အာဖရိက တောတွင်းက ဆင်သားအမိနှင့် မိကျောင်းတစ်ကောင်၏တိုက်ပွဲ

အာဖရိကတိုက် ဇမ်ဘီယားနိုင်ငံ တောတွင်းတစ်နေရာ၌ဆင်သားမိနှင့် မိကျောင်းတစ်ကောင်၏ တိုက်ပွဲကို အမိရအရရိုက်ကူထားသည့် ဓါတ်ပုံများဖြစ်ပါသည်။ ဆင်မကြီးနှင့် သူ၏ဆင်ကလေး သည် (   Luangwa     )   မြစ်တွင်ရေဆင်းသောက်နေစဉ် ဆင်မကြီး နှာမောင်းကို မိကျောင်းတစ်ကောင်က    လှမ်းကိုက်ဆွဲ  ထားစဉ်အဖြစ်အပျက်အား  ဓါတ်ပုံဆရာမှ ရိုက်ကူးထားခြင်းဖြစ်ပါသည်။

အမှတ်မထင်ထွက်ပေါ်လာသောရန်သူတော် မိကျောင်းကြီး က ဆင်အမေနှာမောင်းအား လှမ်းဆွဲကိုက်လိုက်စဉ်
ဆင်မကြီးက သူ့ကလေးအား မိကျောင်းတိုက်ခိုက်မှုကနေ ကာကွယ်ပေးထားပုံ
မိကျောင်း က ဆင်နှာမောင်းအား ဆွဲကိုက်လှုပ်ရမ်းသဖြင့် ဆင်ဒူးခွေလဲကျသွားပုံ
မိကျောင်း က ဆင် နှာမောင်းအားကိုက်ဆွဲထားသော်လည်း မြစ်ကမ်းမှ ထွက်ပြေးရန် ကြိးစားနေပုံ

 

ရုန်းကန်ရင်း ဆင်နှာမောင်းအားကိုက်လျက် ကုန်းပေါ်သို့ မိကျောင်း ပါလာပုံ
မိကျောင်းပါးစပ်ကနေ သူ၏ ဆင်နှာမောင်း လွတ်ထွက် မသွားခင် ဆင်ကလေးမှာအရှိန်မထိန်းနိုင်ပဲ မိကျောင်းပေါ်သို့ လဲကျသွားပုံ

 

from MMSY သတင်းများ
http://www.futurestars-mm.com/profiles/blog/show?id=6405389%3ABlogPost%3A335677

15 comments

  • laypai

    April 24, 2012 at 2:16 pm

    ဘယ်တုံးက၊ ဘယ်လောက် ကြာပြီ၊ တင်ထားပြီးသားလား ဆို တာ မသိပေ မဲ့ ခု မှ တွေ့ ရတဲ့ ကျနော် ကတော့ ရင်သပ်ရှု မော အံ့ဩဘနန်း အားပေးသွားပါသည်။

  • Mလုလင်

    April 24, 2012 at 2:26 pm

    – မင်န်ဘာတဦးသည် တရက်လျှင်ပို့စ် ၂ခုထက်ပိုမတင်ရ။
    ဆိုတာလေး ……. ညာဘက် က rules မှာ ရေးထားပါကြောင်း …..။

    • အမုန်း လုလင်

      May 17, 2012 at 4:08 pm

      ဆောရီးဗျာ ကျုပ်တကယ်မတွေ ့လိုက်တာပါ ..
      ပုံတင်မရလို ့ စိတ်မရှည်တာနဲ ့ .. ဖြစ်သွားတာပါ ..။

  • kai

    April 24, 2012 at 3:13 pm

    တရက်ထဲ ၄ခုဖြစ်နေလို့.. ၂ခုကို ပိတ်သိမ်းထားပါတယ်..
    နောက်ရက်မှတက်လာပါလိမ့်မယ်နော..။

