Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ငါးတို့ အခြေခံ

kotun winlattApril 27, 20121min45011

အခြားသောချောင်းများကဲ့သို့ပင် ရွှေလေးတန် အမည်ရှိသောချောင်းသည် မြောက်မှ တောင်သို့

စီးဆင်းနေပေသည်။ ထိုရွှေလေးတန်ချောင်းကြီးအတွင်းတွင် ငါးရံ့၊ ငါးဖယ်၊ ငါးပြေမ၊ လိပ်၊ ပုစွန်၊

ကဏန်း၊ မိကျောင်း အစရှိသည့် ရေသတ္တဝါမျိုးစုံတို့သည် ပျော်ပျော်ရွှင်ရွှင် ကျက်စားလျှက်ရှိကြ

၏။ အနှီရေသတ္တဝါ အစုအပေါင်းတို့ကိုမူ ငါးဇင်ရိုင်းဘုရင်ကြီးက အုပ်ချုပ်တော်မူသည် ဟူသတတ်။

အခါတစ်ပါးတွင် ငါးဇင်ရိုင်းဘုရင်ကြီးသည် သူ၏ရွှေလေးတန်ချောင်းကြီး ဖွံဖြိုးတိုးတက်ရေးကို လုပ်ဆောင်ရန်

စဉ်းစားမိပြီး ငါး၊ လိပ်၊ ပုစွန်စသော မှူးမတ်အပေါင်းကိုဆင့်ခေါ်ကာ“အဘယ်သို့လုပ်ရမည်နည်း”ဟု မေးသည်။

ထိုအခါ ငါး၊ လိပ် အမတ်အပေါင်းတို့သည် အချင်းချင်းကျွတ်စီ ကျွတ်စီ တိုင်ပင်ကြ၏။ လက်သီးလက်မောင်းတန်း၍

အော်ကြီးဟစ်ကျယ်ဆွေးနွေးကြ၏။ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဟစ်ကာ ရန်ဖြစ်ကြကုန်၏။ ဤသို့လျှင်

သုံးပတ်ခန့်အခြေအတင် ဆွေးနွေးပြီးသကာလ ငါးဇင်ရိုင်းဘုရင်ကြီးနှင့် ဆွေမျိုးနီးစပ်လည်းတော်သော

အမတ်ဗိုလ်ပါအလယ်တွင်လည်း ရာထူးကြီးသော ငါးပူတင်းတစ်ကောင်၏ “ပညာရေးသည်

အခြေခံဖြစ်ပါသည်ဘုရား” ဟူသည့် လျှောက်တင်မှုကိုမဲပေးစနစ်ဖြင့် ရွေးချယ်လိုက်ကြပေသည်။

ထို့နောက်တွင် ငါးဇင်ရိုင်းဘုရင်ကြီးသည် “တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရန်အတွက် ပညာရေးသည် အခြေခံဖြစ်ပေသည်။

ပညာမြှင့်မှ ငါးမျိုးတင့်ပေမည်။ သို့အတွက် ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းနေကြရမည်. မူလတန်း

ပညာရေးကိုမသင်မနေရ စနစ်ကျင့်သုံးရပေမည်။

အကယ်၍ ကျောင်ေးနအရွယ်ကလေးကို ကျောင်းမထားသောမိဘများရှိပါက

ထောင်ဒဏ်၊ ငွေဒဏ်ချမှတ်စေ။ ၎င်းအပြင် သားသမီးများ၏ ပညာရေးအတွက် မိဘများဝန်ထုပ်ဝန်ပိုး မဖြစ်စေရန်

မူလတန်း မူလတန်းပညာရေးအား ရွှေလေးတန်နိုင်ငံသားတိုင်း အခမဲ့သင်ကြားခွင့်ရှိစေ…” ဟု အမိန့်တော်ချ၏။

