမရ နှစ်ခါသုံးခါတောင်းတာမျိုးကော တွေ့မိဘူးလားအေ….. မိဂီမရေ တို့တိုင်းသူပြည်သားများ ပြုပြင်ရန်အများကြီးလိုနေသေးပါကြောင်း……… ဒီပို့စ်လေးကိုဖတ်မိပီး ဟိုတစ်ချိန်က အိမ်မက်လေးကို ပြန်မက်ခွင့်ရလိုက်သလို ခံစားလိုက်ရတဲ့အတွက် လက်မလေးထောင်ပီးအားပေးသွားသဗျ…….. ဘလာစီယာကြီး ပြန်ရေးရဦးမယ်နော်……..
kyeemite
April 25, 2012 at 10:14 am
မှန်တာတွေ သိပ်မပြောနဲ့ လေဒီဂီရေ..
ညဉ်းက အခု ဘိရုမာပြည်ရောက်နေတာနော်
ညဉ်းမဏိ ကွမ်းစားသွားအုံးမယ်..
မာဘယ်ကော်မက်ဆီ ဗလာစီယာသွားယူလိုက်အုံး..
mocho
April 25, 2012 at 10:40 am
ဂီဂီ တယောက် အလည်ပြန်ရောက်နေပြီပေါ့။
မြန်မာ အများစု စီးတဲ့ လေယာဉ်တွေ ကတော့ မြန်မာ စတိုင် ပဲ ဗျို့ ။ ချန်ဂီမှာ အမ်အေအိုင် ပေါ်တတ်ခါနီး စောင့်ရတဲ့နေရာ မှာတည်းက စလုံး ဆိုတာ မေ့ပြီးမြန်မာ စတိုင် စ ဖြစ်သွားပြီ။ ဟောင်ဖွာဖွာ ကျယ် လောင်လောင်နဲ့ မြန်မာပြည် ရောက်ရင် ဘယ်သွားမယ်၊ ဘာလုပ် မယ် ပြောနေတဲ့ သူတွေ၊ ရန်ကုန်ကို ဖုန်း လှမ်း ခေါ်ရင်း ထွက်လာတော့ မယ့်အကြောင်း၊ ဘာတွေ ဝယ် လာကြောင်း ပြောနေတဲ့ သူတွေ ၊ အများကြီးပါ။
တကယ်တာ့ သူများတိုင်းပြည်မှာ ချုပ်တီးထားရသမျှှ ကိုယ့်တိုင်းပြည် ပြန်ခါနီး မိသားစုနဲ့ တွေ့ခါနီးမှာ အားလုံး လွတ်လပ် သွားတဲ့ သဘောပါပဲ။
လေယာဉ်ပေါ်တတ် လို့ ရပြီ ဆိုတာနဲ့ ချက်အင် ဝင် ထားတဲ့ ခုံနံပါတ် အတိုင်း ထိုင် ရမယ့်ဟာ ကိုစုပြုံ တိုး ကြတာတော့ပြင်မရတဲ့ မြန်မာ့ အကျင့်ပါပဲ။
အိမ်လွမ်းသူ
April 25, 2012 at 12:44 pm
ဟုတ်တယ် အမရေ။ အဲဒိလို ခံစားချက်က ကိုယ်တိုင်ခံစားဘူးမှသိတာ။ ကိုယ့်နိုင်ငံပြန်တဲ့ အချိန် ရန်ကုန်လေဆိပ် ကို လေယဉ်ပေါ်ကနေ တွေ့လိုက်တာနဲ့တင် အောက်ကိုဘယ်လိုမြန်မြန်ရောက်ခြင်မှန်း ကိုမသိဘူး။ အဲဒီ တစ်မိနစ် နစ်မိနစ် လေးကိုမစောင့်ချင်တော့ဘူး။ ဖြစ်နိုင်ရင် လေယဉ်ပြတင်းပေါက် ကနေ ခုန်ချပြီး တန်းပြေးသွားချင်တယ်. မိဘစီကို အရင်မဟုတ်ဘူး…. ချစ်ချစ် ဆီကိုအရင်….. ဟိဟိ
kyeemite
April 25, 2012 at 10:56 am
တူရဇော်…
“ပီးတော့ လေယာဉ်ပေါ်ဝန်ဆောင်မှုပေးတဲ့ ဘီယာတို့ ဝီလကီပုလင်း ပေါက်စနလေးတွေတို့ကို အငမ်းမရ နှစ်ခါသုံးခါတောင်းတာမျိုးကော တွေ့မိဘူးလားအေ….”
