မေ (၁) ရက်တွင် သင့်မှာ ထီပေါက်ကိန်း ပိုရှိတယ်…

ရွာသူ/ရွာသား အပေါင်းတို့ရေ

ပြည်တွင်းအခွန်များ ဦးစီးဌာနက လစဉ်ဖွင့်လှစ်ပေးနေတဲ့ ကျပ်၂၀ဝ တန် အောင်ဘာလေ ထီလက်မှတ်များကို ဧပြီလမှာ ကျန်လများထက် အက္ခရာအရေအတွက်လျှော့ချပြီး ထုတ်တယ်ဆိုတာ သိကြပါသလား..?

၂၀၁၂ ခုနှစ်ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည့် (၂၇ရကြိမ်) မှစ၍ အောင်ဘာလေထီကို သိန်း(၁၅၀၀) ဆုကြီး တစ်ဆုထပ်တိုးပြီး ယခင်ဆု သိန်း(၁၀၀၀) ဆု အပါ အခြားဆုများ ထပ်တိုးတယ်။ အက္ခရာများကိုလည်း `က´မှ `လ´အက္ခရာထိ(၂၈)လုံးနဲ့  ထုတ်ထားခဲ့ပါတယ်။ (credit-1)

ပြီးခဲ့တဲ့ ဧပြီလ ၁ ရက်နေ့ ထီဆုမဲတွေကို ကြည့်ရင် ကျပ်သိန်း(၁၅၀၀) ဆုကြီး တစ်ဆု၊ သိန်း(၁၀၀၀) ဆုကြီး တစ်ဆု၊ သိန်း(၅၀၀) ဆုကြီး တစ်ဆု၊ သိန်း(၃၀၀) ဆုကြီး နှစ်ဆု၊ သိန်း (၂၀၀)ဆုကြီး လေးဆုနဲ့ ကျပ်သိန်း (၁၀၀) မင်္ဂလာစုံတွဲစနစ် ဆုကြီး ၁၆ ဆု အပါအဝင် ဆုမဲပေါင်း (၁၆၆၈၅) ဆု ဖွင့်လှစ်ပေးခဲ့ ပါတယ်တဲ့ခင်ဗျာ။

၂၇၉ ကြိမ်မြောက် ထီပေါက်စဉ်(credit-2) မှ ဆုမဲများ

ဧပြီ လဆန်းလောက်က ဂျာနယ်တစ်စောင်မှာ (နာမည် မမှတ်မိတော့လို့ ခွင့်လွှတ်ကြပါ) ဒီလ အောင်ဘာလေထီလက်မှတ်များကို အက္ခရာ ၄ လုံးလျှော့ထုတ်မယ်ဆိုတာ ဖတ်ရပါတယ်..။ အက္ခရာ တစ်လုံးကို ထီလက်မှတ် အစောင်ရေ ကိုးသိန်းခန့်ထုတ်တဲ့ အတွက်ကြောင့် ဒီလ ထီစောင်ရေ ၃၆ သိန်းလောက်လျှော့ထုတ်တာပေါ့။ လျော့သွားတာ ရာခိုင်နှုန်းအားဖြင့် ၁၄.၃% ရှိတယ်။ ဌာနက စောင်ရေ လျှော့ထုတ်တယ်ဆိုတော့ ကျနော်တို့ ထီပေါက်ဖို့ ရာခိုင်နှုန်း တိုးလာတာပေါ့ ဟုတ်ဘူးလား..။

ထီပေါက်ဖို့ ဘယ်လောက်ခက်တယ်ပြောပြော လှံထမ်းလာတာမြင်ရတယ်.. ကံထမ်းလားတာ မမြင်ရဘူး လို့ ဆိုရိုးစကားရှိတယ်မဟုတ်လား..။

ထီဖွင့်ဖို့ ၅ ရက်လိုသေးတယ်။ အချိန်ရှိတုန်း ထီပြေးထိုးလိုက်ကြပါအုံး ရွာသူ/ရွာသား သူဌေးလောင်း အပေါင်းတို့ခင်ဗျား…..။

ထီစနစ်ပြောင်းလဲမှုအချို့ (credit- EMG)

ခုနှစ်

ထီဈေးနှုန်း

အမြင့်ဆုံးဆု

အနိမ့်ဆုံးဆု

၁၉၉၁(ဧပြီ) ၁ဝ ကျပ်

၁ဝ သိန်း

၁၅၀ဝ ကျပ်

၁၉၉၈(ဒီဇင်ဘာ)