၎င်းအမိန့်ကလည်း ရွှေလေးတန်တစ်ရိုးဟိုးဟိုးကျော်အောင် မောင်းခတ်စေဗျား..”ဟု ဆက်လက်၍

အမိန့်တော်မှတ်လေရာတစ်လခန့်ပင်မောင်းသံမစဲဟူသည်………။

နှစ်ကာလကြာခဲ့ပြီးနောက် တစ်ခုသော ညနေခင်းတွင် ငါးဇင်ရိုင်းဘုရင်ကြီးသည် ငေးငေးမှိုင်မှိုင် ထိုင်နေရင်း သူ၏

ပညာရေးစီမံကိန်းကြီးကို သတိရပြီး မှူးကြီးမတ်ရာ အပေါင်းကိုဆင့်ခေါ်စေသည်. ငါးအမတ်ကြီးငယ်တို့သည်

များမကြာမီပင်စုရုံးလျှက် လွှတ်တော်ကျင်းပရာသိ ရောက်ရှိလာကြ၏။ အချို့သော အမတ်များသည်

မျက်နှာမသာယာကြ…“ညနေခင်း နားချိန်ကြီးကိုကွာ..”ဟု တီးတိုးဆိုသူကဆိုသူကဆိုသည်။ “ဟုတ်ပါ့..ကျုပ်ဖြင့်

ကျုပ်မိန်းမကို ရုပ်ရှင်လိုက်ပြမယ် ပြောထားပြီးပြီ..ဟိုကစိတ်ကောက်ရင်တော့ ချော့ရတော့မှာပဲ..”

ဟုထောက်ခံသူကထောက်ခံသည်။ ထိုစဉ် ငါးဇင်ရိုင်းဘုရင်ကြီးကြွချီတော်မူလာပြီ” ဟူသော ဟစ်ကြွေးသံနှင့်အတူ

တစ်ခန်းလုံးတိတ်လေ၏။

ငါးဇင်ရိုင်းဘုရင်ကြီးသည် လွှတ်တော်သို့ ရောက်လျှင်ရောက်ချင်းပင် ပလ္လင်ထက်၌ မိန့်မိန့်ကြီးထိုင်းပြီးသကာလ

“မောင်မင်းများ ကိုယ်တော်ရဲ့ ပညာရေးစီမံကိန်းကြီးကို မှတ်မိကြရဲ့လား…”ဟုမေး၏။ “မှန်ပါ..မှတ်မိကြောင်းပါ..

ဘုရား” ဟူသော ဝန်မင်းများ၏ အသံကြီးသည် မြိုင်မြိုင်ကြီးပေါ်လာသဖြင့် ဘုရင်ကြီးသည် အားတက်ပြီး “ဒါဖြင့်

အဲ့ဒီစီမံကိန်းရဲ့ အောင်မြင်မှုကိုလျှောက်တင်ကြပါဦး..”ဟုဆိုလျှင် အပ်ကျသံပင် မကြားရသည်အထိ

တိတ်ဆိတ်သွားသောဟူ၏။ မှူးကြီးမတ်ရာတို့သည် သူလျှောက်တင်နိုး ငါတင်နိုးဖြင့် အချင်းချင်းကြည့်နေကြလျှင်

ဘုရင်ကြီးက“ကဲ..ကဲ……ဆိတ်ဆိတ်နေထောင်တန်ဆိုပေသည့်တင်စရာရှိတာတော့ တင်ကြပါဦး..” ဟုမိန့်ဆိုပြန်၏။

ထိုစဉ် အမတ်တို့က“ဒါပညာဝန်ကိစ္စပဲ” ဟု တီးတိုးဆိုလျှင် မှူးမတ်အပေါင်းတို့သည် ထွက်ပေါက်ရပြီး

“ပညာဝန်..ပညာဝန်…”ဟူသောစကားသံကို ထပ်တလဲလဲရွတ်ကြ၏။ ပညာဝန်မူကား

တင်စရာစကားမရှိသည်ကတစ်ကြောင်း ညဘက် ဝန်ကတော်ကို

ဇက်ကြောဆွဲပေးနေရသဖြင့် ခေါင်းဝေနေသည်ကတစ်ကြောင်းစသောအကြောင်းကြောင်းကြောင့် ခေါင်းငုံကာငိုက်နေစဉ်

