Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မည်သူ့မှာတာဝန်ရှိသလဲ?

may julyApril 27, 20121min152124

သာကေတမြို့နယ်၊ ရှုခင်းသာရပ်ကွက် ၊ မြို့နယ်သံဃာ့နာယကဥက္ကဌ အောင်မြေဘုံစံကျောင်း  ဆရာတော် ဦးကောသလ္လ သည် ၁၉-၄-၂၀၁၂ နံနက် (၅) နာရီ တွင် ရင်ညွန့် စူးပြီး လေအောင့်သောကြောင့် လမ်းမတော်မြို့နယ် ဗဟိိုုစည် ဆေးရုံသို့ တတ်ရောက်ကုသခဲ့ပါသည်။ ၎င်း ဆေးရုံမှ ကုသပေးသော ဆရာဝန်မှာ အထွေထွေရောဂါနှင့် ဆီးချိုအထူးကု ပါမောက္ခဒေါက်တာ ဒေါ်သန်းသန်းအေး ဖြစ်သည်။ ရောဂါရှာဖွေရန် ဓါတ်မှန် ရိုက်ခြင်း၊ ECG ဆွဲခြင်း၊ သွေးစစ်၊ ဆီးစစ်၊ B  ပိုး၊ C ပိုး ၊  ဆီးချို စသည့်ဆေးစစ်ချက်များပြုလုပ်ခဲ့ရာ မည်သည့် ရောဂါမှ မရှိပါဟုအဖြေထွက်လာပါသည်။ ဆေးရုံရောက်ရောက်ခြင်း ရင်ဘတ်အောင့်သဖြင့် ဆေးထိုးခြင်း၊  Glucose  ချိတ်ခြင်းများ ပြုလုပ်ပေးခြင်းကြောင့် သက်သာသွားပါသည်။၂၀-၄-၂၀၁၂ တွင်ပါမောက္ခဒေါက်တာဒေါ်သန်းသန်းအေးမှ အစာအိမ်တွင် Acid  အထွက်များခြင်းကြောင့်  အစာအိမ် မှန်ပြောင်းကြည့်ရန် ပြောပါသည်။ ထို့နောက်တာဝန်ကျဆရာဝန်မှ ဆေးထိုးပေးပါသည်။ ဆေးထိုးပြီးနောက် ဆရာတော်ဟာ တုန်ရီမောဟိုက်ပြီး အဖျားများတတ်လာပါသည်။ သက်ဆိုင်ရာတာဝန်ကျ ဆရာဝန်အား ချက်ချင်း အကြောင်းကြားခဲ့ပါသည်။

၂၁-၄-၂၀၁၂ ညနေ (၄) နာရီတွင်တာဝန်ကျသူနာပြုမှ ယခင်နေ့ကထိုးသောဆေးကို ထပ်မံထိုးသောအခါ ဆရာတော်သည် ယခင်နေ့ကအတိုင်းတုန်ရီမောဟိုက်ပီး အဖျားများတတ်လာပြန်ပါသည်။  တာဝန်ကျ  ဆရာဝန် အား အကြောင်းကြားပြီး ပါမောက္ခ ဒေါ်သန်းသန်းအေးအားပြောပြရန် တောင်းဆိုပါသည်။ ၎င်းဆေးအား ပါမောက္ခကိုယ်တိုင် (on) ထားသည့်အတွက် ထိုးပေးရတာပါဟုပြောပါသည်။ တာဝန်ကျ ဆရာဝန်က ထိုးပေးသောဆေးသည် ဘာဆေးလည်းမေးမြန်းရာ အစာအိမ်ပိုးသတ်ဆေးဖြစ်ကြော်းပြောကြား ခဲ့ပါသည်။

၂၂-၄-၂၀၁၂ နံနက် (၆) နာရီတွင် တာဝန်ကျသူနာပြုမှ အစာစားပြီး၊ မပြီး မေးမြန်းခြင်းမပြုဘဲ ဆေးထိုးမည် ပြောလာသဖြင့် ဆရာတော်မှ ၎င်းဆေးသည် ဆရာတော်နှင့်မတည့်သောကြောင့် မထိုးပေးရန် ထပ်မံပြောကြား သော်လည်း သူနာပြုမှ ဆတ်ကနဲ ထိုးသွားခဲ့ပါသည်။ ဆရာတော်မှာ တုန်ရီမောဟိုက်လာပြီး အဖျားများ ထပ်မံ တတ်လာရပြန်ပါသည်၊ တာဝန်ရှိသူများအားချက်ချင်း  အကြောင်းကြားခဲ့ရာ တာဝန်ကျဆရာဝန်များရောက်လာ ပြီး အဖျားတိုင်းကာ ဆရာတော်အား  စအိုသို့ ဒုံးကျည်ဆေးထည့်ပေးမည် ပြောသောအခါ ဆရာတော်မှ အဖျား မရှိလျှင် မထည့်ပါရန် တောင်းပန်ခဲ့ပါသည်။ သို့သော်လည်း  အမျိုးသားသူနာပြု ရောက်လာပြီး ဆရာတော်အား ဘယ်ဘက်သို့ စောင်းစေပြီး ဒုံးကျည်ဆေးထည့်ပါသည်။ ဆေးထည့်ပြီး ဆရာတော်အား ပြန်လှည့်လိုက်သောအခါ ဆရာတော်မှာ နှုတ်ခမ်းများမည်းပြာနေပြီး မျက်လုံးပိတ်သွားပါသည်၊ ဆရာဝန်များ သူနာပြုများရောက်လာပြီး နှလုံးခုန်သေးသည်ဟုဆိုကာနှလုံး ခုန်စက်နှုင့် နှိုးခြင်း၊ အောက်စီဂျင် ပေးခြင်းများ ပြုလုပ်သော်လည်း (၅) မိနစ်ခန့်ကြာသောအခါ လူနာအသက်မရှိေတော့ကြောင်း ပြောကြားလာပါသည်။

 

ဆရာတော် ဘာရောဂါနှင့် သေဆုံးရပါသလဲ ဟု မေးသောအခါ ဆရာဝန်များနှင့်သူနာပြုများမှ မည်သည့်အကြောင်း တစ်စုံတစ်ရာမှပြန်လည်ဖြေကြားနိုင်ခြင် မရှိခဲ့ပါ။

ဆရာတော်အား ထိုးပေးသောဆေးအား  နားလည်တတ်ကျွမ်းသော ဆရာဝန်များအားမေးမြန်းကြည့်ရာ အစာအိမ်ပိုးသတ်ဆေးဖြစ်ပြီး ၎င်းဆေး သည် အားပြင်းကြောင်း ၊ ဆရာဝန်များသာ ကိုယ်တိုင် ဂရုတစိုက် ထိုးပေးရကြောင်း၊ ဆေးထိုးလျှင်လည်း ဖြေးဖြေး ခြင်း လူနာ၏တုံ့ပြန်မှုကို စောင့်ကြည့်ပြီးမှ ထိုးရကြောင်း၊ လူနာ၏ကိုယ်ခံအားနည်းနေလျှင် ထိုဆေးအား မထိုးသင့်ကြောင်း၊ လူနာကိုယ်ခံအား နည်းနေချိန်တွင် ၎င်းဆေးထိုးလျှင်တုန်ရီမောဟိုက် အဖျားတတ်နိုင်သည်ဟု သိရှိရပါသည်။

ဆရာတော်တွင်မည့်သည့်ရောဂါမှ အထူးမရှိပါပဲ ပါမောက္ခ၏ဂရုမစိုက်မှု၊ ဗဟိုစည်ဆေးရုံ မှသက်ဆိုင်ရာ ဆရာဝန်များ၊ သူနာပြုများ၏ ပေါ့ဆမှုကြောင့်တန်ဘိုးရှိသည့် အသက်တစ်ချေင်း ဆုံးရှုံးသွားရသည်။

မည်သူ့မှာတာဝန်အရှိဆုံးလဲ ၊ မည်သူ့ကို အရေးယူရမည်နည်း ၊ ပြောကြားပေးကြပါ ……..