၅ဝ ကျပ်

၃၀ဝ သိန်း

၁၀၀၀ဝ ကျပ်

၂၀၀၅(နိုဝင်ဘာ)

၁၀ဝ ကျပ်

၅၀ဝ သိန်း

၂၀၀၀ဝ ကျပ်

၂၀၀၉(ဇန်နဝါရီ)

၂၀ဝ ကျပ်

၁၀၀ဝ သိန်း

၁ သိန်း

၂၀၁၂(ဖေဖော်ဝါရီ)

၂၀ဝ ကျပ်

၁၅၀ဝ သိန်း

၁ သိန်း

လစဉ်ထီရောင်းရငွေအားလုံး၏ ၆ဝရာခိုင်နှုန်းကို ထီဆုမဲများ ဖွင့်လှစ်ပေးခြင်းဖြစ်ပြီး ကျန်ရှိသည့်  ၄ဝ ရာခိုင်နှုန်းကို အခွန်ငွေအဖြစ် ပေးသွင်းခြင်းဖြစ်ကြောင်း သိရှိရသည်။

41 comments

  • ရွာစားကျော်

    April 25, 2012 at 11:42 am

    မေ ၁ မှာ အလှူခရီးထွက်ရင်းနဲ့ ရွာထဲက မည်သူတော့ဖြင့် အောင်ဘာလေ သိန်း ၁၅၀ဝ ဆုကြီး ဆွတ်ခူးလို့ သူဌေးကြီး ဖြစ်သွားဘီ ဆိုတဲ့ သတင်းကောင်း ကြားရရင် ဒီပို့စ် တင်ရကျိုး နပ်မှာမို့ မဖြစ်မနေ ကံစမ်းလိုက်ကြပါအုံးဆိုတာ ရွာစော်ကြီးလုပ်ကာ ဗျို့ဟစ်လို့ နို့တစ်စ် ထုတ်လိုက်ပါသည် ခင်များ…

    • THE MOON

      April 29, 2012 at 5:30 pm

      ပြီးခဲ့တဲ့ ဧပြီလ ၁ ရက်နေ့ ထီဆုမဲတွေကို ကြည့်ရင် ကျပ်သိန်း(၁၅၀၀) ဆုကြီး တစ်ဆု၊ သိန်း(၁၀၀၀) ဆုကြီး တစ်ဆု၊ သိန်း(၅၀၀) ဆုကြီး တစ်ဆု၊ သိန်း(၃၀၀) ဆုကြီး နှစ်ဆု၊ သိန်း (၂၀၀)ဆုကြီး လေးဆုနဲ့ ကျပ်သိန်း (၁၀၀) မင်္ဂလာစုံတွဲစနစ် ဆုကြီး ၁၆ ဆု အပါအဝင် ဆုမဲပေါင်း (၁၆၆၈၅) ဆု ဖွင့်လှစ်ပေးခဲ့ ပါတယ်တဲ့ခင်ဗျာ။

      မေလ ၁ ရက်နေ့ ထီဆုမဲတွေကို ကြည့်ရင် ကျပ်သိန်း(၁၅၀၀) ဆုကြီး တစ်ဆု၊ သိန်း(၁၀၀၀) ဆုကြီး တစ်ဆု၊ သိန်း(၅၀၀) ဆုကြီး တစ်ဆု၊ သိန်း(၃၀၀) ဆုကြီး တစ်ဆု၊ သိန်း (၂၀၀)ဆုကြီး နှစ်ဆုနဲ့ ကျပ်သိန်း (၁၀၀) မင်္ဂလာစုံတွဲစနစ် ဆုကြီး ၁၄ ဆု အပါအဝင် ဆုမဲပေါင်း (၁၄၈၂၅) ဆု ဖွင့်လှစ်ပေးမှာပါတဲ့ခင်ဗျာ။

  • kaung kin pyar

    April 25, 2012 at 12:34 pm

    ကျေးဇူးတင်ပါတယ် ကိုရွာစားကျော်ရေ….။ ရွာထဲက ဘယ်သူပေါက်ပေါက် (ထီကိုဆိုလိုပါသည်…။) ပျော်ပါတယ်….။ ကောင်းကင်လဲ လမကုန်ခင် ရန်ကုန်ရောက်ဖြစ်မှာမို့ ထီထိုးလိုက်ပါဦးမည်……။

    • ရွာစားကျော်

      April 25, 2012 at 1:32 pm

      ထိုးဖြစ်အောင် ထိုးပါ ကောင်းကင်ပြာ (ထီထိုးဖို့ပြောတာနော်)
      သိန်း ၁၅၀ဝ ဆုကြီး ပေါက်ပါစေခင်ဗျာ..

