သူငယ်ချင်းသို ့အိတ်ဖွင့်ပေးစာ

phone_kyawApril 25, 20121min1416

သူငယ်ချင်းရေ-

လူတစ်ယောက်ရဲ  ့တန်ဖိုးက သူဖြတ်သန်းလာတဲ့ ခေတ်ကို ဘယ်လောက်ထမ်းနိုင်တာနဲ ့မဆိုင်ဘူး။ လူတစ်ယောက်ရဲ  ့တန်ဖိုးဆိုတာ တစ်လကို လစာဘယ်လောက်ရတာလဲနဲ ့ဆိုင်တယ်။ ဒါက ပိုပြီး လက်တွေ ့ကြပြီး တိုင်းတာလို ့ရတယ်။ ခေတ်ကို ဘယ်လောက်ထမ်းနိုင်မှဆိုတာ လေအရမ်းကြီးတော့ တိုင်းတာလို ့မရဘူး။ အဲဒါကို တလွဲလို ့ခေါ်တယ်။ အခုငါပြောနေတဲ့ အယူအဆက ဩစတျေးလျက အလုပ်သမားလူတန်းစားတွေပြောနေတဲ့စကားကွ။

ဗန်းမော်တင်အောင်ကတော့ ပေါက်ကရပြောမှာပေါ့ကွာ။ သူမှ လစာကောင်းကောင်းမရဘူးတာ။ ခလေးတစ်ပြုံကြီးနဲ ့တဲစုတ်နေပြီး ပေါက်ကရအတွေးတွေပြောတာဖြစ်မှာပေါ့။ ဟေ့ကောင်…ဒီစကားတွေကိုအပြောများတာ ကွန်မြူနစ်တွေကွ။ ဒီကောင်တွေက ဓားမရှိပဲ ထင်းခုတ်ချင်နေတဲ့လူတန်းစားလို ့ငါ့အဘိုးကပြောတယ်။ မင်းလည်းသတိထားအုံး။

နေအုံး…ဟေ့ကောင်..ငါတစ်ခုစဉ်းစားမိတယ်။ သူတောင်းစားဆိုတဲ့စကားနဲ ့ပက်သက်ပြီးပြောကြတယ်ကွာ။ မလုပ်မစားနိုင်တဲ့သက်ကြီးရွယ်အိုတွေ၊ ခလေးသူငယ်တွေ၊ နှုနာဝဲစွဲနေတဲ့လူတွေ ခွက်ဆွဲပြီးတောင်းစားတာကိုကြတော့ သူတောင်းစားဆိုပြီး နှိမ်ချခေါ်ဝေါ်ကြတယ်။ အဖတ်မလုပ်ချင်ဘူး။ အထင်လည်းသေးတယ်။ အခုကြည့်ကွာ…ဘုန်းကြီးတွေ သင်္ကန်းဝတ်ပြီး သပိတ်လွယ်ပြီး အိမ်တကာလှည့်တောင်းစားတာကိုတော့ ဆွမ်းခံတယ်လို ့ခေါ်တယ်တဲ့။ လှူကြပါတန်းကြပါဆိုတဲ့စကားလည်း သူတောင်းစားနဲ ့ဘာထူးလို ့လဲ။ ဘုန်းကြီးကြတော့ သူတောင်းစားမဖြစ်ပဲ၊ ဟိုငတ်နေတဲ့လူတွေကြတော့ သူတောင်းစားလို ့ခေါ်တဲ့လူတွေမကောင်းဘူးကွာ။ သူတို ့ကိုလည်း နာမည်အသစ်ထွင်ပေးရင်ကောင်းမလားပဲ။ ဥပမာကွာ သူတောင်းစားလို ့မသုံးပဲ၊ အန်ဂျီအိုအသေးစားလို ့ခေါ်ရင်ကောင်းမယ်။