နောက်ထပ်အသက်ပေါင်းများစွာလည်း ဒီလိုပဲ အဆုံးရှုံးခံကြမည်လား ?????????

                                                              ကျန်ရစ်သူ ဒါယကာ ၊ ဒါယိကာမ များ

 

ဒီစာလေးကတော့ (၂၆-၄-၂၀၁၂) ရက်နေ့က ဆရာတော် ဇာပန ကျင်းပတဲ့ နေရာမှာ ဝေခဲ့တဲ့စာလေးဖြစ်ပါတယ်။

24 comments

  • ထုံးဘဲဥ

    April 27, 2012 at 12:32 pm

    လွှတ်တော်ကိုတင်လိုက်ကွာ :mrgreen:

  • ဗိုက်ကလေး

    April 27, 2012 at 1:11 pm

    အင်း.ဒီကိစ္စကတော့ အဘဖော လာဆွေးနွေးလိုက်ရင် ပိုကောင်းမယ်ဗျာ.
    ဒီလို ကိစ္စတွေ..ဒီလိုအလွဲတွေ တော်တော်များများဖြစ်ခဲ့လို ့ သေခဲ့ပေါင်းလဲ မနည်းဘူးလေ
    ဆရာဝန်တွေ.အထူးကုတွေလဲ ငြင်းခဲ့ရပေါင်း ရှင်းခဲ့ရပေါင်းလဲ မနည်းဘူးဗျာ..
    ဂရုတစိုက်လေး အသာလုပ်ကြစေချင်ပါတယ်…

  • jujuma

    April 27, 2012 at 1:15 pm

    စိတ်ဓါတ်လေးတွေ ပြင်ပေးဖို့တော့ လိုနေပီပေါ့ …
    အသပြာဆရာဝန်တွေ ..ဂရုဏာတရားလေးတော့ နဲနဲ ထားကြပါအုံးလို့ ….

  • Moe Z

    April 27, 2012 at 1:21 pm

    စိတ်မကောင်းစရာပါပဲ …
    ပို့စ်ပိုင်ရှင်ရေ category က parenting & pregnancy ဆိုပြီး
    အောက်က ဆရာတော်ဆိုတော့ နည်းနည်းကြောင်သွားတယ် ..

    • jujuma

      April 27, 2012 at 1:40 pm

      ခုမှ စတင်တာမို့လို့ မှားတာပါခဲ့ရင် သင်ပြပေးစေလိုပါတယ်ရှင် ..
      ကျေးဇူးပါ ။

  • Onyx

    April 27, 2012 at 1:39 pm

    တော်တော် ကောင်းတဲ့ ဆရာဝန်တွေပဲ ပိုက်ဆံ သာ ပုံပေးကြည့် ကန်တော့ပါရဲ့ ဖင်တောင် ဆေးပေးကြမှာ
    အဲလို ဆရာဝန်တွေများတော့ ရွံ ဖို့ကောင်းသေးသည်။

    • jujuma

      April 27, 2012 at 1:46 pm

      ဟုတ်ပါတယ်..သူတို့က မှားလိုက်တာ တစ်ချက်လေး ..
      ခံလိုက်ရတဲ့သူက အသက်တစ်ချောင်း ….
      လူသားမှန်ရင် ဂရုဏာတရားလေးထားသင့်ပါတယ် ..

  • ထုံးဘဲဥ

    April 27, 2012 at 1:59 pm

    တစ်နှစ်တနှစ် ခေါ်လိုက်တဲ့ ဆေးကျောင်းသားတွေ
    ပေါလိုက်တဲ့ ဆရာဝန်ပေါက်စတွေ
    တကယ်အရည်အချင်းရှိပြီးတော့ လူနာတွေအပေါ် ဂရုနာစိတ်ထား နွေးထွေးဖော်ရွေတဲ့ ဆရာဝန်ဘယ်နှစ်ယောက်ပါသလဲ လက်ချိုးရေလို့ရတယ်နော
    ဆရာဝန်ကြီးတွေကလည်း ပညာမာန်တက်နေပြီးတော့ ငွေနောက်လိုက်တဲ့သူကများတယ်
    ဆရာကြီးဦးသာလှကိုမှီတဲ့လူ တစ်ယောက်မှမရှိဘူး ။ ပညာအရည်အချင်းရော ၊ စိတ်သဘောထားပါမမှီတာ။

  • zinmyotun

    April 27, 2012 at 2:04 pm

    This is not concern with Consultant.
    The consultant give the drug that the patient need
    The patient monitoring should be done by MO (Medical Officer) of that private hospital.
    If he/she doesn’t, the hospital should take the responsibility for them and also themselves.

  • etone

    April 27, 2012 at 2:44 pm

    ကြားရတာ စိတ်မကောင်းလိုက်တာ … မသေသင့်ပဲ တစ်ယောက်တော့ သေပြန်ပြီ … ။
    ပရိုက်ဗိတ်ဆေးခန်းလုပ်သူတွေ …. အုပ်ချုပ်မှုပိုင်းနဲ့ စီမံခန့်ခွဲမှု အပိုင်းမှာ လစ်ဟာမှုတွေ များနေပြီ … ။ လူ့အသက်ဆိုတာ အလျော်စား လုပ်လို့ မရတာမျိုးပါ .. ။ မလိုလားအပ်တဲ့ ဆုံးရှုံးမှုတွေ ဖြစ်လာလို့ နာမည်ပျက်လာလျှင် နောက်ပိုင်းရပ်တည်ဖို့ ခက်လာလိမ့်မယ် … ဆေးရုံ ၊ ဆေးခန်းဆိုတာမျိုးက ယုံကြည်မှု ထားလို့ မရလျှင် စီးပွားပျက်ရတာပါပဲ … ။

