တမြန်နေ့က  သားကိုထိန်းမနိုင်တာနဲ့  ထိန်းလို့ရလိုရငြား  ရွှေဘုန်းမြင့်ဘုရားကို ခေါ်သွားခဲ့ပါတယ်။ ဘုရားရင်ပြင်ပေါ်မှာ ကလေးတစ်ဦးကို မိဘတွေက ဘယ်ညာတွဲပြီး လမ်းလျှောက်သင်ပေးနေကြတယ်။ ကလေးက ပိန်လှီပြီး လမ်းလျှောက်ဖို့နေနေသာသာ မတ်တတ်တောင်မရပ်နိုင်သေး။ ကျမသား နင်းကန်ပြေးနေရာကနေ သူတို့နားရောက်သွားတော့  ကလေးမိဘတွေနဲ့ ကျမ  စကားစမြည်ပြောရာကနေ စကားဝိုင်းလေး စည်ခဲ့တယ်။ သူတို့သားလေးက ၁ နှစ်နဲ့ ၃လ၊ ကျမသားက ၁ နှစ်နဲ့ ၂လ။ သန်စွမ်းဖွံ့ဖြိုးမှုခြင်းက ခေါက်ချိုးလောက်ကွာတယ်။ ကျမက နို့ဘူးတိုက်မွေးခဲ့ကြောင်းပြောပြဖြစ်တော့  ဟိုဘက်က အမေလုပ်တဲ့သူ အံ့ဩသွားတယ်။ သူတို့သားလေးက ဘာရောဂါမှ မရှိဘဲ  သန်သန်စွမ်းစွမ်း မရှိလှဘူး။ အရယ်အပြံ ုး တွေနဲ့ အလုပ်များနေသင့်ပြီဖြစ်တဲ့ မျက်နှာလေးက တွေတွေလေး။ မိဘတွေကိုကြည့်တော့ ရွှေတွဲလွဲ ငွေတွဲလွဲ နဲ့  မရှိမရှားထဲက။  သားလေးကို မချိ  […]


etoneMay 10, 20131min27320
( ဒီပုံစံအတိုင်းဆို … နိုင်ငံတွင်းက .. ဆရာဝန်တွေ ..ဆေးကုဖို့ တွန် ့ပြီး ….  ပြည်ပပဲရောက်ကုန်တော့မလား ၊ စီးပွားရေးပဲ ပြောင်းလုပ်တော့မလားမသိ …. ။ ရဲတွေဘက်တားဂတ်ထားပြီး ဆူအောင်လုပ်တုန်းက မအောင်မြင်လို့ .. ခုဆရာဝန်တွေဘက် … မြှားဦးလှည့်လာပြီ …. ဆရာဝန်တွေ ကပ်ဆိုက်တယ် .. ခေါင်းကျိမ်းပေတော့ပဲ ….  😛 အဟမ်း … အားနေလို့ လက်သရမ်းတယ်ပဲပြောပြော .. ဝါသနာ ပါလို့ အာဝင်ချောင်တယ်ပဲပြောပြော … မိမိရဲ့ ထင်မြင်ချက်ကို နည်းနည်းပွားခွင့် ပြုပါ အရပ်ကတို့ရေ …. ။ ကိုယ်ပိုင် ထင်မြင်ချက်နဲ့ ထောက်ပြရေးထားတာကြောင့် … တစုံတဦးအပေါ် ထိခိုက်နစ်နာမှု ဖြစ်လာခဲ့လျှင်လည်း … ဆောရီးပါလို့ […]