ငါတစ်ခုကြားဘူးတယ်။ အစိုးရက ပြည်ပအတိုက်အခံတွေကိုမျောက်ပြဆန်တောင်းတယ်ဆိုပြီး ပုတ်ခတ်ကြတယ်။ အဲဒါမျောက်ပြဆန်တောင်းတာမဟုတ်ဘူးကွ။ လူပြပြီး ဒေါ်လာတောင်းတာ။ နိုင်ငံရေးအကြောင်းပြပြီး ဒေါ်လာတောင်းတာ။ သူတို ့ပြောမှပဲ လူတွေက မျောက်ဖြစ်ရတော့တယ်။ ဒီဗမာတွေစကားပြောရင် ကပ်သီးကပ်သပ်နဲ ့။ နာရေးကူညီမှု အသင်းတို ့၊ သီတဂူဆရာတော်တို ့နဲ ့အခြားလူမှုရေးလုပ်ငန်းတွေလုပ်နေတဲ့လူတွေကိုကြတော့ မျောက်ပြဆန်တောင်းတယ်လို ့မပြောကြဘူး။ ငါစဉ်းစားလို ့မရဘူးကွာ။ လွဲနေသလားမသိဘူး။

ဒို ့ဗမာစကားနဲ ့စာက အတော်ရှုပ်တယ်။ နှစ်လုံးတည်းနဲ ့ဘောင်းဘီကျပ်တယ်။ နိုင်ငံရေးမှာလည်း လေးစားရတာနဲ ့ငါးပြန်ရတာနဲ ့။ ဗိုလ်ချုပ်ကြီးတွေ လစာနဲ ့မချမ်းသာပဲ ပေါက်ကရချမ်းသာနေတာကိုတော့ သူခိုးလို ့မပြောပဲ၊ ဆန်ဂိုထောင်က စားဖို ့မရှိလို ့ခိုးတာကိုကြတော့ ငါ့ကို သူခိုးဆိုပြီး ရိုက်ကြတယ်ကွာ။ မတရားဘူး။ လူ ့အဖွဲ ့အစည်းကြီးက လီးလိုလိုမှိုလိုလိုနဲ ့။ ရိုင်းလို ့တော့မဟုတ်ဘူးကွာ။ ဘယ်သူမှ စာရေးရင် အဆဲလေးမပါကြလို ့။ စွန် ့ဦးတီထွင်လုပ်ငန်းရှင်တော့မဟုတ်ပါဘူး။ စွန် ့ဦးတီထွင် အဆဲရှင်လို ့ပဲ သတ်မှတ်ပါ သူငယ်ချင်း။

နောက်ပြီး သူငယ်ချင်းရေ….မင်းစဉ်းစားကြည့်ကွာ ခရစ်ယာန်ဘာသာရေးလုပ်တဲ့လူအချို  ့ကပြောတယ်။ တစ်ခါလာလည်း ဘုရားသခင်က ဖန်ဆင်းပေးတာတဲ့။ သူချမ်းသာတာကို ဘုရားသခင်က ဖန်တီးတယ်လို ့ပြောတယ်။ သူဆင်းရဲတာကိုလည်း ဒီအတိုင်းပဲ။ သူ ့မိန်းမခလေးရတာကို ဘုရားသခင်က လုပ်ပေးတာတဲ့။ ပြောရရင်တော့ ဘုရားသခင်က သူ ့မိန်းမကို တက်ချသလိုပဲ။

ငါတို ့နယ်စပ်မှာနေတုန်းကဆိုရင် ခရစ်ယာန်တွေက ငတ်နေတဲ့ခလေးတွေ မိသားစုတွေကို လူစုပြီး ထမင်းဝေတယ်။ အဝတ်အစားပေးတယ်။ ပြီးရင် ဘုရားကျောင်းထဲမှာ သူတို ့ဟောတာကို နားထောင်းခိုင်းတယ်။ ဟိုကခလေးတွေ မိသားစုတွေကလည်း ငတ်နေတော့ အမြဲသွားတယ်။ ကြာလာတော့ သူတို ့လည်း အလိုလိုခရာစ်ယာန်ဖြစ်လာကြတယ်။ ဒါနဲ ့ပက်သက်ပြီး ငါတွေးမိတာတစ်ခုရှိတယ်။ ငါတို ့ဗုဒ္ဒဘာသာ ဘုန်းကြီးတွေက အလှူခံသက်သက်ပဲဆိုတော့ သူတို ့လို ဘယ်ဖြစ်လာမလဲ။ ဥပမာ ဘုန်းကြီးတွေလည်း အဲလိုမျိူးဆွယ်ရင် ငါတို ့ဘာသာရေးလည်း လူများလာမလားပဲ။ အခုကြတော့ ဘုန်းကြီးတွေက သူများဆီက စားဖို ့လောက်ပဲ သိသလားမသိဘူး။