    ဒီကိစ္စကိုဖတ်ပြီးနည်းနည်းဆွေးနွေးပါမယ် …
    (၁) ဆရာမကြီးကတော့ …. ဆေးအွန်ထားပြီး လူနာကို ပြန်မကြည့်တာ ပေါ့လျော့တယ်ပေါ့နော် … ဒါက အပေါ်ယံအမြင်ပေ့ါ … ။ အထက်မှာရေးခဲ့တာကို ဖတ်ပြီး ဆရာမကြီးက ပါရဂူမှန်းသိရတယ် … ပါရဂူတွေက များသောအားဖြင့် ပရိုက်ဗိတ် ဆေးရုံ ၊ ဆေးခန်းတွေမှာ အချိန်ပြည့်မရှိပါဘူး .. နာမည်သာ တင်ထားပြီး … ဒီချိန်မှ ဒီအချိန် ကြော်ငြာပေမယ့် … နေ့တိုင်း မသွားတဲ့ ရက်တွေလည်း ရှိပါတယ် … ။ ဘာလို့လဲဆိုတော့ သူတို့ ထိုင်တဲ့ ဆေးရုံ ဆေးခန်းတွေက အများကြီးမို့ပါ .. တစ်ချို့ဆေးရုံတွေက … နာမည်ကိုယူပြီး အချိန် တစ်ခု သက်မှတ်ပါတယ် … လူနာက ပြမယ်ဆို ဘိုကင်လုပ်ရတယ် … အဲ့ဒီအချိန် … လူနာရောက်လာတော့မှ … တစ်ဖက်က ဆရာဝန်ကြီးတွေကို .. ဆေးခန်းက ဖုန်းခေါ်ပြီး အကြောင်းကြားပေးတာပါ … အွန်ကောလုပ်ပေးတယ်လို့လည်း … သုံးနှုန်း တယ် … ။ ဒီဆေးခန်းမှာ လူများနေချိန် လူသိပ်မများတဲ့ ဆေးခန်းက လူနာ တစ်ယောက်ရှိလို့ လာကြည့်ပေးပါဆို… သွားကြည့်တာမျိုးကို ဆိုလိုပါတယ် … ။ ဒီအခြေနေမှာလည်း … ဒါကြောင့်ဆရာမကြီးက ဆေးအွန်ပြီး … ကျန်ခဲ့တဲ့ လူတွေကို လက်လွှဲထားခဲ့တာလို့ ..ယူဆပါတယ် … ဆောင်ရန် ရှောင်ရန်တွေကို မှာသွားတယ် ၊ မမှာသွားဖူးဆိုတာကတော့ … သူနာပြုတွေနဲ့ တာဝန်ကျဆရာဝန်တွေ အသိဆုံးဖြစ်ပါလိမ့်မယ် … ။

    (၂) သူနာပြုတွေနဲ့ တာဝန်ကျဆရာတွေကို ဆေးထိုးလျှင်ဖြစ်ပေါ်လာမယ့် အခြေနေကို ဆရာမကြီးက ပြောသွားတာပဲဖြစ်ဖြစ် မပြောသွားတာပဲဖြစ်ဖြစ် …. တိုက်ရိုက်ထိတွေ့ ဆက်ဆံနေရတဲ့ ဆေးထိုးသူမှာ တာဝန်ရှိပါတယ် … ဆေးထိုးတာက ဆရာမကြီးခိုင်းလို့ ထိုးရတာ ဒါသူ့အပြစ်မဟုတ်ပေမယ့် … ဆေးထိုးတဲ့အခါ ဖြစ်ပေါ်လာတဲ့ လူနာရဲ့ အခြေနေနဲ့ တုံ့ပြန်အားကို … သူတို့ ရက်ကော့ဒ်လုပ်ရမယ်လေ ….ပုံမှန်မဟုတ်တဲ့ တုံ ့ပြန်မှုမျိုးကို ဆရာမကြီးကိုဖြစ်ဖြစ် ၊ တာဝန်ကျ ဆရာဝန်ကိုဖြစ်ဖြစ် … ပြန်လည် အကြောင်းကြားပေးရမယ် …. ။ ဒါမှသာ .. ဆေးအွန်သူနဲ့တာဝန်ကျသူတွေက လူနာကိုစောင့်ကြည့် ကြပ်မတ်ကုသနိုင်မှာ … ဆက်ထိုးသင့် မထိုးသင့် ဆွေးနွေးရမယ် … ။အခုတော့ သူက လှေနံဓါးထစ်ဆိုတော့ … မဖြစ်သင့်တာတွေ ဖြစ်ကုန်ရပြီ … ။

    (၃) ဆေးခန်း အုပ်ချုပ်သူ / ပိုင်ရှင် / ကြီးကြပ်သူ
    ကိုယ့်ဆေးခန်းကို ပိုက်ဆံအကျိုးမြတ်တစ်ခုတည်းအတွက် လုပ်တာ မဟုတ်ပါပဲ စေတနာလေးထားပြီး လုပ်စေချင်ပါတယ် … ။ ပိုက်ဆံအမြတ်စွန်း များများရရုံနဲ့ စီမံမှု ကောင်းတာမဟုတ်သလို … ဝန်ဆောင်မှုပိုင်း ၊ ကိုယ်ချင်းစာမှု အပိုင်းတွေနဲ့ တာဝန် သိတတ်မှု အပိုင်းတွေမှာပါ … ဝန်ထမ်းတွေ အပေါ် ကြပ်မတ်သင့်တယ် ။ ဒီပြသနာမှာ … ဆရာဝန်မကြီးက အွန်ကောလာလျှင်တောင် …. ဆေးအွန်တာကိုတော့ … တာဝန်ကျ ဆရာဝန်ကို မှာ ခဲ့မှာပါပဲ … ။ ဒါဆို တာဝန် ကျဆရာဝန်က သူကိုယ်တိုင် မထိုးပဲ သူနာပြုကို တဆင့် တာဝန်ပေးတာလား … ။ ဒါမှ မဟုတ် … ဆရာမကြီးက တိုက်ရိုက် သူနာပြုကို ဆေးထိုးခိုင်းခဲ့သလားပေါ့ … ။ တိုက်ရိုက်သူနာပြုကို ဆေးထိုးခိုင်းတယ်ဆိုလျှင်တော့ … ဆေးရုံ ၊ ဆေးခန်းရဲ့ .. ဖွဲ့စည်းလုပ်ကိုင်ပုံ ပရိုစီဂျာအရ သူနာပြုမှာ ပါရဂူရဲ့ တိုက်ရိုက်ညွွှန်ကြားလက်ခံနိုင်ခွင့် အသော်ရတီ ရထားလို့ပါပဲ … အဲ့ဒါကြီး က မမိုက်ပါဘူး … ။ လူနာပေါ် တာဝန်မဲ့ရာ ကျလွန်းပါတယ် … ။

    (၄) လူနာရှင်တွေ …..
    တကယ် ဖတ်ပြီး ကရုဏာ ဒေါသဖြစ်ရပါတယ် … ။စိတ်မကောင်းလည်း ဖြစ်ရပါတယ် … ။ ပါရဂူ ၊ ဆရာဝန် နဲ့ သူနာပြုတွေဟာ နတ်ဒေဝါတွေ မဟုတ်ပါဘူး … မှန်းမှုတ်ကုသလိုက်တာနဲ့ ယူပစ်သလို ပျောက်မသွားနိုင်ပါဘူး .. သူတို့ဟာ လူသားတွေပါ .. လူသားတွေမို့ ဆုံးဖြတ်ချက် မှားယွင်းနိုင်ပါတယ် ၊ ချွတ်ချော်နိုင်ပါတယ် ၊ အရှင်းဆုံးပြောရလျှင် သူတို့ကိုလည်း ရာနှုန်းပြည့် ယုံကြည်ထားလို့ မရပါဘူး (စော်ကားတာတော့မဟုတ်ဘူး ..ဖြစ်တတ်တဲ့ သဘောကိုပြောတာပါ ) ကိုယ့်မျက်စိရှေ့မှာ တိုက်ရိုက် ထိတွေ့နေရတဲ့ လူနာရဲ့ အခြေနေကို သူတို့ လုပ်သမျှ ငြိမ်ကြည့်နေမယ့် အစား …. တစ်ခုခု မူမမှန်ဘူးထင်တာနဲ့ … တာဝန်ရှိသူတွေနဲ့ ပြောဆိုဆွေးနွေးတာမျိုးလုပ်ခဲ့သင့်တာပါ … ။
    အခုဆိုပဲကြည့် ….ရွှတ်ခနဲ ဆေးထိုးတာ တားဖို့မပြောနဲ့ ခက်ခက်ခဲခဲ ဒုံးကျည်ထည့်တာတောင် မထားနိုင်ကြဘူး …. ။