      • kaung kin pyar

        April 25, 2012 at 1:42 pm

        ပေးတဲ့ဆုနဲ့ ပြည့်ပါစေတော်…..။

    • THE MOON

      April 25, 2012 at 11:30 pm

      ရွာစားကြီးရေ။
      မှားနေပြီနော်။
      အောင်ဘာလေထီကစောင်ရေလျော့ရင်ဆုငွေလဲလျော့တာပါဘဲ။
      ရောင်းရငွေ၄၀%ကနိုင်ငံတော်အတွက်အခွန်။
      ၆၀%ကိုဆုငွေအတွက်ခွဲဝေပေးမှာပါ။
      အက္ခရာ၄လုံးလျှော့လို ့၁၄.၃%%လျော့သလိုဆုငွေလဲ၁၄.၃%%လျော့မှာပါ။
      မေလ၁-ရက်ပေါက်စဉ်သာစောင့်ကြည့်ကြပါ။
      1-4-2012ကပေါက်မဲ၁၆၆၈၅မဲထက်လျော့မှာပါ။

      • ရွာစားကျော်

        April 26, 2012 at 7:00 pm

        Good point! THE MOON
        ခင်ဗျား ထောက်ပြတာလည်း ဟုတ်တာပဲ.. ကျနော်မမြင်မိ၊ မတွေးမိလိုက်တဲ့ အချက်ဗျ
        ထီပေါက်စဉ်ထဲမှာ ဆုကြီးတွေ အပြင် အပိုဆု ဆိုပြီး ထပ်ဖောက်ပေးတာ တွေ့ရသေးတယ်..
        ၆၀% ပြည့်အောင် ထပ်ဖွင့်ပေးတဲ့ ဆုတွေထင်တယ်.. လျော့မယ်ဆို အဲဒါတွေထဲကလျော့လောက်တယ်..
        သိန်းရာချီ ဆုကြီးတွေတော့ အရေအတွက်လျော့ပေးမယ် မထင်ဘူးဗျာ..
        အင်း မေ-၁ ထီပေါက်စဉ်ကို စောင့်ကြည့်တာပေါ့.. ခုလိုထောက်ပြတာ ကျေးဇူးဗျို့

  • ဆူး

    April 25, 2012 at 12:48 pm

    ရာနှုန်းနဲ့ တွက်ရင်တော့ တော်တော် အခြေအနေကောင်းလာတာပဲ..
    သတင်းကောင်း ကြားရပါစေ။

  • Ma Ei

    April 25, 2012 at 1:32 pm

    ဗျို့ဟစ်လို့ကျေးဇူးပါ ရွာစားကြီးရှင်…
    ကံစမ်းလိုက်ပါအုံးမယ်…
    သတင်းကောင်းလေး ပြောချင်လို့ပါ…

  • eipu

    April 25, 2012 at 1:37 pm

    ကျေးဇူးပါ ရွာစားရေ
    အလုပ်ဆင်းတာနဲ့ ပြေးထိုးလိုက်အုံးမယ်

  • ရွာစားကျော်

    April 25, 2012 at 1:50 pm

    ရွာစားကျော်ကနေ ရွာဆော်ကြီးလုပ်ရကျိုးနပ်အောင် အောင်ဘာလေထီကို အသားကုန် ထိုးကြပါ မဆူး၊ မအိ၊ အိပု တို့ရေ..
    ဆုကြီးတွေ ပေါက်ကြပါစေ.. များများပေါက် များများရ၊ ဒီထက် များများလှူ နိုင်ကြပါစေ..
    ကျနော်ကတော့ ၁၅၀ဝ သိန်းဆုကြီးပေါက်ရင် သိန်း ၅၀ဝ လောက်ကို ဖောင်ဒေးရှင်းထောင်ဖို့ စိတ်ကူးထားပါသည်.. ပြေတီဦးတို့ ရဲတိုက်တို့ အားကျလို့.. (မစားရ ဝခမန်းလို့ ဆဲချင်လည်းဆဲကြပါ.. ကျုပ်မှာ ပိုက်ဆံအများကြီး ရဖို့ ဒီတလမ်းပဲ ရှိလို့ပါ.. 😳 :mrgreen: )