သူ၏နားတွင် “ပညာဝန်…ပညာဝန်…”ဟူသော အသံကြီးသည်လှိုင်၍ လာသည်ကို နားစိုက်ရင်း ကြောင်တက်နေ၏။

အနီးရှိမွေးမြူရေးဆိုင်ရာ အမတ်က“ကိုရင်ကိုပြောနေတာဗျ”ဟု တံတောင်ဖြင့်တွက်မှ သတိလည်ကာ

ယောင်တိယောင်နဖြင့် “ မှန်လှပါ..ယခုအခါ တစ်တိုင်းပြည်လုံး လေးတန်းအောင်ကုန်ကြပါပြီဘုရား”ဟု

လျှောက်တင်၏။ ငါးဇင်ရိုင်းဘုရင်းကြီးသည် မျက်နှာတော်ကို မချိပြုံးပြုံး၍ “အိမ်း..ဒါနဲ့ ဆရာဝန်ရောဘယ်နှစ်ယောက်

ထွက်သတုန်းကွဲ့ …” ဟုမေးလျှင် ပညာဝန်သည် ခေတ္တမျှကြံရာမရငေးမှိုင်နေလျှက် “ဒါကတော့..ကျန်းမာရေးဝန်

ကိစ္စပါဘုရား…” ဟုအောင်မြင်စွာပုတ်ထုတ်လိုက်လေသည်။ ဤသို့ဖြင့် ကျန်းမာရေးဝန်၊ အင်ဂျင်နီယာဝန်၊ ဝန်ကြီး

ဝန်ငယ်အစုအပေါင်းတို့၏ တစ်ယောက်ကိုတစ်ယောက်ပုတ်ထုတ်လိုက်သော ဟန်ပန်အမူအရာတို့ကို ရှု့မြင်ပြီး

သကာလ သူ၏ စီမံကိန်းမအောင်မြင်မှုကို ဘုရင်ကြီးရေးရေးမျှသိ၏။ ထို့နောက်“ ကိုယ်တော်သည်

တိုင်းပြည်ဖွံဖြိုးတိုးတက်ရန် အခြေခံဖြစ်သော ပညာရေးစီမံကိန်းကြီးကို အကောင်အထည်ဖော်ခဲ့ရာတွင် အောင်မြင်မှု

ရရှိခဲ့သော်လည်း မျှော်မှန်းထားသလောက် မဟုတ်သည်ကိုတွေ့ရပေသည်။

ယင်း၏အကြောင်းကိုရှာဖွေရန်ဝန်မင်းများ၊အမတ်များသည် မနက်ဖြန်မှစ၍ တစ်လတိတိ

တံခါးပိတ်ဆွေးနွေးသုံးသပ်ကြစေဗျား…”ဟု အမိန့်ချလေ၏။

နောက်တစ်နေ့မနက်မွန်းတည့်လျှင် ဝန်ကြီးဝန်ငယ်အစုအပေါင်းတို့သည် စာရွက်စာတမ်းအများအပြားကို ဆွဲကာ

လွဲကာဖြင့် လွှတ်တော်သို့ ရောက်ရှိလာကြသည်။“ဘယ့်နှယ်ဗျာ… သူစခဲ့တဲ့ အလုပ် ကျုပ်တို့က

ဘာသုံးသပ်ရမှာတုန်း”ဟုဆိုသူကဆိုသည်။ “ကျုပ်တော့ အိမ်မပြန်ရတာပျော်သဗျ..အိမ်ကမယား

ဆူလွန်းလို့ကောင်းကောင်း မနေရပါဘူး…အခုမှပဲ လွှတ်တော်ထဲ စိတ်အေးလက်အေးအနားယူရမယ်”