    နောက်ဆုံးတော့ … ဘုန်းကြီးခမျာ မြေစာပင်ဖြစ်ရတယ် … နာတာရှည်ရောဂါ အထွေထူးမရှိပါပဲ …နှမျောစရာကောင်းလိုက်တာ … ဒီလို အဖြစ်ဆိုးရတဲ့လူ မသိ သူမသိ ဖြစ်ရပ်တွေ ဘယ်လောက်များ ရှိခဲ့ပြီလဲနော် …. ။ ဆေးလောကနဲ့ လူ့အသက် တိုက်ရိုက်ပတ်သတ်တာမို့ သက်ဆိုင်သူတို့ရေ ကိုယ်ချင်းစာ စိတ်လေးနဲ့ အလုပ်လုပ်ပါလို့သာ ပြောလိုက်ချင်ပါတော့တယ် …. ။ 🙄

    • jujuma

      April 27, 2012 at 3:18 pm

      ခုလိုဆွေးနွေးပေးတာကျေးဇူးပါ ညီမရေ..
      လူနာရှင်တွေအနေနဲ့ က ဆရာတော် ရောဂါသက်သာလို့ ဆင်းမယ့်ဆဲဆဲ ဆိုတော့ ပေါ့လျော့မိတာလဲ ပါတာပေါ့ ..
      ဆရာတော်ကိုယ်တိုင်ကလည်းပြောနေတဲ့ကြားက ဖြစ်ရတယ်ဆိုတော့ ဘယ်လိုပြောရမလဲတောင်မသိတော့တာပါ ..

      • windtalker

        April 28, 2012 at 7:43 pm

        ကြားရ ဖတ်ရ သိရတဲ့ သတင်းအတွက် စိတ်မကောင်းဖြစ်ရပါတယ် ခင်ဗျား ။
        ဒီလို ဖြစ်ရပ်မျိုးတွေ နောက်ထပ် ထပ်မဖြစ်လာဖို ့၊ ကာကွယ်တားဆီး နိုင်ကြပါစေ လို ့မျှော်လင့်မိပါတယ် ။

  • အရင့်ရောင်

    April 27, 2012 at 3:10 pm

    အိတုံ ဟြေတာ လက်ခံနိုင်ပါတယ်
    ဒါပေမယ့် 22 . 4 .2012 ရက်နေ့မှာ ဆေးရုံကနေ မနက် 10 နာရီမှာ ဆင်းခွင့် ရထားပြီးဖြစ်တယ်လို့ သိရပါတယ်။ အဲဒီနေ့ မနက်ပိုင်းမှာပဲ ဆရာတော် ကိုယ်တိုင် မျက်နှာသစ်၊ သွားတိုက်၊ကုဋီတက် အစစအရာရာ ဆရာတော်တစ်ပါးတည်း လုပ်ကိုင်ခဲ့တယ်လို့လည်း သိရှိရပါတယ်။
    ဆရာဝန်တွေ ဆေးရုံဝန်ထမ်းတွေ သာ အမှားမလုပ်ခဲ့ဘူးဆိုလျှင်
    အဲဒီမနက် ၆ နာရီ ၃ဝ မိနစ်မှာ ထိုးခဲ့ ဆေး အမည် ဆေးဖိုးဝါးခ ပေါ့ ဟြေရရင်တော့ ပြေစာလို့ခေါ် ဘောက်ချာ မထွက်လာပါဘူး
    အဲဒါက ဘာကြောင့် ကျန်နေရတာလဲ ဆရာတော်ကို လှူလိုက်တာလား
    ဒါမှာမဟုတ် ဆရာတော်ရဲ့ အသက်ခန္ဓာ နဲ့လဲလှယ်လိုက်ရတာလား ဆိုတာကလည်း ရှိပါသေးတယ်
    သေဆုံးသူက ဆုံးပါးသွားပေမယ် နောက်နောင် အဲလိုတွေပဲ လူ့အသက်တစ်ချောင်းကို နားမလည် ပါလည် နဲ့ အစမ်းသပ်ခံပြီး အသက်ကို စတေးနေကြရမှာကို မဖြစ်စေချင်တာပါ။
    ဆရာတော် ကောင်းရာသုဂတိလားပါစေ……….

  • mocho

    April 27, 2012 at 3:47 pm

    ဘာဖြစ်လို့များဒီလို အဖြစ်တွေ မကြာခဏဖြစ်နေ ရပါလိမ့်။
    တိုက်တိုက်ဆိုင်ဆိုင် ပါပဲ ဆင်းခွင့် ရပြီးမှ သင်္ကြန်တွင်း ဆုံးပါးသွားတဲ့ ဦးလေး လည်း အဲဒီ ဆေး ရုံ မှာပါပဲ။

    • etone

      April 27, 2012 at 4:19 pm

      ရင်ထဲတောင် အောင့်ထားတာ …ပူလွန်းလို့ … အစ်မ မိုချိုပြောလို့ ပြောပါရဦးမယ် … အဲ့ဒီ ဆေးရုံ(အရင်ကဆေးခန်း အခုတော့ ဆေးရုံလို့သုံးတယ် ) က …. အုပ်ချုပ်မှုပိုင်းမှာ ပြသနာ ရှိနေမယ် ထင်တယ် … ။ ကိုယ်ချင်းစာစိတ်လည်း အားနည်းနေတယ် … ။

      လွန်ခဲ့တဲ့ သုံးနှစ်လောက်က …. ပိုင်ရှင်ရှိတဲ့လူနာ ( ဆရာမကြီးတစ်ဦးနဲ့ အပ်ထားတဲ့ လူနာ) ကို တာဝန်ကျတဲ့နေ့မို့ … တာဝန်ကျဆရာဝန်က… အလိုက်တသိနဲ့ လူနာ အပေါ် ဂရုတစိုက် စောင့်ကြည့်ပြီး …လိုက်လုပ်ပေးခဲ့သူကိုတောင် … ဆရာမကြီးရဲ့ ညွှန်ကြားချက် မပါပဲ … ကျန်းမာရေးစောင့်ရှောက်မှုပေးတယ်၊လူနာကိုသေချာ ရှင်းပြတယ်၊ အလုပ်ပိုလုပ်တယ်ဆိုပြီး … အရမ်း ဆက်ဖ် ကွန်ဖီးဒန့်စ် ဖြစ်နေတယ် လို့ … လူကြီးပိုင်းတာဝန်ယူထားသူ ကြီးကြပ်သူအမျိုးသမီးဆရာဝန်က မဲ့ကာရွဲ့ကာနဲ့ပြောခဲ့ဖူးတယ် … ။ နာမည်တော့ တပ်မပြောတော့ဘူး .. အဟောင်းတွေ အသစ်မဖြစ်ချင်တော့လို့ … ။ အ ဲ့ဒီတာဝန်ကျဆရာဝန်လည်း …. ဦးနှောက်မရှိတဲ့ဆေးခန်း(အရင်က)မှာနေလျှင် …တကိုယ်ကောင်းစိတ်တွေကူးလာမှာစိုးလို့ … ထွက်ခဲ့တယ် … ။ 🙄