awra-choJune 29, 20121min28519
သားလေးတစ်ယေက်မွေးဖို့ မလွယ်ပါလား၊ မဒမ်က ဖိအားပေးနေတယ်ဗျို့၊ ခွဲမွေးရမှာဆိုတော့ ဗေဒင်တွေ နက္ခတ်တွေ ရှုပ်လာတာပေါ့။ ကိုယ့်ဟာကိုယ် ဆိုရင်တော့ဒီတိုင်း မွေးပလိုက်တယ်၊ တစ်ခါတစ်လေ တော့ခေါင်းမာလို့ မရဘူးဗျာ၊ ကိုယ်တိုင်လဲ ဗေဒင် မတွက်တတ်၊ မဟာဘုတ်တိုင် တောင် မထူတတ်တော့ ဒွတ်ခ၊ ကိုယ့် ကလေးဆိုတော့ ဟုတ်သော်ရှိ မဟုတ်သော်ရှိ ပေါ့ဗျာ။ ရက်လေးဘာလေး တွက်ြ့ပီး ရွေးရ အုံးမယ်ဗျာ၊ ဇူလိုင် ၁၅ နဲ့ ၂ဝ ကြားလို့တော့ ဆရာဝန်က ရက်ကော်မန်း ပေးသဗျို့၊ အဲဒါ ဘယ်နေ့ ဘယ်အချိန် မွေးရမလဲ ကြံရာ မရလို့ ရွာထဲ အကူအညီ တောင်းတာပါဗျာ၊ ကူညီကြအုံးဗျို့၊ ရာသီဖွား(ပုတိ၊ ဘင်က၊ အစရှိသဖြင့် ပေါ့ဗျာ) အဟောတွေ  (မြန်မာလိုနော်)ဘုတ်တိုင်ထူတာတွေ  ဘယ်ဆိုဒ်မှာ […]


etoneJune 1, 20121min33031
ခေတ်ကြောင့်လား စနစ်ကြောင့်လား မဝေခွဲတတ်ပေမယ့် ကူးစက်ရောဂါတစ်ခုလို ပျံ ့နှံ ့နှုန်းမြန်စွာနဲ့ ယောကျာ်းတွေကြားထဲ ကူးစက်လာတဲ့ အကျင့်ကတော့ စိတ်ဓါတ်နိမ့်ကျခြင်း၊ တာဝန်မယူတတ်ခြင်းပါပဲ ။  ယောကျာ်းတိုင်းမှာ ကူးစက်တာမျိုးတော့မဟုတ်ပေမယ့် ဆယ်ကျော်သက်တချို့တွေကြား ၊ ပြည်ပနေ ငရှုပ်တွေကြား ၊ အရှိန်ဟုန်ပြင်စွာနဲ့  …. ကူးစက်လို့ …. စိတ်ဓါတ်တွေနိမ့်ကျလာ ကြတာ … လူရုပ်ပျောက်လို့ လေးဘက်ထောက်တော့မလိုပါပဲ ။ နှမချင်းမစာနာတဲ့ အမျိုးယုတ်ယောကျာ်းတွေ ဒုနဲ့ဒေးရှိလာပြီမို့ မိန်းကလေးတွေ ဆင်ခြင်နိုင်မှ တော်ကာကြမယ့်ခေတ်ပါ ။  ကြိုက်လို့စားတာမဟုတ်ပါဘူး နှာခေါင်းမပါလို့ ချီးစားတာပါလို့ ပြောချင်တဲ့ အမျိုးသမီးတွေအတွက်ကတော့ ၊ ကိုယ့်ထိုက်နဲ့ က ိုယ့်ကံမို့ ၊ အလှူတန်းရက်ရောသူလို့ သဘောထားပြီး ဘာမှ မပြောလိုတော့ပါဘူး ။   တကယ်ပါ ပြောရလျှင်လည်း […]


may julyApril 27, 20121min54824
သာကေတမြို့နယ်၊ ရှုခင်းသာရပ်ကွက် ၊ မြို့နယ်သံဃာ့နာယကဥက္ကဌ အောင်မြေဘုံစံကျောင်း  ဆရာတော် ဦးကောသလ္လ သည် ၁၉-၄-၂၀၁၂ နံနက် (၅) နာရီ တွင် ရင်ညွန့် စူးပြီး လေအောင့်သောကြောင့် လမ်းမတော်မြို့နယ် ဗဟိိုုစည် ဆေးရုံသို့ တတ်ရောက်ကုသခဲ့ပါသည်။ ၎င်း ဆေးရုံမှ ကုသပေးသော ဆရာဝန်မှာ အထွေထွေရောဂါနှင့် ဆီးချိုအထူးကု ပါမောက္ခဒေါက်တာ ဒေါ်သန်းသန်းအေး ဖြစ်သည်။ ရောဂါရှာဖွေရန် ဓါတ်မှန် ရိုက်ခြင်း၊ ECG ဆွဲခြင်း၊ သွေးစစ်၊ ဆီးစစ်၊ B  ပိုး၊ C ပိုး ၊  ဆီးချို စသည့်ဆေးစစ်ချက်များပြုလုပ်ခဲ့ရာ မည်သည့် ရောဂါမှ မရှိပါဟုအဖြေထွက်လာပါသည်။ ဆေးရုံရောက်ရောက်ခြင်း ရင်ဘတ်အောင့်သဖြင့် ဆေးထိုးခြင်း၊  Glucose  ချိတ်ခြင်းများ ပြုလုပ်ပေးခြင်းကြောင့် သက်သာသွားပါသည်။၂၀-၄-၂၀၁၂ တွင်ပါမောက္ခဒေါက်တာဒေါ်သန်းသန်းအေးမှ အစာအိမ်တွင် […]


