ကျွန်တော်နှင့်ဂေါက် တနေ့သ၌ ကျွန်ုပ်သည် ပျင်းပျင်းရှိသည်နှင့် ထင်းရှုးပင်အောက်၌ ပက်လက်ကုလားထိုင်တလုံး၊ စာအုပ်တစ်အုပ်၊ ကော်ဖီတစ်ခွက်နှင့် ဇိမ်ကျနေစဉ် အိမ်ဘေးမှကလေးက အလိုက်မသိစွာ လာရောက် ၍ မေးခွန်းများစွာမေးမြန်း ရင်း နှောင့်ယှက်လေ၏။ ကျွန်ုပ်မှာလည်း ကျောင်းဆရာ ဉာဉ်ကိုမဖျောက်နိုင်ပဲ ကလေးအား အခါအခွင့်သင့်ခိုက် ဆရာကြီးလုပ် ဖြေကြားလေ၏။ “ဘဘ” (သေဟငါ့နှယ် ) “ဟေ့ကောင် ငါ အဲလောက်မကြီးသေးဘူးကွ ။ မိန်းမတောင် မရသေးဘူးကွ၊” “အဲတာနဲ့တော့ ဘာမှမဆိုင်ပါဘူးဂျာ ကိုယ့်ဟာကို ကုန်ဈေးနုန်း ကြောက်ပြီး မိန်းမ မယူ ရဲတာများ” “အသက်ကဖြင့် အနော်မသိတာ ကျနေတာပဲ” “အေးပါကွာ မင်းခေါ်ချင်သလိုခေါ်ပါတော့” “အင်းပါဦးဦးရာ၊” “ဟောလုပ်ပြီ၊” “သားက ဦး အားနာလို့ပါ ပြီးတော့ မေးစရာလည်းရှိတော့ လျှော့ပေးရမယ် မှုတ်လား၊ […]