  • Mon Kit

    April 27, 2012 at 3:47 pm

    အင်း.. စိတ်မကောင်းပါဘူး… ဆရာတော် ကောင်းရာသုကတိ လားပါစေ……
    နေ့မြင် ညပျောက်တောင် မဟုတ်ဘဲ နေ့မြင် နေ့ပျောက်ဖြစ်နေပါရောလား…

  • kaung kin pyar

    April 27, 2012 at 4:07 pm

    လူနာနေရာက ကိုယ်ချင်းစာပါတယ်…။ ဆရာတော်ခမျာ ကိုယ်တိုင်ဝေဒနာခံစားရတာ တစ်မျိုး၊ ပေးတဲ့ဆေးနဲ့ မတည့်လို့ ခံစားရတာ တစ်မျိုးနဲ့…။ ဆေးရုံမသွားရင်တောင် ပျံလွန်တော်မူချင်မှ မူမယ်…။ ဖွတ်ထွက်မှတောင်ပို့မှန်း သိသွားရတော့တယ်….။ ဒါမျိုးက တိုင်သင့်တယ်..။ ဒီနိုင်ငံမှာ လူ့အသက်က သိပ်တန်ဘိုးမရှိလို့ဖြစ်မယ်…..။ စိတ်မကောင်းပါဘူး။ ဆရာတော် ကောင်းရာသုဂတိလားပါစေ…။

  • Patriotic Burma

    April 28, 2012 at 10:19 am

    Nowadays like those cases happen mostly.as for me to suggest,I think “the law that can charge the doctors who ignore the patients and who only concerns about money”should be declared and established.But not all doctors are guilty.And I’m really afraid to get treatment in my country.

  • လူ ဟား

    April 29, 2012 at 11:26 am

    “အရှင်းဆုံးပြောရလျှင် သူတို့ကိုလည်း ရာနှုန်းပြည့် ယုံကြည်ထားလို့ မရပါဘူး ” မအိတုံ ပြောတာကို လုံးဝလက်မထောင်တယ်။ ခက်တာက ရိုးသားတဲ့ လူဟားတို့ မြန်မာလူမျိုးတွေက နံမည်ရှေ့မှာ ဗြိတိသျှလို DR. တို့ Prof တို့ဆို ဇွတ်ယုံပစ်လိုက်တတ်ကြတာ။ ငါတော်ငါတတ်ဆိုတဲ့ ပုဂ္ဂိုလ်များလည်း အသက်တစ်ချောင်း တန်ဖိုးထားကြပါခင်ဗျာလို့…။ လူဟား ဒါဘဲပြောမယ်။

  • ကိုရင် လူထွက်

    May 4, 2012 at 12:14 pm

    ဒီလိုမျိုးတွေကြားရတာစိတ်မကောင်းပါဘူး…ဘယ်သူ့ဘယ်သူကိုမှလဲဘာမှလဲမပြောချင်တော့ပါဘူး…လက်ခုပ်သံတစ်ခုဖြစ်ဖို့ဆိုတာ လက်ဝါးနှစ်ဖက်လုံးတီးမှ မြည်တာပါ …တစ်ဖက်တည်းကြားရတာတော့ တစ်မျိုးမြင်၊ ထင်မှာပေါ့ … ကျွန်တော်ကသာမာန်လူထဲကလူတစ်ယောက်ပါ …အခုပြောတဲ့အကြောင်းကဘယ်သူဘယ်ဝါကိုမှ ထိခိုက်နစ်နာစေချင်လို့ ပြောတာမဟုတ်ပါဘူး…အပေါ်မှာရေးထားတာကလူနာရှင်ရဲ့ စာပါ …စာနယ်ဇင်းအသိမိတ်ဆွေတစ်ယောက်ဆီကရတဲ့ ဆေးရုံက ကြားရသိရတဲ့ အကြောင်းအရာလေးကို ဝေမျှချင်တဲ့ ဆန္ဒသက်သက်ပါ …ဒါကိုဖတ်ပီးရင် ကိုယ့်ဘာသာပဲစဉ်းစားကြပေါ့ဗျာ… ကျွန်တော်တို့က ကြားလူတွေဆိုတော့ …နောက်လဲ ကြုံကြရမှာပဲ…ကိုယ်တိုင်ကြုံတွေ့တဲ့အခါ သိထားသင့်တဲ့ အရာတွေပေါ့ဗျာ…

    အများပြည်သူများမသိသေးတဲ့ အချက်တစ်ချက်က ၂၀၀ရ ခုနှစ်မှာထုတ်ပြန်ခဲ့တဲ့ Private Hospital Law အရလူနာမှတ်တမ်းအတွင်းရေးများကို တရားဝင်အဖွဲ့အစည်းများမှအပ ထုတ်ပြန်ခွင့်မရှိတဲ့ အကြောင်းပါ …