ဒါငါ့ကိုစောင်းပြောဒါလား..
ဗိုက်ကလေး
April 25, 2012 at 12:23 pm
စောင်းပြောတာမဟုတ်ပါဘူး..ဒဲ့ပြောဒါဘာ
😀
သူရဇော်
April 25, 2012 at 1:19 pm
ဟီး အဲလိုရည်ရွယ်ပါဘူး လေးလေးကြီးရယ်……….. သားသား မမြင်ဘူးလို့ သဘောထားလိုက်နော် ခွိခွိ
Shwe Tike Soe
April 25, 2012 at 12:15 pm
ကိုဂီပြောမှပဲ နိုင်ငံတကာ လေကြောင်းလိုင်းကြီးက ဘုရားဖူးကားကြီးကို ဖြစ်သွားပါ့ပေါ့လားအေ….. အင်း နောက်လေယာဉ်မစီးတော့ဘူး……. အရင်ကလဲ မစီးနိုင်ပါဘူး ဟိဟိဟိဟိ….
လေယာဉ်ဆိုတာ ကစားစရာတောင် ဝယ်မကိုင်ဘူး….
ဒါပေမယ့် လေယာဉ်စပယ်ယာ မလေးတွေကိုတော့ စိတ်ဝင်စားသားကလား ခိခိခိ 😛
မဟာရာဇာ အံစာတုံး
April 25, 2012 at 1:31 pm
အင်း .. ကတိုက်စိုး ကတော့ ..
စောစော ဟိုဟာ ဖြစ်သွားလို့သာ တော်ရော့ဒယ် ..
နို့မဟုတ် လွယ်လောက်ဘူး ..
😀
FattyCat
April 25, 2012 at 1:48 pm
ပျက်ကျမလိုဖြစ်တဲ့ ဒိုမက်စတစ်ဖလိုက်ကို (၃)ခါစီးဖူးတယ်…
ဘတ်စကားလိုပတ်တဲ့ လေယာဉ်လမ်းကြောင်းကို အခါတိုင်းစိတ်ရှည်ရှည်ထားပြီးလိုက်ရတယ်…
မြန်မာတစ်နိုင်ငံလုံးပတ်ပြီးမှ သွားချင်တဲ့နေရာရောက်တဲ့ လေယာဉ်ပျံကို ကိုလာတစ်ခွက်ပြီး တစ်ခွက်သောက်ရင်းလိုက်ရတယ်…
ကုန်တင်တာများသွားလို့ ဆီလျော့ထည့်ပြီး ပြန်တက်တဲ့လေယာဉ်ပျံကို အခေါက်တိုင်းတွေ့ရတယ်…
တစ်နှစ်ကို (၄)ခါ မပျက်မကွက်အနည်းဆုံးစီးရတယ်…
ကိုယ့်အတွက်တော့ အထူးအဆန်းမဟုတ်တော့ပါဘူးကွယ်…
အသက်မသေတာပဲ ကျေးဇူးတင်နေရတုန်းပါပဲ…
ခင်တဲ့-
ကြောင်ဝတုတ်
koaung
April 25, 2012 at 2:26 pm
ဂီဂီရေ မောင်ကြီးမပြန်ချင်တယ်ဆိုတာ ဒါမျိုးတွေပြန်တိုင်းတွေ့ရလို့ပါ ဝေးဝေးကဘဲချစ်နေမယ်
ငပွကြီး
April 25, 2012 at 3:11 pm
စလုံး က အပြန်လေယာဉ်ပေါ်မှာ လွင်မိုး (မင်းသား) နဲ့တခါဘေးချင်းယှဉ်ထိုင်ဖူးတယ်ဗျ
လေယာဉ်အပေါ်ရောက်လို့ တော်တော်များများငြိမ်နေတဲ့အချိန် သကောင့်သားက သတင်းစာဖတ်ရင်းနဲ့ လေချွှန်နေတယ်ဗျ အကြယ်ကြီးဘဲ ငြိမ်နေတဲ့အချိန် သူ့တစ်သံထဲဆိုတော့ ဟိုလူလှည့်ကြည့် ဒီလူလည့်ကြည့်ပေါ့ဗျာ….သူကတော့ဘယ်လိုရည်ရွှယ်ချက်လဲတော့မသိဘူး မင်းသားပါလာတယ်ဆိုတာပြချင်တာလားမသိ
Ever Golli
April 27, 2012 at 4:03 pm
သူနဲ့တော့..ကြုံချင်ပေါင်..သူသမီးလေး..ချစ်ချာလေးနဲ့ဆိုရင်တော့..