Zaw WonnaMarch 16, 20121min23811
TIM VERNON / SCIENCE PHOTO LIBRARY အမျိုးသမီးများ အနေဖြင့် ကိုယ်ဝန်ဆောင်ချိန်တွင် မိုဘိုင်းဖုန်း သုံးစွဲခြင်းဖြင့် ကလေးငယ်၏ ကျန်းမာရေးကို ထိခိုက်နိုင်ကြောင်း သုတေသီများက သတိပေး ပြောဆိုလိုက်သည်။ Yale School of Medicine မှ သုတေသီများက မိုဘိုင်းဖုန်းမှ ထွက်လာသော ရောင်ခြည်များသည် သန္ဓေသား၏ ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်စေပြီး မူမမှန်သည့် အခြေအနေကို ဖြစ်ပေါ်စေကြောင်း ကြွက်များကို အခြေခံ စမ်းသပ်သည့် လေ့လာချက်များအရ သိရှိရခြင်း ဖြစ်သည်။ မွေးဖွားလာသည့် ကလေးငယ် အနေဖြင့် မှတ်ဉာဏ်နည်းခြင်း၊ စိုးရိမ်စိတ်များခြင်းနှင့် အပြုအမူဆိုင်ရာ ပြဿနာများ {Attention deficit hyperactivity disorder (ADHD)} ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။ ကြွက်များနှင့် စမ်းသပ်ရာတွင် ဖွင့်ထားသော […]


AKKOMarch 6, 20121min1666
ခဏခဏ ကြုံနေရတဲ့ ပြသနာတွေထဲက တစ်လောက ကိုယ်ဝန်တားဆေးတွေရဲ့အကြောင်း ရေးပြပြီးပေမယ့် ဒီတစ်ခါတော့ သားကြောဖြတ်ခြင်းဆိုင်ရာ ဗဟုသုတအကြောင်း အနည်းငယ်ရေးပြပါဦးမည် ။ စီးပွားရေး ချွတ်ခြုံကျပြီး ၊သားသမီးလည်းများ ၊ အကာကွယ်အတားဆီလည်း မသုံးနိုင်တဲ့ မိသားစုမျိုးအတွက် ရည်ရွယ်ပါသည် ။ လွဲမှားစွာ အသုံးပြရန် ၊ အဓိပ္ပါယ်အကောက်မှားစေရန် မရည်ရွယ်ပါ ။ ရှင်လောင်းလှည့်သလို ဆူညံပူညံဖြင့် ဘုစုခရုလူတစ်စု ဆေးခန်းတွင်းသို့ ဝင်လာပါသည် ။ အသက်သုံးဆယ်ကျော်ခန့် သက်လတ်ပိုင်း အမျိုးသမီး တစ်ဦး ၊ သူမဧ။် အမျိုးသား ဖြစ်ဟန်တူသည့် အမျိုးသား တစ်ဦးနှင့် ၊ ၎င်းတို့ဧ။် သားသမီး အရင်းသော်လည်းကောင်း ၊ မွေးစားသားသမီးတော်စပ်နိုင်သူသော်လည်းကောင်း စုစုပေါင်းလေးယောက် ပါလာကြသည် ။ ထိုလူတို့ဧ။် သွင်ပြင်ပုံသဏ္ဍန်ကိုကြည့်ရုံဖြင့် နွမ်းပါးသော လက်လုပ်လက်စား […]