ဟုပြောသူကပြောသည်။တစ်ချို့ကလည်းစာအုပ်ကြီး

စာအုပ်ငယ်ကို ရှေ့တွင်ချကာ“ ဘာလုပ်ကြမတုန်း ကိုရင်တို့ရေ…”ဟုမေးကြ၏။ ထိုထိုဆူသံပူသံကြားတွင် ဝန်တစ်ပါး

သည် သတိလက်လွှတ်ငိုက်သဖြင့် နဖူးနှင့်ကြမ်း“ဒုန်း”ခနဲဆောင့်လေရာ ကျန်သူများက ဝိုင်း၍ကြည့်၏။ ဤတွင်

ထိုဝန်သည် ပါးစပ်မှစီးကျနေသော သွားရည်ကို ကမန်းကတန်းသုတ်ရင်း အရှက်ပြေတဟဲဟဲရယ်ပြီး

“အကြောင်းပြစရာရှားလို့ဗျာ…. ဆင်းရဲလို့ …ဆင်းရဲလို့…”ဟု ပါးစပ်ထဲတွေ့ရာပြောချလိုက်သည်။ အချို့က

“ဘာဆိုင်လို့တုန်းဗျ…”ဟု အထွန့်တက်ကြ၏။ ထိုအခါအိပ်ငိုက်သောဝန်သည် ရှက်ရမ်းရမ်းပြီး“ ဆင်းရဲမှတော့

ဘယ်သူကကျောင်းနေမလဲဗျ ..လေးတန်းအောင်အထိတောင် အလကားရလို့နေတာကို…”ဟုအော်လေရာ

ဝန်ကြီးဝန်ငယ်အပေါင်းတို့သည်လည်း “ဟုတ်သဟ….”ဟုတွေးမိတော့သည်။ ထို့နောက်တွင် ထိုအကြောင်းကိုပင်

ငါးဇင်ရိုင်းဘုရင်ကြီးအား လတ်တလောလျှောက်သင့်မလျှောက်သင့် ကျွတ်စီကျွတ်စီတိုင်ပင်ကြပြန်သည်။

နောက်ဆုံးတွင်အမတ်တစ်ဦးသည် “ဘယ်နှယ်ဗျာ ခဏအတွင်းလုပ်တဲ့အလုပ်နဲ့ အချိန်ယူပြီးလုပ်တဲ့အလုပ်

ဘယ်အလုပ်ကိုပိုပြီးလေးစားမလဲ ဘုရင်ကတစ်လအချိန်ပေးမှတော့ ကျုပ်တို့ကတစ်လယူတာပ..”ဟုပြော၏။

ဤတွင်ဝန်တစ်ပါးက“ဒါဖြင့်ကျုပ်တို့က တစ်လလုံးလုံး ဒီနေရာမှာ ဘာလုပ်နေရမှာတုန်း”ဟုမေးလျှင်

“ အို…လုပ်ချင်တာလုပ်ဗျာ..”ဟုပြန်ပြောလေသည်။ ထိုဝန်ဆိုခဲ့သည့်အတိုင်းပင်ဝန်အပေါင်းတို့သည်

ပိုကာဒေါင်းခြင်း၊ မာဆတ်သွားခြင်း၊ ကာရာအိုကေဆိုခြင်း၊ ဘီယာသောက်ခြင်း၊ ဂေါက်ရိုက်ခြင်းစသော

မိမိတို့ စိတ်ပျော်ရာများဖြင့် တစ်လအားကုန်ဆုံးခဲ့ကြသည်။

ဤသို့ဖြင့် ငါးဇင်ရိုင်းဘုရင်ကြီးချိန်းဆိုသော တစ်လအချိန်ပြည့်လျှင် အားလုံးသော အမတ်တို့သည် လှလှပပ၊

ခန့်ခန့်ငြားငြား၊ ခေါင်းပေါင်းစတလူလူဝတ်စားကာ ဘုရင်၏ရှေ့တော်မှောက်သို့ ခစားရောက်ကြ၍