  • kaung kin pyar

    April 25, 2012 at 1:53 pm

    သိပ်မမျှော်လင့်ထားပါဘူး….။ သိန် ၁၀၀ဝ ထီကို ငါးခါဆက်တိုက်ပေါက်ရင် တော်ပြီ…။

    • ရွာစားကျော်

      April 25, 2012 at 4:14 pm

      ထီထိုးပြီး မျှော်မနော်တော့ဘူး.. သိန်းငါးထောင် ကံထူးရှင် ကောင်းကင်ပြာကိုပဲ ချွေးမ တော်ထားလိုက်တော့မယ်.. ယူမရား ကျုပ်သားကို..

      • kaung kin pyar

        April 25, 2012 at 4:45 pm

        သားက ခုမှ ဗိုက်ထဲမှာလား ကိုရွာစားရဲ့….။ ထီမပေါက်ရင်တော့ ကိုရွာစားသားကို ပြောလိုက်ပါ..။ မောင်တစ်ထမ်းမယ်တစ်ရွက်ပေါ့…။ သူက ပဲပြုတ်ရောင်းကျွေး၊ ကျုပ်က ဆိုက်ကားနင်းကျွေးမယ်လို့………။

  • မဟာရာဇာ အံစာတုံး

    April 25, 2012 at 2:07 pm

    ခုလို အများအကျိုးအတွက်
    လောဆော်ပေးတာ ကျေးဇူးပါပဲ ရွာစားကြီးရေ ..
    ကျုပ်လည်း ထီပြေးထိုးလိုက်ဦးမယ် ..

    တကယ်လို့သာ အမှတ်မထင် သိန်းဆုကြီးသာ ပေါက်ခဲ့လို့ကတော့
    ရွာထဲကလူတွေ ဘာစားချင်လည်းပြော ..
    အစွမ်းကုန် ပြုစုပစ်လိုက်မှာ ………………
    😀

    • ရွာစားကျော်

      April 25, 2012 at 2:24 pm

      အံစာတုံး ရဲ့ ပုံထဲကလို ရွာသားအားလုံးပါတဲ့ ဝိုင်းကြီးတစ်ဝိုင်း ဟဲ ဟဲ

      • မဟာရာဇာ အံစာတုံး

        April 25, 2012 at 3:01 pm

        အဲလို ဝိုင်းကြီးဆို ..
        ပေါက်ဖော်တို့က ရှေ့ဆုံးက နေရာယူမယ် ထင်တယ် …
        ဟီဟိ ..
        😀

  • laypai

    April 25, 2012 at 2:09 pm

    တရားဝင် လောင်းကစား ဆိုပေမဲ့ လည်း အောင်ဘာလေ ထီကို တော့ တလ ကို နှစ်စောင်တွဲ၊ ရရင် တစောင်တည်း နဲ့ အများဆုံး ၃စောင် တွဲ တော့ ထိုးနေကျပါ။
    ၅စောင်တို့ ဆယ်စောင် တို့ တခါဖူး မှ မထိုး ခဲ့ ဘူး။

    ထီပေါက်ချင်တာ တော့ ထီထိုးသူတိုင်း ပေါ့ နော်။
    ကျနော်ဘဝမှာ ချွေးနဲ့ အသက်နဲ့ ဦးဏှောက်နဲ့ ရင်း ပြီး ရတဲ့ လုပ်အား တန်ဘိုး ငွေ ပဲ ရှိတယ်။
    ကံမျက်သာပေး လို့ ရတဲ့ ငွေ လေး တော့ မျှော်နေမိတာ အမှန်ပဲ။

    မိန်းမက နှလုံးထီ ဝါသနာ ပါလို့ မထိုး ဖို့ မျက်ကြောတင်းတင်း နဲ့ ဟန့် ထား တာတောင် တသိန်း ကျော် ရှုံး လို့ ဒေါသလည်း ထွက် စိတ်လည်းပျက် လို့ သင်္ကြန် ဘယ်ကို မှ မလည်ပြစ်တော့ ဘူး။