ငါ့မိန်းကတော့ပြောတယ်။ ဒါတွေကို မပြောကောင်းဘူးတဲ့ကွာ။ ငရဲအရမ်းကြီးတယ်လို ့ပြောတယ်။ ငါလည်း ထင်ပါတယ်။ ဒါပေမဲ့ကွာ ငါ့ရင်ထဲမှာပြည့်နေတဲ့စကားလုံးတွေကို ငရဲကြီးခံပြီး ပြောနေတာကို နားလည်ပေးကွာ။

ငါ့အတွေးတွေကို မင်းကိုပြောနေတာပါ။

ဘုန်းကျော်

6 comments

  • လူ ဟား

    April 25, 2012 at 10:04 am

    အဟ… ငဘုန်းကျော်… ဗုဒ္ဓဘာသာ နဲ့ ခရစ်ယာန်ကို စော်သွားတယ်.. အစ္စလာမ်ကိုတော့ ကြောက်တယ်နဲ့တူပါရဲ့…ဟိုကတကယ်လုပ်မှာ.. အော်ဇီမှာ ခေါင်းပြုတ်မှာတော့ ငဘုန်းကျော်လည်း ကြောက်တတ်သား….

  • ပေစိ

    April 25, 2012 at 1:42 pm

    ဘေးမဲ့တောဆိုတာ သဘာဝသားရိုင်းတိရိစာ္ဆန်တွေအတွက် လွတ်လပ်စွာနေထိုင်ကျက်စားခွင့်ပြုထားတဲ့ အဝန်းအဝိုင်း သတ်မှတ်နေရာတစ်ခုပါ
    မန်းဂေဇက်ရွာ ဆိုတာ ကဘုန်းကျော်အတွက် ……………………………..

  • ကောင်းမြတ်သူ

    April 25, 2012 at 2:09 pm

    ကိုဘုန်းကျော်ရေ ခင်ဗျားရေးတာတော့ဖတ်သွားပြီ Comment တွေစောင့်ဖတ်လိုက်အုံးမယ်…
    ကျေးဇူးပဲ……. (comment ကောင်းကောင်းတွေလေ့လာခွင့်ရတော့မယ့်အတွက်)

  • Oakar Bo

    April 25, 2012 at 5:56 pm

    ဟေ့ ငဘုတ်ကျော် ဗုဒ္ဒဘာသာ မြန်မာ ဘုန်းကြီးတွေအားလုံးကို သိမ်းကြုံးပြီး အလှူခံသက်သက်ပဲလို့ ပြောတာကတော့ စော်ကားရာရောက်နေပြီ။ သာသနာ ပြန့်ပွားအောင် အနယ်နယ် အရပ်ရပ် နဲ့ နိုင်ငံတကာမှာ တရားလှည့်ဟော နေပြီး ဘာသာ သာသနာ ကောင်းကျိုးတွေ ဆောင်ရွက် သယ်ပိုးနေတဲ့ ဘုန်းကြီး တွေကို ကော မင်းဘယ်လိုပြောမလဲ ဩစီကျွန် ရဲ့။

  • aye.kk

    April 25, 2012 at 6:35 pm

    သံဃာပြစ်မှားငရဲလား..။
    အားလုံးသိကြအများပင်..။
    အသိခေါက်ခက်အဝင်နက်သည်..
    ပြောရဆိုရကျပ်သည့်သူက..
    ပြောသူကိုယ်တိုင်ဖြစ်၍နေပါလား။။

  • Gipsy

    April 25, 2012 at 10:30 pm

    “သတိမမူဂူမမြင်၊ သတိမူတော့ မြူပါမြင်သည်”… တဲ့
    ငါ သာလျှင် တော် ၊ သူ မတော် ဟု မြင်နေဟန်ရှိ ကဘုန်းကျော်…
    အတော်လွန်ပြီးသကာလ ချီးသင့်မှာ မကြောက်၍လော….။

Leave a Reply