    (၁) ဆေးရုံအုပ်ချုပ်သူဒေါက်တာကျင်ထွန်းရဲ့ ရှင်းလင်းချက်

    ဗဟိုရ်စည်ဆေးရုံမှာဆရာတော်ရဲ့ ဖြစ်စဉ်အကျဉ်း
    ၁၉.၄.၂၀၁၂ ရက် မနက် ၅း၃ဝ နာရီမှာဆရာတော် ဦးကောသလ္လ သက်တော် ၇၃ နှစ်၊ သာကေတမြို့နယ်၊ ရှုခင်းသာရပ်ကွက်၊ အောင်မြေဘုံစံကျောင်း၊ ကျောင်းထိုင်ဆရာတော်ဟာဗဟိုရ်စည်ဆေးရုံအရေးပေါ်ဌာနကိုရင်ဘတ်အောင့်တဲ့ဝေဒနာနဲ့ လာရောက်ကုသမှု ခံယူခဲ့ပါတယ် …ဆေးရုံမှ လိုအပ်တဲ့ စမ်းသပ်စစ်ဆေးမှုတွေ (Physical Examination, Investigation, နှလုံးသွေးကြောပိတ်ခြင်းရှိ၊ မရှိစစ်ဆေးတဲ့ စမ်းသပ်မှုတွေ အပါအဝင်) လုပ်ဆောင်ခဲ့ရာလတ်တလောအခြေအနေမှာ နှလုံးသွေးကြောပိတ်ရောဂါ မတွေ့ရဘဲအစာရေမျိုပြွန် ရောင်ရမ်းတာနဲ့ အစာအိမ်ရောင်တဲ့လက္ခဏာတွေ တွေ့ရှိရတဲ့အတွက် အစာအိမ်အနာကျက်ဆေးPantocidထိုးပီးကုသခဲ့ရာရောဂါလက္ခဏာသက်သာလာတဲ့အတွက် အတွင်းလူနာဌာနကိုအဲဒီနေ့ ညနေ ၃း၃ဝ နာရီမှာရွှေ့ပြောင်းခဲ့ပါတယ် …အတွင်းလူနာဌာနမှ အဲဒီအစာအိမ်အနာကျက်ဆေးကိုမနက်တစ်ကြိမ်၊ ညတစ်ကြိမ် ဆက်ထိုးပီးကုသရင်း နှလုံးနဲ့ပတ်သက်တဲ့ ECG သုံးကြိမ်ရိုက်ကာ Exclude လုပ်ခဲ့ပါတယ် … ၂၁.၄.၂၀၁၂ နေ့မှာအစာအိမ်မှန်ပြောင်းကြည့်ပီးစစ်ဆေးရာအစာရေမျိုပြွန်နဲ့ အစာအိမ်ရောင်တာကိုတွေ့ရှိခဲ့ပါတယ် … ၂၁.၄.၂၀၁၂ ညနေမှာအစာအိမ်အနာကျက်ဆေးPantocidဆေးထိုးပီး ၃ နာရီခန့်အကြာည ရးဝဝ နာရီမှာချမ်းပီးအဖျားတက်တယ်လို့ အကြောင်းကြားတဲ့အတွက် တာဝန်ကျဆရာဝန်မှ မိနစ်ပိုင်းအတွင်းသွားရောက်ကြည့်ရှူ စစ်ဆေးစမ်းသပ်ခဲ့ပါတယ် … တာဝန်ကျဆရာဝန်မှ သမားတော်ကြီးဒေါက်တာဒေါ်သန်းသန်းအေးအားအသိပေးအကြောင်းကြားပီးသမားတော်ကြီးရဲ့ ညွှန်ကြားချက်အရ (Paracetamol Suppository)ကိုအစာအိမ်အနာရှိတဲ့အတွက် ပါးစပ်မှ တိုက်ကျွေးခြင်းမပြုဘဲစအိုမှပေးရန်နဲ့ အဖျားတက်တဲ့အတွက် CP နဲ့ Blood Culture စစ်ဆေးပီးဆက်လက်စောင့်ကြည့်ဖို့နဲ့ အဖြေကိုစောင့်ဆိုင်းရင် အရင်ဆေးညွှန်းအတိုင်းဆက်လက်ကုသခဲ့ပါတယ် …
    ၂၂.၄.၂၀၁၂ မနက်မှာမနက်ဆေး(Pantocid) ဆေးထိုးပီးနောက် တစ်နာရီခန့်အကြာချမ်းတယ်လို့ Complaint ရတဲ့အတွက် တာဝန်ကျဆရာဝန်တွေ၊ သူနာပြုတွေကသွားရောက်ကြည့်ရှူပီးလိုအပ်တာတွေကိုလုပ်ဆောင်ဖို့ သွားကြည့်ရာလူနာမှာ ပြာနှမ်းနေတဲ့အတွက် အသက်ကယ်ဖို့ စတင်ဆောင်ရွက်ပါတယ် …အသက်ကယ်ဖို့ ဆေးဝါး၊ နှလုံးနှိုးစက်တွေနဲ့ ကြိုးပမ်းနေတဲ့အချိန်မှာဆရာတော်ရဲ့ ဒါယိကာမတစ်ယောက်မှ ဒီဆေးထိုးလို့ ဆရာတော်ဖြစ်ပါတယ်လို့ ငိုယိုပြောနေတဲ့အတွက် တာဝန်ကျဆရာဝန်မှ အစာအိမ်အနာကျက်ဆေးသာထိုးခြင်းဖြစ်ကြောင်းပြောခဲ့ပါတယ် …ဆရာတော်အားအသက်ကယ်ဖို့ ကြိုးစားခဲ့ပေမယ့်လည်းဆရာတော်မှာပျံလွန်တော်မူသွားခဲ့ပါတယ် …လူနာစောင့် ဆရာတော်နှစ်ပါးကိုလည်းဆေးကြောင့် ပျံလွန်တော်မူခြင်းမဟုတ်ကြောင်းရှင်းပြခဲ့ရာနောက်ဆုံးမှာဒါယကာ၊ ဒါယိကာမတွေမှ နားလည်ကျေနပ်ပါတယ်လို့ ပြောခဲ့ပါတယ် …တပည့် ဒါယကာ၊ ဒါယိကာမတွေကဆရာတော်အားကျောင်းတိုက်မှာဈာပနအခမ်းအနား ပြုလုပ်လိုတဲ့အတွက် ကျောင်းတိုက်သို့ ပြန်လည်ပင့်ဆောင်လိုတဲ့အတွက် သေဆုံးတဲ့အကြောင်းကိုသီးခြားဖော်ပြပေးခြင်းမရှိဘဲဆေးရုံမှ Signed Left လုပ်ကာခေါ်ဆောင်သွားခဲ့ပါတယ် ….
    (က) Pantocidဟာအစာအိမ်ပိုးသတ်ဆေးမဟုတ်ဘဲအစာအိမ်အနာကျက်ဆေးဖြစ်တယ် …ပိုးသတ်ဆေးမဟုတ်တဲ့အတွက် လူကိုအသက်အန္တရာယ်ထိခိုက်စေတဲ့ ဆေးမတည့်တာတွေ ဖြစ်ပေါ်မှာမဟုတ်ပါ …ဆေးကြောင့် ပျံလွန်တော်မူတာမဟုတ်တဲ့အကြောင်းကိုလူနာစောင့်တွေကိုသမားတော်ကြီးကရှင်းပြပီးဖြစ်ပါတယ် …
    (ခ) ဆေးမထိုးချင်ကြောင်း၊ ဆေးထိုးပီးရင် ချမ်း၊ တုန်ရီမောဟိုက်တယ်လို့ ဆရာတော်မှ သမားတော်ကြီး တာဝန်ကျ ဆရာ၊ ဆရာမတွေကို လုံးဝမပြောခဲ့ပါ … သာသနာ့ဝန်ထမ်းဆောင်တဲ့ဆရာတော်ဖြစ်တဲ့အတွက် ဆေးရုံမှ ဆရာ၊ ဆရာမတွေကအထူးဂရုစိုက်ကုသမှုပေးခဲ့ပီးလူနာ(ဆရာတော်)ရဲ့ဆန္ဒနဲ့ ဆန့်ကျင်ပီးဆောင်ရွက်ခဲ့တာမရှိခဲ့ပါ …
    (ဂ) စွပ်စွဲချက်(အပေါ်မှာပြောထားတဲ့) အချိန်တွေ လွဲမှားနေပါတယ် …ဆရာတော်ကြီးလူနာခန်းကိုရွှေ့ချိန်၊ ဆေးထိုးချိန်၊ ချမ်းပီးအဖျားတက်ချိန်တွေဟာဆေးရုံရဲ့ လူနာမှတ်တမ်းမှာအတိအကျရေးမှတ်ထားတဲ့အတွက် စွပ်စွဲချက်တွေနဲ့ အတော်လေးကွာဟမှုရှိတာတွေ့ရပါတယ် .. (လူနာကိုဆေးထိုးချိန်ဟာညနေ ၄ နာရီဖြစ်ပီးလူနာချမ်းပီးအဖျားတက်ချိန်ဟာ ည ရ နာရီဖြစ်ပါတယ် …ဆေးထိုးပီးပီးချင်းတက်တာမဟုတ်ပါဘူး)
    (ဃ) လက်ကမ်းစာစောင်မှာပါတဲ့ ဆေးထိုးပီးတိုင်းချမ်းပီးတုန်တာမဟုတ်ပါဘူး… ၁၉.၄.၂၀၁၂ ကစပီးမနက် တစ်ကြိမ်၊ ညနေတစ်ကြိမ် ထိုးခဲ့ရာမှာမနက်ပိုင်းအချိန်တွေမှာအဖျားတက်တာမရှိခဲ့ပါ … ၂၂.၄.၂၀၁၂ မနက်မှာထိုးတဲ့ဆေးဟာ ရ လုံးမြောက်ဆေး ဖြစ်ပါတယ် …
    (င) အစာအိမ်ပိုးသတ်ဆေးဟာအားပြင်းကြောင်း၊ ဆရာဝန်တွေသာ ဂရုတစိုက် ထိုးပေးရကြောင်း၊ ဆေးထိုးရင် ဖြေးဖြးခြင်းလူနာရဲ့ တုံ့ပြန်မှုကိုစောင့်ကြည့်ပီးမှ ထိုးရကြောင်း၊ လူနာရဲ့ ကိုယ်ခံအားနည်းနေရင် ထိုးဆေးကိုမထိုးသင့်ကြောင်း၊ လူနာကိုယ်ခံအားနည်းချိန်မှာအဲဒီဆေးထိုးရင် တုန်ရီမောဟိုက်အဖျားတက်နိုင်တယ်လို့ ရေးသားဖော်ပြခြင်းမှာ လုံးဝ မှားယွင်းပါတယ် …တတ်ကျွမ်းနားလည်သူတွေကိုစုံစမ်းမေးမြန်းနိုင်ပါတယ် …InjPantocidရဲ့ ဆေးအညွှန်းစာရွက်ကိုပူးတွဲပေးပါတယ် …
    (စ) ဗဟိုရ်စည်ဆေးရုံမှာ Protocol အရကင်ဆာကုသဆေးကလွဲပီးကျန်ထိုးဆေးတွေကို ဆရာဝန်ကိုယ်တိုင်ထိုးဖို့ မလိုဘဲ တာဝန်ကျသူနာပြုဆရာမတွေသာ ထိုးခြင်းဖြစ်ပီးလက်ကမ်းစာစောင်ပါ ၂၀.၄.၂၀၁၂ နေ့မှာ တာဝန်ကျဆရာဝန်က ထိုးပေးတယ်ဆိုတဲ့အချက်ဟာလည်း လုံးဝ မှားယွင်းပါတယ် … IV Pantocidဟာလည်းသူနာပြုဆရာမတွေသာ တာဝန်ယူထိုးတဲ့ဆေးဖြစ်ပါတယ် …
    အထက်ဖော်ပြပါ ဖြစ်ရပ်မှန်တွေကိုသိရှိနားလည်နိုင်ဖို့အတွက် ရိုးသားစွာဖြေရှင်းပြောဆိုဖို့အတွက် ဖိတ်ကြားခဲ့ပေမယ့် ငြင်းဆန်ပြီးအခုလိုတရားနည်းလမ်းမကျတဲ့ လုပ်ဆောင်မှုတွေ ပြုလုပ်နေတဲ့အတွက် အခုလိုမျိုးရှင်းလင်းဆွေးနွေးပွဲ ပြုလုပ်ခြင်းဖြစ်ပါတယ် …အထက်ဖော်ပြပါအကြောင်းအရာတွေနဲ့ ပတ်သက်ပီးမရှင်းလင်းခဲ့တာတွေ၊ ထပ်မံသိလိုတဲ့အချက်တွေ ရှိခဲ့မယ်ဆိုရင် တရားနည်းလမ်းကျစွာနဲ့ အချိန်မရွေးမေးမြန်းစုံစမ်းနိုင်ကြောင်းသက်ဆိုင်ရာကာယကံရှင်တွေကိုလေးစားစွာဖိတ်ခေါ်ပါတယ် ….