    • ရွာစားကျော်

      April 25, 2012 at 3:04 pm

      ကံထမ်းလာတာ မမြင်ရဘူး ဆိုတော့.. ကံစမ်းပြီး ထီထိုးရမှာ၊ မထိုးထားရင် မျှော်စရာတောင် မရှိဘူးဖြစ်မှာ မဟုတ်ပါလား..။ ကျနော်ရော ကျနော့ အမျိုးသမီးရော လတိုင်း ငါးစောင် အနည်းဆုံး ထိုးဖြစ်ပါတယ်။ ၁-၁-၂၀၁၁ တုံးကလည်း သိန်း ၁၀ဝ ဆု ပေါက်ဖူးပါတယ်..
      ဒီလ ငါးစောင်လောက်တော့ အနည်းဆုံး ထိုးလိုက်ပါ laypai ရေ။ မိန်းမကတောင် နှစ်လုံးထီ သိန်းကျော်အောင် ထိုးသေးတာပဲဟာ။
      ကံမျက်နှာသာ ပေးလို့ သိန်း ၁၅၀ဝ ဆုကြီးပေါက်ပါစေဗျာ..

      • laypai

        April 25, 2012 at 3:34 pm

        ဝမ်းသာ ဂုဏ်ယူ တယ် ဗျာ၊ သိန်းတစ်ရာဆု ပေါက်ဖူး တဲ့ ကို ရွာစားကျော် ရေ။
        ၅စောင်တော့ မထိုးတော့ဘူးဗျာ ဒီလ အတွက်တော့ ၂စောင်တွဲ လေး နဲ့ ဘဲ မျှော် နေတော့ မယ်။

        ဘာဖြစ်လို့ လဲ ဆို တော့ သိန်း ၁၅၀ဝ ဆု ဟာ ကိုယ့် အတွက် မမျှော်လင့် ပဲ ဂေဇက် ရွာသားတွေ ထဲ က တယောက် ယောက် အတွက် ဖြစ်ပါစေ လို ့ ဆု တောင်းပေး နေလို့။

        သူ အဲလိုထိုးနေတာ နဲနဲ ရိပ်မိပေမဲ့ အသေအချာ မသိတော့ မပြော တတ်ဖူး ဗျ။
        အကြွေးနဲ့ ထိုးထိုး နေတာ ဗျ။
        မရှူ နိုင် မကယ် နိုင် ဖြစ်မှ ပြော တော့ တော်တော် ဒေါသ ဖြစ်သွားတယ်။
        ခု ပြော မရ ရင် ရဲ လက်အပ် မယ် လို့ ကျိန်းထားတယ်။

  • sugar sugar

    April 25, 2012 at 2:45 pm

    ရွာစားရေ လက်မနှေး ပဲပြေးထိုးလိုက်ပါကြောင်း (ထီ ထီ)

  • Novy

    April 25, 2012 at 3:00 pm

    ရွာစားကျော်ရေ..
    တိုက်တိုက်ဆိုင်ဆိုင် ပါပဲ မနိုလဲ အခုလေးတင်အင်တာနက်ထီကနေ နံပါတ်ရွေးပြီးထီထိုးလိုက်တယ်
    http://www.shwemyanmarlottery.com/
    ပြေးထိုးဖို့ မအားတဲ့ သူတွေ အတွက်လဲ ထိုင်ပြီးထီထိုးလို့ ရတဲ့ ဆိုက်လေး
    ပေးလိုက်တယ်နော်

  • ရွာစားကျော်

    April 25, 2012 at 3:14 pm

    လက်မနှေးပဲ ပြေးထိုးလိုက်တဲ့ sugar sugar ရော တိုက်တိုက်ဆိုင်ဆိုင် အင်တာနက်က ထီထိုးလိုက်တဲ့ မနိုရော သိန်းထောင်ချီ ဆုကြီးတွေ ပေါက်ကြပါစေဗျာ…
    တို့ ရွာသူ/ရွာသားတွေ သူဌေးဖြစ်ဖို့ အောင်ဘာလေထီကို ထိုးကြစို့ 😀

    • sugar sugar

      April 26, 2012 at 1:37 pm

      ပေးတဲ့ဆုနဲ့ပြည့်ပါရစေဗျာ

  • etone

    April 25, 2012 at 3:14 pm

    ထီပေါက်ဖို့ အခွင့်ရေးတွေ များလာတာဝမ်းသာစရာပါပဲ …
    ထီဂဏန်းတွေလျော့ပေမယ့် … ထီဈေးတွေတော့ မလျော့ဘူးပဲ … အထူးသဖြင့် တဆင့် ပြန်ယူရောင်းသူတွေဆီမှာ .. . တစ်စောင်သုံးရာကနေ သုံးရာ့ငါးဆယ်အထိရောင်းနေတုန်း … (ကိုယ်တွေ့ပါ ) ….