  • ကြောင်ကြီး

    April 25, 2012 at 10:11 am

    ဒစ်ကာဗာရီချန်နယ်မှာလား ပလန်းနက်ချန်နယ်မှာလား မသိဘူး ကြည့်ဖူးတယ်.. ဒရယ်လား ကျွဲရိုင်းလား မမှတ်မိဘူး အုပ်စုလိုက် မြစ်ကိုဖြတ် တောပြောင်းဂျတယ်။ ပုံမှန်ရာသီအကူးအပြောင်း လုပ်နေဂျမို့ ရေထဲမှာ မိဂျောင်းအုပ်လိုက် စောင့်နေတယ်။ သေလိုက်ကြတာ အတုံးအရုံးပဲ…တကောင်နဲ့တကောင် ဘယ်သူ့ကိုမှ မညှာနိုင်ဘူး ရေထဲဂနေ တဖက်ကမ်းပါးပေါ်ကို ကိုယ်လွတ်ရုန်း အပြေးတက်ကြရတာ။ အဲဒီမှ ကြည့်လိုက်ရတာ တဖက်ကမ်းအစပ်ရောက်ရောက်ခြင်း ဒရယ်လေးက သူ့အမေမရှိလို့ ချက်ခြင်း ရေထဲကို ပြန်ဆင်းပြေးရှာဒယ်.. အမေကြီးက ကြည့်ရဒါ သေသွားပုံရတယ်။ တိရာစာ္ဆန်အချင်းချင်းဆိုတော့ သဘာဝအသိစိတ်နဲ့ အတူရှိဒယ် မရှိဘူး သိမှာပေါ့လေ…။ တချို့တိရိစာ္ဆန်မျိုးစိတ်တွေမှာ သဘာဝမိခင်ကပဲ ကိုယ်ရင်သွေးကို စောင့်ရှောက်တယ်။ ကံမကောင်းလို့ အမေနဲ့ သေကွဲ ရှင်ကွဲဆို ခလေးလည်း စောင့်ရှောက်သူမဲ့ သေရဒါပဲ…။ အဲဒီ ဖြစ်ရပ်လေးကြည့်ပြီး ကံတရားဆိုတာကို သိပ်ကြောက်မိဒယ်..။

  • etone

    April 25, 2012 at 11:40 am

    မေးလ်ဂရုတစ်ခုကနေ အဲ့ဒီပုံလေးတွေကြည့်ဖူးပါတယ် …. ။ ပထမဆုံး မိကျောင်းက ဆင်ပေါက်လေးကို ဆွဲတာပါ …. ။ ကုန်စပ်မှာကို တက်ဆွဲတဲ့ပုံ … မိခင်ဖြစ်သူကသားဖြစ်သူကို လွတ်အောင် မိကျောင်းကို ပြန်ဖိုက်ပြီး … ရေစပ်ဆွဲချ … အဲ့တော့မှ သူ့ နှာမောင်း ပြန်ကိုက်ခံရတာ ….

    ဒီပုံလေးတွေကို ကြည့်ရင်း …. မိခင်မေတ္တာဆိုတာ တိရိစ္ဆာန်တွေမှာတောင် ရှိတတ်တဲ့ အရာလို့နားလည်ခဲ့ပြီး …. ကိုယ့်အသက်တောင် မငဲ့ပဲ …. သားသမီးတွေပေါ် မေတ္တာထားနိုင်တဲ့ …မိခင်မေတ္တာတန်ခိုးကိုလည်း လေးစားမိပါတယ် … ။ အသက်ရှင်စဉ်တွင်း ကိုယ့်အမေကိုယ် စိတ်ချမ်းသာအောင် ထားရမယ်ဆိုတဲ့ စိတ်လည်း ဖြစ်မိပါတယ် ။ 🙄

    • အမုန်း လုလင်

      April 25, 2012 at 2:15 pm

      မိခင်မေတ္တာဆိုတာ သားသမီးတွေအတွက်
      အမြဲတမ်း သတိရနေသင် ့တဲ ့ အရာပါ ။
      ဆင်လေး ဘာဖြစ်သွားလဲ ဆိုတာတော ့
      ကျုပ်လည်းသိချင်တယ် .. ဒါပေမယ့် ….
      ဆက်ရေးထားတာမတွေ ့ရတော့ဘူး …..။

