မြင်ကြည် ့ပေးပါချစ်သူ

virusApril 25, 20121min1447

ကောင်းကင်တစ်ခုရဲ့အနားသတ်
ဘယ်မှာဆုံးနေလို ့လည်း
အဲ့လိုအဆုံမရှိတဲ့ချစ်ခြင်းမျိုး
ငါ ့မှာရှိတယ်ဆိုတာ
ဘာလို ့သံသယတွေဝင်နေရတာလည်းချစ်သူ ။ ။ ။
နင်မရှိတဲ့ငါ ့ဘဝဆိုတာ
ငါမတွေးရဲပေမယ် ့
ငါမရှိတဲ့ဘဝအတွက်
ကြိုရင်ခုန်နေတာလားချစ်သူ
ငါကအပြစ်မမြင်လောက်အောင်ချစ်လို ့
နင်လုပ်ချင်ရာတွေနဲ့
နင်ထားခဲ့တဲ့ဝေဒနာတွေကြားမှာ
ငါ ငါ ငါ ဆိုတဲ့လူတစ်ယောက်က
အခါခါနာကျင်နေလည်း
ငါ ကိုကကျေနပ်နေတာပါချစ်သူ ။ ။ ။
ပြောပါရစေ
ချစ်နေပါတယ်ဆိုတဲ့စကားလုံးမှာ
မာယာတွေမပါသလို
ညာတာတွေလည်းငါမသ်ပါဘူး
ချစ်နေတာတွေပဲငါသိတယ်
ပြောကြည် ့စမ်းပါဦး
ချစ်သူ
ထားခဲ့ရင်လည်းနေခဲ့မှာပါ
အဆက်တော ့မဖြတ်ပါနဲ့။။။ ။။။

7 comments

  • မဟာရာဇာ အံစာတုံး

    April 25, 2012 at 9:05 pm

    ဗိုင်းရပ်စ် ဆိုတာ ပိုးတစ်မျိုး ..
    ဒီတော့ “ကိုပိုး” လို့ပဲ ခေါ်တော့မယ်ဗျာ ..

    ကိုပိုးရေ ..
    ကဗျာလေးက မိုက်သဗျ ..
    ဘာဖြစ်ဖြစ် ချစ်ပါရစေဆိုတဲ့ အထာလေးလို့ ထင်ပါတယ် ..
    အားပေးသွားတယ်ဗျ .. နော့ ..

    ခင်တဲ့ … အံစာတုံး

  • aye.kk

    April 25, 2012 at 9:41 pm

    တစ်ခါကပေါ့နော်..
    တိုက်ဆိုင်သွားလို ့ပါ။
    ကောင်းကင်ပြာအနားသတ်ကြီးကမဆုံးတာမင်းမြင်သလားတဲ့လေ။
    ကမ္ဘာကြီးကလုံးဝန်းနေတာယုံသလားတဲ့..
    တစ်နေ ့ကျရင်နင်နဲ ့ငါဟာပြန်ဆုံမှာတဲ့..
    ကမ္ဘာကြီးကလုံးဝန်းနေတာအမှန်မို ့ပါတဲ့..။
    တစ်ယောက်သောသူကပြောခဲ့တဲ့စကား..
    တစ်နေ ့တစ်ရက်မှမေ့မရခဲ့ပါဘဲနှစ်တွေအများကြီးကြာညောင်းခဲ့တာ။
    အချိန်တွေကုန်အရွယ်တွေလွန်ပြီးမှပြန်ဆုံခဲ့ကြရတာ..
    ဘာကြာင့်လည်းပေါ့နော်..။
    နင်နဲ ့ငါဘာကြောင့်ဝေးခဲ့ကြရတာလည်း…
    ငါတို ့ရဲ ့ရေစက်လား..ဆုတောင်းများမှားလာခဲ့ကြသလားလို ့လေ။
    ကံကိုသာယိုးမယ်ဖွဲ ့အပြစ်တင်မိပါတော့တယ်။။

  • Gipsy

    April 25, 2012 at 10:11 pm

    အားလုံးကို
    စွန့်လွှတ်ခဲ့ရ ရင်လဲ
    သတိရခြင်းကို
    ငါပိုင်တယ်….။

  • လူ ဟား

    April 26, 2012 at 3:15 pm

    အင်း…. virus တော့ virus ထိနေပြီ… scan ပေးလိုက်ကြပါအုံး….
    ထိမိရှင်းလင်းတဲ့ ကဗျာလေးမို့ … လက်မထောင်တယ်ဗျာ…
    ဆက်ရေးပါ virus … အားပေးနေတယ်။

  • windtalker

    April 26, 2012 at 9:09 pm

    ငါ့ရဲ ့သွေးသားနဲ ့ဖွဲ ့စည်းထားတဲ့ ကဗျာထဲမှာ ငါရှိနေလေရဲ ့..

  • virus

    April 28, 2012 at 1:15 pm

    virus ထိနေတဲ့virus ကသူတစ်ယောက်ပဲကယ်နိုင်မှာ

Leave a Reply