လင်းဝေFebruary 16, 20121min1446
တစ်နေ့က ဖေ့စ်ဘွတ်ပေါ်မှာ တစ်ယောက်ကတင်ထားတဲ့ အာခေါင်ကွဲကလေးငယ်ကို ကူညီပေးပါဆိုတဲ့ပုံတွေ့မိတယ်။ အခြေအနေတော်တော်ဆိုးတဲ့ အာခေါင်ကွဲအမျိုးအစားပဲဗျာ။ အတော်သနားဖို့ကောင်းတဲ့ကလေး။ အဖေအမေ အစားအသောက်အနေအထိုင် လွဲမှားမှုကြောင့်ဖြစ်ရတယ်လို့ နားလည်ထားတာပဲ။ အဲဒီကလေး ဓါတ်ပုံမှာတော့ အမေက ဒီကလေးကို ထားပစ်ခဲ့ပြီး အဘွားလုပ်သူက ကြည့်ရှုနေရတဲ့အကြောင်း နဲ့ ကူညီပေးကြဖို့ ရေးထားတယ်။ ဘယ်ကို သွားကူညီရမယ်မှန်းလဲမသိပါဘူး။ စိတ်ထဲမကောင်းတော့ဖြစ်မိတယ်။ အဲဒါနဲ့ ခဏနေ အပြင်ထွက်လာတော့ ဟာမစ်တစ်မီးပွိုင့် မှာ မီးပွိုင့်မိနေတုန်း ကမာ္ဘအေးလမ်းပေါ်က ကြော်ငြာဘုတ်တွေကို ဖတ်မိတော့မှ အာခေါင်ကွဲကလေးတွေကို အခမဲ့ ခွဲစိတ်ပေးမယ်ဆိုတဲ့အကြောင်း မြန်မာဘီယာအုပ်စုက အသိပေးထားတဲ့ ဘုတ်ဖြစ်နေပါတယ်။ စောစောက ကလေးကို သတိရသွားပြီး ဖုန်းနံပါတ်ကို စိတ်နဲ့အမြန်မှတ်သော်လည်း ရွှေဂုံတိုင်မီးပွိုင့်မှာ ပွိုင့်ပြန်မိလို့ စိတ်ကပြန်ရွတ်ကြည့်တော့ သူ့ဟန်းဖုန်းနံပါတ်က ရလုံးပဲဖြစ်နေပါတယ်။ ဝ၉ ၄၃ဝ နဲ့စတာတွေက ၈လုံးဖြစ်ရမယ်လေ။ အဲဒါနဲ့ […]


etoneSeptember 5, 20111min14810
(၁၇) “ဟဲ့မိချို မိချို … ခေါ်လို့လည်း မကြားပါလား … နေမြင့်နေပြီ မထသေးဘူးလား … ” “ဦးဇော်ရေ လာပါဦး ဒီမှာ မိချို ခေါ်လို့ မရလို့ …. ” သူခေါ်တာမရသဖြင့် မမစိုးက ယောကျာ်းဖြစ်သူကိုပါ အကူညီပေးရန် လှမ်းခေါ်လိုက်ခြင်းဖြစ်သည် … ။ ” ဟဲ့ကောင်မလေး မိချို … မိချို ….. ” ဝုန်း… ဒိုင်း … ဝုန်း … ဒိုင်း …. ” တံခါးဖျက်မှ ရမယ်ထင်တယ် အစိုးရေ … ” “အင်း ဒါဆိုလည်း မြန်မြန်လုပ်ပါ … အထဲမှာ ဘာများဖြစ်နေလဲ မသိဘူး … ” […]


etoneSeptember 2, 20111min12710
” အယ် မမစိုးရေ … ကျွန်မတို့ဆီမှာ အဲ့ဒါမျိုးမသိလို့ မွေးလိုက်ကြတာ ဟောတယောက် ၊ ဟောတယောက်နဲ့ …. ” “ဒါပေါ့မိချိုရယ် မသိတော့လည်း သားဆက်ခြားရမယ်ဆိုတာ နားမလည်ဘူးပေါ့ … ။ ဒါကြောင့်လည်း မမစိုးက သမီးတွေကို ရှင်းပြပေးနိုင်အောင် ဟောပြောပွဲတွေ လိုက်နားထောင်ထားရတယ်လေ … ။ ” ” နောက်တမျိုးနည်းနဲ့ သားဆက်ခြားလို့လည်း ရသေးတယ် မိချိုရဲ့ … ” “ဟုတ်လား မမစိုး အဲ့ဒါဘယ်လိုလဲဟင် … ” ” လက်မောင်းထဲကို ဆေးလုံးလေး မြှုပ်တာ ပါ … တခြား သားဆက်ခြားနည်းတွေထက် ဈေးလည်း ကြီးလို့ … ပိုက်ဆံရှိတဲ့လူတွေ လောက်သာ လုပ်ကြတာပါ … လက်မောင်းထဲမှာ […]