    (၂) ပါမောက္ခ ဒေါ်သန်းသန်းအေးရဲ့ ရှင်းလင်းတင်ပြချက်အနှစ်ချုပ်
    (က) ဆရာတော်ရဲ့ ရင်ညွန့်တစ်ဝိုက် ရင်ဘတ်အောင့်တာဟာမသက်သာဘဲအတော်ကြာနေတဲ့အတွက် လာရောက်ပြသလို့ ၁၉.၄.၂၀၁၂ မနက်မှာစတင်ကုသပေးပါတယ် …သက်တော် ၇၃ နှစ်ရှိပီဖြစ်တဲ့အတွက် ဖြစ်နိုင်ချေအများဆုံးဖြစ်သောသွေးကြောကျဉ်းရောဂါ Acute Coronory Syndrome ကိုဦးစားပေးရှာဖွေစမ်းသပ်ခဲ့ပါတယ် … အဲဒီအချိန်မှာရရှိတဲ့စမ်းသပ်ချက်တွေဖြစ်တဲ့ ECG ၃ ကြိမ်ဆွဲခြင်း – ၁၂ နာရီခြားစီ၊ Troponin I သွေးကြောပိတ်ခြင်းအတွက် သွေးစစ်ခြင်းတွေ ကောင်းမွန်နေလို့ နှလုံးရောဂါအတွက် အခုအချိန်မှာစိုးရိမ်စရာမရှိပါလို့ ပြောခဲ့ပီးဆက်လက်စောင့်ကြည့်ဖို့ စီစဉ်ဆောင်ရွက်ခဲ့ပါတယ် …အဲဒါနဲ့ပတ်သက်ပီးဆရာတော်ရောက်ရှိပီးအရေးပေါ်ဌာနမှ တာဝန်ကျဆရာဝန်က Pantoprazol (အစာအိမ်ဆေး) ထိုးနှင့်ထားပီး ဆရာဝန်ကြီးရောက်ချိန်မှာသက်သာသွားတဲ့အတွက် ထပ်မံပီး Complaint ပြောဆိုခြင်းမရှိတော့ပါ …
    (ခ) ဒုတိယဖြစ်နိုင်ခြေဖြစ်တဲ့ အစာမျိုပြွန်နဲ့ အစာအိမ်ရောင်တာ Reflux Oesophagitisကိုစဉ်းစားပီးရှာဖွေကုသပေးခဲ့ပါတယ် …အဲဒီရောဂါရဲ့ ဖြစ်စေနိုင်တဲ့အကြောင်းတစ်ခုကဆရာတော်မှာရင်ကြပ်ရောဂါဖြစ်ခဲ့ဖူးတဲ့ ရာဇဝင်နဲ့ အရေပြားယားနာ၊ မျက်နှာသွင်ပြင်မှာCushionoidပုံသဏ္ဌာန်တွေကြောင့် Prednisolone နဲ့ အလားတူ Steroid တွေ သောက်သုံးတာရှိခဲ့နိုင်တယ် …ဆေးမြီးတိုတွေမှာ Steroid နဲ့ Nsaidတွေ ပါကောင်းပါနိုင်ပါသဖြင့် မေးကြည့်ရာအဲဒီဆေးတွေ သောက်သုံးကြောင်းသိရှိရပါတယ် …အစာအိမ်မှန်ပြောင်းကြည့်ပီးရရှိတဲ့ Diagnosis ဟာလည်း Moderately Serve GERD နဲ့ Mild Antral Gastritis ဖြစ်နေသဖြင့် Pantoprazolဆက်ထိုးပီးကုသပေးခဲ့ပါတယ် ….
    (ဂ) အခြားဖြစ်စဉ်တစ်ခုမှာတစ်ချက်တစ်ချက် ချမ်းပီးအဖျား 100’ F ခန့် ဖျားနေပီးအဲဒီကိစ္စအတွက် သွေးပိုးမွေးတာ၊ သွေးဖြူဥစစ်တာတွေကို ပြုလုပ်ခဲ့ပီးအဖျားတက်ပါကအမြန်ထိရောက်ဖို့ ပါရာစီတမောကိုစအိုမှ တစ်နေ့နှစ်ကြိမ် သွင်းခိုင်းခဲ့ပါတယ် …
    (ဃ) အဲဒီလိုကုသနေစဉ် ဆေးရုံတက်ပီး ၄ ရက်မြောက် မနက်စောစောမှာဆရာတော် နှလုံးရပ်တယ်လို့ ယူဆရတဲ့ လက္ခဏာနဲ့ ပျံလွန်တော်မူတဲ့အဖြစ်ကို ကြုံတွေ့ခဲ့ပါတယ် …Pantoprazolထိုးဆေးနဲ့ မသက်ဆိုင်ပါ …ပျံလွန်တော်မမူမီ ၁ဝ မိနစ်ခန့်အထိဆရာတော်ဟာသွေးပေါင်ချိန် ၁၂၀/၇ဝ ပုံမှန်ဖြစ်နေပီး တာဝန်ကျ ဆရာဝန်၊ ဆရာမတွေနဲ့ စကားအမေးအဖြေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ် … တာဝန်ကျဆရာမမှ ဆရာတော်အနားမှာချမ်းတုန်တဲ့အတွက် ထိုးဖို့ဆေးကိုဆေးစုပ်နေစဉ် ရုတ်တရက် ခေါ်မရဖြစ်ပီး နှလုံးရပ်သွားသည်၊ အသက်ရှူရပ်သွားသည်လို့ သိရပီးအသက်ကယ်ဆယ်ခြင်းဆောင်ရွက်မှုတွေကိုချက်ချင်းလုပ်ဆောင်ခဲ့ပါတယ် …
    မထင်မှတ်ဘဲ ရုတ်တရက် နှလုံးခုန်ရပ်ပီးသေဆုံးတဲ့ဖြစ်စဉ်ဟာ နှလုံးသွေးကြောကျဉ်းတာ၊ နှလုံးကြီးတာ၊ နှလုံးအားမရှိတာ၊ နှလုံးခုန်မမှန်တာရှိသူတွေမှာအများဆုံး ဖြစ်ပေါ်ပေမယ့်လည်း နှလုံးသွေးကြောကျဉ်းရောဂါ မရှိတဲ့သူတွေမှာလည်းအခြားသောအကြောင်းမျိုးစုံတွေကြောင့် ဖြစ်တတ်ပါတယ် …အသက်ကြီးတာ၊ သွေးအားနည်းတာအထူးသဖြင့် ပိုတက်ဆီယမ်နည်းတာ၊ Prednisolone တာရှည်သောက်ပီး ဖြတ်ထားစဉ် Stress ဒဏ် မခံနိုင်တာ (Addisonin Crisis) အကြောင်းတွေပေါင်းစုံပီး ဖြစ်နိုင်ပါတယ် …. အဲဒီ နှလုံးခုန်မမှန်ဘဲ နှလုံး“အ”သွားတာ Cardiac Arrhythmia နဲ့ Cardiac Arrest နှလုံးရပ်သွားတာတွေဟာတခါတရံနေကောင်းကျန်းမာသူတွေမှာတောင် ဖြစ်တတ်ပါတယ် (ဥပမာ – ဘောလုံးသမား၊ အားကစားသမား) ….
    တိကျသောအဖြေကိုသေဆုံးပီးစစ်ဆေးခြင်း(ရင်ခွဲစစ်ဆေးခြင်း)ပြုမှသာသိရှိနိုင်မှာဖြစ်ပါတယ် …