“ဆင်းရဲခြင်း အပြစ်ကြောင့်ပါဘုရား” ဟုညီညာဖျဖျလျှောက်တင်ကြလေ၏။

ထိုနည်းနှင့်ပင်“ဆင်းရဲမှုပပျောက်ရေးစီမံကိန်း”ဟုပေါ်လာပြီးသကာလ ရှေးယခင်စီမံကိန်းများကဲ့သို့ပင်

အမတ်များသည်တစ်လခွဲခန့်မျှကြာအောင်ပင် အာဘောင်အာရင်းသန်သန်ဖြင့် ငြင်းကြခုန်ကြလျှင်

ငါးဇင်ရိုင်းဘုရင်ကြီးသည်သူ၏အမတ်များ

ပို၍ကြိုးစားလာကြလေသည်ဟုတွေးလေ၏။ နောက်ဆုံးတွင်ဘုရင်ကြီးသည် “တိုင်းပြည်တိုးတက်စေ

ရန်ပညာရေးသည် အခြေခံဖြစ်သကဲ့သို့ ချမ်းသာရေးသည်လည်း အခြေခံဖြစ်လေသည်။ထို့အတွက်

တိုင်းသူပြည်သားများချမ်းသာစေရန်အလို့ငှာ ဤစီမံကိန်းကိုချမှတ်တော်မူသည်။ တစ်အိမ်ထောင်လျှင်

ပိုးလောက်လန်းအကောင်နှစ်ရာစီမွေးမြူစေ….ထို့ပြင်ရေမှော်တစ်ဧကကိုလည်း စိုက်စေရမည်…”ဟုမိန့်တော်မူ၏။

ပါးနပ်သောအမတ်အချို့သည်“ကိုရင်တို့ရေ ဒီတစ်ခါတော့ လက်လွှတ်စပယ်နေလို့မဖြစ်ဘူးဗျို့…အရင်စီမံကိန်း

လိုပဲ ဒီစီမံကိန်းမှာလည်းချမ်းသာလာကြပြီလားမေးမှာတော့အသေအချာပဲ…။ ဒါကြောင့် မျက်စိလေးနားလေးတော့

ဖွင့်ထားကြဦးဗျ…”ဟုတိုးတိုးတိတ်တိတ် ကြိတ်၍လက်တို့ကြသည်။ဤသို့ဖြင့် အမတ်အပေါင်းတို့သည် ပြည်သူများ

ချမ်းသာလာပုံ အမျိုးမျိုးတို့ကို ချောင်ကြိုချောင်ကြားပင်မကျန် မရအရပင်စေ့စေငငရှာဖွေပြီးထားကြသည်ဟူ၏။

တချို့သောအမတ်များကမူ ပြည်သူများချမ်းသာလာပုံကို ရာခိုင်နှုန်းဖြင့်ဖွဲ့ပြီးတွက်ပြကြရာတွင် တစ်ရာတွင်နှစ်ဆယ်

ရာခိုင်နှုန်းခန့်ပင်အောင်မြင်သည်ဆို၏။ အမတ်အားလုံးတို့သည် ဘုရင်ကြီးမေးလျှင်တော့ ဖြေလိုက်မဟဲ့ဟု

စိတ်ကူးဖြင့်ပြင်ဆင်ထားကြသည်မှာ အပြင်တွင် အမှန်တကယ်ဖြစ်ပျက်သမျှထက် သုံးဆခန့်မျှပိုသော

ဟူသတတ်..။ အချို့သောအမတ်များကမူ ဖြေချင်လွန်းသဖြင့် “မေးပဲမမေးနိုင်ဘူး”ဟုပင်ငြီးကြလေသည်…။

သို့သော်………………………..

ဇာတ်သိမ်းပိုင်းကို ဆက်လက်ရေးသားပါမည်…..

11 comments

  • amatmin

    April 28, 2012 at 12:42 am

    ကိုထွန်း.မဝင်း.. လတ်ရေ..
    တကယ့်ကို နှစ်ခြိုက်ခြင်း ကြီးစွာ ဖြင့် အားပေးပါသည်ခင်ဗျာ….
    အမတ်အကြောင်း ဗြောင်းဆန်စွာ ပြောသွားတော့ ကျုပ်တောင် အနေခက်သဗျာ့ ..