    ဒါနဲ့ ….. လစဉ်ထီရောင်းရငွေအားလုံး၏ ၆ဝရာခိုင်နှုန်းကို ထီဆုမဲများ ဖွင့်လှစ်ပေးခြင်းဖြစ်ပြီး ကျန်ရှိသည့် ၄ဝ ရာခိုင်နှုန်းကို အခွန်ငွေအဖြစ် ပေးသွင်းခြင်းဖြစ်ကြောင်း သိရှိရသည်။ ကိုဖတ်ရတာ … အမြတ်စွန်းမရပဲ ဒီအလုပ်ကို လုပ်နေသလိုလို …. ထင်မိပါတယ် …. ။ 40% အပြည့် အခွန်သွင်းရဲ့လားဆိုတာလည်း စိတ်ဝင်စားမိတယ် … ဟိ 😀

    • ရွာစားကျော်

      April 25, 2012 at 3:21 pm

      အပြင်မှာ ထီရောင်းဈေးကတော့ အနည်းဆုံး ၂၅ဝ ထိသာ ဝယ်ဖူးပါတယ်.. ၃၀ဝ ရောင်းကြတာ များပါတယ် (ကိုယ်တွေ့ပါပဲချင့် ဟိ)
      ၆၀% ဆုဖွင့်ပေးပြီး ၄၀% အခွန်သွင်းလိုက်တယ်ဆိုတာ ပြည်တွင်းအခွန်များဦးစီးဌာန က ထီရောင်းရငွေများကို စီမံခန့်ခွဲပုံ ဖြစ်ပါမယ် လို့ ကျနော်တော့ သဘောပေါက်ပါတယ်ခင်ဗျ..။
      ဒါနဲ့ မအဲတိုနဲရော ထီထိုးပီးဘီလား ပြေးထိုးလိုက်အုံးနော်… 🙂 :B

  • aye.kk

    April 25, 2012 at 4:35 pm

    ထီထိုးချင်ပါသည်။
    အဝေးကဖြစ်၍ဘယ်လိုဆက်သွယ်ရမလည်းသိချင်သည်။

    • ရွာစားကျော်

      April 25, 2012 at 6:43 pm

      စိတ်ပါသွားတယ်လား..
      http://www.shwemyanmarlottery.com/
      အဲဒီမှာ aye.kk ကြိုက်တဲ့ ဂဏန်းရွေးပြီး ရန်ကုန်က အသိတယောက် ဖုန်းနံပါတ်နဲ့လိပ်စာ ပေးလိုက်လေ…
      ဒါမှမဟုတ် မနို လတ်တလော အဲဒီလင့်ကနေ အင်တာနက်ထီထိုးထားတာဆိုတော့ သူ့ကို အကူအညီ တောင်းကြည့်ပါလား..

      • aye.kk

        April 25, 2012 at 8:45 pm

        ကိုရွာစားကျော်..
        ကျေးဇူးဘဲနော်..။

      • Novy

        April 26, 2012 at 11:35 am

        မမအေးရေ.
        မနို ကူညီလို့ရပါတယ်
        ထိုးချင်ရင်ပြောနော်
        ပေါက်ရင်တော့ 10% ပေးရမယ်နော် ;-p
        အလကားနောက်တာနော်

  • kyeemite

    April 25, 2012 at 5:25 pm

    မှန်လိုက်တာရွာစားကျော်ရေ…`လှံထမ်းလာတာမြင်ရတယ်.. ကံထမ်းလားတာ မမြင်ရဘူး လို့ ဆိုရိုးစကားရှိတယ်မဟုတ်လား..။´ဆိုတာ..တစ်ခါက ဗိုက်ကလေး မူးပီး လှန်ထမ်းလာတာ
    တရပ်ကွက်လုံး ပွက်လောကိုရိုက်ရော…ဟီး..ပျော်လို့နောက်ဒါနော်..
    ထိုးအုံးမှာ…ထီ