etoneSeptember 1, 20111min1317
“မမစိုး ..ကလေးမရအောင် ဘယ်လို ကာကွယ်ရမလဲဟင် … ခုနက ပြောတဲ့ ရက်တွေမှာပဲ ဆက်ဆံလို့ ရတယ်ဆိုတော့ အိမ်ထောင် သည်တွေကြတော့ ရက်ရှောင်ဖို့ မလွယ်ဘူးလေ… ” ” ဒီလို မိချိုရဲ့ … ဒီခေတ်မှာ ကာကွယ်ဖို့ နည်းလမ်းတွေ အများကြီးပါ … ရက်ခြားတာကတော့ ခုဏက ပြောသလိုပေါ့ … နောက်ပြီး အကာကွယ်သုံး ပြီး လိင် ဆက်ဆံမယ်ဆိုလည်း ကလေးမရနိုင်ဘူး … ကွန်ဒုံးလို့ ခေါ်တဲ့ ပစ္စည်းလေးကို အမျိုးသားက အသုံးပြုပြီး ဆက်ဆံရင်လည်း ကိုယ်ဝန်မရနိုင်ဘူး … ဒါပေမဲ့ အသုံးပြုမှူ မှန်ကန်ရမယ်နော် … မဟုတ်လျှင် ကွန်ဒုံးသုံးပေမဲ့ … ပေါက်ပြဲတဲ့ အခါ … အသုံးပြုပုံမမှန်ကန်တဲ့ အခါ […]


etoneSeptember 1, 20111min1215
(၁၁) ” ဟဲ့ မိချို ညည်းလည်း ငါတို့ အိမ်ရောက်ကတည်းက တမှိုင်မှိုင် တထွေထွေနဲ့ပါလား … ” “ဟုတ်တယ် မစိုးရယ် … ကိုယ်ဝန်ဖျက်ချထားတာ ဒီနေ့နဲ့ ဆို လေးရက်ရှိပြီ … သွေးဆင်းတာ ရပ်သွားပေမဲ့ ကိုက်ခဲနေတုန်းပဲ … ” “လူက အဖျားလည်း တတ်ချင်တယ် … ” “ဒါဆိုမဖြစ်ဘူးပဲ မိချိုရယ် နင့်အစ်မကိုခေါ်ပြီး ဆေးခန်းလေးဘာလေး ပြမှနော် … ငါ့သမီးတွေဆို .. ကိုယ်ပူတာနဲ့ ချက်ချင်း ငါဆေးခန်းသွားခိုင်းတာပဲ … ။ ” ” ရန်ကုန်မြို့မှာ ဆေးခန်းခက ဈေးကြီးပါတယ် မမစိုးရယ် ကျွန်မလုပ်ခနဲ့ ဆေးခန်းပြရလျှင် ကျန်မှာတောင် မဟုတ်တော့ဘူး … ဒါနဲ့ မမစိုးပြောသွားတဲ့ […]


etoneAugust 31, 20111min18314
အိမ်ကိုတော့ အမေနဲ့ အဖေ ပြန်မလာခင်စပ်ကြား ကျွန်မ တို့ ခဏပစ်ထားရဦးမှာလေ … ။ ကလေးတွေ ဘုန်းကြီးကျောင်းမှာ ငိုနေမလားမသိဘူး … ကျွန်မမြန်မြန် လိုက်သွားမှ ဖြစ်မယ် ….။ အိမ်တံခါး … ဟုတ်သားပဲ တံခါးပိတ်ရဦးမယ် … ကျွန်မယခုအရွယ်ထိ ဘယ်တုန်းကမှ အိမ်တံခါး ပိတ်မထားဖြစ်သောကြောင့် သော့ဟူ၍လည်း မရှိပေ ….ထို့ကြောင့် … ၊ သော့မရှိလည်း ဘာဖြစ်လဲဟယ် … မြက်ခြောက်ပင်လေးတွေနဲ့ ကောက်ချည်လိုက်မှာပေါ့ … တို့ရွာထဲ တအိမ်နဲ့ တအိမ်သိနေကြတာ ဘာမှ စိတ်ပူစရာမရှိပါဘူး … ငါတို့မှာလည်း ဘာမှ တန်ဖိုးရှိတဲ့ ပ စ္စည်းကျန်တာ မဟုတ် ဘူးလေ … ။ (၉) ပူပြင်းလှသော နေရောင်အောက် […]