    အမှားပါရင် ခွင့်ပြုပါ …

    • jujuma

      May 4, 2012 at 12:44 pm

      သေပီးမှ ဒါတွေလာရှင်းပြတော့ရော ဘာအကြောင်းတွေ ထူးနိုင်မှာ လဲ ..
      လူ့အသက်တစ်ချောင်းက ဆုံးရှုံးပီးပီ ….
      အသက်မသေခင်မှာ ဒီလိုတွေသာ လူနာရှင်ကို ရှင်းပြနိုင်ခဲ့ မယ်ဆိုရင်သိပ်ကောင်းမှာပါ ….
      လူနာကို တစ်ကယ်စောင့်ကြည့်နေမယ်ဆိုရင် ဒီလိုဖြစ်လာနိုင်ပါမလား ..
      ကာယကံရှင်တွေက ပိုသိနိုင်မှာပါ …
      အသပြာ သာလျှင် အဓိက … စေတနာက သာမည …
      ဂရုဏာ ဆို တာ ဝေးလေစွ …
      အဲဒါ Private Hospital Law ပါလား ဗျ … X-(

    • AKKO

      May 4, 2012 at 1:11 pm

      တိကျတဲ့အဖြေကို ရင်ခွဲစစ်ဆေးခြင်း ပြုမှသာ သိနိုင်တော့မတဲ့လား
      ဖတ်ပြီးတော့ ပြုံးမိတယ် ။ ကိုယ်ပြူသောကံ ပဲ့တင်သံ ကိုယ့်ထံပြန်လာမည် ဆိုတဲ့ လင်္ကာထုံးကိုပဲ နှလုံးမူမိပါတော့တယ် ။ 🙄

  • cobra

    May 4, 2012 at 2:22 pm

    စိတ်ဆင်းရဲလိုက်တာ
    ဘယ်လိုဆရာဝန်တွေလဲမသိဘူး။
    ပိုက်ဆံရှိမှ ဆေးရုံတင်တော့မယ်။

    • jujuma

      May 4, 2012 at 2:46 pm

      ခုခေတ်ကြီးမှာ စေတနာဆရာဝန်တွေ …..
      အခမဲ့ဆေးခန်းတွေလည်းအများကြီးရှိနေပါပီ ……
      ပိုက်ဆံမရှိပဲနဲ့လဲ ဆေးရုံတွေ ဆေးခန်းတွေ ပြလို့ရနေပါပီ ..
      ဥပမာ ဦးကျော်သူတို့ရဲ့ နာရေးကူညီမှုအသင်း က ဖွင့်ထားတဲ့ဆေးခန်းလိုပေါ့ …
      အဓိကကတော့ ရွေးချယ်မှုမှန်ကန်ဖို့ပဲ လိုတာပါ …

Leave a Reply