တွေ့ချင်ကြုံချင်..ဘေးချင်းကပ်ထိုင်ချင်သား..အဲ့သာမျိုးဆိုရင်တော့.
လေပဲချွန်ချွန်..ဂစ်တာပဲတီးတီး..DJ ပဲပွတ်ပွတ်.စိတ်မဆိုးဘူးရယ် 😛
မှတ်မှတ်ရရ..ပီးခဲ့တဲ့တခေါက် Ygn ပြန်တုံးကတော့..ကံအကောင်းသားကလား…
ဘေးခုံမှာ..လူမပါလို့..လေပျံမယ်.လေး.လာထိုင်ပီး..တော်ကီပွားပေးဒယ်..
White Card ဖြည့်တော့တောင်..ဘောပင်မပါသလိုလိုနဲ့.သူ့ဆီကပဲ.တောင်းလိုက်တယ်..
ပြန်ပေးတော့..ယူရှာဘူးရယ်..အမှတ်တရ..ယူထားလိုက်တဲ့..ခစ်ခစ်.. 😀
amatmin
April 25, 2012 at 5:19 pm
ကိုဂီရေ..
ဘာမန့်ရမှန်းလဲ မသိဘူး .ကိုဘလက် စကားငှားသုံးပြီး ဖတ်ပြီးအားပေးသွားပါကြောင်းနှင့်… 🙂
လေယာဉ်စီးပြီး သွားရမဲ့ ခရီးစဉ်အတွက် ကိုတော့ အဝဲယျားနက်စ် ရသွားပါ၏…
“ကျုပ်တို့ ရိုင်းသေးရဲ့ဗျာ ..” နောက်ဆုံးစကားတခွန်းကတော့ အသဲကွဲရပေမဲ့ ပျောက်ကင်းပြီးရင်တော့..
အတော်နေသာမှာ ဖြစ်ကြောင်း ဒေါ်ဝိုးစကား ထပ်ငှားသုံးသွားပါ၏.. 🙂
အလင်းဆက်
April 25, 2012 at 6:42 pm
ဂီ…ရေ..ဒီလို..လေးတွေ.ရေးတော့လည်း..ဖတ်လို ့ကောင်းတာပါပဲ. ။
သူကြီးကတော့..လုပ်ပြီ ။
MaMa
April 26, 2012 at 5:08 pm
အဲဒါ ့မြန်မာလူမျိုးတွေမှာ စွဲကပ်နေတဲ့ ဦးသန့်ပြောတဲ့ လူကြီးသူငယ်နာရောဂါပဲ။
🙁
မောင်သန်းထွဋ်ဦး /အတိသဉ္ဖာ နာဂရချစ်သူ
April 26, 2012 at 8:06 pm
ကိုဂီ ရွာပြန်တုန်းမှာ ဒိတ်လွန်လေယာဉ်တွေနဲ ့ပြိုင်စံရှား လေယာဉ်မှူးတွေ
အကြောင်း ကိုယ်တွေ ့မလေ့လာချင်ဘူးလား