    • မဟာရာဇာ အံစာတုံး

      April 25, 2012 at 5:36 pm

      ဘာကိုလဲဟင် …
      “ထိုးအုံးမှာ” … ဆိုလို့ … 😀
      တစ်လောက အထိုးကောင်းလို့ မျက်နှာကြီး ဖူးရောင်လာတာတောင် အမှတ်မရှိသေးရင် …
      ညည်းထိုက်နဲ့ ညည်းကံပဲဟေ့ …
      ခင်လို့ … သတိပေးလိုက်ဒါ …

  • water-melon

    April 25, 2012 at 7:08 pm

    ကဲ သများလည်းထိုးပြီ
    မေ၁ အမှီ
    ဖရဲမ
    ထီပေါက်ပြီ
    ဟေးးး ဟေးးးး ဟေးးး

  • ရွာစားကျော်

    April 25, 2012 at 8:28 pm

    ကကြီးမိုက်လည်း ထိုး
    ဖရဲမ.လည်း ထိုး
    အို.. ဘာတဲ့ ရွာသားအားလုံး ထိုးကြမည်
    မေလ ၁ ရက်အမီ
    အောင်ဘာလေထီ စိတ်ကူးရ
    သိန်း ၁၅၀ဝ ဗျ
    ရွာဆော်လုပ်ကာ တိုက်တွန်းပေး
    သူဌေးဖြစ်ဖို့အရေး..
    ထိုးကြပါစို့လေး.. ..။

    • မဟာရာဇာ အံစာတုံး

      April 25, 2012 at 8:43 pm

      အမငေး …
      သူ့ ကဗျာက လန်းလှချည်လား
      ချယ်ပဲ …
      😀

  • ထီမထိုးဖြစ်တာတော့ကြာပါပီ။ကိုယ်တိုင်မပေါက်နိုင်ဘူးလို ့ယုံကြည်
    ပြီးသားမို ့မထိုးဖြစ်တော့တာပါ။ဒါပေမယ့် ခုလိုသိရလို ့ကိုရွာစားကျော်ကို ကျေးဇူး
    နောိ

  • surmi

    April 26, 2012 at 1:10 am

    ဟုတ်ပြီရွာစားကျော်ရေ ……
    ပေါက်လို.ကတော. တရွာလုံးကို ဘုရားဖူးပို.ပစ်လိုက်မယ် ….။

  • ဗိုက်ကလေး

    April 26, 2012 at 7:08 pm

    နာ့ရဲ့ ပြောင်ဘာလေ ထီဆိုင်လေး မရုတ်သိမ်းခင် ဒီပို ့စ်ကို တင်ပါလား ရွာစားရာ…

    ထိုးမယ်..ထိုးမယ်.ထိုးကိုထိုးဦးမယ်..( ထီ )

  • ရွာစားကျော်

    April 26, 2012 at 10:06 pm

    ကိုသန်းထွဋ်ဦးရေ
    ကံစမ်းတာက မမှားပါဘူးဗျာ.. အတိတ်က ကောင်းမှုတွေက ဒီလ အကျိုးပေးနိုင်တာပဲ ဟဲ ဟဲ
    ထီ ထိုးဖြစ်အောင်ထိုးလိုက်အုံးနော်..

    ကိုဆာမိရေ
    မေ (၁) ရက် ခရီးစဉ်ပြန်လာပြီး ခင်ဗျားပို့မယ့် ဘုရားဖူးလိုက်မယ်နော်

    ဗိုက်ကလေးရေ
    အချိန်မနှောင်းသေးဘူး အပြေးသွားထိုးလိုက်အုံး (ထီ)..

    သိန်းရာထောင်ဆုကြီးတွေ ပေါက်ကြပါစေ….

  • မိုးသောက်ချိန်

    April 26, 2012 at 10:46 pm

    ထိုး ပြီးသွားပြီဗျ
    သင်္ကြန်တွင်းက
    ထိုးချင်စိတ်ပေါက်လာတာနဲ့ တွေ့တာနဲ့
    တန်းထိုးလိုက်တာပဲ
    ပေါက်မပေါက်တော့ မသိဘူး 😆
    (မှတ်ချက်။ ထီအကြောင်းပဲ ပြောခြင်းဖြစ်)

  • ရွာစားကျော်

    April 29, 2012 at 2:50 pm

    ထီဖွင့်ရန် ၂ ရက်သာ လိုတော့သည်
    အပြေး ထိုးလိုက်ကြဘာအုံး သူဌေးလောင်း အပေါင်းတို့ 😀

Leave a Reply