      • kai

        April 25, 2012 at 2:21 pm

        သတိရရင်.. ဖုန်းဆက်လိုက်လေ..
        မေမေရေ.. သားသတိရလို့ဆက်တာပါ..လို့..
        ဖုန်းခတော့ အကုန်ခံလိုက်ပေါ့နော..။ 😆
        ( အဝေးရောက်သားများကို ရည်ညွှန်းပါသည်..
        မကြာခင် မိခင်များနေ့ရောက်တော့မည်ဖြစ်ပါကြောင်း.. )

        When is Mother’s Day 2012
        http://www.day-finder.com/mothers-day-2012.html
        When is Mother’s Day in 2012? Mother’s Day 2012 is observed on the second Sunday of May or May 13, 2012. Mother’s Day 2012 is…

  • pyaponthu

    April 25, 2012 at 2:39 pm

    လွန်သော၂လနီးပါခန့်ကyoutube ထဲမှာတွေ့ဖူးလိုက်ပါသည်။

  • snow white

    April 25, 2012 at 3:25 pm

    ပုံလေးကျန်သေးရင်ထက်တင်ပေးပါ ကြည့်ရတာသနားလိုက်တာ ဆင်အားတောင်မိကျောင်းကိုမမီဘူးနော် လူဆိုရင်တော့ပြောမနေနဲတော့တော်တော်ဆိုးတဲ့ မိကျောင်းဘဲ ဆင်နှာမောင်းလေးတော့ ပြတ်သွားပြီထင်ပါတယ် မသေသွားတာဘဲကံကောင်းတယ် မှတ်ရမယ်နော်

  • snow white

    April 25, 2012 at 3:59 pm

    ပုံလေးကျန်သေးရင်ထက်တင်ပေးပါ ကြည့်ရတာသနားလိုက်တာ ဆင်အားတောင်မိကျောင်းကိုမမီဘူးနော် လူဆိုရင်တော့ပြောမနေနဲတော့တော်တော်ဆိုးတဲ့ မိကျောင်းဘဲ ဆင်နှာမောင်းလေးတော့ ပြတ်သွားပြီထင်ပါတယ် မသေသွားတာဘဲကံကောင်းတယ် မှတ်ရမယ်နော် သတ္တဝါအချင်းချင်းညှင်းဆဲခြင်း ကင်းဝေးကျပါစေ

  • Gipsy

    April 25, 2012 at 10:07 pm

    နွေးထွေးလှတဲ့ အမေ့ရဲ့ ရင်ခွင်
    လွမ်းဆွတ်မိရင်
    နှိုင်းဆမသိ
    ကြီးမြတ်လှတဲ့ အမေ့မေတ္တာကား
    သမုဒ္ဒရာဘယ်မျှ
    ကျယ်ဝန်းလှလည်း
    တိုင်းဆမမီသည့်
    အနန္တအစဉ် ကျေးဇူးရှင်အမေကို
    အကြိမ်ကြိမ်ဆယ်ဖြာ
    ရှိခိုးပါသည်….
    ( Ko Zay Lin )

  • ba gyi

    April 26, 2012 at 9:33 am

    အော် သဘာဝဆိုတာလေ-
    ရေထဲမှာအားကြီးတဲ့သူကသူအနိုင်ရဘို့ရေထဲကိုဆွဲယူကျူံးသွင်းတယ်
    ကုန်းပေါ်အားကြီးတဲ့သူကလည်းသူအသာပြန်ရဘို့ကုန်းပေါ်ပြန်ဆွဲသွင်းယူရတယ်
    ကုန်းပေါ်မှဆင်ကလေးတွေကိုပဲအနိုင်ရစေချင်တယ်—- လောလောဆယ်သူတို့သားအမိကဒုက္ခဆင်းရဲ နှင့်
    သေဘေးမှလွတ်ရန် ကိုယ်အားကြီးဘို့ကျိုးပမ်းရတာမဟုတ်လား။

Leave a Reply