  • Swal Taw Ywet

    April 28, 2012 at 3:05 am

    Dear brother, Ko Tun Win Latt,
    Very good writing.
    It can show real………………….
    Many thanks for your pointing out.
    One Big thumb up for you.

    Let’s try our best for our mother land.
    With respect,
    Swal Taw Ywet.

  • pho chet

    April 28, 2012 at 3:10 am

    ဂွတ်ထပါ ခင်ဗျ။
    ှုငါးရွေ၊ငါးမန်း၊ငါးစိန် တို ့ကော မပါဘူးလားဗျ

  • water-melon

    April 28, 2012 at 7:04 am

    ဟိတ်လူကြီး
    ဘယ်ရောက်နေတာလဲ
    အမိမြေကိုပြန်ရောက်ပြီလား
    သတိရလိုက်တာ စာဥရယ် :mrgreen:

  • blackchaw

    April 28, 2012 at 9:03 am

    ကိုထွန်းဝင်းလတ်
    မတွေ့လိုက်ရတာ စိတ်မကောင်းပါဘူးခင်ဗျာ။
    ဒီတစ်ခါလာရင် တွေ့ဖြစ်အောင်တွေ့ကြမယ်ဗျာ။
    ဒီပို့စ်လေးဖတ်ပြီး
    အမတ်မင်း ကိုတောင် မျက်နှာပူမိပါတယ်။
    ဇာတ်သိမ်းပိုင်း စောင့်နေပါတယ်…ခင်ဗျာ။
    :mrgreen:

  • kyeemite

    April 28, 2012 at 9:15 am

    ရေးလဲရေးတတ်ပ ကထွန်းဝင်းလတ် ရေ..
    ဆက်ရေးမယ်ဆိုလို့ စောင်ဖတ်ပါ့မယ်..

  • Mလုလင်

    April 28, 2012 at 10:49 am

    သရော်စာ ထဲမှာတော့ ထိထိမိမ် ပါပဲ ဗျို ့ …. အားပေးပါတယ်။

  • windtalker

    April 28, 2012 at 12:37 pm

    ဘိုထွန်းဝင်းကြီးရေ ၊ စီးပွားတိုးတက်ကြလွန်းလို ့အပေါင်ဆိုင်တွေ ပေါများလာတဲ့ ကိစ္စ ပါ ထည့်ရေးဗျာ ။

  • ဗိုက်ကလေး

    April 28, 2012 at 6:33 pm

    ကိုဂျက်လီရာ
    ဖန်ဖန်ကြံကြံတွေးတတ် ရေးတတ်လှပါပေ့..
    ဇာတ်သိမ်းပိုင်းကို လက်မလေးထောင်ပြီး မျှော်နေမယ်ဗျာ

  • TTNU

    April 28, 2012 at 8:34 pm

    ကိုထွန်းဝင်းလတ်ရေ…
    ဘုရင်ကြီးက ငါးဇင်ရိုင်းလား။
    ငါး၊ လိပ်၊ ပုစွန်စသော မှူးမတ်အပေါင်းတို့နဲ့ အံကိုက်ပေါ့နော။
    ဂဏန်းအမတ်ကြီး၊ပုတ်သင် အမတ်ကြီး၊ လိပ်အမတ်ကြီး၊ နွားသိုးအမတ်ကြီး၊
    ခွေးအအမတ်ကြီး၊ စသဖြင့် ပါလိုက်လို့ကတော့ ဂွမ်းရောနော။ 😛

  • ရွာစားကျော်

    April 28, 2012 at 9:55 pm

    ထိထိမိမိကို ကလိတတ်ပါပေ့ ဦးထွန်းဝင်းလတ်ရေ
    အားပေးသွားပါတယ်.. နောက်အပိုင်းကိုလည်း မျှော်နေပါတယ်..

Leave a Reply